Home General Knowledge ကျွန်တော်တို့ လိုက်နာဖို့မေ့လျော့နေတတ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ လောကဝတ်စည်းမျဉ်း ၁၀ ချက်

ကျွန်တော်တို့ လိုက်နာဖို့မေ့လျော့နေတတ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ လောကဝတ်စည်းမျဉ်း ၁၀ ချက်

0
662

အခြားသူတစ်ယောက်ရဲ့ လစာနဲ့ပတ်သတ်ပြီး အသေးစိတ်စပ်စုမေးမြန်းခြင်းဟာ မယဉ်ကျေးတဲ့အပြုအမူဖြစ်ကြောင်း ယေဘုအားဖြင့် အားလုံးသဘောတူကြပါလိမ့်မယ်။ တကယ်လု့ိ သင်ကိုယ်တိုင်ယခုလိုမကြာခဏ မေးမြန်းခြင်းခံရရင်လည်း မနှစ်သက်မှုကိုခံစားနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ လစာအကြောင်းမဟုတ်ပဲ ကျွန်တော်တို့ပြောလိုက်တဲ့ စကားတခွန်းက အခြားသူတစ်ယောက်ကို အဆင်မပြေမှုတွေ ဖြစ်စေနိုင်တာကိုတော့ မေ့လျော့နေတတ်ပါတယ်။ ဒီလိုမဖြစ်အောင် ငွေးကြေးဆိုင်ရာနဲ့ ပတ်သတ်တဲ့ လောကဝတ်စည်းမျဉ်း ၁၀ ချက်ကိုမျှဝေပေးချင်ပါတယ်။
၁။ တစ်စုံတစ်ယောက်ရဲ့ ကုန်ကျစရိတ်နဲ့ ရွေးချယ်မှုအပေါ် မှတ်ချက်မပေးပါနဲ့
အခြားသူတစ်ယောက်က သူ့ရဲ့ပိုက်ဆံကို ဘယ်လိုပဲအသုံးချချ သင်ကအဲ့ကိစ္စကိုဆွေးနွေးနေခြင်းဟာ ရိုင်းတဲ့အပြုအမူဖြစ်ပါတယ်။ တကယ်လို့ သင်က အားလပ်ရက်အပန်းဖြေဖို့ သူငယ်ချင်းကို ကမ်းလှမ်းပေမယ့် သူကငြင်းလိုက်တဲ့အခါ ” နင့်လစာကငါ့ထက်များတယ်လေ၊ ဘာလို့ကပ်စေးနဲနေတာလဲ၊ စသဖြင့်ပြောဆိုခြင်းဟာ သူတို့ရဲ့ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ရုံသာမက သင့်အပေါ်ထားတဲ့ သဘောထားပါပြောင်းလဲနိုင်ပါတယ်။

-Advertisement-

တကယ်လို့ သင်နဲ့အရမ်းကြီးရင်းနှီးတဲ့ သူငယ်ချင်းဆိုရင်တောင်မှ သင့်သူငယ်ချင်းရဲ့ ဘဏ္ဍာရေးအခြေအနေ၊ အကြွေး၊ ငွေစုခြင်း၊ စတဲ့အချက်အလက်တွေကို သင်သိနိုင်မှာမဟုတ်ဖူးဆိုတာကို သတိရပါ။ သင့်သူငယ်ချင်းက သူမဆံပင်ညှပ်မှုမှာ ငွေကြေးနည်းနည်းပဲသုံးစွဲပေမယ့် အခြားနည်းလမ်းနဲ့ သူမရဲ့ပိုက်ဆံကို သုံးခြင်သုံးပါလိမ့်မယ်။ သူတို့ရဲ့ပိုက်ဆံကို သူတို့ကြိုက်သလိုသုံးခွင့်ရှိတာကြောင့် ဝေဖန်ဖို့ မကြိုးစားသင့်ပါဘူး။

