ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်သော ကလေးတစ်ဦးကို ကိုင်တွယ်တဲ့ နည်းလမ်း (၆)ခု

0
696

လေ့လာမှုတစ်ခုအရ ကလေးတွေကို အသားချင်းထိပြီး ပွေ့ပိုက်တဲ့ မိဘတွေဟာ စိတ်ဖိစီးမှု လျော့နည်းကြောင်း သိရပါတယ်။ သို့သော် ကလေးကို ပွေ့ချီတဲ့ နည်းလမ်းအများစုက ကလေးတစ်ယောက်ရဲ့ ကျန်းမာရေးကို ထိခိုက်စေတာကြောင့် ကလေးကို ဘယ်လိုချီရမလဲဆိုတာ သိဖို့ အရေးကြီးပါတယ်။

-Advertisement-

၁။ ကလေးကို ချိုင်းအောက်ကနေ ချီခြင်း

ကလေးတစ်ယောက်ကို ချီတဲ့အခါ သူတို့ရဲ့ ဦးခေါင်းကို support လုပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။ မွေးကင်းစကလေးဟာ လည်ပင်းကြွက်သားတွေ မဖွံ့ဖြိုးသေးပါဘူး။ သူတို့ရဲ့ လည်ပင်းကို စနစ်တကျ မထိန်းပေးထားရင် ထိခိုက်ဒဏ်ရာရတာ၊ အသက်ရှုရ ခက်ခဲတာတွေ ဖြစ်စေနိုင်ပါတယ်။ သူတို့ဟာ အနည်းဆုံး ၄လ ၆လအရွယ်အထိ သူတို့ခေါင်းကို သူတို့ မထိန်းနိုင်သေးပါဘူး။

၂။ carrier ဖြင့် ကလေးကို ချီပိုးခြင်း

carrier တွေကို အသုံးပြုနိုင်ပေမယ့် သူတို့ကို ဘယ်လိုသုံးရမလဲဆိုတာ သိထားရပါမယ်။ ကလေးရဲ့ ခြေထောက်တွေကို carrier ဖြင့် ထိန်းထားပေးသင့်ပါတယ်။ မိခင်က ကလေးကို ချီထားတဲ့ နည်းလမ်းနင့် အတူတူပါပဲ။ carrier ဟာ ကလေးရဲ့ လည်ပင်းကို ထိန်းထားပေးပြီး ကျောတပြင်လုံးအား ဖုံးကာထားတဲ့ အနေအထားဖြစ်ရမည်။ ဒါမှသာ ကလေးရဲ့ ကျောရိုးကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ကလေးက ခွထိုင်တဲ့ အနေအထားဖြင့် ချီပိုးပါက ကလေးရဲ့ ပေါင်နှစ်ဘက်ဟာ ကားနေတဲ့ အနေအထားဖြစ်ရပါမယ်။ ဒီလိုမှမဟုတ်ဘဲ ကလေးရဲ့ ခြေထောက်တွေက တွဲလောင်းဖြစ်နေမယ်ဆိုရင် dysplasia or dislocation ကဲ့သို့သော တင်ပါးဆုံရိုး ရောဂါများကို ဖြစ်စေနိုင်ပါတယ်။

၃။ ကလေးရဲ့ ဦးခေါင်းကို ပုခုံးပေါ်တင်ပြီး ချီခြင်း

ရင်ချင်းကပ်အနေအထားဖြင့် ကလေးကို ချီပါက သူတို့မျက်နှာအနေအထားကို ဂရုစိုက်သင့်ပါတယ်။ ကလေးမျက်နှာဟာ မိခင်ရဲ့ ပုခုံးအထက်မှာ ဖြစ်သင့်ပါတယ်။ တကယ်လို့ ကလေးရဲ့ မျက်နှာဟာ ပခုံးနှင့် ကပ်နေမယ်ဆိုရင် အသက်ရှုရ ခက်ခဲစေပါတယ်။ ထို့အပြင် သင့်ရဲ့ အင်္ကျီစဟာ ကလေးရဲ့ ပါးစပ်ထဲသို့ ရောက်သွားနိုင်ပါတယ်။

