ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ နိုင်ငံတကာ ရုပ်ရှင်ကားတွေမှာ Sound Effect တွေကို ဘယ်လိုဖန်တီးကြလဲ?

0
616

ရုပ်ရှင်ချစ်ပရိတ်သတ်တွေအနေနဲ့ နိုင်ငံတကာ ရုပ်ရှင်ကားတွေမှာ အသုံးပြုတဲ့ Sound Effect တွေကို ဘယ်လိုဖန်တီးကြသလဲဆိုတာ စိတ်ဝင်စားမယ်ထင်ပါတယ်။ ကင်းကောင်တို့ ဂေါ်ဆီလာတို့လို ဧရာမသတ္တဝါကြီးတွေ အော်သံဖြစ်အောင် ပူပေါင်းတွေကို အသုံးပြုကြတာ၊ မိုးရွာတဲ့အသံဖြစ်အောင် ဘေကွန်ကြော်တဲ့ အသံနဲ့ ဖန်တီးယူကြတယ်ဆိုတာ သင်သိရင် အံသြသွားပါလိမ့်မယ်။ ဟုတ်ပါတယ် ။ Foley အနုပညာရှင်များက ကျွန်တော်တို့ အကြိုက်ဆုံး ရုပ်ရှင်တွေမှာ အသုံးပြုတဲ့ အထူးအသံများကို ပြန်လည်ဖန်တီးဖို့ နေ့စဉ်သုံးပစ္စည်းများကို အသုံးပြုခဲ့ကြပါတယ်။ ကြံဆတီထွင်မှုနှင့် အဆုံးမဲ့ စိတ်ကူးများက ရုပ်ရှင်ကားတစ်ကားကြည့်တဲ့အခါ ကျွန်တော်တို့အတွက် တကယ့်ဖြစ်ပျက်နေသလား ထင်ရလောက်အောင် မယုံနိုင်စရာ အတွေ့အကြုံကို ပေးစွမ်းပါတယ်။ သူတို့ဟာ တကယ့်မှော်ဆရာတွေပါပဲ။

၁။ ဧရာမသတ္တဝါကြီးတွေရဲ့ ဟိန်းသံတွေ၊ ညည်းညူသံတွေ

ဧရာမသတ္တဝါကြီးတွေရဲ့ ကျယ်လောင်တဲ့အော်သံ၊ ညည်းညူသံတွေ ဖန်တီးဖို့အတွက် အရမ်းအန္တရာယ်ကင်းတဲ့ အရာကို အသုံးပြုထားပါတယ်။ အဲ့ဒါက ပူပေါင်းတစ်လုံးပါပဲ။ ဥပမာ- ၂၀၁၄ခုနှစ်က ဂေါ်ဇီလာကားမှာ Foley ပညာရှင်များက သူတို့ရဲ့ အသံကျယ်ကျယ်လောင်လောင်ကို ရရှိစေဖို့ လေမှုတ်ထားတဲ့ ပူဖောင်းကို အသုံးပြုခဲ့ကြပါတယ်။ ပူဖောင်း ပွတ်တဲ့အသံကို ရယူခဲ့ကြပါတယ်။

၂။ မိုးရွာတဲ့အသံ

တခါတရံမှာ Foley အနုပညာရှင်တွေက မိုးရွာတဲ့အသံကို မှတ်တမ်းတင်ဖို့ ရာသီဥတုဆိုးရွားတဲ့အခြေအနေကို စောင့်စရာမလိုပါဘူး။ တကယ်တော့ တခါတရံမှာ တကယ့်မိုးရွာတဲ့အသံက သူတို့လိုချင်သလောက် အသံမကျယ်ပါဘူး။ ဒယ်အိုးပေါ်မှာ ဘေကွန်တွေကို ကြော်လိုက်ရင် မိုးရွာနေတဲ့ အသံရပါပြီ။

