ကျန်းမာရေးကောင်းချင်သူတိုင်း သိဖို့လိုတဲ့ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှု (၁၀)မျိုး

0
80

ကျွန်တော်တို့ဟာ ဘဝကို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေချင်လျှင် ဆေးပညာမှာ နောက်ဆုံးပေါ် သိပ္ပံနည်းကျ သုတေသနများကို သတိထားပေးရပါမယ်။ ထိုကဲ့သို့သော လေ့လာမှုများရဲ့ ရလဒ်တွေက ကျွန်တော်တို့ရဲ့ ဆေးဘက်ဆိုင်ရာ အသိပညာတွေကို ပြောင်းလဲနိုင်တာကြောင့်ပါ။ ဥပမာ- ကျွန်တော်တို့သိထားတာက ကျောကုန်းကို မတ်မတ်ထားပြီး ထိုင်တာက ကျန်းမာရေးနှင့် ညီညွတ်ကြောင်း သိထားပါတယ်။ ဒါပေမယ့် ကျွမ်းကျင်သူများက မတ်မတ် ထိုင်တာထက် ကျောကိုကွေးပြီးထိုင်တာက ပိုပြီးကျန်းမာတယ်ဆိုတဲ့ ကောက်ချက်တွေ မကြာသေးမီက ထွက်ရှိလာပါပြီ။ ထို့အပြင် လက်သည်းအလှပြင်ဆိုင်မှာ အလုပ်လုပ်ခြင်းဟာ ရေနံသန့်စင်စက်ရုံမှာ အလုပ်လုပ်သကဲ့သို့ အန္တရာယ်ရှိကြောင်း ကောက်ချက်ချလာကြပါတယ်။

ကျွန်တော်တို့ သိရှိထားတာနဲ့ သူတို့ရဲ့ကောက်နုတ်ချက်တွေက ဘယ်လိုကွာခြားနေတယ်ဆိုတာ သိရှိစေဖို့ ကျွန်တော်တို့ရဲ့ လူနေမှုပုံစံအပေါ် အပြုသဘောလွမ်းမိုးမှုရှိနိုင်တဲ့ သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုအကြောင်းကို လေ့လာကြည့်ရအောင်။

၁။ အူအတတ်ခွဲထားသူတစ်ယောက်ဟာ ပါကင်ဆန်ရောဂါ ဖြစ်ပေါ်စေနိုင်ပါတယ်

ကလိဗ်လန်မြို့တော် Case Western Reserve တက္ကသိုလ်မှ ကျွမ်းကျင်သူများက လူနာ ၆၂.၂သန်းရဲ့ ဆေးဘက်ဆိုင်ရာ အချက်အလက် databaseတွေကို စိစစ်လေ့လာခဲ့ကြပါတယ်။ အူအတတ်ခွဲထားသူတွေဟာ ပါကစ်ဆန်ရောဂါ သုံးကြိမ်ထက်မနည်းရှိကြောင်းကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ကျွမ်းကျင်သူများဟာ ရောဂါနဲ့ ခွဲစိတ်မှုအကြား ဆက်စပ်မှုကို အတိအကျ မသိရှိခဲ့ရပေမယ့် သူတို့အကြားမှာ ချိတ်ဆက်မှု တချို့အမျိုးအစားရှိကြောင်း သိသာခဲ့ပါတယ်။
https://bit.ly/2QROXco

၂။ လက်သည်းအလှပြင်ဆိုင်မှာ အလုပ်လုပ်ခြင်းက ရေနံသန့်စင်စက်ရုံမှာ အလုပ်လုပ်သလိုပဲ အန္တရာယ်ဖြစ်နိုင်ပါတယ်

ကော်လိုရာဒိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကော်လိုရာဒိုပြည်နယ်မှာ လက်သည်းအလှပြင်ဆိုင် ၆ဆိုင်ရဲ့ လေထုအရည်အသွေးကို ၁နှစ်ခွဲလောက် လေ့လာခဲ့ကြပါတယ်။ သူတို့ဟာ benzene, toluene, ethylbenzene, နဲ့ xylene လိုပဲ ဖော်မယ်ဒီဟိုက်ဒြပ်တွေပါဝင်မှုကို တိုင်းတာခဲ့ကြပါတယ်။ ၎င်းကို လက်သည်းအလှပြင်ဆိုင် ၆ဆိုင်လုံးမှာ တွေ့ရှိခဲ့ပါတယ်။ ဒီအဆိပ်အတောက် စုစည်းမှုအဆင့်တွေက သွေးကင်ဆာ၊ လည်ချောင်းကင်ဆာနှင့် တခြားကင်ဆာအမျိုးအစားတွေ တိုးပွားမှု အန္တရာယ်ကို ပုံမှန်ထက် အဆများစွာ ပိုမိုမြင့်မားကြောင်းကို တွေ့ရှိခဲ့ပါတယ်။

