ကျောင်းကပွဲအတွက် ဂါဝန်ငှားဖို့ မတတ်နိုင်တာကြောင့် ညီမဖြစ်သူကို ဂါဝန်ဖန်တီးပေးခဲတဲ့ အစ်ကို

0
3760
- Advertisement -

မောင်နှမတွေကြားက ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးမှုက ပုံစံအမျိုးမျိုးရှိနိုင်ပါတယ်။ အစ်ကိုအများစုက ညီမတွေကို ဂရုအစိုက်ဆုံးဖြစ်မှာပါနော်။ တချို့အစ်ကိုတွေက ညီမတွေကို သဝန်တိုတတ်ကြသလို ပိုပြီးဂရုစိုက်တတ်ကြပါတယ်။ မောင်နှမချစ်ခြင်းနှင့် ပတ်သတ်ပြီး ဖေဖော်ဝါရီ ၁၄ရက်နေ့က လူမှုကွန်ယက်မှာ ပို့စ်လေးတစ်ခု ပျံ့နှံခဲ့ပါတယ်။ ဒါကတော့ အနောက်မင်ဒါနာအိုပြည်နယ် တက္ကသိုလ်မှ ဖိလစ်ပိုင်နိုင်ငံသား Maverick Francisco Oyao ဟာ ညီမဖြစ််သူ Lu Asey Oyao အတွက် ဆောင်းရာသီ ပွဲတတ်ဂါဝန်ကို ဒီဇိုင်းရေးဆွဲခဲ့တာပါ။

-Advertisement-

သူ့ညီမဖြစ်သူဟာ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် စီနီယာ၊ ဂျူနီယာကျောင်းကပွဲကို တတ်ရောက်ချင်ခဲ့ပါတယ်။ သူ့တို့ရဲ့ မိသားစုဟာ ဂါဝန်တစ်ထည် ငှားရမ်းဖို့တောင် မတတ်နိုင်တာကြောင့် Mave ဟာ သူ့ညီမပျော်ရွင်အောင် ဂါဝန်တစ်ထည်ကို သူကိုယ်တိုင် ဖန်တီးချုပ်လုပ်ခဲ့ပါတယ်။ တကယ်တော့ Mave ဟာဒီဇိုင်နာတစ်ယောက်မဟုတ်ပါဘူး။ သူဟာ အနောက်မင်ဒါနာအိုပြည်နယ် တက္ကသိုလ်မှာ ယဉ်ကျေးမှုနှင့် ဝိဇ္ဇာ ပညာရေးကို လေ့လာနေတယ်လို့ဆိုပါတယ်။

Mave ဟာ ဒီဇိုင်းဆွဲတာနဲ့ ဂါဝန်ဖန်တီးမှုကို တစ်လလောက် အချိန်ယူခဲ့ရပါတယ်။ ဒီဂါဝန်ဖြစ်လာဖို့ ယူကျူ့သင်ခန်းစာတွေကို ကြည့်ခဲ့ရသလို Michael Cinco ရဲ့ နွေဦးရာသီ collection 2020 ထဲကလည်း လေ့လာခဲ့ရပါတယ်။ Michael Cinco ဆိုတာ ဒူဘိုင်းမှာနေထိုင်တဲ့ ကမ္ဘာကျော်ဖိလစ်ပိုင် ဒီဇိုင်နာတစ်ဦးဖြစ်ပြီး ဘီယွန်စေး၊ ရီဟားနား၊ ဂျနီဖာလိုပတ်ခ်နှင့် လေဒီဂါဂါတို့ရဲ့ ဝတ်စုံတွေကို ဖန်တီးသူလည်း ဖြစ်ပါတယ်။ဝတ်စုံပြီးမြောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်လို့ရအောင် လူတချို့က ငွေရေးကြေးရေး ကူညီခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ ဝတ်စုံဒီဇိုင်းကို အသေးစိတ်ကအစ ပန်းချီဆွဲခဲ့ပြီး ထူးခြားဆန်းသစ်ပြီး စတိုင်ကျတဲ့ ဂါဝန်ကို ဖန်တီးခဲ့ပါတယ်။

ကျောင်းကပွဲဟာ ချစ်သူများနေ့မှာ ကျင်းပခဲ့တာကြောင့် ဂါဝန်က မောင်နှမချစ်ခြင်းမေတ္တာအတွက် အကောင်းဆုံး ဥပမာဖြစ်ခဲ့ပါတယ်။ အစ်ကိုဟာ အနာဂတ်မှာ သူ့ညီမကို ထောက်ပံ့ပေးနိုင်အောင် အိမ်ထောင်မပြုဘဲနေဖို့ ရယ်စရာပြောခဲ့ပါသေးတယ်။ ကံမကောင်းစွာပဲ Mave ရဲ့အစ်မဟာ ကျောင်းကပွဲမှာ အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုကို မရခဲ့ပါဘူး။ ဒါပေမယ့် နှစ်ယောက်စလုံး ပျော်ရွင်ခဲ့ကြပါတယ်။ အဆိုပါ နတ်သမီးဂါဝန်ပုံလေးတွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံသွားခဲ့ပါတယ်။ သူ့ရဲ့ ဟုန်းမိတ်ဖန်တီးမှု ဓါတ်ပုံတွေကို အင်တာနက်သုံးသူတွေ သဘောကျခဲ့ကြသလို အချို့သော အင်တာနက်သုံးစွဲသူများက အနည်းငယ် အပြောင်းအလဲလုပ်လိုက်ရင် ပိုကောင်းမယ်လို့ ထင်ကြောင်း သူဖန်တီးထားတဲ့ ဂါဝန်အပေါ်မှာ မှတ်ချက်ပေးခဲ့ကြပါတယ်။

Maverick ဟာ ပွဲတတ်ဂါဝန်လေးနဲ့ ပျော်နေတဲ့ ညီမဖြစ်သူကို မြင်တဲ့အခါ မျက်ရည်တွေတောင် ကျလာတယ်လို့ ဆိုပါတယ်။ ဒီဝတ်စုံကို ဖန်တီးရင်း မအိပ်ခဲ့ရတဲ့ ညတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ အတွက် ပေးဆပ်ခဲ့ရတဲ့အတွက် ဝမ်းသာပြီး ငိုခဲ့ရတယ်လို့ ဆိုပါတယ်။ Maverick ဟာ ဒီဟုန်းမိတ်ဂါဝန်လေးအတွက် ပီဆို ၃၀၀၀သာသုံးစွဲခဲ့ပါတယ်။ ဒါကို အချိန်မီပြီးအောင် လုပ်နိုင်ဖို့ ကျွန်တော့ကို ငွေရေးကြေးရေး အကူညီပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်လို့ သူ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြခဲ့ပါသေးတယ်။

Lifestyle_Myanmar

LM_Nandar

Source-goodnewspilipinas

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here