ကြိုတင်မသိရှိထားရင် နားလည်မှုလွဲမှားနိုင်တဲ့ မိန်းကလေးတွေရဲ့ စိတ်အထွေထွေ

0
425

မိန်းကလေးတွေနဲ့ပတ်သတ်ပြီး ထူးခြားချက်တွေအမြောက်အများရှိပါတယ်။ သူတို့ရဲ့နေထိုင်ပုံနဲ့အပြုအမူတွေကိုကြည့်ပြီး သူတို့ရဲ့စိတ်ထားကို ကောက်ချက်ဆွဲရင်တော့ မှားပါလိမ့်မယ်။ သင့်ရဲ့ချစ်သူကောင်မလေး သို့မဟုတ် သူငယ်ချင်းကောင်မလေးတွေမှာရော ဘယ်လိုစိတ်ထားရှိလဲဆိုတာ သူတို့ရဲ့စရိုက်တွေကိုကြည့်ပြီး ဆုံးဖြတ်ဖူးပါသလား? ဒါဆိုရင်တော့ ယခုဖော်ပြတဲ့အကြောင်းလေးနဲ့ တိုက်ဆိုင်နေရင် သူမကိုမန်းရှင်းခေါ်လိုက်ပါ။

1.မာနကြီးတဲ့ကောင်မလေးတွေ

တစ်ချို့ကောင်မလေးတွေဟာ မာနကိုဒိုင်းတစ်ခုလို ကာရံထားပါတယ်။ လာမထိနဲ့မီးပွင့်သွားမယ် ဆိုတာမျိုးပါ။ ဒါပေမယ့်တကယ်တမ်းကြတော့ သူတို့ဟာသူတို့ထင်သလောက်မမာကြောပါဘူး။ သူတို့တကယ်ချစ်တဲ့ချစ်သူနဲ့တွေ့တဲ့အခါမှာတော့ မီးနဲ့ထိတဲ့ဖယောင်းလိုပဲ အလွယ်တကူပျော်ဆင်းသွားတတ်ကြပါတယ်။

2.နားလည်ပေးနိုင်လွန်းတဲ့ကောင်မလေးတွေ

သင့်ရဲ့ချစ်သူကောင်မလေးဟာ သင်ဆိုးသမျှကို ဘာပဲဖြစ်နေနေ နာလည်ပေးပါသလား။ အဲဒီလိုချစ်သူလေးကိုပိုင်ဆိုင်ထားရလို့ စိတ်ချလက်ချကဲနိုင်မယ်လို့တွေးနေမဲ့အစား သင်ပိုပြီးသတိထားသင့်ပါတယ်။ သင့်ရဲ့အမှားဟာ သူလက်မခံနိုင်လောက်တဲ့အခြေအနေ ဒါမှမဟုတ် သူတို့နားလည်မပေးနိုင်တော့တဲ့အချိန်ကိုရောက်ရင် သင့်အတွက်ရှင်းပြခွင့်တောင်ရမှာ မဟုတ်လို့ပါပဲ။

3. ရင့်ကျက်လွန်းတဲ့မိန်းကလေးတွေ

သူတို့ဟာ တခြားမိန်းကလေးတွေလို သင့်အပေါ်မှာမဆိုးနွဲ့ပဲ လူကြီးဆန်သလိုထင်ရပါတယ်။ ဒါပေမယ့် အဲ့လိုထင်ပြီးခပ်စိမ်းစိမ်းမဆက်ဆံလိုက်ပါနဲ့။ ဘယ်လောက်ပဲရင့်ကျက်တည်ငြိမ်တဲ့မိန်းကလေးဖြစ်ပါစေ ချစ်သူဆီက ဂရုစိုက်မှု၊ ကြင်နာမှု၊ ပွေ့ဖက်မှု မလိုချင်တဲ့မိန်းကလေးဆိုတာ မမြင်မိသေးလို့ပါ။

4. မငိုတတ်တဲ့မိန်းကလေးတွေ

တချို့မိန်းကလေးတွေက အသဲမာကြတယ်။ သူတို့ဟာဘယ်တော့မှမငိုဘူးလို့ ယုံကြည်ကြပေမယ့် တကယ်တမ်းသူတို့ငိုရင်တော့ မတိတ်တော့ပါဘူး၊ ဘယ်လောက်ချော့ချော့ အကြာကြီးငိုနေတတ်ပါတယ်။