၃။ ကြိတ်ခွဲတဲ့အသံ

အရိုးတွေ ကျိုးပဲ့သွားတာ၊ ဧရာမသတ္တဝါကြီးရဲ့ ခြေထောက်အောက်က အရာတွေကို ကြိတ်ခွဲလိုက်တဲ့အသံတွေက အမှန်တကယ်တော့ ဘယ်သူ့ကိုမှ ထိခိုက်ဖို့ မလိုပါဘူး။ တကယ်တော့ ဒါက ဆလရီတစ်မျိုးတည်းကိုသာ သုံးတာပါ။ ဆလရီရိုးတွေကို အစည်းလိုက် လိမ်လို့ ထွက်လာတဲ့ ဒီအသံဟာ ကြိတ်ခွဲတဲ့ ဘယ်အသံမဆို တုပလို့ရပါတယ်။

၄။ မြင်းခွာ သံ

မာကျောတဲ့ မျက်နှာပြင်ပေါ်မှာ အုန်းမှုတ်ခွက်ကို ခေါက်တဲ့အခါ မြင်းခွာသံထွက်ပေါ်ပါတယ်။ ဒီ ကြံဆတီထွင်မှုက ဘယ်စိတ်ခံစားမှုကို မဆို အရှိန်အဟုန်မြှင့်အောင် ကူညီနိုင်ပါတယ်။ အသံပညာရှင်တွေအတွက် လွယ်ကူပြီး စျေးပေါတဲ့ ရွေးချယ်စရာတစ်ခုပါပဲ။

၅။ မြှားပစ်သံ

ရိုက်ကူးနေစဉ်မှာ ပျံနေတဲ့ မြှားရဲ့ အသံကို ဖမ်းဖို့ဆိုတာ ခဲယဉ်းလှပါတယ်၊ ပိုပြီး ခက်တာက မြှားတွေပေါ်မှာ အနိမ့်အမြင့် ပြေးနေတဲ့ အသံကို ဖမ်းနိုင်ခြင်းဖြစ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ဝါးချောင်းသေးသေးလေးဖြင့် ဖန်တီးလို့ရပါတယ်။ Foley ပညာရှင်များဟာ ဝါးချောင်းကို မိုက်ကရိုဖုန်းရှေ့မှာ မြန်မြန် ဝှေ့ယမ်းခြင်းဖြင့် လိုအပ်တဲ့ အသံသက်ရောက်မှုကို ဖမ်းယူနိုင်ခဲ့ပါတယ်၊

၆။ သေနတ်ပစ်သံ

လေးလံတဲ့ staple gun က သေနတ်ပစ်သံဖန်တီးဖို့ အကောင်းဆုံးအရာဝတ္တုတစ်ခုဖြစ်ပါတယ်။

၇။ နှင်းထဲမှာ လမ်းလျှောက်ခြင်း

လတ်လတ်ဆတ်ဆတ် ဆီးနှင်းထဲမှာ ကျွတ်ကျွတ်နဲ့ လမ်းလျှောက်သံဟာ တကယ့်ကို အံ့သြဖွယ်ကောင်းပါတယ်။ ပြောင်းမှုန့်က စတူဒီယိုတစ်ခုအတွင်းမှာ ပြန်လည်ဖန်တီးဖို့ အစားထိုးတစ်ခုဖြစ်ပါတယ်။ ပညာရှင်များက သေတ္တာအကြီးကြီးထဲကို ပြောင်းမှုန့် များစွာ လောင်းထည့်ပြီး အထူးဖိနပ်တွေကို ဝတ်ဆင်ကာ ခြေလှမ်းလှမ်းကြပါတယ်။

၈။ မိုးကြိုးသံ

မတူညီတဲ့အရာဝတ္တုများကို လက်တွေ့ကျတဲ့ အသံဖန်တီးဖို့ အသုံးပြုနိုင်ပါတယ်။ ၎င်းတို့ထဲမှ တစ်ခုကတော့ အလူမီနီယမ် သတ္တုပြားကြီးတွေ ဖြစ်ပါတယ်။ မိုက်ကရိုဖုန်းရှေ့မှာ ၎င်းကို လှုပ်ရမ်း လွှဲခြင်းဖြင့် မိုးကြိုးသံထွက်စေပါတယ်။ နောက်ထပ် side effects တချို့ကို ထည့်သွင်းပြီး ရာသီဥတုဆိုးရွားတဲ့ ရုပ်ရှင်ကားတွေမှာ အသုံးပြုနိုင်ပါတယ်။