၂။ အစီအစဉ်တစ်ခုခုရှိရင် သင့်သူငယ်ချင်းရဲ့ ငွေရေးကြေးရေးအခြေအနေကို ထည့်သွင်းစဉ်းစားပါ
သင့်ရဲ့သူငယ်ချင်းက သူ့အခြေအနေနဲ့သူ ငွေကြေးချွေတာနေသူဖြစ်ရင် အကောင်းစားစားသောက်ဆိုင်တွေ၊ ဘားတွေကို အတင်းအကျပ်ခေါ်သွားတာမျိုးမလုပ်ပါနဲ့။ ဒီအစား သူတို့ဘယ်ကိုသွားချင်တယ်ဆိုတဲ့ သဘောထားကိုအရင်မေးပါ။ ဒါမှသာ သင်နဲ့အတူစိတ်ချမ်းချမ်းသာသာလိုက်နိုင်မှာ ဖြစ်ပါတယ်။

၃။ ငွေစုဖို့ ကောက်ခံတဲ့အခါ လူတိုင်းရဲ့ ငွေရေးကြေးရေးကို ထည့်တွက်ပါ
သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ငွေစုပြီး ဆရာကန်တော့ပွဲကြေးကောက်တာမျိုး၊ လက်ဆောင်တစ်ခုခုဝယ်ဖို့ ထည့်ဝင်ခိုင်တာမျိုးမှာ အာလုံးကိုခြုံပြီးကောက်ခံခြင်းကိုရှောင်ကျဉ်ပါ။ လူတစ်ယောက်က ဒေါ်လာ၆၀ ထည့်ဝင်ရမှာဖြစ်ပေမယ့် သူထည့်နိုင်တဲ့ပမာဏက ဒေါ်လာ၃၀ပဲဖြစ်နိုင်ပါတယ်။ ဒီအတွက်အရင်ဆုံး သူတို့တတ်နိုင်တဲ့ပမာဏကို အရင်မေးပါ။ ပိုတတ်နိုင်တဲ့သူက ပိုထည့်ပါလိမ့်မယ်။

၄။ စားသောက်ဆိုင်မှာငွေရှင်းတဲ့အခါ မျှတမှုရှိပါစေ
စားသောက်ဆိုင်၊ သို့မဟုတ် ဘားတစ်ခုမှာအတူတူရှင်းကြတဲ့အခါ လူတိုင်းကတော့ကိုယ်စီမှာထားပါလိမ့်မယ်။ တယောက်ကတော့ သိပ်မစားသလို အခြားတစ်ယောက်ကတော့ ဘီယာအစား ပိုဈေးကြီးတဲ့ ကော့တေးတွေမှာသောက်ချင်သောက်ပါလိမ့်မယ်။ ဒါပေမယ့်ငွေရှင်းတဲ့အချိန်မှာ အားလုံးတူညီစွာရှင်းခိုင်းခြင်းကို မလုပ်ပါနဲ့။ ဒီအစား ဖုန်းထဲကဂဏန်းပေါင်းစက်ကိုဖွင့်ပြီး တစ်ဦးချင်းရှင်းရမယ့် ပမာဏကိုအတိအကျတွက်ချက်ပြီး ရှင်းခြင်းက အခြားသူတွေကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေပါဘူး။

၅။ သူငယ်ချင်းရဲ့ဝန်ဆောင်မှုကို အားပေးတဲ့အခါ အခြားပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့ နှုန်းအတိုင်းပေးချေပါ
သူငယ်ချင်းဖြစ်တာနဲ့ အော်တိုမက်တစ် ဒစ်စကောင့်ပေးရမယ် ဆိုတာမှားပါတယ်။ သူတို့ကြိုးစားခဲ့တာနဲ့ သင့်အပေါ်ဆောင်ရွက်တာကို တန်ဖိုးထားခြင်းဖြင့် သတ်မှတ်နှုန်းအတိုင်းပဲပေးချေပါ။ တကယ်လို့သင့်သူငယ်ချင်းက ဈေးလျှော့ပြီးယူမှ လက်ခံလိုက်ပါ။ အချင်းချင်းတွေပဲဆိုပြီး ကိုယ်ကစမတောင်းဆိုပါနဲ့။

၆။ သင့်ထက်ဝင်ငွေနည်းတဲ့ သူငယ်ချင်းရှေ့မှာ ငွေကြေးနဲ့ပတ်သတ်တဲ့ပြဿနာတွေကို မငြီးငြူပါနဲ့
သင်က ၅၂ လက်မတီဗွီဝယ်ဖို့အတွက် တစ်လကျော်ပိုက်ဆံစုနေရကြောင်း သူ့ကိုပြောပေမယ့် သူမကလျှပ်စစ်မီးဖိုအသစ်ဝယ်ဖို့ ပိုက်ဆံ ၂လကျော်စုနေရတာလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် သင်လိုချင်တဲ့တီဗွီဝယ်ဖို့အတွက် ပိုက်ဆံပြည့်တဲ့အထိစောင့်ပါ။ ကိုယ့်ရဲ့အပူက သူများတွေအေးနေသလောက်ပဲဖြစ်တတ်လိုပါပဲ။

