ကျောက်ကပ်ဟာ ရောဂါများစွာကို တာဆီးဖို့အတွက် တာဝန်ယူရပြီး ကိုယ်ခန္ဓာရဲ့ အလုံးစုံလည်ပတ်မှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သူတို့ရဲ့ အရေးအပါဆုံး လုပ်ဆောင်ချက်တစ်ခုမှာ အညစ်အကြေးနှင့် အဆိပ်အတောက်တွေကို သွေးထဲကနေ စွန့်ပစ်ဖယ်ရှားဖို့ ဖြစ်ပါတယ်။
အကြောင်းရင်းများစွာက ကျွန်တော်တို့ရဲ့ ကျောက်ကပ်ကို အားနည်းစေပြီး ရလဒ်အနေနဲ့ ပိုမိုပြင်းထန်သော အရာတစ်ခုခုသို့ ဦးတည်သွားစေနိုင်တဲ့ ကျောက်ကပ်ရောဂါများကို စတင်ခံစားရစေနိုင်ပါတယ်။ သင့်ကျောက်ကပ်ကျန်းမာရေးကို ထိန်းသိမ်းဖို့နှင့် မှန်ကန်စွာ လည်ပတ်နိုင်ဖို့အတွက် ကျန်းမာတဲ့ အလေ့အထတွေကို ပြုစုပျိုးထောင်ဖို့ အရမ်းအရေးကြီးပါတယ်။
ကျွန်တော်တို့ရဲ့ အစားအစာဟာ ကျောက်ကပ်ကျန်းမာရေးအပေါ် အကြီးမားဆုံးလွှမ်းမိုးသော အချက်များအနက်မှ တစ်ခုဖြစ်ပါတယ်။ ကံကောင်းတာက တချို့ အစားအစာတွေဟာ ကျောက်ကပ်ကျန်းမာရေးကို ပိုကောင်းအောင် လုပ်ပေးပါတယ်။ ဒီဆောင်းပါးမှာ သင့်ရဲ့ အရေးကြီးသော ကိုယ်တွင်းအင်္ဂါများကို ကျန်းမာသန်စွမ်းစေဖို့ ကူညီနိုင်တဲ့ ကျောက်ကပ်အတွက် အစားအစာ(၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သကြားမုန်လာ
သကြားမုန်လာဟာ detoxifying နှင့် diuretic ဂုဏ်သတ္တိများရှိပြီး ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းမွန်သော ရွေးချယ်မှု ဖြစ်စေပါတယ်။ ပိုတတ်ဆီယမ်ကြွယ်ဝတဲ့ သကြားမုန်လာဟာ အသည်း၊ သည်းခြေအိတ်၊ ကျောက်ကပ်တို့ကို သန့်စင်ပေးပါတယ်။ သကြားမုန်လာကို ဖျော်ရည်လုပ်သောက်ဖို့ အကြံပြုပါတယ်။

၂။ ဘလူးဘယ်ရီ
ဘလူးဘယ်ရီသီးဟာ ကျောက်ကပ်ကို အဆိပ်အတောက် ကင်းစေရုံသာမက ဆီးအိမ်သန့်ရှင်းရေးအတွက်လည်း အကျိုးကျေးဇူး ရရှိစေပါတယ်။ ကျောက်ကပ် လည်ပတ်မှုကို တိုးတတ်စေပြီး ဘက်တီးရီးယားကြီးထွားမှုကို တားဆီးခြင်းဖြင့် ရောဂါကူးစက်မှုကို ကာကွယ်ပေးပါတယ်။ ဘလူးဘယ်ရီသီးဖျော်ရည်ကိို ဗိုက်ထဲမှာ အစာမရှိခင် သောက်သုံးသင့်ပါတယ်။

၃။ ကောက်ပဲသီးနှံအစားအစာများ
ကောက်ပဲသီးနှံအစားအစာများမှာ အမျှင်ဓါတ်များပြားတာကြောင့် အဆိပ်အတောက်နှင့် စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားပေးပါတယ်။ အစေ့အဆန်များက အရည်ထိန်းထားနိုင်မှုကို လျှော့ချပေးပါတယ်။ ၎င်းသည် လုပ်ငန်းစဉ်အတွင်းရှိ ကျောက်ကပ်တွေကို သန့်ရှင်းစေပါတယ်။

၄။ ဆလရီ
ဆလရီဟာ ရေအများစု ပါဝင်ပါတယ်။ ၎င်းမှာ အရေးကြီးသော ဗီတာမင်များနှင့် ဓါတ်သတ္တုတွေပါဝင်ပြီး vitamin E, beta-carotene or vitamin A, vitamin C, နဲ့ folate တို့ပါဝင်ပါတယ်။ ၎င်းရဲ့ ဓါတ်သတ္တုပါဝင်မှုနှင့် diuretic ဂုဏ်သတ္တိကြောင့် ဆလရီဟာ ကျောက်ကပ်အတွက် အကောင်းဆုံး အစားအစာတစ်ခု ဖြစ်ပါတယ်။