၉။ လက်သီးနဲ့ ထိုးတဲ့အသံ

ရိုက်နှက်တဲ့အသံ၊ လက်သီးနဲ့ ထိုးတဲ့အသံတွေကို ဖန်တီးဖို့ မာကျောတဲ့ မျက်နှာပြင်ပေါ်ကို အသားစိမ်း ပြုတ်ကျတဲ့ အသံကို အသံကို အသုံးပြုကြပါတယ်။ တခါတရံမှာ အသားကို လက်သီးနဲ့ ထိုးကြပါတယ်။ မာကျောတဲ့အရာပေါ်ကို ခန္ဓာကိုယ်ပြုတ်ကျတဲ့ အသံကို လိုချင်တဲ့အခါ စာအုပ်ကြီးတစ်ခုကိုသုံးပြီး ဖန်တီးနိုင်ပါတယ်။

၁၀။ လွှဲတဲ့အသံ

တံခါးဖွင့်တဲ့အခန်း၊ ဒါန်းလွှဲတဲ့အခန်းမှာ ကျီကျီလို့မြည်အောင် သံချေးတတ်နေတဲ့ တခါးပတ္တာများကို အသုံးပြုကြပါတယ်။ သူတို့က ဒီဟာတွေကိုသုံးပြီး ဟောင်းနွမ်းနေတဲ့ တံခါးသံတွေကို ဖန်တီးကြပါတယ်။ ဒီအသံတွေက ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ကားတွေမှာ သုံးပါတယ်။

၁၁။ နှလုံးခုန်သံ

ကြောက်စရာကောင်းတဲ့ အချိန်တွေမှာ စိတ်လှုပ်ရှားမှု ပိုခံစားရစေဖို့ နှလုံးခုန်သံ လိုအပ်ပါတယ်။ ပလတ်စတစ်အမှိုက်ပုံးများက ရိုမန့်တစ်မဆန်ပေမယ့် လိုအပ်တဲ့ နှလုံးခုန်သံကို ဖန်တီးဖို့ အကောင်းဆုံးပါပဲ။ အနုပညာရှင်များက ပလတ်စတစ်ပုံးကို လှန်ပစ်လိုက်ပြီး လိုချင်တဲ့ ရလဒ်ရအောင် စည်းချက်မှန်မှန်နဲ့ ခေါက်ပါတယ်။

၁၂။ အနမ်းရဲ့ အသံ

ဒီ Foley နည်းစနစ်က ပျော်စရာကောင်းပြီး မြန်ဆန်ပါတယ်။ ကောင်းမွန်တဲ့ အနမ်းသံတစ်ခုကို ဖန်တီးဖို့ အနုပညာရှင်းများက သူတို့လက်တွေကို မကြာခဏ နမ်းလေ့ရှိပါတယ်။ သူတို့က ချစ်ခြင်းပြည့်နှက်နေတဲ့ အချစ်ဇာတ်လမ်းတစ်ခုကို ဖန်တီးဖို့ နှုတ်ခမ်းနဲ့ လက်တွေကို နမ်းတဲ့အသံကို သုံးပါတယ်။ ရလဒ်ပိုကောင်းအောင် လက်တွေကို မနမ်းခင် သူတို့နှုတ်ခမ်းမှာ ရေအနည်းငယ်စွက်ထားပါတယ်။