ထို့အပြင် အလှပြင်ဆိုင်ဝန်ထမ်းတွေကို မေးတဲ့ မေးခွန်းလွှာမှာ အလှပြင်ဆိုင် ဝန်ထမ်းအများစုဟာ ခေါင်းကိုက်တာအပြင် အသားအရေနှင့် မျက်လုံးယားယံမှု ခံစားရကြောင်း ပြသခဲ့ပါတယ်။ ကျွမ်းကျင်သူများက လူတစ်ယောက်ဟာ နှစ် ၂၀လောက် ဒီလေထုထဲမှာ အသက်ရှုရင် ကင်ဆာဖွံ့ဖြိုးမှုအန္တရာယ် အဆ ၁၀၀ ပိုမိုမြင့်မားကြောင်းနှင့် လက်သည်းအလှပြင်ဆိုင်မှာ အလုပ်လုပ်ခြင်းက ရေနံသန့်စင်စက်ရုံ သို့မဟုတ် ကားဂိုဒေါင်မှာ အလုပ်လုပ်တာနဲ့ တူညီကြောင်း တွက်ချက်ပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာ သုတေသီများက သူတို့မှာ ပန်းနာရင်ကျပ်ရောဂါ သို့မဟုတ် ဓါတ်မတည့်တာ မရှိဘူးဆိုရင် စိုးရိမ်ဖို့မလိုကြောင်း ထောက်ပြခဲ့ပါတယ်။
https://bit.ly/2KyOaM2

၃။ အပြာရောင် LED မီးအလင်းက မျက်စိကို အန္တရာယ် ဖြစ်စေပါတယ်

အလုပ်သမားထိန်းချုပ်မှုနှင့် သဘာဝပတ်ဝန်းကျင်၊ အစားအစာ နိုင်ငံတကာအေဂျင်စီမှ ပြင်သစ်ကျွမ်းကျင်သူများက LED မီးအိမ်နှင့် တခြား devices များမှ ထုတ်လွှင်တဲ့ အပြာရောင်အလင်းရောင်ဟာ လူတွေရဲ့ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် မျက်လုံး retina အလွှာပေါ်ကို ဆိုးကျိုးသက်ရောက်မှုရှိပြီး ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်စည်းချက် ကို အနှောက်အယှက် ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ကလေးတွေမှာ သူတို့ရဲ့ မျက်လုံးထဲက lens ဟာ လုံးဝမဖွဲ့စည်းသေးတာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။ ကျွမ်းကျင်သူများက နွေးထွေးသော အလင်းထုတ်လွှင့်ပေးတဲ့ မီးအိမ် ကိုသုံးဖို့ အကြံပြုထားပါတယ်။
https://bit.ly/31bjKW3

၃။ လူတစ်ယောက်ရဲ့ စားချိန်ဟာ သူတို့ရဲ့ နေ့စဉ်အချိန်ဇယားလိုပဲ အရေးကြီးပါတယ်

ဆရာဝန်များက ညဘက်မှာ အလုပ်လုပ်ခြင်းဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါနှင့် ဆီးချိုအမျိုးအစား 2 ဖွံဖြိုးမှု အန္တရာယ်ကို သိသိသာသာ တိုးပွားစေသော ဇီဝဖြစ်စဉ်စည်းချက်ကို ကြာရှည် အနှောက်အယှက်ဖြစ်စေကြောင်းကို သတိပြုမိခဲ့ကြပါတယ်။ ကင်းဘရစ်နင့် မန်ချက်စတာ တက္ကသိုလ်မှ ကျွမ်းကျင်သူများက လူတစ်ယောက်ရဲ့ အစားစားချိန်ဟာ တူညီတဲ့ပြဿနာများကို ဦးတည်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါက ပုံမှန်မဟုတ်တဲ့ အချိန်မှာ အစာစားတဲ့အခါ ဖြစ်ပေါ်ပါတယ်။ စမ်းသပ်ချက်တွေမှာ လူတစ်ယောက်ဟာ ထိုကဲ့သို့စားလျှင် ဇီဝဖြစ်စဉ်စည်းချက်ဟာ မှားယွင်းပြီး ခန္တာကိုယ်က နေ့နဲ့ ည ခြားနားမှုကို မမြင်တော့ဘူးလို့ ပြသခဲ့ပါတယ်။
အဆိုပါလေ့လာချက်ကို ရေးသားသူက ညဘက်မှာ အလုပ်လုပ်သူဟာ မိုးသောက်ချိန်မှာ မစားသင့်ဘူးလို့ ပြောပါတယ်။

၄။ နေရောင်ကာကွယ်ဆေး အရင်တုန်းကထက်ပိုပြီး အန္တရာယ်ရှိပါတယ်

အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှု (FDA)မှ ကျွမ်းကျင်သူတစ်စုက အမျိုးသားနှင့် အမျိုးသမီး စေတနာ့ ဝန်ထမ်း၂၄ယောက်နှင့် အသေးစားလက်တွေ့ စမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ရက်ပေါင်းများစွာ သူတို့ဟာ နေရောင်ကာကွယ်တဲ့ လိုးရှင်း၊ စပရေးသို့ ခရမ်ကို တစ်ရက် ၄ကြိမ်လူးကြပါတယ်။ တစ်ပတ်အကြာတွင် ပါဝင်သူအားလုံးကို သွေးစစ်ခဲ့ပါတယ်။ ရလဒ်က အရမ်းမကောင်းပါဘူး။ ဒီနေရောင်ကာအလှကုန်တွေသုံးခြင်းက သွေးထဲမှာ active ingredientsတွေ သိသိသာသာ တိုးလာတာကို တွေ့ရှိခဲ့ပါတယ်။ တချို့ကိစ္စတွေမှာ ၎င်းက ဘေးကင်းတဲ့ အဆင့်ထက် အဆ ၄၀၀ ပိုမြင့်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ အရေပြားကင်ဆာ ဖွံ့ဖြိုးမှုအန္တရာယ်ကို တိုးစေတာကြောင့် နေရောင်ကာကွယ်ဆေးတွေကို အသုံးမပြု ပေးသင့်ဘူးလို့ သိပ္ပံပညာရှင်များက ဆိုပါတယ်။
https://bit.ly/2Krkrow