5. အစအနောက်သန်တဲ့ကောင်မလေးတွေ

သင်တို့ရဲ့ ချစ်သူ ဒါမှမဟုတ် သူငယ်ချင်းတွေထဲမှာ အရမ်းအစအနောက်သန်ပြီး ပျော်ပျော်နေတတ်တဲ့ ကောင်မလေးတွေရှိလား။ သူတို့ကိုကြည့်လိုက်ရင် ဘယ်လောက်စစစိတ်မဆိုးတတ်ဖူးလို့ ထင်ရပေမယ့် သူတို့ဟာ ထိလွယ်၊ ရှလွယ်၊ ခံစားလွယ်တတ်ကြပါတယ်။

6. ကလေးဆိုးလေးလို စိတ်ကောက်တတ်တဲ့မိန်းကလေးတွေ

သင့်အပေါ်မှာ ကလေးဆိုးလေးတစ်ယောက်လို အမြဲတမ်းဆိုးနွဲ့နေတတ်တဲ့ ချစ်သူမျိုးရှိလား။ သူတို့ဟာအမြဲတမ်း ဂျီကျပြီးစိတ်ကောက်တတ်ပေမယ့် သင့်မှာပြဿနာတစ်စုံတစ်ရာနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ သူတို့ဟာ ရင့်ကျက်တည်ငြိမ်ပြီး သင့်ဘေးမှာအားပေးနေမယ့် သူတွေပါ။

ဘယ်လိုမိန်းကလေးမျိုးနဲ့ပဲဖြစ်ဖြစ် သင်ချစ်လို့လက်ထပ်ပြီးလျှင် ဆက်ချစ်နေယုံနဲ့မပြီးသေးပါဘူး။ တခါတလေချစ်သူဘဝကလို ဂရုစိုက်မှုကြင်နာမှုတွေနဲ့ ရိုမန်တစ်ဆန်ဖို့လိုပါသေးတယ်။ တကယ်တော့မိန်းမဟာမိန်းမပဲ ဖြစ်ပါတယ်။ သူတို့သင့်အပေါ်မှာစိတ်ကောက်ချင်ကောက်မှာပါ။ အသက်ခြောက်ဆယ်ထိတိုင်အောင် သင်ချော့တာကို သူတို့လိုချင်ပါသေးတယ်။

LM_Naung_Naung

Lifestyle_Myanmar

ႀကိဳတင္မသိရွိထားရင္ နားလည္မႈလြဲမွားႏိုင္တဲ့ မိန္းကေလးေတြရဲ႕ စိတ္အေထြေထြ
မိန္းကေလးေတြနဲ႔ပတ္သတ္ၿပီး ထူးျခားခ်က္ေတြအေျမာက္အမ်ားရွိပါတယ္။ သူတို႔ရဲ႕ေနထိုင္ပုံနဲ႔အျပဳအမူေတြကိုၾကည့္ၿပီး သူတို႔ရဲ႕စိတ္ထားကို ေကာက္ခ်က္ဆြဲရင္ေတာ့ မွားပါလိမ့္မယ္။ သင့္ရဲ႕ခ်စ္သူေကာင္မေလး သို႔မဟုတ္ သူငယ္ခ်င္းေကာင္မေလးေတြမွာေရာ ဘယ္လိုစိတ္ထားရွိလဲဆိုတာ သူတို႔ရဲ႕စ႐ိုက္ေတြကိုၾကည့္ၿပီး ဆုံးျဖတ္ဖူးပါသလား? ဒါဆိုရင္ေတာ့ ယခုေဖာ္ျပတဲ့အေၾကာင္းေလးနဲ႔ တိုက္ဆိုင္ေနရင္ သူမကိုမန္းရွင္းေခၚလိုက္ပါ။

1.မာနႀကီးတဲ့ေကာင္မေလးေတြ

တစ္ခ်ိဳ႕ေကာင္မေလးေတြဟာ မာနကိုဒိုင္းတစ္ခုလို ကာရံထားပါတယ္။ လာမထိနဲ႔မီးပြင့္သြားမယ္ ဆိုတာမ်ိဳးပါ။ ဒါေပမယ့္တကယ္တမ္းၾကေတာ့ သူတို႔ဟာသူတို႔ထင္သေလာက္မမာေၾကာပါဘူး။ သူတို႔တကယ္ခ်စ္တဲ့ခ်စ္သူနဲ႔ေတြ႕တဲ့အခါမွာေတာ့ မီးနဲ႔ထိတဲ့ဖေယာင္းလိုပဲ အလြယ္တကူေပ်ာ္ဆင္းသြားတတ္ၾကပါတယ္။

