ကျွန်တော်တို့ မသတ်သင့်တဲ့ အင်းဆက်ပိုးကောင် (၁၀)မျိုး

0
78

National Geographic ရဲ့အဆိုအရ လေဒီဘတ် ပိုးတောင်မာလေးတစ်ကောင်ဟာ သူ့ဘဝသက်တမ်းတစ်လျှောက်မှာ ပိုးမွှားပေါင်း ၅၀၀၀ကျော်ကို စားနိုင်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမြေပေါ်မှာ ကျွန်တော်တို့အတွက် ကောင်းကျိုးပေးတဲ့ အလားတူ အင်းဆက်ပိုးကောင်ဒါဇင်ပေါင်းများစွာ ရှိပါတယ်။ တစ်ချို့က ကောက်ပဲသီးနှံများကို ဝတ်မှုန်ကူးကြပြီး တစ်ချို့က အန္တရာယ်ပေးတဲ့ အင်းဆက်ပိုးမွှားတွေကို စားသုံးကြပါတယ်။ ဒါ့ကြောင့် ဒီအင်းဆက်လေးတွေကို မသတ်ဖို့လိုပါတယ်။

-Advertisement-

၁။ ပင့်ကူများ

လူအတာ်များများက ပင်ကူဆိုရင် ကြောက်တတ်ကြပါတယ်။ သူတို့က မြန်မြန်ဆန်ဆန်ရွေ့လျားနိုင်ပြီး ခြေထောက်တွေက များလွန်းပါတယ်။ သို့သော် ၎င်းတို့သည် ဂေဟစနစ်ရဲ့ အရေးပါသော အစိတ်အပိုင်းဖြစ်ပါတယ်၊ မြေအောက်ပင့်ကူတွေဟာ တစ်ခါတရံမှာ တခြားပင့်ကူတွေနဲ့ ခြင်ကဲ့သို့သော ရောဂါပိုးသယ်ဆောင်တဲ့ အင်းဆက်ပိုးတွေကို ဖမ်းဖို့ ကွန်ယက်များပြုလုပ်ကြပါတယ်။

၂။ ပိုးနံကောင်

ပိုးနံကောင်တွေက ရွံစရာကောင်းတဲ့ အင်းဆက်လေးတွေ ဖြစ်ပါတယ်။ ဥယျာဉ်ထဲမှာ ၊ အိမ်ထဲမှာ တွေ့နိုင်ပါတယ်။ သူတို့ဟာ ရာသီဥတုအေးတဲ့အချိန်မှာ အသက်ရှင်ဖို့အတွက် နွေးထွေးတဲ့ နေရာတစ်ခုကို ရှာဖို့ ကြိုးစားခြင်းသာဖြစ်ပါတယ်။ သူတို့ဟာ ကာကွယ်ရေးတစ်ခုအဖြစ် အနံ့ဆိုးကို ထုတ်လွှတ်သော်လည်း သူတို့ကို မသတ်တာ ကောင်းပါတယ်။ သူတို့ဟာ ကျိုင်းကောင်တွေ၊ အပင်စားသော ပိုးတောင်မာများနှင့် ဖြုတ်စိမ်းကောင်တွေကို ဖမ်းစားကြတာကြောင့် ဖြစ်ပါတယ်။

၃။ ရှိခိုးကောင်

ရှိခိုးကောင်လေးတွေက ဥယျာဉ်အတွင်းမှာရှိတဲ့ ပိုးမွှားတွေကို ကာကွယ်ဖို့ အထောက်အကူပေးတဲ့ကောင်တွေဖြစ်ပါတယ်။ တစ်ကောင်တည်းက အင်းဆက်ပိုးဒါဇင်ပေါင်းများစွာကို စားနိုင်ပါတဘ်။ သူတို့က အပင်တွေ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ဒီအင်းဆက်လေးတွေက အရမ်းအသုံးဝင်တာကြောင့် တစ်ချို့လူတွေက သူတို့ရဲ့ ဥယျာဉ်ထဲမှာ လွှတ်ဖို့တောင် ရှိခိုးကောင်လေးတွေကို ဝယ်ယူကြပါတယ်။

၄။ လေဒီဘတ် ပိုးတောင်မာ

လေဒီဘတ် ပိုးတောင်မာလေးတွေက အများအားဖြင့် အပြင်မှာ နေထိုင်ကြပြီး သူတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ အခွံတွေကြောင့် လူတွေရဲ့ အကြမ်းဖက်မှုကို ခံရပါတယ်။ သူတို့က လှပယုံသာမဟုတ်ဘဲ အရမ်းလည်း အထောက်အကူပြုပါတယ်။ လေဒီဘတ် ပိုးတောင်မာလေးတွေတက ပျပိုး၊ ပင့်ကူငယ်၊ ယင်ကောင်နှင့် အပင်စားပိုးကောင်တွေကို စားပါတယ်။ မျိုးစိတ်တစ်ခုတည်းက တစ်နေ့လျှင် ပျပိုး ၅၀ကျော်ကို စားနိုင်ပြီး သူတို့သက်တမ်းတစ်လျှောက်မှာ ပျပိုး ၅၀၀၀ လောက်ကို စားသုံးနိုင်ပါတယ်။

