ကျားအစာတွက် ဆိတ်အရှင်ကို လှောင်အိမ်ထဲထည့်လိုက်ပေမယ့် သူငယ်ချင်းတွေ ဖြစ်သွားကြတဲ့ သူတို့နှစ်ယောက်

0
800

အစာကွင်းဆက်အရ အသီးအရွက်စားတိရိစ္ဆာန်တွေဟာ အသားစားသတ္တဝါတွေရဲ့ အစာဖြစ်ပါတယ်။ ဒါပေမယ့် လောကမှာ ထင်မထားတာတွေ ဖြစ်လေ့ရှိတဲ့သဘာဝကို ဆန့်ကျင်ဖက် တိရိစ္ဆာန်နှစ်ကောင်က သက်သေပြခဲ့ပါတယ်။ ဆိတ်အရှင်တစ်ကောင်ကို ကျားရဲ့အစာအတွက် လှောင်အိမ်ထဲထည့်လိုက်ပေမယ့် သတ်ဖြတ်စားသောက်ရမယ့်အစား အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားကြတဲ့ အဖြစ်အပျက်တစ်ခု ရုရှားတိရိစ္ဆာန်ရုံတစ်ခုမှာ ဖြစ်ပွားခဲ့ပါတယ်။

သူတို့နှစ်ကောင်ကတော့ Amur နဲ့ Timur တို့ဖြစ်ကြပါတယ်။ Amur ကဆိုက်ဘေးရီးယန်း ကျားတစ်ကောင်ဖြစ်ပြီး Timur ကတော့ ဆိတ်တစ်ကောင်ဖြစ်ပါတယ်။ Amur ရဲ့အစာအတွက် Timur ကို လှောင်အိမ်ထဲထည့်လိုက်ပေမယ့် သူကမစားတဲ့အပြင် တစ်ကောင်နဲ့တစ်ကောင် အရမ်းကိုခင်မင်နေကြလို့ တိရိစ္ဆာန်ရုံဝန်ထမ်းတွေ အံ့သြခဲ့ရပါတယ်။ ကျားတစ်ကောင်က ဆိတ်တစ်ကောင်ကို အစာအဖြစ်ကနေ မိတ်ဆွေဖြစ်ဖို့ ရွေးချယ်လိုက်ခြင်းဟာ သူတို့နှစ်ယောက်ရဲ့ အတိတ်ကရေစက်ကြောင့်လို့တောင် ပြောရမလိုပါပဲ။

ဆိတ်ကလည်း ကျားလှောင်အိမ်ထဲရောက်တဲ့အချိန်မှာ ကြောက်လန့်ပြီးပြေးလွှားနေရမယ့်အစား အရမ်းကိုတည်ငြိမ်နေပြီး အခြားဆိတ်တွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေခဲ့တာကြောင့် အကြောက်တရားမရှိတဲ့ နာမည်အဖြစ် Timur လို့ပေးခဲ့ပါတယ်။ လှောင်အိမ်ထဲစရောက်တဲ့ အချိန်တည်းက ကျားရှိတဲ့နေရာကို တည်ငြိမ်စွာသွားခဲ့တာပါ။ ယခုအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်နေကြပြီး Amur ကိုလည်း ဆိတ်အရှင်တွေထပ်မကျွေးတော့ပဲ အသားတွေကိုသာ ဆက်လက်ပြီးကျွေးသွားမယ်လို့ သိရပါတယ်။ ယခုဆိုရင် သူတို့နှစ်ကောင်ရဲ့ သူငယ်ချင်းသက်တမ်း ၂ ပတ်ရှိနေပြီ ဖြစ်ပါတယ်။ အားလုံးကတော့ သူတို့နှစ်ကောင်ရဲ့သတင်းကို စိတ်ဝင်စားနေပြီး Amur က Timur ကိုစားလိုက်တဲ့ သတင်းကိုမကြားရဖို့ မျှော်လင့်နေကြပါတယ်။