2.နားလည္ေပးႏိုင္လြန္းတဲ့ေကာင္မေလးေတြ

သင့္ရဲ႕ခ်စ္သူေကာင္မေလးဟာ သင္ဆိုးသမွ်ကို ဘာပဲျဖစ္ေနေန နာလည္ေပးပါသလား။ အဲဒီလိုခ်စ္သူေလးကိုပိုင္ဆိုင္ထားရလို႔ စိတ္ခ်လက္ခ်ကဲႏိုင္မယ္လို႔ေတြးေနမဲ့အစား သင္ပိုၿပီးသတိထားသင့္ပါတယ္။ သင့္ရဲ႕အမွားဟာ သူလက္မခံႏိုင္ေလာက္တဲ့အေျခအေန ဒါမွမဟုတ္ သူတို႔နားလည္မေပးႏိုင္ေတာ့တဲ့အခ်ိန္ကိုေရာက္ရင္ သင့္အတြက္ရွင္းျပခြင့္ေတာင္ရမွာ မဟုတ္လို႔ပါပဲ။

3. ရင့္က်က္လြန္းတဲ့မိန္းကေလးေတြ

သူတို႔ဟာ တျခားမိန္းကေလးေတြလို သင့္အေပၚမွာမဆိုးႏြဲ႕ပဲ လူႀကီးဆန္သလိုထင္ရပါတယ္။ ဒါေပမယ့္ အဲ့လိုထင္ၿပီးခပ္စိမ္းစိမ္းမဆက္ဆံလိုက္ပါနဲ႔။ ဘယ္ေလာက္ပဲရင့္က်က္တည္ၿငိမ္တဲ့မိန္းကေလးျဖစ္ပါေစ ခ်စ္သူဆီက ဂ႐ုစိုက္မႈ၊ ၾကင္နာမႈ၊ ေပြ႕ဖက္မႈ မလိုခ်င္တဲ့မိန္းကေလးဆိုတာ မျမင္မိေသးလို႔ပါ။

4. မငိုတတ္တဲ့မိန္းကေလးေတြ

တခ်ိဳ႕မိန္းကေလးေတြက အသဲမာၾကတယ္။ သူတို႔ဟာဘယ္ေတာ့မွမငိုဘူးလို႔ ယုံၾကည္ၾကေပမယ့္ တကယ္တမ္းသူတို႔ငိုရင္ေတာ့ မတိတ္ေတာ့ပါဘူး၊ ဘယ္ေလာက္ေခ်ာ့ေခ်ာ့ အၾကာႀကီးငိုေနတတ္ပါတယ္။

5. အစအေနာက္သန္တဲ့ေကာင္မေလးေတြ

သင္တို႔ရဲ႕ ခ်စ္သူ ဒါမွမဟုတ္ သူငယ္ခ်င္းေတြထဲမွာ အရမ္းအစအေနာက္သန္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ေကာင္မေလးေတြရွိလား။ သူတို႔ကိုၾကည့္လိုက္ရင္ ဘယ္ေလာက္စစစိတ္မဆိုးတတ္ဖူးလို႔ ထင္ရေပမယ့္ သူတို႔ဟာ ထိလြယ္၊ ရွလြယ္၊ ခံစားလြယ္တတ္ၾကပါတယ္။

6. ကေလးဆိုးေလးလို စိတ္ေကာက္တတ္တဲ့မိန္းကေလးေတြ

သင့္အေပၚမွာ ကေလးဆိုးေလးတစ္ေယာက္လို အၿမဲတမ္းဆိုးႏြဲ႕ေနတတ္တဲ့ ခ်စ္သူမ်ိဳးရွိလား။ သူတို႔ဟာအၿမဲတမ္း ဂ်ီက်ၿပီးစိတ္ေကာက္တတ္ေပမယ့္ သင့္မွာျပႆနာတစ္စုံတစ္ရာနဲ႔ ရင္ဆိုင္ရတဲ့အခါမွာေတာ့ သူတို႔ဟာ ရင့္က်က္တည္ၿငိမ္ၿပီး သင့္ေဘးမွာအားေပးေနမယ့္ သူေတြပါ။

ဘယ္လိုမိန္းကေလးမ်ိဳးနဲ႔ပဲျဖစ္ျဖစ္ သင္ခ်စ္လို႔လက္ထပ္ၿပီးလွ်င္ ဆက္ခ်စ္ေနယုံနဲ႔မၿပီးေသးပါဘူး။ တခါတေလခ်စ္သူဘဝကလို ဂ႐ုစိုက္မႈၾကင္နာမႈေတြနဲ႔ ႐ိုမန္တစ္ဆန္ဖို႔လိုပါေသးတယ္။ တကယ္ေတာ့မိန္းမဟာမိန္းမပဲ ျဖစ္ပါတယ္။ သူတို႔သင့္အေပၚမွာစိတ္ေကာက္ခ်င္ေကာက္မွာပါ။ အသက္ေျခာက္ဆယ္ထိတိုင္ေအာင္ သင္ေခ်ာ့တာကို သူတို႔လိုခ်င္ပါေသးတယ္။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here