၅။ ပျား

ပျားတွေက ကျွန်တော်တို့ ဂေဟစနစ်ရဲ့ အရမ်းအဖိုးတန်သော အစိတ်အပိုင်းဖြစ်ပါတယ်။ သူတို့က ဝတ်ရည်တွေကို စုဆောင်းပြီး ပန်းများနှင့် ကောက်ပဲသီးနှံများကို ဝတ်မှုန်ကူးကြပါတယ်။ ပျားတစ်ကောင်ဟာ ခရီးစဉ်တစ်ခုတည်းနဲ့ ပန်းပွင့်ပေါင်း ၁၀၀လောက်အထိ လည်ပတ်နိုင်ပြီး တစ်နေ့လျှင် အပင်များစွာကို ဝတ်မှုန်ကူးလေ့ရှိပါတယ်။

၆။ အစိမ်းရောင် ဇာတောင်ပိုး

အစိမ်းရောင် ဇာတောင်ပိုးတွေက သေးငယ်သော်လည်း အရမ်းတန်ဖိုးရှိတဲ့ အင်းဆက်ပိုးတွေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ သူတို့ကိုထိတွေ့တဲ့အခါ ထုတ်လွှတ်တဲ့ ပုပ်အက်အက်အနံ့ကြောင့် ပိုးနံကောင်လို့ခေါ်ကြပါတယ်။ နောက်ထပ်အမည်မှာ aphid lions ဖြစ်ပြီး တစ်ပတ်လျှင် မျိုးစိတ် ၂၀၀အထိ စားသုံးနိုင်ပါတယ်။. ဇာတောင်ပိုးတွေက ယင်ဖြူ၊ ပင့်ကူငယ်၊ ဖြုတ်ပိုး၊ ပင်စားပိုးနှင့် ပိုးစေးနှဲတွေကိုလည်း စားပါတယ်။ သဘာဝပိုးမွှားနှိမ်နင်းရေးအတွက် သူတို့ဥတွေကို ဝယ်ယူတဲ့ ကုမ္ပဏီတွေတာင် ရှိကြပါတယ်။

၇။ မြီးညှပ်ကောင်

မြီးညှပ်ကောင်တွေဟာ ကြောက်စရာကောင်းတဲ့ ညှပ်လိုအမြီးနှစ်ခွပါရှိပါတယ်။ သူတို့ကို မထိဘးဆိုရင် သူတို့ရဲ့ ညှပ်တွေကို သုံးမှာ မဟုတ်ပါဘူး။ သူတို့က ဥယျာဉ်ရဲ့ ဂေဟစနစ်အတွက် အကျိုးရှိသော အင်းဆက်ပိုးမွှားတွေဖြစ်ပြီး ဆွေးမြေ့ပျက်စီးတဲ့ အပင်တွေနဲ့ သေဆုံးသွားတဲ့ အင်းဆက်တွေကိုသာ စားသုံးကြပါတယ်။

၈။ Aphid midges

Aphid midges တွေက အရမ်းသေးငယ်တဲ့ ယင်ကောင်လေးတွေ ဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ပျပိုးအမျိုးအစား ၆၀ခန့်ကို စားသုံးပြီး ဒီအင်းဆက်ပိုးတွေဟာ ဥယျာဉ်ခြံမြေတွေအတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။ သူတို့ဟာ ဇာတောင်ပိုး (သို့) လေဒီဘတ်ပိုးတောင်မာတွေထက် ပိုမြန်ဆန်စွာ ဖျက်ဆီးပစ်နိုင်ပါတယ်။

၉။ Braconid နကျယ်ကောင်

သင့်ဥယျာဉ်ထဲမှာ ခရမ်းချဉ်သီးတွေ စိုက်ပျိုးထားလျှင် ဒီနကျယ်ကောင်လေးတွေကို ဘယ်တော့မှ မသတ်သင့်ပါဘူး။ ၎င်းတို့က ခရမ်းချဉ်သီးစားတဲ့ ပိုးကောင်တွေတကို စားပစ်ပြီး ခရမ်းချဉ်မျိုးတွေ ပျက်စီးခြင်းမှ ကယ်တင်နိုင်ပါတယ်။ အခြားပိုးမွှားတွေကို သေစေနိုင်ပါတယ်။

၁၀။ ခြေတံရှည်ပင့်ကူ

လူများစုက ခြေတံရှည်ပင့်ကူလို့ ခေါ်ကြပါတယ်။ ဒီပင့်ကူအကောင်မျိုးက တခြားပင့်ကူတွေလို အဆိပ်မပြင်းပါဘူး။ အပင်စားပိုးမွှားတွေကို ဖယ်ရှားပေးတာကြောင့် ဥယျာဉ်နှင့် အိမ်အပင်တွေအတွက် မယုံနိုင်လောက်အောင် အကျိုးရှိစေပါတယ်။

Lifestyle_Myanmar

LM_Nandar

Source- brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here