၆။ Vapes တွေက လူ့နှလုံးကို တဖြည်းဖြည်းချင်း သေစေပါတယ်

မက်ဆာချူးဆက် ဆေးပညာတက္ကသိုလ်မှ ဆရာဝန်များက လေ့လာမှုတစ်ခု ပြုလုပ်ပြီး ဆေးလိပ်အစားထိုး Vapes မှာထည့်ထားတဲ့ အနံ့အရသာများက နှလုံးသွေးကြောထဲမှ ဆဲလ်များကို အန္တရာယ်ဖြစ်စေကြောင်း သက်သေပြခဲ့ပါတယ်။ အနံ့အရသာများက ရောင်ရမ်းခြင်းနှင့် အချို့သော နှလုံးဆဲလ်များကိုတောင် သေဆုံးမှု ဖြစ်ပေါ်စေနိုင်ပါတယ်။ အနံ့အရသာ ၆မျိုးကို စမ်းသပ်ခဲ့ကြပြီး သစ်ကြံပိုးအနံ့အရသာ အရည်က အန္တရာယ်အရှိဆုံးလို့ တွေ့ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက ကျွမ်းကျင်သူများကလည်း vapes နှင့် heart attack ရှိခြင်းအကြား ချိတ်ဆက်မှုတစ်ခုကို တွေ့ရှိခဲ့ပါသေးတယ်။

၇။ အမြဲတမ်း ကျောကို မတ်မတ်ကြီး မထိုင်သင့်ပါဘူး

ထိုင်တဲ့အခါ ကျောကို မတ်မတ်ထိုင်သင့်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က လေ့လာမှုများမှာ ဒီအိုင်ဒီယာက မှားယွင်းကြောင်း ပြသခဲ့ပါတယ်၊ လူတစ်ယောက်ဟာ ထိုင်နေစဉ် ကျောကို ကွေးထားလျှင် ကျောရိုးပေါ်မှာ ဝန်ပိပြီး အန္တရာယ် ဖြစ်နိုင်ကြောင်း အချိန်ကြာမြင့်စွာ လူသိများခဲ့ပါတယ်။ ဒါပေမယ့် Stockton-on-Tees မြို့တော်က မြောက်ပိုင်းဆေးတက္ကသိုလ်မှ အရိုးအကြောအဆစ် ပညာရှင်များက သူတို့ရဲ့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုတွေကို သယ်ဆောင်လာခဲ့ပါတယ်၊ ကျောကို အနည်းငယ်ကွေးပြီးထိုင်တာက ကျောအောက်ပိုင်းနာကျင်သူတွေအတွက် ကောင်းနိုင်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။
ဒီလေ့လာမှုမှာ ၄၅ဒီဂရီကွေးပြီး ထိုင်တာက ထိုင်နေစဉ် ခြေထောက်များနင့် ကျောမှာ ဖိအားသက်သာကြောင်း ပြသခဲ့ပါတယ်။
https://dailym.ai/2HOLreP

၇။ လေထုစိုထိုင်းမှုထိန်းစက်များက တုတ်ကွေးဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်

ယေးလ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက လေထုစိုထိုင်းခြင်းက တုပ်ကွေးဗိုင်းရပ်စ်ပိုးများမှ ခန္ဓာကိုယ်၏ တုံ့ပြန်မှုကို လွှမ်းမိုးမှုရှိကြောင်း တွေ့ရှိခဲ့ပါတယ်၊ ကျွမ်းကျင်သူများက လူသားများကဲ့သို့ တုပ်ကွေးဗိုင်းရပ်စ်ကို တုံ့ပြန်ကြောင်း မျိုးရိုးဗီဇပြုပြင်ထားတဲ့ ကြွက်များနှင့်အတူ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ စိုထိုင်းဆမတူပေမယ့် တူညီတဲ့ အခန်းအပူချိန်နှင့်အတူ အခန်းတွေထဲမှာရှိတဲ့ တိရိစ္ဆာန်များဟာ (H1N1)တုပ်ကွေးဗိုင်းရပ်စ်ကို ကြုံတွေ့ခဲ့ပါတယ်။ စိုထိုင်းဆနိမ့်တဲ့နေရာမှာ နေတဲ့ သက်ရှိများဟာ ဗိုင်းရပ်စ်ကူးစက်ခြင်းကို ပိုပြီးဖြစ်လွယ်တာကို တွေ့ရှိခဲ့ပါတယ်။
သိပ္ပံပညာရှင်များက တုပ်ကွေးကူးစက်ခြင်းအန္တရာယ်ကို လျှော့ချနိုင်ဖို့အတွက် လေထုစိုထိုင်းမှုထိန်းစက်တွေကို အသုံးပြုသင့်ကြောင်း ယုံကြည်ခဲ့ကြပါတယ်။
https://bit.ly/2VJWobm