၁၃။ မီးတောက်သံများ

တကယ့်မီးက တဖျစ်ဖျစ်မြည်တဲ့အသံ အမြဲတမ်း မဖြစ်စေနိုင်ပါဘူး။ ဒီအသံက တကယ့်ကို နွေးထွေးစေပြီး တခါတရံမှာ စိတ်ကျေနပ်ဖို့ကောင်းတဲ့ အသံဖြစ်ပါတယ်။ ရုပ်ရှင်တွေထဲမှာ တဖျစ်ဖျစ်မြည်နေတဲ့ မီးအသံကို ဖန်တီးဖို့ ပစ္စည်းထည့်တဲ့ bubble wrap တွေဖျစ်ညှစ်ပြီး အသံဖန်တီးကြပါတယ်။

၁၄။ ကြက်ဥကွဲသံ

ကြက်ဥ အခွံအက်နေတဲ့ အသံကို ဖန်တီးဖို့ ရေခဲမှုန့်ဖော့ကြွပ်ကို အသုံးပြုပါတယ်။ အချို့သော ရုပ်ရှင်များမှာ သတ္တဝါတွေဟာ ဥတွေကနေ ပေါက်ဖွားပါတယ်။ စိုစွတ်တဲ့ အသံရဖို့ ဆပ်ပြာရည်တွေနဲ့ ဖုံးအုပ်နေတဲ့ ရာဘာလက်အိတ်များကို ဝတ်ဆင်ရင်း ဖရဲသီးတွေကို ဖျစ်ညှစ်ပြီး အသံဖန်တီးကြပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

ကြၽန္ေတာ္တို႔ ႀကိဳက္ႏွစ္သက္တဲ့ ႏိုင္ငံတကာ ႐ုပ္ရွင္ကားေတြမွာ Sound Effect ေတြကို ဘယ္လိုဖန္တီးၾကလဲ?
႐ုပ္ရွင္ခ်စ္ပရိတ္သတ္ေတြအေနနဲ႔ ႏိုင္ငံတကာ ႐ုပ္ရွင္ကားေတြမွာ အသုံးျပဳတဲ့ Sound Effect ေတြကို ဘယ္လိုဖန္တီးၾကသလဲဆိုတာ စိတ္ဝင္စားမယ္ထင္ပါတယ္။ ကင္းေကာင္တို႔ ေဂၚဆီလာတို႔လို ဧရာမသတၱဝါႀကီးေတြ ေအာ္သံျဖစ္ေအာင္ ပူေပါင္းေတြကို အသုံးျပဳၾကတာ၊ မိုး႐ြာတဲ့အသံျဖစ္ေအာင္ ေဘကြန္ေၾကာ္တဲ့ အသံနဲ႔ ဖန္တီးယူၾကတယ္ဆိုတာ သင္သိရင္ အံၾသသြားပါလိမ့္မယ္။ ဟုတ္ပါတယ္ ။ Foley အႏုပညာရွင္မ်ားက ကြၽန္ေတာ္တို႔ အႀကိဳက္ဆုံး ႐ုပ္ရွင္ေတြမွာ အသုံးျပဳတဲ့ အထူးအသံမ်ားကို ျပန္လည္ဖန္တီးဖို႔ ေန႔စဥ္သုံးပစၥည္းမ်ားကို အသုံးျပဳခဲ့ၾကပါတယ္။ ႀကံဆတီထြင္မႈႏွင့္ အဆုံးမဲ့ စိတ္ကူးမ်ားက ႐ုပ္ရွင္ကားတစ္ကားၾကည့္တဲ့အခါ ကြၽန္ေတာ္တို႔အတြက္ တကယ့္ျဖစ္ပ်က္ေနသလား ထင္ရေလာက္ေအာင္ မယုံႏိုင္စရာ အေတြ႕အႀကဳံကို ေပးစြမ္းပါတယ္။ သူတို႔ဟာ တကယ့္ေမွာ္ဆရာေတြပါပဲ။

