ကျောင်းသားတွေကို စကတ်ဝတ်ခွင့် ပေးထားတဲ့ ထိုင်ဝမ်နိုင်ငံက အထက်တန်းကျောင်း

0
70

ထိုင်ဝမ်နိုင်ငံက အထက်တန်းကျောင်းတစ်ခုဟာ ကျောင်းသူတွေကိုသာမက ကျောင်းသားတွေကို စကတ်ဝတ်ခွင့် ပေးထားတာကြောင့် ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ Banqiao Senior အထက်တန်းကျောင်းဟာ တိုင်ပေမြို့မှာ တည်ရှိပြီး လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က LGBTQ လှုပ်ရှားသူတွေရဲ့ လိင်ကွဲပြားမှု တန်းတူအခွင့်အရေးအတွက် လှုပ်ရှားမှုကိုမြင့်တင်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ အဆိုပါကြေငြာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ထိုင်ဝမ်နိုင်ငံဟာ အရှေ့အာရှမှာ လိင်တူချင်းတရားဝင်လက်ထပ်နိုင်တဲ့ ပထမဆုံးနိုင်ငံလည်းဖြစ်ပါတယ်။

-Advertisement-

ယခုလက်ရှိမှာတော့ ကျောင်းသားတွေဟာ ဘောင်းဘီရှည်ဝတ်ဆင်ပြီး ကျောင်းသူတွေက စကတ်ဝတ်ဆင်ဖို့ လိုအပ်နေပေမယ့် နောက်နှစ် စာသင်နှစ်မှာတော့ ဝတ်စားဆင်ယင်မှုကို အတိအကျဖော်ပြထားခြင်းကို ဖယ်ရှားပြီး ကျောင်းသားတွေကို စကတ်ဝတ်ဆင်ခွင့် ပေးသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် မေလတုန်းကတော့ လှုပ်ရှားမှုအဖြစ် တပတ်တိတိ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားတွေဟာ စကတ်တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

ဒါဟာ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးကို လေးစားရာရောက်ပြီး သူတို့နှစ်သက်တဲ့ဝတ်စုံကို ကိုယ်တိုင်ရွေးချယ်နိုင်မှာဖြစ်ကြောင်း အဆိုပါကျောင်းက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။ ဒီလို ကျောင်းရဲ့အပြောင်းအရွေ့ကို ထိုင်ဝမ် ဟော့လိုင်း အစည်းအရုံးရဲ့ ပေါ်လစီညွှန်ကြားရေးမှူးကလည်း ချီးကျူးခဲ့ပါတယ်။

ဒါဟာ မတူကွဲပြားသူတွေအတွက် တိုးတက်လာတဲ့ ခြေလှမ်းတစ်ခုပါ။ဒါဟာ transgender တွေအတွက် ကျောင်းမှာကိုယ်နှစ်သက်တဲ့ ဝတ်စုံကို ရွေးချယ်ခွင့်ရတဲ့အတွက် ညီမျှတဲ့အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်လို့ သူကဆိုခဲ့ပါတယ်။

LM_Naung_Naung
Lifestyle_Myanmar
Source

ေက်ာင္းသားေတြကို စကတ္ဝတ္ခြင့္ ေပးထားတဲ့ ထိုင္ဝမ္ႏိုင္ငံက အထက္တန္းေက်ာင္း
ထိုင္ဝမ္ႏိုင္ငံက အထက္တန္းေက်ာင္းတစ္ခုဟာ ေက်ာင္းသူေတြကိုသာမက ေက်ာင္းသားေတြကို စကတ္ဝတ္ခြင့္ ေပးထားတာေၾကာင့္ ထူးထူးဆန္းဆန္းျဖစ္ေနပါတယ္။ Banqiao Senior ထက္တန္းေက်ာင္းဟာ တိုင္ေပၿမိဳ႕မွာ တည္ရွိၿပီး လြန္ခဲ့တဲ့ ဗုဒၶဟူးေန႔က LGBTQ လႈပ္ရွားသူေတြရဲ႕ လိင္ကြဲျပားမႈ တန္းတူအခြင့္အေရးအတြက္ လႈပ္ရွားမႈကိုျမင့္တင္ေပးလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ အဆိုပါေၾကျငာခ်က္ကို ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ထိုင္ဝမ္ႏိုင္ငံဟာ အေရွ႕အာရွမွာ လိင္တူခ်င္းတရားဝင္လက္ထပ္ႏိုင္တဲ့ ပထမဆုံးႏိုင္ငံလည္းျဖစ္ပါတယ္။
ယခုလက္ရွိမွာေတာ့ ေက်ာင္းသားေတြဟာ ေဘာင္းဘီရွည္ဝတ္ဆင္ၿပီး ေက်ာင္းသူေတြက စကတ္ဝတ္ဆင္ဖို႔ လိုအပ္ေနေပမယ့္ ေနာက္ႏွစ္ စာသင္ႏွစ္မွာေတာ့ ဝတ္စားဆင္ယင္မႈကို အတိအက်ေဖာ္ျပထားျခင္းကို ဖယ္ရွားၿပီး ေက်ာင္းသားေတြကို စကတ္ဝတ္ဆင္ခြင့္ ေပးသြားမွာျဖစ္ပါတယ္။ ဒါေပမယ့္ ေမလတုန္းကေတာ့ လႈပ္ရွားမႈအျဖစ္ တပတ္တိတိ ဆရာ၊ဆရာမေတြနဲ႔ ေက်ာင္းသားေတြဟာ စကတ္ေတြကို ဝတ္ဆင္ခဲ့ၾကပါတယ္။ ဒါဟာ ေက်ာင္းသားေတြရဲ႕ ကိုယ္ပိုင္အခြင့္အေရးကို ေလးစားရာေရာက္ၿပီး သူတို႔ႏွစ္သက္တဲ့ဝတ္စုံကို ကိုယ္တိုင္ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ေၾကာင္း အဆိုပါေက်ာင္းက ႐ိုက္တာသတင္းဌာနကို ေျပာခဲ့ပါတယ္။ ဒီလို ေက်ာင္းရဲ႕အေျပာင္းအေ႐ြ႕ကို ထိုင္ဝမ္ ေဟာ့လိုင္း အစည္းအ႐ုံးရဲ႕ ေပၚလစီၫႊန္ၾကားေရးမႉးကလည္း ခ်ီးက်ဴးခဲ့ပါတယ္။
ဒါဟာ မတူကြဲျပားသူေတြအတြက္ တိုးတက္လာတဲ့ ေျခလွမ္းတစ္ခုပါ။ဒါဟာ transgender ေတြအတြက္ ေက်ာင္းမွာကိုယ္ႏွစ္သက္တဲ့ ဝတ္စုံကို ေ႐ြးခ်ယ္ခြင့္ရတဲ့အတြက္ ညီမွ်တဲ့အခြင့္အေရးတစ္ခုလည္း ျဖစ္ပါတယ္လို႔ သူကဆိုခဲ့ပါတယ္။

LM_Naung_Naung
Lifestyle_Myanmar
Source

LEAVE A REPLY

Please enter your comment!
Please enter your name here