ကျွန်တော်တို့ ယုံကြည်နေခဲ့ကြတဲ့ အယူအဆမှား (၁၁)ခု
0
439
ကျွန်တော်တို့ဟာ ငယ်စဉ်ကလေးဘဝကတည်းက အချက်အလက် အတော်များများကို ဖတ်ခဲ့၊ မှတ်ခဲ့၊ ကြားဖူးနားဝရှိခဲ့ကြပါတယ်။ ဒီအချက်အလက်တွေကို မှန်ကန်တယ်လို့ပဲ ယုံကြည်ခဲ့ကြပါတယ်။ သို့သော် သူတို့ထဲက အယူအဆ အတော်များများဟာ အမှားတွေ ဖြစ်တယ်ဆိုတာ ဒီဆောင်းပါးလေးကို ဖတ်ရင်းသိလာရပါတယ်။ ဘယ်အယူအဆတွေက မှားနေသလဲဆိုတာ ကြည့်လိုက်ပါဦးနော်။
၁။ ဆပ်ပြာက ဘက်တီးရီးယားတွေကို သေစေတယ်
တကယ်တော့ ဆပ်ပြာတွေက ဘက်တီးရီးယားတွေကို မသေစေဘဲ ဆေးကြောယုံသာ ဖြစ်ပါတယ်။ သင့်လက်ကို ဆပ်ပြာနဲ့ ဆေးခြင်းက ဘက်တီးရီးယားတွေအတွက် ပေါက်ဖွားရာနေရာဖြစ်တဲ့ အမဲဆီတွေကို ဖယ်ရှားပေးတာပဲ ဖြစ်ပါတယ်။
၂။ ပီကေမျိုချမိရင် သင့်အစာအိမ်ထဲမှာ ၇နှစ်လောက် ရှိနေလိမ့်မယ်
တကယ်တော့ ပီကေဆိုတာ တခြား အစာမကြေနိုင်တဲ့ အစားအစာလိုပါပဲ။ ပီကေဝါးတဲ့အခါ ထွက်လာတဲ့ ကပ်စီးစီးအရည်ကတဆင့် အစာခြေအရည်ကို ဖြစ်ပေါ်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ၎င်းက အထဲမှာ မပျော်ဝင်ပါဘူး။ မစင်စွန့်ရာမှတဆင့် ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ပြန်ထွက်သွားပါတယ်။
၃။ ဆံပင်ရိတ်ခြင်းက ပိုထူစေပါတယ်
တကယ်တော့ ဆံပင်ရဲ့ အပြင်ဘက်အစိတ်အပိုင်းကို ဖြတ်ပြီးနောက် ကျန်နေတဲ့အရာက တုံးတိတိဖြစ်နေတာကြောင့် ပိုထူလာတယ်လို့ ခံစားရတာ ဖြစ်ပါတယ်။
၄။ ဖားပြုပ်ကို ထိမိရင် ကြွက်နို့ပေါက်စေတယ်
တကယ်တော့ ကြွက်နို့တွေ့က Human Papilloma Virus – HPV ကြောင့်ဖြစ်ပေါ်ပါတယ်။ ဖားပြုပ်က ကြွက်နို့ကို ဖြစ်စေနိုင်တာမဟုတ်ပါဘူး၊ ဒါပေမယ့် ဖားပြုပ်ရဲ့ နားနောက်မှာရှိတဲ့ parotoid ဂလင်းမှာ အန္တရာယ်ရှိတဲ့ အဆိပ်ပါဝင်ပါတယ်။ ကြွက်နို့က နေမကောင်းတဲ့ သူနဲ့ ထိတွေ့ရာမှတဆင့် သို့မဟုတ် ကြွက်နို့ရှိတဲ့ လူတစ်ယောက်မှတဆင့် ကူးစက်လာနိုင်ပါတယ်။
၅။ ဆံပင်နဲ့ လက်သည်းတွေဟာ သေပြီးနောက် ရှည်လာပါတယ်
တကယ်တော့ လူတစ်ယောက် သေပြီးနောက် သူတို့အရေပြားဟာ ရေဓါတ်ဆုံးရှုံးသွားပြီး ခန်းခြောက်သွားတာကြောင့် ဆံပင်နဲ့ ခြေသည်းလက်သည်းတွေ ရှည်လာတယ်လို့ ထင်ယောင်ထင်မှား ဖန်တီးပေးတာ ဖြစ်ပါတယ်။
၆။ တရုတ်ပြည်က မဟာတံတိုင်းကြီးကို အာကာသထဲကနေ မြင်နိုင်တယ်
တကယ်တော့ တရုတ်ပြည်ရဲ့ မဟာတံတိုင်းအရှည်က မိုင် ၄၃၀၀ကျော်(၇၀၀၀K) ရှိသော်လည်း ၎င်းရဲ့ အရောင်က သဘာဝနှင့်အတူ ပေါင်းစပ်သွားတာကြောင့် အာကာသကနေ မြင်ဖို့ ခက်ခဲပါတယ်။ တံတိုင်းကို မိုးလေဝသ အခြေအနေများနှင့် တစ်ချို့အလင်းအောက်မှာသာ ပတ်လမ်းနိမ့်နိမ့်ကို မြင်နိုင်ပါတယ်။