LM_Naung_Naung
Lifestyle_Myanmar

Zawgyi font

က်ားအစာတြက္ ဆိတ္အရွင္ကို ေလွာင္အိမ္ထဲထည့္လိုက္ေပမယ့္ သူငယ္ခ်င္းေတြ ျဖစ္သြားၾကတဲ့ သူတို႔ႏွစ္ေယာက္
အစာကြင္းဆက္အရ အသီးအ႐ြက္စားတိရိစာၦန္ေတြဟာ အသားစားသတၱဝါေတြရဲ႕ အစာျဖစ္ပါတယ္။ ဒါေပမယ့္ ေလာကမွာ ထင္မထားတာေတြ ျဖစ္ေလ့ရွိတဲ့သဘာဝကို ဆန္႔က်င္ဖက္ တိရိစာၦန္ႏွစ္ေကာင္က သက္ေသျပခဲ့ပါတယ္။ ဆိတ္အရွင္တစ္ေကာင္ကို က်ားရဲ႕အစာအတြက္ ေလွာင္အိမ္ထဲထည့္လိုက္ေပမယ့္ သတ္ျဖတ္စားေသာက္ရမယ့္အစား အခ်စ္ဆုံးသူငယ္ခ်င္းေတြ ျဖစ္သြားၾကတဲ့ အျဖစ္အပ်က္တစ္ခု ႐ုရွားတိရိစာၦန္႐ုံတစ္ခုမွာ ျဖစ္ပြားခဲ့ပါတယ္။ သူတို႔ႏွစ္ေကာင္ကေတာ့ Amur နဲ႔ Timur တို႔ျဖစ္ၾကပါတယ္။

Amur ကဆိုက္ေဘးရီးယန္း က်ားတစ္ေကာင္ျဖစ္ၿပီး Timur ကေတာ့ ဆိတ္တစ္ေကာင္ျဖစ္ပါတယ္။ Amur ရဲ႕အစာအတြက္ Timur ကို ေလွာင္အိမ္ထဲထည့္လိုက္ေပမယ့္ သူကမစားတဲ့အျပင္ တစ္ေကာင္နဲ႔တစ္ေကာင္ အရမ္းကိုခင္မင္ေနၾကလို႔ တိရိစာၦန္႐ုံဝန္ထမ္းေတြ အံ့ၾသခဲ့ရပါတယ္။ က်ားတစ္ေကာင္က ဆိတ္တစ္ေကာင္ကို အစာအျဖစ္ကေန မိတ္ေဆြျဖစ္ဖို႔ ေ႐ြးခ်ယ္လိုက္ျခင္းဟာ သူတို႔ႏွစ္ေယာက္ရဲ႕ အတိတ္ကေရစက္ေၾကာင့္လို႔ေတာင္ ေျပာရမလိုပါပဲ။ ဆိတ္ကလည္း က်ားေလွာင္အိမ္ထဲေရာက္တဲ့အခ်ိန္မွာ ေၾကာက္လန္႔ၿပီးေျပးလႊားေနရမယ့္အစား အရမ္းကိုတည္ၿငိမ္ေနၿပီး အျခားဆိတ္ေတြနဲ႔ ဆန္႔က်င္ဖက္ျဖစ္ေနခဲ့တာေၾကာင့္ အေၾကာက္တရားမရွိတဲ့ နာမည္အျဖစ္ Timur လို႔ေပးခဲ့ပါတယ္။

ေလွာင္အိမ္ထဲစေရာက္တဲ့ အခ်ိန္တည္းက က်ားရွိတဲ့ေနရာကို တည္ၿငိမ္စြာသြားခဲ့တာပါ။ ယခုအခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အခင္ဆုံးသူငယ္ခ်င္းေတြျဖစ္ေနၾကၿပီး Amur ကိုလည္း ဆိတ္အရွင္ေတြထပ္မေကြၽးေတာ့ပဲ အသားေတြကိုသာ ဆက္လက္ၿပီးေကြၽးသြားမယ္လို႔ သိရပါတယ္။ ယခုဆိုရင္ သူတို႔ႏွစ္ေကာင္ရဲ႕ သူငယ္ခ်င္းသက္တမ္း ၂ ပတ္ရွိေနၿပီ ျဖစ္ပါတယ္။ အားလုံးကေတာ့ သူတို႔ႏွစ္ေကာင္ရဲ႕သတင္းကို စိတ္ဝင္စားေနၿပီး Amur က Timur ကိုစားလိုက္တဲ့ သတင္းကိုမၾကားရဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here