၁။ ဧရာမသတၱဝါႀကီးေတြရဲ႕ ဟိန္းသံေတြ၊ ညည္းညဴသံေတြ

ဧရာမသတၱဝါႀကီးေတြရဲ႕ က်ယ္ေလာင္တဲ့ေအာ္သံ၊ ညည္းညဴသံေတြ ဖန္တီးဖို႔အတြက္ အရမ္းအႏၲရာယ္ကင္းတဲ့ အရာကို အသုံးျပဳထားပါတယ္။ အဲ့ဒါက ပူေပါင္းတစ္လုံးပါပဲ။ ဥပမာ- ၂၀၁၄ခုႏွစ္က ေဂၚဇီလာကားမွာ Foley ပညာရွင္မ်ားက သူတို႔ရဲ႕ အသံက်ယ္က်ယ္ေလာင္ေလာင္ကို ရရွိေစဖို႔ ေလမႈတ္ထားတဲ့ ပူေဖာင္းကို အသုံးျပဳခဲ့ၾကပါတယ္။ ပူေဖာင္း ပြတ္တဲ့အသံကို ရယူခဲ့ၾကပါတယ္။

၂။ မိုး႐ြာတဲ့အသံ

တခါတရံမွာ Foley အႏုပညာရွင္ေတြက မိုး႐ြာတဲ့အသံကို မွတ္တမ္းတင္ဖို႔ ရာသီဥတုဆိုး႐ြားတဲ့အေျခအေနကို ေစာင့္စရာမလိုပါဘူး။ တကယ္ေတာ့ တခါတရံမွာ တကယ့္မိုး႐ြာတဲ့အသံက သူတို႔လိုခ်င္သေလာက္ အသံမက်ယ္ပါဘူး။ ဒယ္အိုးေပၚမွာ ေဘကြန္ေတြကို ေၾကာ္လိုက္ရင္ မိုး႐ြာေနတဲ့ အသံရပါၿပီ။

၃။ ႀကိတ္ခြဲတဲ့အသံ

အ႐ိုးေတြ က်ိဳးပဲ့သြားတာ၊ ဧရာမသတၱဝါႀကီးရဲ႕ ေျခေထာက္ေအာက္က အရာေတြကို ႀကိတ္ခြဲလိုက္တဲ့အသံေတြက အမွန္တကယ္ေတာ့ ဘယ္သူ႔ကိုမွ ထိခိုက္ဖို႔ မလိုပါဘူး။ တကယ္ေတာ့ ဒါက ဆလရီတစ္မ်ိဳးတည္းကိုသာ သုံးတာပါ။ ဆလရီ႐ိုးေတြကို အစည္းလိုက္ လိမ္လို႔ ထြက္လာတဲ့ ဒီအသံဟာ ႀကိတ္ခြဲတဲ့ ဘယ္အသံမဆို တုပလို႔ရပါတယ္။

၄။ ျမင္းခြာ သံ

မာေက်ာတဲ့ မ်က္ႏွာျပင္ေပၚမွာ အုန္းမႈတ္ခြက္ကို ေခါက္တဲ့အခါ ျမင္းခြာသံထြက္ေပၚပါတယ္။ ဒီ ႀကံဆတီထြင္မႈက ဘယ္စိတ္ခံစားမႈကို မဆို အရွိန္အဟုန္ျမႇင့္ေအာင္ ကူညီႏိုင္ပါတယ္။ အသံပညာရွင္ေတြအတြက္ လြယ္ကူၿပီး ေစ်းေပါတဲ့ ေ႐ြးခ်ယ္စရာတစ္ခုပါပဲ။

၅။ ျမႇားပစ္သံ

႐ိုက္ကူးေနစဥ္မွာ ပ်ံေနတဲ့ ျမႇားရဲ႕ အသံကို ဖမ္းဖို႔ဆိုတာ ခဲယဥ္းလွပါတယ္၊ ပိုၿပီး ခက္တာက ျမႇားေတြေပၚမွာ အနိမ့္အျမင့္ ေျပးေနတဲ့ အသံကို ဖမ္းႏိုင္ျခင္းျဖစ္ပါတယ္။ ဒီအေျခအေနမ်ိဳးမွာ ဝါးေခ်ာင္းေသးေသးေလးျဖင့္ ဖန္တီးလို႔ရပါတယ္။ Foley ပညာရွင္မ်ားဟာ ဝါးေခ်ာင္းကို မိုက္က႐ိုဖုန္းေရွ႕မွာ ျမန္ျမန္ ေဝွ႔ယမ္းျခင္းျဖင့္ လိုအပ္တဲ့ အသံသက္ေရာက္မႈကို ဖမ္းယူႏိုင္ခဲ့ပါတယ္၊

