လူတွေရဲ့ကျောက်ကပ်ဟာ သွေးတွေကို စစ်ပေးပြီးတော့ စားလိုက်သမျှအစာတွေထဲက အဆိပ်အသောက်တွေကို ဖယ်ရှားပေးတဲ့ တာဝန်ယူထားပါတယ်။ တကယ်လို့သာ ကျောက်ကပ် ကောင်းကောင်း အလုပ်မလုပ်ဘူးဆိုရင် ခန္ဓာကိုယ်ကြီးလည်း ကောင်းစွာအလုပ်မလုပ်နိုင်ပါဘူး။ ဒါကြောင့် ကျောက်ကပ်ကို ဂရုစိုက်ဖို့ အရေးတကြီးလိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျောက်ကပ်ပျက်စီးစေတဲ့ အရာတွေကို ဖော်ပြပေးထားပါတယ်။ ဒီအရာတွေကို သေချာလိုက်နာပြီး ရှောင်ရှားကြဖို့ အကြံပြုပါရစေ။
အသားစိမ်း
အသားစိမ်းတွေစားတာက ပရိုတင်းများစွာရရှိစေပါတယ်။ ဒါပေမယ့် အသားစိမ်းစားဖန်များလာရင် ကျောက်ကပ် ရောဂါရရှိနိုင်တာကိုတော့ သတိပြုရပါမယ်။ အသားစိမ်းတွေအများကြီးစားတာက ကျောက်ကပ်ရဲ့ စစ်ထုတ်ခြင်းစနစ်ကို ဆိုးရွားစွာထိခိုက်စေပါတယ်။ ပြီးတော့ အသားစိမ်းတွေမှာ တွေ့ရတဲ့ ပရိုတင်းတွေက ကျောက်ကပ်ကို ဖိအားတွေများစေတဲ့ အရာတွေထုတ်ပေးပါသေးတယ်။ ပြီးတော့ အသားစိမ်းစားသုံးခြင်းက ကိုလတ်စထရော ပါဝင်မှုနှုန်း မြင့်တက်စေပြီးတော့ နှလုံးရောဂါကို ပိုမိုဆိုးရွားစေတာ နဲ့ကျောက်ကပ်သွေးလွှတ်ကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေပါတယ်။ ကျွမ်းကျင်သူတွေကတော့ တပက်ကို အသားစိမ်း ၁၈ အောင်စထက် ပိုမစားဖို့ ညွှန်ကြားထားပါတယ်။

အရက်
အရက်အလွန်အကျွံသောက်တာက ကျန်းမာရေးကို ထိခိုက်စေတာ လူတိုင်းအသိပါ။ အရက်ဟာ တခြားရောဂါတွေအပြင် ကျောက်ကပ်ကိုလည်း ထိခိုက်စေပါတယ်။ အရက်သောက်သုံးမှုများရင် သွေးတွင်းသကြားဓာက်ပါဝင်မှုနှုန်း မြှင့်တက်စေပြီးတော့ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းကိုလည်း မြှင့်တက်စေပါတယ်။ ဒါတွေက ကျောက်ကပ်ရောဂါတွေရဲ့ ရှေ့ပြေးနိမိတ်တွေပါပဲ။
အရက်ဟာ တခြားကျန်းမာရေးဆိုးကျိုးတွေများစွာ ဖြစ်ပွားစေပါတယ်။ အရက်ကိုအလွန်အကျွံသောက်ရင် ကျောက်ကပ်ရောဂါအပြင် သွေးတိုးရောဂါနဲ့ ရုတ်တရက်လေဖြတ်ခြင်းတို့ကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။အရက်ကို ကျန်းမာရေးအတွက် သောက်သုံးသူတွေမှာတော့ ကျောက်ကပ်အတွက် စိုးရိမ်စရာသိပ်မရှိပေမယ့် ကျောက်ကပ်ရောဂါ အခံရှိသူတွေအနေနဲ့ အရက်ကို မသောက်တာက အကောင်းဆုံးပါ။

နို့ထွက်ပစ္စည်း
နို့ထွက်ပစ္စည်းတွေမှာ ပရိုတင်း၊ ဗီတာမင် ဘီ၊ ကယ်လ်ဆီယမ်၊ ပိုတတ်ဆီယမ် စတဲ့ ကျန်းမာရေးအတွက်များစွာ အထောက်အပံ့ဖြစ်တဲ့ အာဟာရတွေအများကြီးပါဝင်ပါတယ်။ ကယ်လ်ဆီယမ် နဲ့ ဖော်စဖောရပ်စ်တို့လို သတ္တုဓာက်တွေက အရိုးနဲ့ကြွက်သားတွေ သန်မာစေတာမှန်ပါတယ်။ ဒါပေမယ့် ကျောက်ကပ်ရောဂါအခံရှိသူတွေအနေနဲ့ နို့ထွက်ပစ္စည်းတွေအစားများရင် ကယ်လ်ဆီယမ် နဲ့ ဖော်စဖောရပ်စ် သတ္တုဓာက်တွေဟာ သွေးတွင်းမှာ စုသွားတတ်ပါတယ်။
ဒီလိုဖြစ်တာများလာရင် အရိုးနဲ့နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို မြှင့်တက်စေပါတယ်။ နွားနို့မှာ အက်စစ်ဂုတ်သတ္တိရှိတဲ့ တိရိစ္ဆာန်ပရိုတင်းတွေ ပါဝင်ပါတယ်။ ဒီပရိုတင်းတွေဟာ ကယ်လ်ဆီယမ်တွေကို ဆီးတွေမှာပျော်ဝင်သွားစေပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လ်ဆီယမ်တွေကို အရိုးတွေဆီကနေ ထုတ်ယူရပါတော့တယ်။

ဒါကအရိုးတွေကို အားနည်းသွားစေတဲ့အပြင် ကျောက်ကပ်ကိုပါ ထိခိုက်စေပါတယ်။ တကယ်လို့ ကျောက်ကပ်ကိုဂရုစိုတ်တယ်ဆိုရင်တော့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားသုံးမှုလျှော့ ချပေးပါ။ နွားနို့အစား ဆန်၊ အုန်းသီးနဲ့ almond milk ကိုစားသုံးပေးလို့ရပါတယ်။ ကယ်လ်ဆီယမ်အတွက်ကတော့ အစိမ်းရောင် ဟင်းသီးဟင်းရွက် နဲ့ အစေ့အဆံ တွေကို စားသုံးပေးလို့ရပါတယ်။
တခြား ကျောက်ကပ်ကို ထိခိုက်စေတဲ့ အရာတွေကတော့ စာပွဲတင်ဆား၊ ကဖိန်း၊ ဆေးသကြား၊ ဆေးလိပ်သောက်ခြင်း၊ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အကိုက်အခဲပျောက်ဆေးအသောက်များတာ နဲ့ အအိပ်နည်းခြင်းတို့ပဲဖြစ်ပါတယ်။
Lifestyle_Myanmar
ref-healthline