၉။ ဇက်ချိုးခြင်းက သင့်ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိပါတယ်

လူအတော်များများက လည်ပင်းအကြောပြေအောင် ဇက်ချိုးတာ ပြုလုပ်တတ်ကြပါတယ်။ ဒါက စိုးရိမ်စရာ ကျန်းမာရေးပြဿနာတွေရှိနိုင်တယ်လို့ ဆရာဝန်များက သတိပေးကြပါတယ်။ မကြာသေးမီက ၂၈နှစ်အရွယ် Josh Hader ဆိုသူဟာ လည်ပင်းကို ဟိုဘက် ဒီဘက် စောင်းပြီး လည်ပင်းကို အကြောဆန့်ခြင်း ပြုလုပ်ခဲ့ပါတယ်။ ရုတ်တရက် သူဟာ ဖောက်ခနဲ ကြားခဲ့ရပြီး သူ့ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းဟာ လုံးဝးအေးစက်သွားတာကို ခံစားလိုက်ရပါတယ်။ သူဟာ အားနည်းသွားသလို ခံစားရပြီး အဆက်မပြတ် ကြို့ထိုးနေခဲ့ပါတယ်။ အမြင်အာရုံပြဿနာတွေလည်း ရှိခဲ့ပါတယ်။

ဆေးရုံမှာ ဆရာဝန်များက လေဖြတ်တာလို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဂျွန်ဟာ သူ့လည်ပင်းကို ဆန့်လိုက်တဲ့အခါ ဦးနှောက်အခြေမှာ ဦးခေါင်းခွံနှင့် ဆက်နေတဲ့ လည်ပင်းရဲ့နေရာ လည်ပင်းရဲ့ အရိုးကို သွားသော သွေးလွှတ်ကြော ဆုတ်ပြဲသွားပါတယ်၊ သူဟာ ဆေးရုံမှာ ရက်ပေါင်းများစွာနေခဲ့ရပါတယ်၊ ယနေ့တိုင် အိမ်မှာနေရပေမယ့် coordination ချို့ယွင်းမှုကဲ့သို့သော ပြဿနာတစ်ချို့ ရှိနေဆဲပါ။
https://cnn.it/2Z4V8MY

၁၀။ လေ့ကျင့်ခန်းက မနက်ခင်းမှာ ပိုပြီးထိရောက်ပါတယ်

ကယ်လီဖိုးနီးယား တက္ကသိုလ်မျ သုတေသီများဦးဆောင်တဲ့ လေ့လာမှုအသစ်တစ်ခုမှာ နံနက်ခင်း အားကစားလုပ်ခြင်းက ညနေခင်းမှာထက် ပိုပြီးထိရောက်ကြောင်း သက်သေပြခဲ့ပါတယ်။ မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းက ကျွန်တော်တို့ ဆဲလ်များဟာ အောက်ဆီဂျင်ကို ပိုပြီးစားသုံးသလို ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အက်တီဗိတ် ဖြစ်စေပါတယ်။ ဒါ့ကြောင့် မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ပိုကောင်းစေတာကြောင့် ပိုပြီးထိရောက်ပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

က်န္းမာေရးေကာင္းခ်င္သူတိုင္း သိဖို႔လိုတဲ့ သိပၸံနည္းက် ရွာေဖြေတြ႕ရွိမႈ (၁၀)မ်ိဳး
ကြၽန္ေတာ္တို႔ဟာ ဘဝကို က်န္းက်န္းမာမာနဲ႔ အသက္ရွည္ရွည္ ေနခ်င္လွ်င္ ေဆးပညာမွာ ေနာက္ဆုံးေပၚ သိပၸံနည္းက် သုေတသနမ်ားကို သတိထားေပးရပါမယ္။ ထိုကဲ့သို႔ေသာ ေလ့လာမႈမ်ားရဲ႕ ရလဒ္ေတြက ကြၽန္ေတာ္တို႔ရဲ႕ ေဆးဘက္ဆိုင္ရာ အသိပညာေတြကို ေျပာင္းလဲႏိုင္တာေၾကာင့္ပါ။ ဥပမာ- ကြၽန္ေတာ္တို႔သိထားတာက ေက်ာကုန္းကို မတ္မတ္ထားၿပီး ထိုင္တာက က်န္းမာေရးႏွင့္ ညီၫြတ္ေၾကာင္း သိထားပါတယ္။ ဒါေပမယ့္ ကြၽမ္းက်င္သူမ်ားက မတ္မတ္ ထိုင္တာထက္ ေက်ာကိုေကြးၿပီးထိုင္တာက ပိုၿပီးက်န္းမာတယ္ဆိုတဲ့ ေကာက္ခ်က္ေတြ မၾကာေသးမီက ထြက္ရွိလာပါၿပီ။ ထို႔အျပင္ လက္သည္းအလွျပင္ဆိုင္မွာ အလုပ္လုပ္ျခင္းဟာ ေရနံသန္႔စင္စက္႐ုံမွာ အလုပ္လုပ္သကဲ့သို႔ အႏၲရာယ္ရွိေၾကာင္း ေကာက္ခ်က္ခ်လာၾကပါတယ္။