၆။ ေသနတ္ပစ္သံ

ေလးလံတဲ့ staple gun က ေသနတ္ပစ္သံဖန္တီးဖို႔ အေကာင္းဆုံးအရာဝတၱဳတစ္ခုျဖစ္ပါတယ္။

၇။ ႏွင္းထဲမွာ လမ္းေလွ်ာက္ျခင္း

လတ္လတ္ဆတ္ဆတ္ ဆီးႏွင္းထဲမွာ ကြၽတ္ကြၽတ္နဲ႔ လမ္းေလွ်ာက္သံဟာ တကယ့္ကို အံ့ၾသဖြယ္ေကာင္းပါတယ္။ ေျပာင္းမႈန္႔က စတူဒီယိုတစ္ခုအတြင္းမွာ ျပန္လည္ဖန္တီးဖို႔ အစားထိုးတစ္ခုျဖစ္ပါတယ္။ ပညာရွင္မ်ားက ေသတၱာအႀကီးႀကီးထဲကို ေျပာင္းမႈန္႔ မ်ားစြာ ေလာင္းထည့္ၿပီး အထူးဖိနပ္ေတြကို ဝတ္ဆင္ကာ ေျခလွမ္းလွမ္းၾကပါတယ္။

၈။ မိုးႀကိဳးသံ

မတူညီတဲ့အရာဝတၱဳမ်ားကို လက္ေတြ႕က်တဲ့ အသံဖန္တီးဖို႔ အသုံးျပဳႏိုင္ပါတယ္။ ၎တို႔ထဲမွ တစ္ခုကေတာ့ အလူမီနီယမ္ သတၱဳျပားႀကီးေတြ ျဖစ္ပါတယ္။ မိုက္က႐ိုဖုန္းေရွ႕မွာ ၎ကို လႈပ္ရမ္း လႊဲျခင္းျဖင့္ မိုးႀကိဳးသံထြက္ေစပါတယ္။ ေနာက္ထပ္ side effects တခ်ိဳ႕ကို ထည့္သြင္းၿပီး ရာသီဥတုဆိုး႐ြားတဲ့ ႐ုပ္ရွင္ကားေတြမွာ အသုံးျပဳႏိုင္ပါတယ္။

၉။ လက္သီးနဲ႔ ထိုးတဲ့အသံ

႐ိုက္ႏွက္တဲ့အသံ၊ လက္သီးနဲ႔ ထိုးတဲ့အသံေတြကို ဖန္တီးဖို႔ မာေက်ာတဲ့ မ်က္ႏွာျပင္ေပၚကို အသားစိမ္း ျပဳတ္က်တဲ့ အသံကို အသံကို အသုံးျပဳၾကပါတယ္။ တခါတရံမွာ အသားကို လက္သီးနဲ႔ ထိုးၾကပါတယ္။ မာေက်ာတဲ့အရာေပၚကို ခႏၶာကိုယ္ျပဳတ္က်တဲ့ အသံကို လိုခ်င္တဲ့အခါ စာအုပ္ႀကီးတစ္ခုကိုသုံးၿပီး ဖန္တီးႏိုင္ပါတယ္။

၁၀။ လႊဲတဲ့အသံ

တံခါးဖြင့္တဲ့အခန္း၊ ဒါန္းလႊဲတဲ့အခန္းမွာ က်ီက်ီလို႔ျမည္ေအာင္ သံေခ်းတတ္ေနတဲ့ တခါးပတၱာမ်ားကို အသုံးျပဳၾကပါတယ္။ သူတို႔က ဒီဟာေတြကိုသုံးၿပီး ေဟာင္းႏြမ္းေနတဲ့ တံခါးသံေတြကို ဖန္တီးၾကပါတယ္။ ဒီအသံေတြက ေၾကာက္စရာေကာင္းတဲ့ ႐ုပ္ရွင္ကားေတြမွာ သုံးပါတယ္။