၄။ ဟိုဘက် သည်ဘက် ပြောင်းမချီခြင်း

ကလေးကို ချီထားတဲ့ ဘက်တွေကို ပြောင်းဖို့ လိုအပ်ပါတယ်။ အစောပိုင်းက ပြောခဲ့သလို ကလေးရဲ့ လည်ပင်းဟာ အားနည်းပါသေးတယ်။ ဒါ့ကြောင့် ကြွက်သား နှစ်ဖက်စလုံး ဖွံ့ဖြိုးတိုးတတ်ဖို့ အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် တစ်ဖက်က လည်ပင်းကြွက်သားဟာ အားနည်းလာပြီး ကလေးခေါင်းလှည့်တာနဲ့ ပြဿနာရှိနိုင်ပါတယ်။

၅။ သူတို့ရဲ့ နောက်ကျောကို ထိန်းမထားပေးခြင်း

ကလေးကိုချီတဲ့အခါ တင်ပါးတွေနှင့် ဦးခေါင်းကိုသာ မပွေ့ထားသင့်ပါဘူး။ ပထမအချက်က ကလေး ပြုတ်ကျနိုင်ခြေရှိလို့ပါ။ ဒုတိယအချက်က သင့်တော်တဲ့ ကျောထောက်နောက်ခံ ပံ့ပိုးမှု မရှိတာကြောင့် ကျောရိုးကို မနိုင်ဝန် ထမ်းမိစေပါတယ်။ ဒါ့ကြောင့် လက်တစ်ဖက်က ခေါင်းကိုထိန်းထားပြီး နောက်လက်တစ်ဖက်က ကလးရဲ့ ကျောကို ထိန်းထားဖို့ လိုအပ်ပါတယ်။

၆။ ချီပိုးသူကို ကျောပေးသည့် အနေအထားဖြင့် ချီခြင်း

သင့်ကို ကျောပေးထားတဲ့ အနေအထားဖြင့် ချီတာက မကောင်းပါဘူးနော်။ ကလေးကို ထိန်းချုပ်ဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ကျောရိုးနှင့် ခြေထောက်တွေကို ဖိအားဖြစ်စေပါတယ်။ ဒါ့ကြောင့် ကလေးကို ရင်ဘတ်နှင့် ကပ်ချီတာက ပိုကောင်းပါတယ်။ ကလေးရဲ့ ခြေထောက်နှင့် ကျောကုန်းကို ထိန်းပေးထားဖို့ အသေအချာ ဂရုစိုက်ပေးပါ။

၇။ ကလေးကို လက်ကဆွဲခြင်း

ကလေးတစ်ယောက်ကို လက်ကနေ မဆွဲပါနဲ့။ ဒါက radial head subluxation သို့မဟုတ် တံတောင်ဆစ်အရိုး ချော်ထွက်သွားတာ ၊ အရိုးအဆစ်လွဲတာတွေ ဖြစ်စေပါတယ်။ ဒီအခြေအနေက အသက် ၅နှစ် မပြည့်သေးတဲ့ ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။

ကလေးတစ်ယောက်ကို ဆွဲခေါ်တဲ့အခါ၊ သူတို့ကို လွှဲလိုက်တဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ အသက် ၅နှစ်အရွယ်ရောက်တဲ့အခါ အရိုးအဆစ်တွေ ပိုမိုအားကောင်းလာပြီး တံတောင်ဆစ် ဆွဲဆန့်မှု ဖွံ့ဖြိုးလာနိင်ခြေ နည်းပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

Zawgyi

က်န္းမာေရးအတြက္ အႏၲရာယ္ရွိႏိုင္ေသာ ကေလးတစ္ဦးကို ကိုင္တြယ္တဲ့ နည္းလမ္း (၆)ခု
ေလ့လာမႈတစ္ခုအရ ကေလးေတြကို အသားခ်င္းထိၿပီး ေပြ႕ပိုက္တဲ့ မိဘေတြဟာ စိတ္ဖိစီးမႈ ေလ်ာ့နည္းေၾကာင္း သိရပါတယ္။ သို႔ေသာ္ ကေလးကို ေပြ႕ခ်ီတဲ့ နည္းလမ္းအမ်ားစုက ကေလးတစ္ေယာက္ရဲ႕ က်န္းမာေရးကို ထိခိုက္ေစတာေၾကာင့္ ကေလးကို ဘယ္လိုခ်ီရမလဲဆိုတာ သိဖို႔ အေရးႀကီးပါတယ္။

