foodpanda မှ အစားအသောက်ကောင်းများကို ရန်ကုန်မြို့ရှိ မှာယူသူများထံသို့ နေ့စဉ်ပို့ဆောင်ပေးရန် အသင့်ဖြစ်နေ

0
45

မြန်မာ၊ ရန်ကုန်၊ ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၀ ခုနှစ် – နိုင်ငံတကာတွင် လူကြိုက်များထင်ရှားသည့် အွန်လိုင်း အစားအသောက် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း foodpanda အား ခမ်းနားကြီးကျယ်လှသော ဖွင့်ပွဲအခမ်းအနားနှင့်အတူ မြန်မာနိုင်ငံတွင် ယနေ့မိတ်ဆက်ခဲ့သည်။ foodpanda သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် ဝန်ဆောင်မှုများအား စတင်ပေးအပ်သွားမည်ဖြစ်ပြီး စားသောက်ဆိုင်ပေါင်း ၁,၀၀၀ ကျော်မှ စားသောက်ဖွယ်ရာများအား မှာယူသူများထံသို့ အချိန်တိုအတွင်း အဆင်ပြေလွယ်ကူစွာဖြင့် အရောက် ပို့ဆောင်ပေးသွားမည် ဖြစ်သည်။

-Advertisement-

စားသုံးသူများအနေနှင့် KFC, Pizza Hut, Marrybrown, Gong Cha, Pezzo Pizza, Cafe Amazon, The Manhattan Fish Market, Pizza Maru, Cheese O’Tea, Tom & Toms coffee အပါအဝင်နိုင်ငံတကာတွင်လူကြိုက်များကျော်ကြားသော စားသောက်ဆိုင်များအပြင် ရန်ကုန်မြို့တွင်း လူကြိုက်များကျော်ကြားသော ပြည်တွင်းစားသောက်ဆိုင်များဖြစ်သည့် YKKO၊ တင့်တင့်မြန်မာ၊ ရန်ကုန်တီးဟောက်စ်၊ ရှမ်းရိုးရာ၊ The Pansodan၊ Mr.Chef တို့အပါအဝင် အခြားစားသောက်ဆိုင်များမှ အစားအသောက်များကို လွယ်လွယ်ကူကူ စိတ်ကြိုက်ရွေးချယ်မှာယူနိုင်မည်ဖြစ်သည်။

အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားအား ရန်ကုန်မြို့၊ Times City outdoor area တွင် ကျင်းပခဲ့ပြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဌ ဆရာဦးသောင်းတင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်လတ်၊ စားသုံးသူရေးရာဌာန ညွှန်ကြားရေးမှူး ဗိုလ်ကြီးကျော်ကျော်လွင်၊ အနုပညာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စာနယ်ဇင်းများနှင့် ရာပေါင်းများစွာသော ပရိသတ်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် စားသောက်ဆိုင်ပေါင်း ၂၀ ကျော်မှ ဈေးဆိုင်တန်းများ ဖွင့်လှစ်ရောင်းချခဲ့ကြသည်အပြင် စိတ်လှုပ်ရှားဖွယ် ဂိမ်းအစီအစဉ်များ၊ နာမည်ကျော် အဆိုတော်များ ဖြစ်ကြသည့် လွှမ်းပိုင်၊ Bobby Soxer၊ X Boxin၊ မေရီနှင့် Paul Austin တို့၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်ခဲ့သည်။

“foodpanda က ရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ ပလက်ဖောင်းတစ်ခုဖြစ်တဲ့အတွက် မှာယူအားပေးသူတွေ အနေနဲ့ ဘယ်အချိန်ဘယ်နေရာကနေပဲဖြစ်ဖြစ် သူတို့ ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေကို အလွယ်တကူ မှာယူသွားနိုင်မှာ ဖြစ်ပါတယ်” ဟု foodpanda ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Jakob Sebastian Angele မှ ပြောကြားခဲ့သည်။ “foodpanda လုပ်ငန်းကိုပိုမိုကြီးထွားလာဖို့တည်ဆောက်တဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က မြန်မာနိုင်ငံကစားသုံးသူတွေနဲ့ မိတ်ဖက်ပါတနာတွေအတွက် အဆင့်အမြင့်ဆုံး နည်းပညာတွေ၊ ဖန်တီးမှုတွေနဲ့အတူ အကောင်းဆုံအစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံက foodpanda အတွက် အရေးပါတဲ့ဈေးကွက် တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်” ဟုလည်းထပ်လောင်းပြောကြားခဲ့သည်။

