ကြက်သွန်ဖြူမီးဖုတ်က သင့်ကျန်းမာရေးအတွက် ဘာ့ကြောင့်ကောင်းတာလဲ?

0
20


ကြက်သွန်ဖြူက ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတစ်ခုပါ။ ကြက်သွန်ဖြူဟာ ကိုယ်ခံစွမ်းအား ကောင်းစေဖို့အတွက် သဘာဝဆေးတစ်မျိုးဖြစ်ပြီး ရှေးယခင်ထဲက ဆေးဝါးအဖြစ် ကမ္ဘာပေါ်မှာ ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပါတယ်။

ကြက်သွန်ဖြူက ဘာ့ကြောင့် အသုံးဝင်တာလဲ?

ကြက်သွန်ဖြူမှာ အစွမ်းထက် anti-inflammatory နဲ့ ကိုယ်ခံစွမ်းအားကို အားကောင်းစေတဲ့ အကျိုးသက်ရောက်မှုတွေရှိပါတယ်။ ၎င်းမှာ အားကောင်းတဲ့ အင်တီအောက်ဆီဒင့်တန်ဖိုးတစ်ခုရှိပြီး သွေးစင်ကြယ်ခြင်း၊ အိုမင်းမှုကို နှေးကွေးစေခြင်းနှင့် ခန္ဓာကိုယ်ဆဲလ်တွေကို ကာကွယ်ပေးပါတယ်။
ကြက်သွန်ဖြူရဲ့ ဒီဂုဏ်သတ္တိတွေကို မပျက်ပြယ်ဘဲ တိုးပွားစေချင်ရင် မီးဖုတ်ပြီး စားနိုင်ပါတယ်။ ၆မိနစ်လောက် မီးဖုတ်ပေးယုံနဲ့ ၎င်းရဲ့ အကျိုးအာနိသင်ကို တိုးပွားစေယုံသာမက ခါးသက်သက်အရသာကိုလည်း ဖယ်ရှားပေးပါတယ်။
ကင်ဆာကို တားဆီးဖို့ ကူညီပေးပါတယ်
ကြက်သွန်ဖြူဟာ ကင်ဆာအန္တရာယ်ကိုတောင် လျော့နည်းစေကြောင်း သက်သေပြခဲ့တာတွေ ရှိပါတယ်။
ကြက်သွန်ဖြူမီးဖုတ် သို့မီးကင်ပြီး ပုံမှန်စားသုံးပေးရင် သွေးရဲ့ anticarcinogenic ဂုဏ်သတ္တိတွေကို တိုးပွားစေနိုင်ပြီး အူလမ်းကြောင်း ကင်ဆာအန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို မီးမဖုတ်ခင်မှာ ကြက်သွန်ဖြူအမွှာကို နည်းနည်းထုလိုက်ပြီးမှ ၁၀မိနစ်လောက် မီးကင်ပေးပါ။ ဒီနည်းလမ်းက အပူလွှမ်းမိုးမှုရဲ့ ဆိုးကျိုးသက်ရောက်မှုကို သိသာစွာ လျော့ချပေးပြီး ကြက်သွန်ဖြူရဲ့ ဘက်တီးရီးယားဂုဏ်သတ္တိတွေဖြစ်တဲ့ allicinကို ထုတ်လွှတ်ပေးပါလိမ့်မယ်။

သေသေချာချာပြင်ဆင်ပြီး စားမယ်ဆိုရင် ကြက်သွန်ဖြူဖုတ်ထားတဲ့ အရသာက မယုံနိုင်လောက်အောင် အရသာကောင်းပါတယ်။ ထိပ်ဖြတ်ပြီး အခွံမခွာထားတဲ့ ကြက်သွန်ဖြူ ၆မွှာ၊ သံလွင်ဆီ၊ ဆားနှင့် ပေါင်မုန့်မီးကင်လိုပါတယ်။ ပြုလုပ်နည်းကတော့ ကြက်သွန်ဖြူပေါ်မှာ သံလွင်ဆီအစက်အနည်းငယ် ဖြန်းပါ။ ဆားထည့်ပြီး ပျော့သွားတဲ့အထိ မိနစ် ၂၀- ၃၀ကြာ ဖုတ်ပေးပါ။ ပေါင်မုန့်မီးကင်နဲ့ တွဲပြီး စားနိုင်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-fabiosa

ZawGyi

ၾကက္သြန္ျဖဴမီးဖုတ္က သင့္က်န္းမာေရးအတြက္ ဘာ့ေၾကာင့္ေကာင္းတာလဲ?
ၾကက္သြန္ျဖဴက က်န္းမာေရးႏွင့္ ညီၫြတ္တဲ့ အစားအစာတစ္ခုပါ။ ၾကက္သြန္ျဖဴဟာ ကိုယ္ခံစြမ္းအား ေကာင္းေစဖို႔အတြက္ သဘာဝေဆးတစ္မ်ိဳးျဖစ္ၿပီး ေရွးယခင္ထဲက ေဆးဝါးအျဖစ္ ကမာၻေပၚမွာ က်ယ္ျပန္႔စြာ အသုံးျပဳခဲ့ၾကပါတယ္။

ၾကက္သြန္ျဖဴက ဘာ့ေၾကာင့္ အသုံးဝင္တာလဲ?