ကြၽန္ေတာ္တို႔ သိရွိထားတာနဲ႔ သူတို႔ရဲ႕ေကာက္ႏုတ္ခ်က္ေတြက ဘယ္လိုကြာျခားေနတယ္ဆိုတာ သိရွိေစဖို႔ ကြၽန္ေတာ္တို႔ရဲ႕ လူေနမႈပုံစံအေပၚ အျပဳသေဘာလြမ္းမိုးမႈရွိႏိုင္တဲ့ သိပၸံနည္းက် ရွာေဖြေတြ႕ရွိမႈအေၾကာင္းကို ေလ့လာၾကည့္ရေအာင္။

၁။ အူအတတ္ခြဲထားသူတစ္ေယာက္ဟာ ပါကင္ဆန္ေရာဂါ ျဖစ္ေပၚေစႏိုင္ပါတယ္

ကလိဗ္လန္ၿမိဳ႕ေတာ္ Case Western Reserve တကၠသိုလ္မွ ကြၽမ္းက်င္သူမ်ားက လူနာ ၆၂.၂သန္းရဲ႕ ေဆးဘက္ဆိုင္ရာ အခ်က္အလက္ databaseေတြကို စိစစ္ေလ့လာခဲ့ၾကပါတယ္။ အူအတတ္ခြဲထားသူေတြဟာ ပါကစ္ဆန္ေရာဂါ သုံးႀကိမ္ထက္မနည္းရွိေၾကာင္းကို ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။ ကြၽမ္းက်င္သူမ်ားဟာ ေရာဂါနဲ႔ ခြဲစိတ္မႈအၾကား ဆက္စပ္မႈကို အတိအက် မသိရွိခဲ့ရေပမယ့္ သူတို႔အၾကားမွာ ခ်ိတ္ဆက္မႈ တခ်ိဳ႕အမ်ိဳးအစားရွိေၾကာင္း သိသာခဲ့ပါတယ္။
https://bit.ly/2QROXco

၂။ လက္သည္းအလွျပင္ဆိုင္မွာ အလုပ္လုပ္ျခင္းက ေရနံသန္႔စင္စက္႐ုံမွာ အလုပ္လုပ္သလိုပဲ အႏၲရာယ္ျဖစ္ႏိုင္ပါတယ္

ေကာ္လိုရာဒိုတကၠသိုလ္မွ သိပၸံပညာရွင္မ်ားက ေကာ္လိုရာဒိုျပည္နယ္မွာ လက္သည္းအလွျပင္ဆိုင္ ၆ဆိုင္ရဲ႕ ေလထုအရည္အေသြးကို ၁ႏွစ္ခြဲေလာက္ ေလ့လာခဲ့ၾကပါတယ္။ သူတို႔ဟာ benzene, toluene, ethylbenzene, နဲ႔ xylene လိုပဲ ေဖာ္မယ္ဒီဟိုက္ျဒပ္ေတြပါဝင္မႈကို တိုင္းတာခဲ့ၾကပါတယ္။ ၎ကို လက္သည္းအလွျပင္ဆိုင္ ၆ဆိုင္လုံးမွာ ေတြ႕ရွိခဲ့ပါတယ္။ ဒီအဆိပ္အေတာက္ စုစည္းမႈအဆင့္ေတြက ေသြးကင္ဆာ၊ လည္ေခ်ာင္းကင္ဆာႏွင့္ တျခားကင္ဆာအမ်ိဳးအစားေတြ တိုးပြားမႈ အႏၲရာယ္ကို ပုံမွန္ထက္ အဆမ်ားစြာ ပိုမိုျမင့္မားေၾကာင္းကို ေတြ႕ရွိခဲ့ပါတယ္။

ထို႔အျပင္ အလွျပင္ဆိုင္ဝန္ထမ္းေတြကို ေမးတဲ့ ေမးခြန္းလႊာမွာ အလွျပင္ဆိုင္ ဝန္ထမ္းအမ်ားစုဟာ ေခါင္းကိုက္တာအျပင္ အသားအေရႏွင့္ မ်က္လုံးယားယံမႈ ခံစားရေၾကာင္း ျပသခဲ့ပါတယ္။ ကြၽမ္းက်င္သူမ်ားက လူတစ္ေယာက္ဟာ ႏွစ္ ၂၀ေလာက္ ဒီေလထုထဲမွာ အသက္ရႈရင္ ကင္ဆာဖြံ႕ၿဖိဳးမႈအႏၲရာယ္ အဆ ၁၀၀ ပိုမိုျမင့္မားေၾကာင္းႏွင့္ လက္သည္းအလွျပင္ဆိုင္မွာ အလုပ္လုပ္ျခင္းက ေရနံသန္႔စင္စက္႐ုံ သို႔မဟုတ္ ကားဂိုေဒါင္မွာ အလုပ္လုပ္တာနဲ႔ တူညီေၾကာင္း တြက္ခ်က္ျပခဲ့ပါတယ္။
တစ္ခ်ိန္တည္းမွာ သုေတသီမ်ားက သူတို႔မွာ ပန္းနာရင္က်ပ္ေရာဂါ သို႔မဟုတ္ ဓါတ္မတည့္တာ မရွိဘူးဆိုရင္ စိုးရိမ္ဖို႔မလိုေၾကာင္း ေထာက္ျပခဲ့ပါတယ္။
https://bit.ly/2KyOaM2