၇။ လင်းနို့တွေက မျက်စိမမြင်ရပါ
တကယ်တော့ လင်းနို့တွေဟာ အရှေ့ဘက်ကို မျက်နှာမူပြီး echolocation(အသံရဲ့ ပဲ့တင်သံကို နားထောင်ပြီး ပုံရိပ်ဖော်တဲ့နည်း) ကိုအသုံးပြုသော်လည်း သူတို့ဟာ အချို့သော အလင်းရောင်အောက်မှာ ညဘက်အမြင်အာရုံကို အသုံးပြုပါတယ်။
၈။ ရေက လျှပ်စစ်စီးတယ်
တကယ်တော့ ရေတိုင်းက လျှပ်စစ်စီးနိုင်တာ မဟုတ်ပါဘူး။ လျှပ်စစ်စီးတဲ့အရာက ရေမော်လီကျူး ကိုယ်တိုင်မှာ မရှိတဲ့ positively နဲ့ negatively charged အမှုန်တွေနှင့်အတူ သတ္တုဓါတ်တွေသာ ဖြစ်ပါတယ်။ ရေထဲမှာ ရှိပြီးသားဖြစ်တဲ့ (metallic solids) သတ္တုဓါတ်များကြောင့်သာ တခါတရံမှာ လျှပ်စစ်စီးနိုင်တာ ဖြစ်ပါတယ်။ distilled water (ပေါင်းခံရေ)ဟာ အနယ်အနှစ်တွေ ဖယ်ရှားသန့်စင်ထားတဲ့ ရေဖြစ်လို့ လျှပ်စစ်မစီးနိုင်ပါဘူး။
၉။ ပဋိဇီဝဆေးများက ဗိုင်းရပ်စ်တွေကို သက်ပစ်တယ်
တကယ်တော့ ဗိုင်းရပ်စ်များမှာ ဘက်တီးရီးယားထက် နည်းလမ်းအမျိုးမျိုးနဲ့ ပုံတူပွားပြီး ဖွဲ့စည်းတည်ဆောက်ပုံ အမျိုးမျိုးရှိတာကြောင့် antibiotics တွေက ဗိုင်းရပ်စ်တွေကို မသတ်နိုင်ပါဘူး။ Antibiotics ပဋိဇီဝဆေးများက ဗိုင်းရပ်စ်တွေကို မျိုးပွားမှု ရပ်တန့်သွားအောင်၊ သူတို့ကို သေစေအောင် ဘက်တီးရီးယားနှင့်အတူ ကုသယုံသာဖြစ်ပါတယ်။
၁၀။ တီဗီကို အနီးကပ်ထိုင်ကြည့်ခြင်းက သင့်မျက်စိကို ပိုဆိုးစေပါတယ်
တကယ်တော့ ဒါက ဘာသက်သေအထောက်အထားမှ မရှိပါဘူး။ သို့သော်လည်း အနီးကပ်ထိုင်ပြီး တီဗီအလွန်အကျွံကြည့်ခြင်းက (eyestrain) မျက်လုံးအားစိုက်ရမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
၁၁။ Coke တွေက သွားတွေကို အရည်ပျော်နိုင်တယ်
တကယ်တော့ Coke တစ်ဖန်ခွက်ထဲမှာ သွားတစ်ချောင်းကို ညလုံးပေါက်ထည့်ထားရင် အရည်ပျော်သွားတယ်လို့ နှစ်ပေါင်းများစွာ အယူအဆမှားခဲ့ကြပါတယ်။ ဖျော်ရည်ထဲမှာ ကာဘွန်နိတ်၊ စစ်ထရစ်နှင့် ဖော့စဖောရက်ဆိုတဲ့ အက်ဆစ်သုံးမျိုးရှိနေခြင်းကြောင့် တစ်စွန်းတစ်ဆကျန်တဲ့ လက္ခဏာလို့ထင်ရပါတယ်။ သို့သော်လည်း ဒါတွေကို အဖျော်ယမကာများစွာမှာ တွေ့နိုင်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside
ZawGyi
၅။ ဆံပင်နဲ့ လက်သည်းတွေဟာ သေပြီးနောက်ပေါက်ပါတယ်
၈။ ရေက လျှပ်စစ်စီးတယ်
Lifestyle_Myanmar
LM_Nandar
Source-brightside
LEAVE A REPLY
Please enter your comment!
Please enter your name here