၁၁။ ႏွလုံးခုန္သံ

ေၾကာက္စရာေကာင္းတဲ့ အခ်ိန္ေတြမွာ စိတ္လႈပ္ရွားမႈ ပိုခံစားရေစဖို႔ ႏွလုံးခုန္သံ လိုအပ္ပါတယ္။ ပလတ္စတစ္အမႈိက္ပုံးမ်ားက ႐ိုမန္႔တစ္မဆန္ေပမယ့္ လိုအပ္တဲ့ ႏွလုံးခုန္သံကို ဖန္တီးဖို႔ အေကာင္းဆုံးပါပဲ။ အႏုပညာရွင္မ်ားက ပလတ္စတစ္ပုံးကို လွန္ပစ္လိုက္ၿပီး လိုခ်င္တဲ့ ရလဒ္ရေအာင္ စည္းခ်က္မွန္မွန္နဲ႔ ေခါက္ပါတယ္။

၁၂။ အနမ္းရဲ႕ အသံ

ဒီ Foley နည္းစနစ္က ေပ်ာ္စရာေကာင္းၿပီး ျမန္ဆန္ပါတယ္။ ေကာင္းမြန္တဲ့ အနမ္းသံတစ္ခုကို ဖန္တီးဖို႔ အႏုပညာရွင္းမ်ားက သူတို႔လက္ေတြကို မၾကာခဏ နမ္းေလ့ရွိပါတယ္။ သူတို႔က ခ်စ္ျခင္းျပည့္ႏွက္ေနတဲ့ အခ်စ္ဇာတ္လမ္းတစ္ခုကို ဖန္တီးဖို႔ ႏႈတ္ခမ္းနဲ႔ လက္ေတြကို နမ္းတဲ့အသံကို သုံးပါတယ္။ ရလဒ္ပိုေကာင္းေအာင္ လက္ေတြကို မနမ္းခင္ သူတို႔ႏႈတ္ခမ္းမွာ ေရအနည္းငယ္စြက္ထားပါတယ္။

၁၃။ မီးေတာက္သံမ်ား

တကယ့္မီးက တဖ်စ္ဖ်စ္ျမည္တဲ့အသံ အၿမဲတမ္း မျဖစ္ေစႏိုင္ပါဘူး။ ဒီအသံက တကယ့္ကို ေႏြးေထြးေစၿပီး တခါတရံမွာ စိတ္ေက်နပ္ဖို႔ေကာင္းတဲ့ အသံျဖစ္ပါတယ္။ ႐ုပ္ရွင္ေတြထဲမွာ တဖ်စ္ဖ်စ္ျမည္ေနတဲ့ မီးအသံကို ဖန္တီးဖို႔ ပစၥည္းထည့္တဲ့ bubble wrap ေတြဖ်စ္ညႇစ္ၿပီး အသံဖန္တီးၾကပါတယ္။

၁၄။ ၾကက္ဥကြဲသံ

ၾကက္ဥ အခြံအက္ေနတဲ့ အသံကို ဖန္တီးဖို႔ ေရခဲမႈန္႔ေဖာ့ႂကြပ္ကို အသုံးျပဳပါတယ္။ အခ်ိဳ႕ေသာ ႐ုပ္ရွင္မ်ားမွာ သတၱဝါေတြဟာ ဥေတြကေန ေပါက္ဖြားပါတယ္။ စိုစြတ္တဲ့ အသံရဖို႔ ဆပ္ျပာရည္ေတြနဲ႔ ဖုံးအုပ္ေနတဲ့ ရာဘာလက္အိတ္မ်ားကို ဝတ္ဆင္ရင္း ဖရဲသီးေတြကို ဖ်စ္ညႇစ္ၿပီး အသံဖန္တီးၾကပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here