၃။ အျပာေရာင္ LED မီးအလင္းက မ်က္စိကို အႏၲရာယ္ ျဖစ္ေစပါတယ္

အလုပ္သမားထိန္းခ်ဳပ္မႈႏွင့္ သဘာဝပတ္ဝန္းက်င္၊ အစားအစာ ႏိုင္ငံတကာေအဂ်င္စီမွ ျပင္သစ္ကြၽမ္းက်င္သူမ်ားက LED မီးအိမ္ႏွင့္ တျခား devices မ်ားမွ ထုတ္လႊင္တဲ့ အျပာေရာင္အလင္းေရာင္ဟာ လူေတြရဲ႕ က်န္းမာေရးအေပၚ ဆိုးက်ိဳးသက္ေရာက္မႈရွိေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ အထူးသျဖင့္ မ်က္လုံး retina အလႊာေပၚကို ဆိုးက်ိဳးသက္ေရာက္မႈရွိၿပီး ခႏၶာကိုယ္ထဲက ဇီဝျဖစ္စဥ္စည္းခ်က္ ကို အေႏွာက္အယွက္ ျဖစ္ေပၚေစပါတယ္။ အထူးသျဖင့္ ကေလးေတြမွာ သူတို႔ရဲ႕ မ်က္လုံးထဲက lens ဟာ လုံးဝမဖြဲ႕စည္းေသးတာေၾကာင့္ အႏၲရာယ္ရွိႏိုင္ပါတယ္။ ကြၽမ္းက်င္သူမ်ားက ေႏြးေထြးေသာ အလင္းထုတ္လႊင့္ေပးတဲ့ မီးအိမ္ ကိုသုံးဖို႔ အႀကံျပဳထားပါတယ္။
https://bit.ly/31bjKW3

၃။ လူတစ္ေယာက္ရဲ႕ စားခ်ိန္ဟာ သူတို႔ရဲ႕ ေန႔စဥ္အခ်ိန္ဇယားလိုပဲ အေရးႀကီးပါတယ္

ဆရာဝန္မ်ားက ညဘက္မွာ အလုပ္လုပ္ျခင္းဟာ ႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါႏွင့္ ဆီးခ်ိဳအမ်ိဳးအစား 2 ဖြံၿဖိဳးမႈ အႏၲရာယ္ကို သိသိသာသာ တိုးပြားေစေသာ ဇီဝျဖစ္စဥ္စည္းခ်က္ကို ၾကာရွည္ အေႏွာက္အယွက္ျဖစ္ေစေၾကာင္းကို သတိျပဳမိခဲ့ၾကပါတယ္။ ကင္းဘရစ္နင့္ မန္ခ်က္စတာ တကၠသိုလ္မွ ကြၽမ္းက်င္သူမ်ားက လူတစ္ေယာက္ရဲ႕ အစားစားခ်ိန္ဟာ တူညီတဲ့ျပႆနာမ်ားကို ဦးတည္ေစႏိုင္တယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။ ဒါက ပုံမွန္မဟုတ္တဲ့ အခ်ိန္မွာ အစာစားတဲ့အခါ ျဖစ္ေပၚပါတယ္။ စမ္းသပ္ခ်က္ေတြမွာ လူတစ္ေယာက္ဟာ ထိုကဲ့သို႔စားလွ်င္ ဇီဝျဖစ္စဥ္စည္းခ်က္ဟာ မွားယြင္းၿပီး ခႏၲာကိုယ္က ေန႔နဲ႔ ည ျခားနားမႈကို မျမင္ေတာ့ဘူးလို႔ ျပသခဲ့ပါတယ္။
အဆိုပါေလ့လာခ်က္ကို ေရးသားသူက ညဘက္မွာ အလုပ္လုပ္သူဟာ မိုးေသာက္ခ်ိန္မွာ မစားသင့္ဘူးလို႔ ေျပာပါတယ္။

၄။ ေနေရာင္ကာကြယ္ေဆး အရင္တုန္းကထက္ပိုၿပီး အႏၲရာယ္ရွိပါတယ္

အေမရိကန္အစားအစာႏွင့္ ေဆးဝါးစီမံခန္႔ခြဲမႈ (FDA)မွ ကြၽမ္းက်င္သူတစ္စုက အမ်ိဳးသားႏွင့္ အမ်ိဳးသမီး ေစတနာ့ ဝန္ထမ္း၂၄ေယာက္ႏွင့္ အေသးစားလက္ေတြ႕ စမ္းသပ္မႈ ျပဳလုပ္ခဲ့ပါတယ္။ ရက္ေပါင္းမ်ားစြာ သူတို႔ဟာ ေနေရာင္ကာကြယ္တဲ့ လိုးရွင္း၊ စပေရးသို႔ ခရမ္ကို တစ္ရက္ ၄ႀကိမ္လူးၾကပါတယ္။ တစ္ပတ္အၾကာတြင္ ပါဝင္သူအားလုံးကို ေသြးစစ္ခဲ့ပါတယ္။ ရလဒ္က အရမ္းမေကာင္းပါဘူး။ ဒီေနေရာင္ကာအလွကုန္ေတြသုံးျခင္းက ေသြးထဲမွာ active ingredientsေတြ သိသိသာသာ တိုးလာတာကို ေတြ႕ရွိခဲ့ပါတယ္။ တခ်ိဳ႕ကိစၥေတြမွာ ၎က ေဘးကင္းတဲ့ အဆင့္ထက္ အဆ ၄၀၀ ပိုျမင့္ခဲ့ပါတယ္။
တခ်ိန္တည္းမွာပဲ ကြၽန္ေတာ္တို႔ဟာ အေရျပားကင္ဆာ ဖြံ႕ၿဖိဳးမႈအႏၲရာယ္ကို တိုးေစတာေၾကာင့္ ေနေရာင္ကာကြယ္ေဆးေတြကို အသုံးမျပဳ ေပးသင့္ဘူးလို႔ သိပၸံပညာရွင္မ်ားက ဆိုပါတယ္။
https://bit.ly/2Krkrow

