ကြောက်စရာကောင်းသလို သဘာဝအလှတရားတွေ ပြည့်နှက်နေတဲ့Son Doongလှိုဏ်ဂူ

0
254
Son Doong
Son Doong

ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာ လှိုဏ်ဂူအများအပြားရှိပေမဲ့ ဗီယမ်နမ်မှာရှိတဲ့ Son Doong လှိုဏ်ဂူကတော့ ကမ္ဘာအကြီးဆုံး သဘာဝလှိုဏ်ဂူကြီးတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ မကြာသေးမှီက ဗြိတိန်ရေငုပ်သမားတွေ သွားရောက်တဲ့အခါမှာတော့ လှိုဏ်ဂူအတွင်းမှာရှိတဲ့ မြေအောက်မြစ်ဟာထင်ထားတာထက် ပိုမိုနက်ရှိုင်းတယ်လို့ ဆိုပါတယ်။

-Advertisement-

VN ရဲ့ အဆိုအရ အဆိုပါ ဗြိတိန်ရေငုပ်သမား ၂ဦးဟာ Doong လှိုဏ်ဂူမှာရှိတဲ့ မြေအောက်မြစ်ကို စမ်းသပ်ဖို့အတွက် ဖိတ်ခေါ်ခံခဲ့ရတာဖြစ်ပြီး အဆိုပါ ရေငုပ်လေ့လာရေးခရီးစဥ်ကို ဧပြီလ ၁ရက်နေ့မှ ၃ရက်နေ့အထိ အချိန်ယူခဲ့ရပါတယ်။ အဆိုပါ ဗြိတိန်ရေငုပ်သမား ၂ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းက ထိုင်းနိုင်ငံ ရေလွှမ်းနေတဲ့ ဂူထဲက ကလေးငယ် ၁၂ယောက်ကို ကယ်တင်တဲ့ အဖွဲ့ဝင်ထဲက ၂ဦးပဲဖြစ်ပါတယ်။

အဆိုပါ Son Doong လှိုဏ်ဂူအတွင်းရှိ မြေအောက်မြစ်ဟာ မူလက ၉၃ မီတာလောက်ပဲ အနက်ရှိမယ်လို့ ခန့်မှန်းပေမဲ့ တကယ့်တကယ်ရေအာက်ထဲ ဆင်းငုပ်ကြည့်တဲ့ အခါ ၇၇မီတာ အမှတ်အသားလောက်ပဲ ရောက်ရှိခဲ့ပြီး ဒီလှိုဏ်ဂူရှိ မြေအောက်မြစ်ဟာ ၅၀၀ မီတာလောက်ရှိတယ်လို့ထပ်မှန် ခန့်မှန်းခဲ့ပါတယ်။

ရေငုပ်သမား ၂ဦးထဲကမှ Jason Mallinson ရဲ့ အဆိုအရ ကျွန်တော်တို့ လှိုဏ်ဂူအောက် မြေအောက်မြစ်တော်တော်များများကို ရောက်ဖူးပေမဲ့ Son Doong နဲ့တော့ မမှီပါဘူး။ သူ့ရဲ့ ရေအောက် အနက်နဲ့ အကျယ်ဟာ သူတို့ငုပ်ဖူးသမျှ မြေအောက်မြစ်တွေထဲမှာအကြီးဆုံးပဲလို့ ဆိုပါတယ်။ ဒါ့အပြင် ယခုအချိန်က အစပိုင်းဆိုတော့ သိပ်ပြီး မနှံ့စပ်ခဲ့ဘူး။ နောက်နှစ်မှာတော့ ဒီနေရာကို တစ်ခါပြန်လာပြီး မီတာ ၁၂၀ထက် ပိုမိုနက်ရှိုင်းတဲ့ ရေနက်ထဲထိ သွားဖို့ အစီအစဥ်ရှိတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ လှိုဏ်ဂူကို သွားမယ်ဆိုရင်တော့ ၅၀ ကီလိုမီတာလောက် လမ်းလျှောက်ရမှာဖြစ်ပြီး ဟိုရောက်ရင်တော့ တကယ့်သဘာဝ အလှတရားတွေက ဘယ်လိုဖန်တီးထားလဲဆိုတာ သင်ခံစားစေရမှာဖြစ်ပါတယ်။ နှစ်စဉ် ဇန်နဝါရီလကနေ သြဂုတ်လ အထိသွားလာလို့ရပြီး ကျန်တဲ့ လတွေမှာတော့အန္တရာယ်ရှိတာကြောင့် လှိုဏ်ဂူဆီ ဘယ်သူမှ ပေးမသွားပါဘူး။ သွားမယ်ဆိုရင်လည်း တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၅၅၈၀ ဝန်းကျင်လောက် ကုန်ကျမယ်လို့ သိရပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အိမ်ခြေရာမဲ့တွေ မရှိသလို ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ရတဲ့ ဘူတန်နိုင်ငံရဲ့အကြောင်း

