လူတိုင်းလူတိုင်းက ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း ချည်းပါပဲ။ မချမ်းသာလိုသူဆိုတာ မရှိသလောက်ရှားပါတယ်။ ရှိကိုမရှိဘူးလို့ ပြောလို့တောင်ရပါတယ်။ ဒီတော့ ဘဝမှာ ကြီးပွားချမ်းသာစေဖို့ မရှိမဖြစ် ရှိထားသင်တဲ့ အချက်တွေက ဘာတွေလဲဆိုတာ အားလုံး သိအောင် ဝေမျှပေးချင်ပါတယ်။
ကြိုးစားအားထုတ် အလုပ်လုပ်တတ်ခြင်း
သေချာပါတယ်။ ပျင်းရိထိုင်းမှိုင်းနေသူတွေအတွက် အောင်မြင်မှုတို့ ၊ ကြီးပွားချမ်းသာမှုတို့ဆိုတာ ဝေလာဝေးပါ။ အောင်မြင်ကြီးပွားလိုသူတိုင်း ကိုယ်ကိုယ်တိုင် အားကြိုးမာန်တက် အလုပ်လုပ်မှဖြစ်မှာပါ။ မိဘချမ်းသာတယ်ဆိုတာ ကိုယ်ချမ်းသာတာ မဟုတ်ပါဘူး။ မိဘအမွေတွေကို အလုပ်မလုပ်ဘဲ ထိုင်ဖြုန်းနေမယ်ဆိုရင်လည်း ဥစ္စာဖြုန်းတစ်ယောက်သာ ဖြစ်သွားပါလိမ့်မယ်။

မိတ်ဆွေကောင်းများရှိခြင်း
ကိုယ်အကူအညီလိုချိန်မှာ ဒီမိတ်ဆွေကောင်းတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်ရတာပါ။ ငွေရေးကြေးရေးမှမဟုတ်ပါဘူး။ အစစအရာရာ အကုန်ပါပဲ။ တစ်ခုတော့ရှိပါတယ်။ ကိုယ်ကိုယ်တိုင်လည်း မိတ်ဆွေကောင်း ပီသတတ်ရပါမယ်။ ကိုယ်ကိုယ်တိုင် မိတ်ဆွေကောင်း မပီသဘဲ မိတ်ဆွေကောင်းလိုချင်လို့ ထိုင်အော်နေလို့တော့ မရပါဘူး။

အသက်မွေးဝမ်းကျောင်းအလုပ် ရွေးချယ်မှုမှန်ကန်ခြင်း
ကိုယ့်ရဲ့ ဘဝအတွက် အသက်မွေးမှုကို ရွေးချယ်တဲ့အခါမှာလည်း မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ရပါမယ်။ မတရားတဲ့၊ တရားမျှတမှုမရှိတဲ့ (ဆိုလိုတာက မကောင်းတဲ့) အသက်မွေးမှုကို ရွေးချယ်မိပြီဆိုရင်လည်း ငွေကြေးတွေသာ သင့်ဆီရောက်ချင်ရောက်လာမယ်။ ပျော်ရွှင်မှုကတော့ အဝေးကြီးမှာ ကျန်ခဲ့ပါလိမ့်မယ်။

ကာကွယ်ထိန်းသိမ်းနိုင်မှု မြင့်မားခြင်း
ရှာလိုက် သုံးလိုက် လုပ်နေရင် ရှာသုံးကြီးဖြစ်နေပြီး မောသွားပါလိမ့်မယ်။ ရှာလည်းရှာ သုံးလည်းသုံး စုလည်းစုမှ ကိုယ့်ပစ္စည်းဥစ္စာက ကိုယ့်ထံမြဲမှာပါ။ ပစ္စည်းဥစ္စာမြဲမှ ကြီးပွားချမ်းသာတယ်ဆိုတဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာပါ။ ဒီတော့ အောင်မြင်ကြီးပွားတိုးတက်ဖို့ ကောင်းကောင်းကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ်။

Lifestyle_Myanmar
ref-forbes