ကျွန်မတို့ မိခင်တွေ အဘွားဖြစ်လာပြီးနောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ပြောင်းလဲမှုများအကြောင်း

0
105

မိခင်တစ်ယောက်ဖြစ်လာခြင်းဟာ ဘဝတစ်ကွေ့ ပြောင်းလဲခြင်းဖြစ်ရပ်တစ်ခု ဖြစ်နိုင်ပါတယ်။ ကိုယ့်ရင်သွေးလေးတွေ မွေးလာရင် ဘယ်လိုပြုစုစောင့်ရှောက်မယ်၊ ဘယ်လိုသွန်သင်ဆုံးမမယ်ဆိုပြီး မိခင်လောင်းတိုင်းမှာ plan တွေရှိတတ်ကြပြီး ကလေးတွေကို စည်းကမ်းတကျ ပြုစုစောင့်ရှောက်လေ့ရှိကြပါတယ်။ သို့သော် အမျိုးသမီးတွေဟာ အဘွားတွေဖြစ်လာတဲ့အခါ အမူအကျင့်နှင့် စည်းမျဉ်းစည်းကမ်းတစ်ချို့ကို မေ့လျော့သွားတတ်ကြပါတယ်။ ကျွန်မတို့တွေတုန်းက စည်းကမ်း၊ စည်းမျဉ်းတွေနဲ့ ပြုစုပျိုးထောင်ခဲ့တဲ့ မိခင်ဟာ မြေးတွေရလာတဲ့အခါ ဆန့်ကျင့်ဘက်ဖြစ်သွားလေ့ရှိပါတယ်။ တစ်ခါတစ်လေမှာ ကျွန်မတို့ကို ပြုစုပျိုးထောင်ခဲ့တဲ့ အမေဟာ အခုအမေမှ ဟုတ်ပါ့မလားလို့တောင် ထင်ရနိုင်ပါတယ်။

-Advertisement-

ကျွန်မတို့မိခင်တွေဟာ အဘွားတွေဖြစ်လာတာနှင့်အမျှ ပြောင်းလဲသွားပုံလေးတွေေကို ဟာသအမြင်ဖြင့် ဖန်တီးထားတဲ့ ရုပ်ပြလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ မြေးတွေ စားချင်တာဆိုရင် မသိအောင် ကျွေးလိုက်ရမှ

၂။ မိဘ ဖြစ်ရတဲ့ ဘဝကို စိတ်ပျက်အောင် ကြိုးစားနေပုံရပါတယ်

၃။ သားအချစ်၊ မြေးအနှစ် ဆိုသလိုပဲ သူတို့မြေးတွေရဲ့ နာကျင်မှုက သူတို့ကလေးတွေရဲ့ နာကျင်မှုထက် ပိုအရေးပါပါတယ်။

၄။ သူတို့ဟာ ကလေးရဲ့ ပုံမှန်လုပ်ငန်းစဉ်ကို ပျက်စီးအောင် လုပ်မိနေလားဆိုတာ ဂရုမစိုက်မိကြပါဘူး။

၅။ မိဘတွေဟာ ကလေးလုပ်စက်တွေ ဖြစ်တယ်လို့ အဘိုးအဘွားတွေ ထင်မြင်ကြပုံရပါတယ်

၆။ အဖိုးအဖွားတွေဟာ တစ်ခါတလေမှာ ပျင်းရိခြင်းကို အားပေးတတ်ကြပါတယ်

၇။ မြေးတွေကို အလိုလိုက်တဲ့နေရာမှာ လက်ဖျားခါလောက်ပါတယ်

၈။ ကျွန်မတို့ ကလေးဘဝအရွယ်တုန်းက အကောင်းစားအရုပ်တွေ မဝယ်ပေးခဲ့ပါဘူး.

၉။ မြေးတွေအတွက် အစိုးရိမ်လွန်တတ်ကြပါသေးတယ်

၁၀။ သို့သော် သင်နှင့် သင့်ကလေးအပေါ်မှာထားတဲ့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကတော့ ဘယ်တော့မှ မပြောင်းလဲတဲ့အရာတစ်ခုပါ။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here