ကမ္ဘာ့ထိပ်တန်း အွန်လိုင်း အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှု တစ်ခု ဖြစ်သည့် Delivery Hero ၏ ကုမ္ပဏီခွဲ ဖြစ်သော foodpanda သည် ကမ္ဘာတစ်ဝန်းရှိ မှာယူအားပေးသူများ အတွက် ပြည်တွင်းစားသောက်ဆိုင်များမှ အမျိုးအစား စုံလင်လှသော စားသောက်ဖွယ်ရာများအား အဆင်ပြေလွယ်ကူမှု အပြည့်ဖြင့် ပို့ဆောင်ပေးလျက် ရှိသည်။ စတင်တည်ထောင်ချိန်မှစ၍ ယခုလက်ရှိတွင် foodpanda သည် ကမ္ဘာတစ်ဝန်း အာရှနိုင်ငံပေါင်း ၁၁ နိုင်ငံနှင့် ဥရောပတိုက် အလယ်ပိုင်းနိုင်ငံများ (ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ရိုမေးနီးယားနှင့် ဘူဂေးရီးယား)၊ မြို့ကြီးပေါင်း ၃၀၀ ကျော်ရှိ မိတ်ဖက် စားသောက်ဆိုင်ပေါင်း ၁၀၀,၀၀၀ ကျော်နှင့် လက်တွဲ၍ အစားအသောက် သယ်ယူပို့ဆောင်ရေးကို ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

အစားအသောက် မှာယူပုံအဆင့်

အစားအသောက်မှာယူလိုသူများသည် foodpanda ၏ ဝက်ဘ်ဆိုဒ် သို့မဟုတ် iOS နှင့် Andriod အက်ပလီကေးရှင်းများမှတစ်ဆင့် မိမိလက်ရှိတည်နေရာကို ထည့်သွင်းပြီး အနီးအနားတွင် တည်ရှိသည့် မှာယူနိုင်သော စားသောက်ဆိုင်စာရင်းများကို တွေ့မြင်နိုင်မည်ဖြစ်သည်။ မိမိမှာယူလိုသော အစားအသောက်ကို ရွေးချယ်ပြီးပါက ပို့ဆောင်စေလိုသောရုံး သို့မဟုတ် အိမ်လိပ်စာသို့ အိမ်အရောက်ငွေချေစနစ်ဖြင့် လွယ်ကူသက်သာစွာ မှာယူနိုင်ပါသည်။ မှာယူမှု ပြီးသွားသည်နှင့် တစ်ပြိုင်နက် စားသောက်ဆိုင်မှ မိမိမှာယူလိုက်သော အစားအသောက်ကို ဂရုတစိုက် ပြင်ဆင်ပေးမည်ဖြစ်ပြီး foodpanda rider မှ အစားအသောက်များကို မိမိမှာယူထားသော လိပ်စာသို့ အရောက်ပို့ဆောင်ပေးမည်ဖြစ်သည်။

အစားအသောက်မှာယူခြင်းကို အစားအစာသက်သက်သုံးဆောင်ခြင်းမဟုတ်ပဲ မှာယူသည့်အတွေ့အကြုံတစ်ခု လုံးအကောင်းဆုံးဖြစ်စေရန် foodpanda ကမှာယူသည့်အဆင့်များကို ရိုးရှင်းလွယ်ကူအောင်ပြုလုပ်ထားပါသည်။ အသုံးပြုသူများသည် စားသောက်ဆိုင်တိုင်း၏ အရောင်းရဆုံး အစားအစာများကို လွယ်လွယ်ကူကူ သိရှိနိုင်ပြီး မိမိစိတ်ကြိုက် အစားအသောက်များကို မြန်မြန်ဆန်ဆန် မှာယူနိုင်မည်ဖြစ်သည်။ ယခုလက်ရှိ ရန်ကုန်မြို့တွင် စားသောက်ဆိုင်ပေါင်း ၁၀၀၀ ကျော်နှင့် ချိတ်ဆက်ထားပြီး နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ မှာယူသုံးဆောင်နိုင်ပါပြီ။ သင့်ရဲ့ ပထမဆုံး foodpanda မှအစားအသောက်မှာယူမှုအတွေ့အကြုံကို ရရှိခံစားနိုင်ရန် အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲ၍သော်လည်းကောင်း www.foodpanda.com.mm မှတစ်ဆင့် သော်လည်းကောင်းမှာယူနိုင်ပါသည်။

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here