၆။ Vapes ေတြက လူ႔ႏွလုံးကို တျဖည္းျဖည္းခ်င္း ေသေစပါတယ္

မက္ဆာခ်ဴးဆက္ ေဆးပညာတကၠသိုလ္မွ ဆရာဝန္မ်ားက ေလ့လာမႈတစ္ခု ျပဳလုပ္ၿပီး ေဆးလိပ္အစားထိုး Vapes မွာထည့္ထားတဲ့ အနံ႔အရသာမ်ားက ႏွလုံးေသြးေၾကာထဲမွ ဆဲလ္မ်ားကို အႏၲရာယ္ျဖစ္ေစေၾကာင္း သက္ေသျပခဲ့ပါတယ္။ အနံ႔အရသာမ်ားက ေရာင္ရမ္းျခင္းႏွင့္ အခ်ိဳ႕ေသာ ႏွလုံးဆဲလ္မ်ားကိုေတာင္ ေသဆုံးမႈ ျဖစ္ေပၚေစႏိုင္ပါတယ္။ အနံ႔အရသာ ၆မ်ိဳးကို စမ္းသပ္ခဲ့ၾကၿပီး သစ္ႀကံပိုးအနံ႔အရသာ အရည္က အႏၲရာယ္အရွိဆုံးလို႔ ေတြ႕ရွိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္တုန္းက ကြၽမ္းက်င္သူမ်ားကလည္း vapes ႏွင့္ heart attack ရွိျခင္းအၾကား ခ်ိတ္ဆက္မႈတစ္ခုကို ေတြ႕ရွိခဲ့ပါေသးတယ္။

၇။ အၿမဲတမ္း ေက်ာကို မတ္မတ္ႀကီး မထိုင္သင့္ပါဘူး

ထိုင္တဲ့အခါ ေက်ာကို မတ္မတ္ထိုင္သင့္တယ္လို႔ ယုံၾကည္ခဲ့ၾကပါတယ္။ ဒါေပမယ့္ မၾကာေသးခင္က ေလ့လာမႈမ်ားမွာ ဒီအိုင္ဒီယာက မွားယြင္းေၾကာင္း ျပသခဲ့ပါတယ္၊ လူတစ္ေယာက္ဟာ ထိုင္ေနစဥ္ ေက်ာကို ေကြးထားလွ်င္ ေက်ာ႐ိုးေပၚမွာ ဝန္ပိၿပီး အႏၲရာယ္ ျဖစ္ႏိုင္ေၾကာင္း အခ်ိန္ၾကာျမင့္စြာ လူသိမ်ားခဲ့ပါတယ္။ ဒါေပမယ့္ Stockton-on-Tees ၿမိဳ႕ေတာ္က ေျမာက္ပိုင္းေဆးတကၠသိုလ္မွ အ႐ိုးအေၾကာအဆစ္ ပညာရွင္မ်ားက သူတို႔ရဲ႕ ကိုယ္ပိုင္စုံစမ္းစစ္ေဆးမႈေတြကို သယ္ေဆာင္လာခဲ့ပါတယ္၊ ေက်ာကို အနည္းငယ္ေကြးၿပီးထိုင္တာက ေက်ာေအာက္ပိုင္းနာက်င္သူေတြအတြက္ ေကာင္းႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္။
ဒီေလ့လာမႈမွာ ၄၅ဒီဂရီေကြးၿပီး ထိုင္တာက ထိုင္ေနစဥ္ ေျခေထာက္မ်ားနင့္ ေက်ာမွာ ဖိအားသက္သာေၾကာင္း ျပသခဲ့ပါတယ္။
https://dailym.ai/2HOLreP

