ဘဝဆိုတာ ဘယ်တော့မှ တစ်ဖြောင့်တည်းမသွားပါဘူး။ အစဉ်အမြဲအတက်အကျဆိုတာ ဖြစ်ပျက်နေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ အရာအားလုံးကို အလိုလိုဝမ်းနည်းတတ်တယ်ဆိုရင် ကျေးဇူးတင်တတ်ဖို့လည်း သင်ယူသင့်ပါသေးတယ်။ ကျေးဇူးတင်တတ်ဖို့ သင်ယူတဲ့နေရာမှာ မကောင်းတဲ့အတွေ့အကြုံတွေကနေလည်း သင်ယူရပါတယ်။ အထူးသဖြင့် ဒီလိုအတွေ့အကြုံမျိုးတွေပေါ့။
၁။ မိဘတစ်ဦးသေဆုံးခြင်း

ကိုယ်ချစ်ရတဲ့လူတစ်ဦးသေဆုံးခြင်းက ကိုယ့်အတွက်အမြဲတမ်းခက်ခဲစေပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ မိဘတွေပေါ့။ သူတို့ဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး သင့်ကို ဂရုစိုက်ပေးတယ်၊ ပေးကမ်းတယ်၊ နောက်ဆုံး သင့်ရဲ့ဘဝကို လမ်းညွှန်ပေးခဲ့တယ်။ တစ်ခြားလူတွေက သင့်ကို သံသယဝင်တဲ့အခါ သူတို့က ယုံကြည်ပေးခဲ့တယ်။ သူတို့ဟာ သင့်ရဲ့ အကြီးစားဖန်တွေလည်းဖြစ်ခဲ့ကြပါတယ်။ ဒါ့ကြောင့်မို့ သူတို့ထဲက တစ်ယောက်ယောက်ဆုံးရှုံးသွားတဲ့အခါ ဘယ်တော့မှ ပြန်ဖြည့်လို့မရတော့တဲ့ ကွက်လပ်တစ်ခုဖြစ်သွားသလို ခံစားရပါလိမ့်မယ်။
ကျေးဇူးတင်ရမယ့်အကြောင်းရင်းကတော့ ကျွန်မတို့ရဲ့ ကျန်ရှိနေသေးတဲ့ဘဝကို ဘယ်လိုနေထိုင်ရမယ်ဆိုတာ သိစေပါတယ်။ ဒါ့အပြင် လူတစ်ယောက်သေဆုံးသွားတဲ့အခါ လူတွေက အဲ့ဒီ့လူအကြောင်းကို ပြန်ပြောင်းပြောတတ်ကြပါတယ်။ ဒါ့ကြောင့် သင့်မိဘက ဘယ်လိုလူမျိုးဖြစ်တယ်၊ သူတို့ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေအကြောင်းကို ပိုပြီးသိလာရသလို အသုဘအခမ်းအနားဟာလည်း သင့်အတွက် သံဝေဂတစ်မျိုးရစေပါတယ်။
၂။ ကပ်ရောဂါဖြစ်ပွားခြင်း (သို့) သေလုမျောပါး ဖျားနာခြင်း

လူတွေက ကျန်းမာနေတဲ့အခါ ဘယ်တော့မှ မသေဆုံးတော့မယ့် ဒါမှမဟုတ် နှစ်တစ်ထောင်၊ နှစ်တစ်သောင်းရှင်သန်ရမယ့် လူတွေလို နေထိုင်ကြပါတယ်။ ဖျားနာနေတဲ့အခါ ခံစားချက်တွေက မကောင်းပေမယ့် သင်ယူရမယ့်အရာတွေရှိနေပါတယ်။ အထူးသဖြင့် ဘဝရဲ့ ပြောင်းလဲမှုအကြောင်း သင်ယူပါ။
၃။ အိမ်ထောင်ပြိုကွဲခြင်း

ကွာရှင်းတယ်ဆိုတာကို ပေါ့ပေါ့တန်တန်မထားသင့်ပါ။ အိမ်ထောင်ရေးဆိုတာ ဘဝနောက်ကြောင်း၊ ယုံကြည်ချက်နှင့် ခံစားချက်မတူတဲ့လူနှစ်ဦးက လူသစ်တွေကို ဖန်တီးဖို့ အတူတကွစုဝေးခြင်းဖြစ်ပါတယ်။ ဒီလိုလူတွေအနေနဲ့ သူတို့ရဲ့ အိမ်ထောင်ဖက်တွေကို မျှမျှတတ၊ ထောက်ထားစာနာသင့်ပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ ဆက်ဆံရေးဟာလည်း ရှင်သန်ရတာထက် တစ်ဦးတည်းနေတာက ပိုကောင်းပါလိမ့်မယ်။
သင်တို့နှစ်ယောက်အတူ ကတိတွေအထပ်ထပ်နဲ့ တည်ဆောက်လာခဲ့တဲ့ အိမ်ထောင်ရေးဟာ ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်လာပြီဆိုရင် ကွာရှင်းခြင်းက မှန်ကန်သောဆုံးဖြတ်ချက်ချခြင်းတွေဖြစ်နိုင်ပါတယ်။ နောက်တစ်ကြိမ်ဆိုတာကိုတော့ သေသေချာစဉ်းစားသင့်ပါတယ်။
၄။ အလုပ်ပြုတ်ခြင်း

အလုပ်မှာပဲ အချိန်ကုန်နေတဲ့ သင့်အတွက် အလုပ်လက်မဲ့ဖြစ်တာက အင်မတန်ခက်ခဲစေတဲ့အရာဖြစ်ပါလိမ့်မယ်။ လူအများစုက အိပ်စက်ခြင်းကလွဲပြီး သူတို့ဘဝအများစုကို အလုပ်ထဲမှာသာ အသုံးပြုကြပါတယ်။ လူတွေဟာ အလုပ်ပြုတ်လာတဲ့အခါ တစ်ဖက်က ဝမ်းနည်းစရာကိစ္စတွေလို့ ခံစားရစေမယ့်လည်း အပြုသဘောကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ အိပ်မက်ဘဝကို လိုက်လျှောက်ဖို့ လိုအပ်သောအခွင့်အလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် တစ်နေရာမှာ အခြေချနေထိုင်တာထက် အသစ်တစ်ခုခုကို ကြိုးစားအားထုတ်သင့်ပါတယ်။
သင့်အနေနဲ့ အလုပ်မှာကောင်းကောင်းလုပ်နေပြီး သင်ဘာကြောင့်အလုပ်ပြုတ်ရတယ်ဆိုတာကို အကြောင်းပြချက်မခိုင်လုံဘူးဆိုရင် သင့်အနေနဲ့ လက်ရှိအလုပ်မှာ မနေလိုတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
Lifestyle_Myanmar
Nyein_Thu
Ref-themindjournal