ၾကက္သြန္ျဖဴမွာ အစြမ္းထက္ anti-inflammatory နဲ႔ ကိုယ္ခံစြမ္းအားကို အားေကာင္းေစတဲ့ အက်ိဳးသက္ေရာက္မႈေတြရွိပါတယ္။ ၎မွာ အားေကာင္းတဲ့ အင္တီေအာက္ဆီဒင့္တန္ဖိုးတစ္ခုရွိၿပီး ေသြးစင္ၾကယ္ျခင္း၊ အိုမင္းမႈကို ေႏွးေကြးေစျခင္းႏွင့္ ခႏၶာကိုယ္ဆဲလ္ေတြကို ကာကြယ္ေပးပါတယ္။
ၾကက္သြန္ျဖဴရဲ႕ ဒီဂုဏ္သတၱိေတြကို မပ်က္ျပယ္ဘဲ တိုးပြားေစခ်င္ရင္ မီးဖုတ္ၿပီး စားႏိုင္ပါတယ္။ ၆မိနစ္ေလာက္ မီးဖုတ္ေပးယုံနဲ႔ ၎ရဲ႕ အက်ိဳးအာနိသင္ကို တိုးပြားေစယုံသာမက ခါးသက္သက္အရသာကိုလည္း ဖယ္ရွားေပးပါတယ္။
ကင္ဆာကို တားဆီးဖို႔ ကူညီေပးပါတယ္
ၾကက္သြန္ျဖဴဟာ ကင္ဆာအႏၲရာယ္ကိုေတာင္ ေလ်ာ့နည္းေစေၾကာင္း သက္ေသျပခဲ့တာေတြ ရွိပါတယ္။
ၾကက္သြန္ျဖဴမီးဖုတ္ သို႔မီးကင္ၿပီး ပုံမွန္စားသုံးေပးရင္ ေသြးရဲ႕ anticarcinogenic ဂုဏ္သတၱိေတြကို တိုးပြားေစႏိုင္ၿပီး အူလမ္းေၾကာင္း ကင္ဆာအႏၲရာယ္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ၾကက္သြန္ျဖဴကို မီးမဖုတ္ခင္မွာ ၾကက္သြန္ျဖဴအမႊာကို နည္းနည္းထုလိုက္ၿပီးမွ ၁၀မိနစ္ေလာက္ မီးကင္ေပးပါ။ ဒီနည္းလမ္းက အပူလႊမ္းမိုးမႈရဲ႕ ဆိုးက်ိဳးသက္ေရာက္မႈကို သိသာစြာ ေလ်ာ့ခ်ေပးၿပီး ၾကက္သြန္ျဖဴရဲ႕ ဘက္တီးရီးယားဂုဏ္သတၱိေတြျဖစ္တဲ့ allicinကို ထုတ္လႊတ္ေပးပါလိမ့္မယ္။
ေသေသခ်ာခ်ာျပင္ဆင္ၿပီး စားမယ္ဆိုရင္ ၾကက္သြန္ျဖဴဖုတ္ထားတဲ့ အရသာက မယုံႏိုင္ေလာက္ေအာင္ အရသာေကာင္းပါတယ္။ ထိပ္ျဖတ္ၿပီး အခြံမခြာထားတဲ့ ၾကက္သြန္ျဖဴ ၆မႊာ၊ သံလြင္ဆီ၊ ဆားႏွင့္ ေပါင္မုန္႔မီးကင္လိုပါတယ္။ ျပဳလုပ္နည္းကေတာ့ ၾကက္သြန္ျဖဴေပၚမွာ သံလြင္ဆီအစက္အနည္းငယ္ ျဖန္းပါ။ ဆားထည့္ၿပီး ေပ်ာ့သြားတဲ့အထိ မိနစ္ ၂၀- ၃၀ၾကာ ဖုတ္ေပးပါ။ ေပါင္မုန္႔မီးကင္နဲ႔ တြဲၿပီး စားႏိုင္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-fabiosa

LEAVE A REPLY

Please enter your comment!
Please enter your name here