၇။ ေလထုစိုထိုင္းမႈထိန္းစက္မ်ားက တုတ္ေကြးျဖစ္ျခင္းကေန ကာကြယ္ေပးပါတယ္

ေယးလ္တကၠသိုလ္မွ သိပၸံပညာရွင္မ်ားက ေလထုစိုထိုင္းျခင္းက တုပ္ေကြးဗိုင္းရပ္စ္ပိုးမ်ားမွ ခႏၶာကိုယ္၏ တုံ႔ျပန္မႈကို လႊမ္းမိုးမႈရွိေၾကာင္း ေတြ႕ရွိခဲ့ပါတယ္၊ ကြၽမ္းက်င္သူမ်ားက လူသားမ်ားကဲ့သို႔ တုပ္ေကြးဗိုင္းရပ္စ္ကို တုံ႔ျပန္ေၾကာင္း မ်ိဳး႐ိုးဗီဇျပဳျပင္ထားတဲ့ ႂကြက္မ်ားႏွင့္အတူ စမ္းသပ္မႈတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ စိုထိုင္းဆမတူေပမယ့္ တူညီတဲ့ အခန္းအပူခ်ိန္ႏွင့္အတူ အခန္းေတြထဲမွာရွိတဲ့ တိရိစာၦန္မ်ားဟာ (H1N1)တုပ္ေကြးဗိုင္းရပ္စ္ကို ႀကဳံေတြ႕ခဲ့ပါတယ္။ စိုထိုင္းဆနိမ့္တဲ့ေနရာမွာ ေနတဲ့ သက္ရွိမ်ားဟာ ဗိုင္းရပ္စ္ကူးစက္ျခင္းကို ပိုၿပီးျဖစ္လြယ္တာကို ေတြ႕ရွိခဲ့ပါတယ္။
သိပၸံပညာရွင္မ်ားက တုပ္ေကြးကူးစက္ျခင္းအႏၲရာယ္ကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ေလထုစိုထိုင္းမႈထိန္းစက္ေတြကို အသုံးျပဳသင့္ေၾကာင္း ယုံၾကည္ခဲ့ၾကပါတယ္။
https://bit.ly/2VJWobm

၉။ ဇက္ခ်ိဳးျခင္းက သင့္က်န္းမာေရးအတြက္ အလြန္အႏၲရာယ္ရွိပါတယ္

လူအေတာ္မ်ားမ်ားက လည္ပင္းအေၾကာေျပေအာင္ ဇက္ခ်ိဳးတာ ျပဳလုပ္တတ္ၾကပါတယ္။ ဒါက စိုးရိမ္စရာ က်န္းမာေရးျပႆနာေတြရွိႏိုင္တယ္လို႔ ဆရာဝန္မ်ားက သတိေပးၾကပါတယ္။ မၾကာေသးမီက ၂၈ႏွစ္အ႐ြယ္ Josh Hader ဆိုသူဟာ လည္ပင္းကို ဟိုဘက္ ဒီဘက္ ေစာင္းၿပီး လည္ပင္းကို အေၾကာဆန္႔ျခင္း ျပဳလုပ္ခဲ့ပါတယ္။ ႐ုတ္တရက္ သူဟာ ေဖာက္ခနဲ ၾကားခဲ့ရၿပီး သူ႔ခႏၶာကိုယ္ ဘယ္ဘက္ျခမ္းဟာ လုံးဝးေအးစက္သြားတာကို ခံစားလိုက္ရပါတယ္။ သူဟာ အားနည္းသြားသလို ခံစားရၿပီး အဆက္မျပတ္ ႀကိဳ႕ထိုးေနခဲ့ပါတယ္။ အျမင္အာ႐ုံျပႆနာေတြလည္း ရွိခဲ့ပါတယ္။

ေဆး႐ုံမွာ ဆရာဝန္မ်ားက ေလျဖတ္တာလို႔ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ ဂြၽန္ဟာ သူ႔လည္ပင္းကို ဆန္႔လိုက္တဲ့အခါ ဦးေႏွာက္အေျခမွာ ဦးေခါင္းခြံႏွင့္ ဆက္ေနတဲ့ လည္ပင္းရဲ႕ေနရာ လည္ပင္းရဲ႕ အ႐ိုးကို သြားေသာ ေသြးလႊတ္ေၾကာ ဆုတ္ၿပဲသြားပါတယ္၊ သူဟာ ေဆး႐ုံမွာ ရက္ေပါင္းမ်ားစြာေနခဲ့ရပါတယ္၊ ယေန႔တိုင္ အိမ္မွာေနရေပမယ့္ coordination ခ်ိဳ႕ယြင္းမႈကဲ့သို႔ေသာ ျပႆနာတစ္ခ်ိဳ႕ ရွိေနဆဲပါ။
https://cnn.it/2Z4V8MY

၁၀။ ေလ့က်င့္ခန္းက မနက္ခင္းမွာ ပိုၿပီးထိေရာက္ပါတယ္

ကယ္လီဖိုးနီးယား တကၠသိုလ္မ် သုေတသီမ်ားဦးေဆာင္တဲ့ ေလ့လာမႈအသစ္တစ္ခုမွာ နံနက္ခင္း အားကစားလုပ္ျခင္းက ညေနခင္းမွာထက္ ပိုၿပီးထိေရာက္ေၾကာင္း သက္ေသျပခဲ့ပါတယ္။ မနက္ခင္းမွာ ေလ့က်င့္ခန္းလုပ္ျခင္းက ကြၽန္ေတာ္တို႔ ဆဲလ္မ်ားဟာ ေအာက္ဆီဂ်င္ကို ပိုၿပီးစားသုံးသလို ခႏၶာကိုယ္ဇီဝျဖစ္စဥ္ကို အက္တီဗိတ္ ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ မနက္ခင္းမွာ ေလ့က်င့္ခန္းလုပ္ျခင္းက သင့္ရဲ႕ ဇီဝကမၼျဖစ္စဥ္ကို ပိုေကာင္းေစတာေၾကာင့္ ပိုၿပီးထိေရာက္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here