၇။ တစ်ခုခုအပေါ် ဘယ်လောက်ထိကုန်ကျခဲ့ကြောင်း မစပ်စုပါနဲ့
လစာကိုမေးမြန်းခြင်းဟာ မယဉ်ကျေးတဲ့အပြုအမူဖြစ်သလိုပါပဲ၊ အိမ်ငှားဖို့အတွက် ဘယ်လောက်ပေးရလဲ၊ နင့်ဖိနပ်ကဈေးကြီးလား၊ ဘယ်လောက်တောင်လဲ၊ စသဖြင့် ဒီလိုမေးခွန်းတွေကလည်း အခြားသူတွေကိုစိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ သင်သိချင်တယ်ဆိုရင် အချိန်မရွေးအွန်လိုင်းမှာ ရှာကြည့်လို့ရပါတယ်။ ဒီလိုအမေးခံရရင်လည်း သင့်မှာပြန်ပြောဖို့ စကားတစ်လုံးထဲပါ။ ” ဘာဖြစ်လို့လဲ” ဆိုတာပါပဲ။

၈။ အကြွေးကို အချိန်နဲ့အညီပေးချေပါ
သင်ပိုက်ဆံချေးကတည်းက ဘယ်အချိန်လောက်ပြန်ဆပ်မယ် ဆိုတဲ့ deadline ပေးပြီးသားဖြစ်ပါလိမ့်မယ်။ အဲ့ဒီအချိန်ရောက်ရင် ကိုယ်ပြောထားတဲ့ကတိအတိုင်း ပေးချေပါ။ သူငယ်ချင်းက သူငယ်ချင်းပါပဲ။ သင့်ရဲ့ စပွန်ဆာမဟုတ်ပါဘူး။

၉။ ပိုက်ဆံချေးရမယ်ဆိုတဲ့ တာဝန်ကြီး ပိမနေစေပါနဲ့
သင်ကငွေကြေးအဆင်မပြေပေမယ့် သူငယ်ချင်း သို့မဟုတ် ဆွေမျိုးဖြစ်နေတာကြောင့် သူတို့ချေးတဲ့ငွေကို အားနာပြီးပေးလိုက်ခြင်းဟာ သင့်ရဲ့ဘတ်ဂျက်အခြေအနေကို ထိခိုက်စေသလို ဆက်ဆံရေးကိုလည်း ပျက်ပြားစေနိုင်ပါတယ်။ တကယ်လို့ သူတို့ကငွေချေးပြီး ပြန်ဆပ်ဖို့ဝန်လေးတတ်သူဆိုရင် လုံးဝငြင်းလိုက်ပါ။ အားနာပြီးမပေးလိုက်ပါနဲ့။ တစ်ခုခုကိုအကြောင်းပြပြီး ပြောဆိုနိုင်ပါတယ်။

ထာဝရ FA ဖြစ်ဖို့ ဇာတာပါလာတဲ့ လူ ၁၀ မျို

၁၀။ အခြားသူတွေကို မသင်ပေးနဲ့
အခြားသူတွေမမေးပဲ ငွေးကြေးကိုဘယ်လိုစုရမယ်၊ သုံးရမယ်ဆိုတာကို သင်မပေးပါနဲ့။ လူတိုင်းကိုယ့်ပိုက်ဆံကို ကြိုက်သလိုသုံးခွင့်ရှိပါတယ်။ နောက်တချက်က ကိုယ်ကကူညီလိုက်တယ်ဆိုရင်လည်း ကိုယ်ကူညီလိုက်တဲ့အကြောင်း အခြားသူတွေကို လျှောက်မပြောပါနဲ့။ ရိုင်းစိုင်းတဲ့အပြုအမူဖြစ်ပါတယ်။

LM_Naung_Naung
Lifestyle_Myanmar

source-Bright side

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here