၁။ ကေလးကို ခ်ိဳင္းေအာက္ကေန ခ်ီျခင္း

ကေလးတစ္ေယာက္ကို ခ်ီတဲ့အခါ သူတို႔ရဲ႕ ဦးေခါင္းကို support လုပ္ေပးဖို႔ အရမ္းအေရးႀကီးပါတယ္။ ေမြးကင္းစကေလးဟာ လည္ပင္းႂကြက္သားေတြ မဖြံ႕ၿဖိဳးေသးပါဘူး။ သူတို႔ရဲ႕ လည္ပင္းကို စနစ္တက် မထိန္းေပးထားရင္ ထိခိုက္ဒဏ္ရာရတာ၊ အသက္ရႈရ ခက္ခဲတာေတြ ျဖစ္ေစႏိုင္ပါတယ္။ သူတို႔ဟာ အနည္းဆုံး ၄လ ၆လအ႐ြယ္အထိ သူတို႔ေခါင္းကို သူတို႔ မထိန္းႏိုင္ေသးပါဘူး။

၂။ carrier ျဖင့္ ကေလးကို ခ်ီပိုးျခင္း

carrier ေတြကို အသုံးျပဳႏိုင္ေပမယ့္ သူတို႔ကို ဘယ္လိုသုံးရမလဲဆိုတာ သိထားရပါမယ္။ ကေလးရဲ႕ ေျခေထာက္ေတြကို carrier ျဖင့္ ထိန္းထားေပးသင့္ပါတယ္။ မိခင္က ကေလးကို ခ်ီထားတဲ့ နည္းလမ္းနင့္ အတူတူပါပဲ။ carrier ဟာ ကေလးရဲ႕ လည္ပင္းကို ထိန္းထားေပးၿပီး ေက်ာတျပင္လုံးအား ဖုံးကာထားတဲ့ အေနအထားျဖစ္ရမည္။ ဒါမွသာ ကေလးရဲ႕ ေက်ာ႐ိုးကို ထိခိုက္ေစမွာ မဟုတ္ပါဘူး။ ကေလးက ခြထိုင္တဲ့ အေနအထားျဖင့္ ခ်ီပိုးပါက ကေလးရဲ႕ ေပါင္ႏွစ္ဘက္ဟာ ကားေနတဲ့ အေနအထားျဖစ္ရပါမယ္။ ဒီလိုမွမဟုတ္ဘဲ ကေလးရဲ႕ ေျခေထာက္ေတြက တြဲေလာင္းျဖစ္ေနမယ္ဆိုရင္ dysplasia or dislocation ကဲ့သို႔ေသာ တင္ပါးဆုံ႐ိုး ေရာဂါမ်ားကို ျဖစ္ေစႏိုင္ပါတယ္။

၃။ ကေလးရဲ႕ ဦးေခါင္းကို ပုခုံးေပၚတင္ၿပီး ခ်ီျခင္း

ရင္ခ်င္းကပ္အေနအထားျဖင့္ ကေလးကို ခ်ီပါက သူတို႔မ်က္ႏွာအေနအထားကို ဂ႐ုစိုက္သင့္ပါတယ္။ ကေလးမ်က္ႏွာဟာ မိခင္ရဲ႕ ပုခုံးအထက္မွာ ျဖစ္သင့္ပါတယ္။ တကယ္လို႔ ကေလးရဲ႕ မ်က္ႏွာဟာ ပခုံးႏွင့္ ကပ္ေနမယ္ဆိုရင္ အသက္ရႈရ ခက္ခဲေစပါတယ္။ ထို႔အျပင္ သင့္ရဲ႕ အက်ႌစဟာ ကေလးရဲ႕ ပါးစပ္ထဲသို႔ ေရာက္သြားႏိုင္ပါတယ္။

