ကြက်ဥ ၃ လုံးကို နေ့စဥ်မှန်မှန် စားပေးခြင်းကြောင့် ခံစားရရှိလာမယ့် အကျိုးကျေးဇူးများ

0
113
- Advertisement -

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဖက်တီးအက်ဆစ် (Fatty Acids) ကို ကြက်ဥတွေမှာ တွေ့နိုင်ပါတယ်။ ဖက်တီးအက်ဆစ်က ဘာလို့အရေးကြီးသလဲဆိုရင် ဖက်တီးအက်ဆစ်ချို့တဲ့ရင် ကိုယ်ခံအားစနစ် လျှော့နည်းတာ၊ ကြွက်သားအားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာ၊ အရေပြားနဲ့ ဆံသား အားနည်းတာတွေ ဖြစ်ပေါ်စေပါတယ်။ ဒီတော့ ကြက်ဥကို တစ်နေ့ ၃ လုံးလောက် စားပေးသင့်ပါတယ်။

-Advertisement-

ကြက်ဥကို တစ်နေ့ ၃ လုံးစားပေးရင် ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ။

မျက်စိအတွင်းတိမ်ဖြစ်ခြင်းကို ကာကွယ်ပေးခြင်း

ကြက်ဥကို စားပေးတာဟာ မျက်လုံးအတွင်းတိမ်ကို၂၀% ထိ လျှော့ကျစေပါတယ်။ ကြက်ဥမှာ Lutein နဲ့ zeaxanthin စတဲ့ Antioxidant (ဓါတ်တိုးဆန့်ကျင်ပစ္စည်း) တွေပါဝင်လို့ မျက်လုံးကျန်းမာရေးကို များစွာအထောက်အကူပြုစေပါတယ်။

အရိုးကျန်းမာရေးကို ကာကွယ်ပေးခြင်း

ကယ်လ်စီယမ်တွေကို စုပ်ယူနိုင်ဖို့အတွက် ဗီတာမင်ဒီက အထူးလိုအပ်ပြီးတော့ အရိုးကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တာကြောင့် လုံလောက်စွာမရရှိဘူးဆိုပါက ငယ်ငယ်ရွယ်ရွယ်နဲ့ အရိုးပွခြင်းကို ကြုံတွေ့လာရနိုင်ပါတယ်။

သံဓာတ်ချို့တဲ့မှုကို တိုက်ထုတ်ပေးခြင်း

သံဓာတ်ချို့တဲ့နေပြီဆိုပါက မကြာခဏခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ စိတ်တိုစိတ်ဆိုးခြင်း စသဖြင့် ခံစားလာရနိုင်ပြီး ဒီလိုပြဿနာအတွက် ကြက်ဥတွေက ကူညီပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချပေးခြင်း

ကြက်ဥဟာ ပုံမှန်စားနေကြမနက်စာထက် အစားစားချင်စိတ်ကို ပြေပျောက်စေပါတယ်။ ဒါ့ကြောင့် အဝလွန်သူတွေဟာ ကြက်ဥကို မနက်စာအဖြစ်စားသုံးပေးသင့်ပါတယ်။ အဲဒီလိုစားပေးတာဟာ ကိုယ်အလေးချိန် လျှော့ကျစေပါတယ်။

ဦးနှောက်ကျန်းမာရေး

ကြက်ဥမှာပါဝင်တဲ့ Choline ဓါတ်ဟာ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။ သက်ကြီးရွယ်အိုတွေအတွက်လည်း အထူးကောင်းမွန်တာမို့ ကြက်ဥကိုစားပေးသင့်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဆို တစ်နေ့ကို ကြက်ဥအနည်းဆုံး တစ်နေ့ စားသုံးပေးကြပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-dyofitness

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here