၅။ ကြက်သွန်နီ
ကြက်သွန်နီမှာ အထူးသဖြင့် ကိုယ်တွင်းအင်္ဂါ ကျန်းမာရေးကို မြှင့်တင်ပေးတဲ့ အစွမ်းထက် အင်တီအောက်ဆီဒင့် တစ်ခုဖြစ်သော quercetin ကြွယ်ဝပါတယ်။ ကြက်သွန်နီဟာ ဇီဝဖြစ်ပျက်မှုကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်နှင့် အခြားစွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးပါတယ်။

၆။ စတော်ဘယ်ရီ
စတော်ဘယ်ရီမှာ ဆဲလ်ကိုယ်ထည် တည်ဆောက်ပုံကို ကာကွယ်ပေးပြီး ဓါတ်တိုးပျက်စီးမှုကို ကာကွယ်တဲ့ အစွမ်းထက် အင်တီအောက်ဆီဒင့်များ ပါဝင်ပါတယ်။ စတော်ဘယ်ရီသီးကို စားခြင်းဖြင့် ကျောက်ကပ်ကျန်းမာရေးကို တိုးတတ်ကောင်းမွန်စေပြီး ရောင်ရမ်းခြင်းကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ကို သဘာဝအတိုင်း သန့်စင်ပေးရာမှာ ကူညီနိုင်ပါတယ်။

၇။ ဖရဲသီး
ဖရဲသီးဟာ သင့်ကျောက်ကပ်အတွက် အကောင်းဆုံးအစားအစာ ဖြစ်ပါတယ်။ ဖရဲသီးမှာ ရေ ၉၃ရာခိုင်နှုန်းပါဝင်ပြီး ဂရမ် ၁၀၀ လျှင် ကယ်လိုရီ ၂၀သာပေးပါတယ်။ဖရဲသီးမှာ အစွမ်းထက် ဓါတ်တိုးတွေပါဝင်ပြီး ပိုတတ်စီယမ်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့သော အရေးကြီးဓါတ်သတ္တုများရဲ့ အရင်းအမြစ်တစ်ခုလည်းဖြစ်ပါတယ်။ ဖရဲသီးဟာ fluid retention၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးအိတ်ရောင်နာ ကဲ့သို့သော အခြေအနေတွေကို တားဆီးဖို့အတွက် အကြံပြုထားပါတယ်။

၈။ နာနတ်သီး
နာနတ်သီးမှာ အစွမ်းထက် Diureticic ဂုဏ်သတ္တိရှိတာကြောင့် ကျောက်ကပ်ကျန်းမာရေးကို ကောင်းမွန်စေသော မဟာမိတ်ဖြစ်စေပါတယ်။ ဒီထူးခြားသော အသီးဟာ ဗီတာမင်စီ၊ ပိုတတ်စီယမ်နှင့် ဘရိုမလိုင်းအင်ဇိုင်းများ ကြွယ်ဝသော အရင်းအမြစ်ဖြစ်ပြီး ကူးစက်ရောဂါများကို တိုက်ဖျက်ဖို့၊ ရောင်ရမ်းခြင်းကို လျှော့ချဖို့ ၊အစာခြေခြင်းကို လှုံ့ဆော်ဖို့နှင့် ကျောက်ကပ် ကျောက်တည်ခြင်းကို လျှော့ချဖို့ ကူညီပါတယ်။

၉။ အာလူး
အာလူးဟာ ကျောက်ကပ်ကျောက်တည်ခြင်းကို တားဆီးခြင်းနှင့် ကုသရာမှာ အကူအညီဖြစ်စေတဲ့ ဗီတာမင်များနှင့် ဓါတ်သတ္တုများ ပြည့်ဝပါတယ်။ အာလူးမှာ ပိုတတ်စီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်လစီယမ်၊ ဖော့စဖရပ်၊ ဗီတာမင် ဘီနှင့် ဗီတာမင်စီ တို့ပါရှိပါတယ်။ အာလူးကို အခွံမခွာဘဲ အလုံးလိုက်ပြုတ်သောက်နိုင်ပါတယ်။

၁၀။ ရေမုန်ညှင်း
ရေမုန်ညှင်းမှာ diuretic ဂုဏ်သတ္တိများရှိပြီး ကျောက်ကပ်သန့်ရှင်းရေးအတွက် အလွန်ကောင်းမွန်သော ဆေးတစ်မျိုး ဖြစ်စေပါတယ်။ ဒီအပင်ဟာ ကျောက်ကပ်နှင့် ဆီးအိမ်အတွင်းရှိ ကျောက်တွေဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးပြီး fluid retention ကိုတိုက်ဖျက်ပေးပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-steptohealth