၄။ ဟိုဘက္ သည္ဘက္ ေျပာင္းမခ်ီျခင္း

ကေလးကို ခ်ီထားတဲ့ ဘက္ေတြကို ေျပာင္းဖို႔ လိုအပ္ပါတယ္။ အေစာပိုင္းက ေျပာခဲ့သလို ကေလးရဲ႕ လည္ပင္းဟာ အားနည္းပါေသးတယ္။ ဒါ့ေၾကာင့္ ႂကြက္သား ႏွစ္ဖက္စလုံး ဖြံ႕ၿဖိဳးတိုးတတ္ဖို႔ အေရးႀကီးပါတယ္။ ဒီလိုမွမဟုတ္ရင္ တစ္ဖက္က လည္ပင္းႂကြက္သားဟာ အားနည္းလာၿပီး ကေလးေခါင္းလွည့္တာနဲ႔ ျပႆနာရွိႏိုင္ပါတယ္။

၅။ သူတို႔ရဲ႕ ေနာက္ေက်ာကို ထိန္းမထားေပးျခင္း

ကေလးကိုခ်ီတဲ့အခါ တင္ပါးေတြႏွင့္ ဦးေခါင္းကိုသာ မေပြ႕ထားသင့္ပါဘူး။ ပထမအခ်က္က ကေလး ျပဳတ္က်ႏိုင္ေျခရွိလို႔ပါ။ ဒုတိယအခ်က္က သင့္ေတာ္တဲ့ ေက်ာေထာက္ေနာက္ခံ ပံ့ပိုးမႈ မရွိတာေၾကာင့္ ေက်ာ႐ိုးကို မႏိုင္ဝန္ ထမ္းမိေစပါတယ္။ ဒါ့ေၾကာင့္ လက္တစ္ဖက္က ေခါင္းကိုထိန္းထားၿပီး ေနာက္လက္တစ္ဖက္က ကလးရဲ႕ ေက်ာကို ထိန္းထားဖို႔ လိုအပ္ပါတယ္။

၆။ ခ်ီပိုးသူကို ေက်ာေပးသည့္ အေနအထားျဖင့္ ခ်ီျခင္း

သင့္ကို ေက်ာေပးထားတဲ့ အေနအထားျဖင့္ ခ်ီတာက မေကာင္းပါဘူးေနာ္။ ကေလးကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲေစပါတယ္။ ဒါ့အျပင္ သူတို႔ရဲ႕ ေက်ာ႐ိုးႏွင့္ ေျခေထာက္ေတြကို ဖိအားျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ ကေလးကို ရင္ဘတ္ႏွင့္ ကပ္ခ်ီတာက ပိုေကာင္းပါတယ္။ ကေလးရဲ႕ ေျခေထာက္ႏွင့္ ေက်ာကုန္းကို ထိန္းေပးထားဖို႔ အေသအခ်ာ ဂ႐ုစိုက္ေပးပါ။

၇။ ကေလးကို လက္ကဆြဲျခင္း

ကေလးတစ္ေယာက္ကို လက္ကေန မဆြဲပါနဲ႔။ ဒါက radial head subluxation သို႔မဟုတ္ တံေတာင္ဆစ္အ႐ိုး ေခ်ာ္ထြက္သြားတာ ၊ အ႐ိုးအဆစ္လြဲတာေတြ ျဖစ္ေစပါတယ္။ ဒီအေျခအေနက အသက္ ၅ႏွစ္ မျပည့္ေသးတဲ့ ကေလးေတြမွာ ျဖစ္ေလ့ရွိပါတယ္။ ကေလးတစ္ေယာက္ကို ဆြဲေခၚတဲ့အခါ၊ သူတို႔ကို လႊဲလိုက္တဲ့အခါမွာလည္း ျဖစ္ႏိုင္ပါတယ္။ ကေလးေတြဟာ အသက္ ၅ႏွစ္အ႐ြယ္ေရာက္တဲ့အခါ အ႐ိုးအဆစ္ေတြ ပိုမိုအားေကာင္းလာၿပီး တံေတာင္ဆစ္ ဆြဲဆန္႔မႈ ဖြံ႕ၿဖိဳးလာနိင္ေျခ နည္းပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here