မျက်နှာအသားအရေကို ချောမွေ့လှပပြီး ကောင်းမွန်နေတဲ့အသားအရေမျိုးဖြစ်ဖို့အတွက် Skin Care တွေပဲသုံးပေးနေလို့လည်း မပြည့်စုံသေးဘူးလို့ ဆိုလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Vitamin C ဓာတ်က ခန္ဓာကိုယ်အတွက်ပဲ အကျိုးရှိစေတာမဟုတ်ပဲ အသားအရေအတွက်လည်း အရမ်းကိုကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် Vitamin C ရဲ့ စွမ်းဆောင်ရည်တွေကို အားလုံးသိရအောင် ဖော်ပြပေးလိုက်ပါတယ်။

အသီးအနှံတွေတော်တော်များများမှာ Vitamin C ဓာတ်တွေပါဝင်နေတယ်ဆိုတာကိုတော့ အားလုံးသိထားပြီးဖြစ်မှာပါ။ Vitamin C က ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ်ကိုလန်းဆန်း တက်ကြွစေနိုင်ပါတယ်။ ဒါတွေတင်မကပဲ အသားအရေကိုလည်းကြည်လင်ပြီးတော့ ချောမွေ့စေဖို့ကိုလည်း ကူညီပေးနိုင်ပါသေးတယ်။
အခုနောက်ပိုင်းမှာ မျက်နှာအသားအရေအတွက် Vitamin C ပါဝင်နေတဲ့ Product တွေလည်းထွက်ရှိလာတာကို သိကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် တော်တော်များများက သုံးဖို့အတွက်မလိုအပ်လောက်ဘူးလို့ ထင်နေကြပါသေးတယ်။ တကယ်ကောင်းမွန်တဲ့ အသားအရေမျိုးကိုရရှိဖို့အတွက်ဆိုရင် Vitamin C ကိုမေ့ထားလို့မဖြစ်ပါဘူး။

Vitamin C က မျက်နှာအသားအရေမှာရှိနေတဲ့ အစိုဓာတ်ကိုထိန်းချုပ်ပေးထားနိုင်ပါတယ်။ အသက်အရွယ်ရလာလို့ ဖြစ်တတ်တဲ့ အရေးအကြောင်းတွေကိုလည်း လျော့နည်းလာစေပြီး အသားအရေအရောင်မညီတာတွေကိုလည်း ပြန်လည်ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မိန်းကလေးတိုင်းဖြစ်ချင်တဲ့ ဆန္ဒတစ်ခုပေါ့။ မျက်နှာအသားအရေမှာ အပြစ်နာဆာတွေမရှိပဲ ကြည်လင်ပြီးလှပချင်တဲ့သူတွေအနေနဲ့ Vitamin C ကိုရွေးချယ်သင့်တယ်လို့ ပြောချင်ပါတယ်။
အခုဆိုရင် ဈေးကွက်ထဲမှာရှိတဲ့ Vitamin C ပစ္စည်းကောင်းလေးတွေကို ရွေးချယ်ဝယ်ယူလို့ရနေပြီး သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုလည်း သေချာမေးကြည့်လို့ရပါတယ်။ ခန္ဓာကိုယ်အတွက်ပဲ Vitamin C တွေပြည့်နေလို့မရသေးပါဘူး။ မျက်နှာအသားအရေအတွက်လည်း Vitamin C ကို ထပ်ဖြည့်ပေးဖို့လိုသေးတာကြောင့် မနက်ညပုံမှန်လေးလိမ်းပေးပြီး လှပတဲ့အသားအရေလေးတွေကို ရရှိပိုင်ဆိုင်လိုက်ပါ။

Lifestyle_Myanmar
ref-self.com