Zawgyi fonts

ေၾကာက္စရာေကာင္းသလို သဘာဝအလွတရားေတြ ျပည့္ႏွက္ေနတဲ့Son Doong လွိုဏ္ဂူ
ကမၻာေပၚမွာ စိတ္ဝင္စားစရာ လွိုဏ္ဂူအမ်ားအျပားရွိေပမဲ့ ဗီယမ္နမ္မွာရွိတဲ့ Son Doong လွိုဏ္ဂူကေတာ့ ကမၻာအႀကီးဆုံး သဘာဝလွိုဏ္ဂူႀကီးတစ္ခုျဖစ္တယ္လို႔ဆိုပါတယ္။ မၾကာေသးမွီက ၿဗိတိန္ေရငုပ္သမားေတြ သြားေရာက္တဲ့အခါမွာေတာ့ လွိုဏ္ဂူအတြင္းမွာရွိတဲ့ ေျမေအာက္ျမစ္ဟာထင္ထားတာထက္ ပိုမိုနက္ရွိုင္းတယ္လို႔ ဆိုပါတယ္။

VN ရဲ့ အဆိုအရ အဆိုပါ ၿဗိတိန္ေရငုပ္သမား ၂ဦးဟာ Doong လွိုဏ္ဂူမွာရွိတဲ့ ေျမေအာက္ျမစ္ကို စမ္းသပ္ဖို႔အတြက္ ဖိတ္ေခၚခံခဲ့ရတာျဖစ္ၿပီး အဆိုပါ ေရငုပ္ေလ့လာေရးခရီးစဥ္ကို ဧၿပီလ ၁ရက္ေန႔မွ ၃ရက္ေန႔အထိ အခ်ိန္ယူခဲ့ရပါတယ္။ အဆိုပါ ၿဗိတိန္ေရငုပ္သမား ၂ဦးဟာ ၿပီးခဲ့တဲ့ ၂၀၁၈ခုႏွစ္တုန္းက ထိုင္းနိုင္ငံ ေရလႊမ္းေနတဲ့ ဂူထဲက ကေလးငယ္ ၁၂ေယာက္ကို ကယ္တင္တဲ့ အဖြဲ႕ဝင္ထဲက ၂ဦးပဲျဖစ္ပါတယ္။

အဆိုပါ Son Doong လွိုဏ္ဂူအတြင္းရွိ ေျမေအာက္ျမစ္ဟာ မူလက ၉၃ မီတာေလာက္ပဲ အနက္ရွိမယ္လို႔ ခန္႔မွန္းေပမဲ့ တကယ့္တကယ္ေရအာက္ထဲ ဆင္းငုပ္ၾကည့္တဲ့ အခါ ၇၇မီတာ အမွတ္အသားေလာက္ပဲ ေရာက္ရွိခဲ့ၿပီး ဒီလွိုဏ္ဂူရွိ ေျမေအာက္ျမစ္ဟာ ၅၀၀ မီတာေလာက္ရွိတယ္လို႔ထပ္မွန္ ခန္႔မွန္းခဲ့ပါတယ္။

ေရငုပ္သမား ၂ဦးထဲကမွ Jason Mallinson ရဲ့ အဆိုအရ ကၽြန္ေတာ္တို႔ လွိုဏ္ဂူေအာက္ ေျမေအာက္ျမစ္ေတာ္ေတာ္မ်ားမ်ားကို ေရာက္ဖူးေပမဲ့ Son Doong နဲ႔ေတာ့ မမွီပါဘူး။ သူ႔ရဲ့ ေရေအာက္ အနက္နဲ႔ အက်ယ္ဟာ သူတို႔ငုပ္ဖူးသမၽွ ေျမေအာက္ျမစ္ေတြထဲမွာအႀကီးဆုံးပဲလို႔ ဆိုပါတယ္။ ဒါ့အျပင္ ယခုအခ်ိန္က အစပိုင္းဆိုေတာ့ သိပ္ၿပီး မႏွံ့စပ္ခဲ့ဘူး။ ေနာက္ႏွစ္မွာေတာ့ ဒီေနရာကို တစ္ခါျပန္လာၿပီး မီတာ ၁၂၀ထက္ ပိုမိုနက္ရွိုင္းတဲ့ ေရနက္ထဲထိ သြားဖို႔ အစီအစဥ္ရွိတယ္လို႔လည္း ဆိုပါတယ္။

အဆိုပါ လွိုဏ္ဂူကို သြားမယ္ဆိုရင္ေတာ့ ၅၀ ကီလိုမီတာေလာက္ လမ္းေလၽွာက္ရမွာျဖစ္ၿပီး ဟိုေရာက္ရင္ေတာ့ တကယ့္သဘာဝ အလွတရားေတြက ဘယ္လိုဖန္တီးထားလဲဆိုတာ သင္ခံစားေစရမွာျဖစ္ပါတယ္။ ႏွစ္စဥ္ ဇန္နဝါရီလကေန ၾသဂုတ္လ အထိသြားလာလို႔ရၿပီး က်န္တဲ့ လေတြမွာေတာ့အႏၲရာယ္ရွိတာေၾကာင့္ လွိုဏ္ဂူဆီ ဘယ္သူမွ ေပးမသြားပါဘူး။ သြားမယ္ဆိုရင္လည္း တစ္ေယာက္ကို အေမရိကန္ေဒၚလာ ၅၅၈၀ ဝန္းက်င္ေလာက္ ကုန္က်မယ္လို႔ သိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here