ကျန်းမာပြီး လှပသောအသားအရေကို ရရှိစေဖို့ အကောင်းဆုံးအစာ ၈မျိုး

ကျန်းမာပြီး လှပသောအသားအရေကို ရရှိစေဖို့ အကောင်းဆုံးအစာ ၈မျိုး

0
30

လူတစ်ယောက်မှာ အစားအသောက်ဆိုတာ အင်မတန်အရေးကြီးတဲ့ အရာပါ။ ပိုပြီးအရေးကြီးတာက ကျန်းမာပြီး အာဟာရဖြစ်စေတဲ့ အစားအသောက်တွေဖြစ်ဖို့ပါ။ အမျိုးသမီးတစ်ယောက်လှပဖို့ဆိုတာ အစားအသောက်ပိုင်းဆိုင်ရာ အလွန်အရေးပါတဲ့အတွက် ဒီကနေ့မှာ ကျန်းမာရေးနဲ့ ညီညွှတ်ပြီးတော့ အသားအရေလှပစေမယ့် အစားအသောက်လေးတွေကို မျှ၀ေပေးချင်ပါတယ်။

-Advertisement-

၁။ အဆီပြန်ငါး

အဆီ (သို့) အဆီများသော ငါးတွေမှာ ခန္ဓာကိုယ်ရဲ့ ပုံမှန်လည်ပတ်မှုအပြင် ဆံပင်ကောင်းခြင်းအတွက် လိုအပ်သော ကျန်းမာသည့် Omega-3အက်ဆစ်များစွာပါ၀င်ပါတယ်။ Omega-3 အက်ဆစ်များဟာ ဆံပင်ရဲ့ အခြေအနေကို အကျိုးသက်ရောက်စေပါတယ်။ ဆံပင်ကျန်းမာသန်စွမ်းဖို့ Omega-3အက်ဆစ်များကြွယ်၀သော အစားအစာများကို သင့်ရဲ့နေ့စဥ်အစားအစာထဲမှာ ထည့်စားဖို့လိုအပ်ပါတယ်။ ဥပမာအားဖြင့် Salmonငါးများနှင့် ရေချိုငါးများ၊ အခြားပင်လယ်စာများနှင့် ငါးဆီတွေလိုမျိုး ငါးတွေကို စားသုံးပေးနိုင်ပါတယ်။ ပင်လယ်စာတွေဟာ သွေးကြောဆိုင်ရာရောဂါများကို တိုက်ဖျက်တဲ့နေရာမှာ ကူညီပေးပါတယ်။ သွေးလည်ပတ်မှုကိုလည်း တိုးတက်စေပြီးတော့ ရေဓာတ်ကိုလည်း ဖြည့်တင်းခြင်းနှင့် အရေပြားအရောင်များကိုလည်း အကျိုးသက်ရောက်စေပါတယ်။ ၀က်ခြံတွေကိုလည်း ပျောက်ကင်းစေပါတယ်။

၂။ အသားနဲ့အသည်း

အသားနဲ့အသည်းဟာ ဗီတာမင်စီဓာတ်ကြွယ်၀ပါတယ်။ ဆယ်လူလာဇီ၀ဖြစ်ပျက်မှုမှာ ပါ၀င်ပါတယ်။ ဆံပင်နဲ့ အရေပြားအတွက် ခြောက်သွေ့ခြင်း၊ နီကြောင်ကြောင်ဖြစ်ခြင်း၊ အနီစက်များဖြစ်ခြင်းကနေ ကူညီပေးနိုင်ပါတယ်။

၃။ အစိမ်းရောင်အရွက်များ

ဟင်းနုနယ်ရွယ်ဟာ ဘယ်လောက်ထိအသုံး၀င်ကြောင်း သင်တစ်ကြိမ်ထက်မက ကြားဖူးပါလိမ့်မယ်။ ဟင်းနုနယ်ရွက်ကို ဟင်းပွဲများစွာမှာ ထည့်ကြပါတယ်။ ဟင်းနုနယ်ရွက်က အသားအရေလတ်ဆတ်မှုနှင့် နုပျိုမှုကို ထိန်းသိမ်းရန်လိုအပ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်အီးနှင့် beta-caroteneတို့ရဲ့ အကောင်းဆုံးအရင်းအမြစ်ဖြစ်ပါတယ်။ ဟင်းနုနယ်ရွက်နှင့် အခြားအစိမ်းရောင်အရွက် ဟင်းသီးဟင်းရွက်များဖြင့် အသုပ်များ၊ ဟင်းချိုများ၊ pancakes ၊ဖျော်ရည်နှင့် အခြားများစွာ ချက်ပြုတ်နိုင်ပါတယ်။ အကောင်းဆုံးအကျိုးသက်ရောက်မှုရရှိချင်တယ်ဆိုရင်တော့ သံပရာရည်ကဲ့သို့သော ဗီတာမင်စီများသော အစားအစာများနှင့် ဟင်းနုနယ်ရွက်နှင့်ချက်ပြုတ်ပါ။

၄။ ဗာဒံသီး

ဗာဒံသီးဟာ အစားအသောက်နဲ့ပတ်သက်ပြီး ကျန်းမာရေးကို ဂရုစိုက်ပြီး အထူးသတိပြုစားသောက်နေထိုင်နေချင်သူတွေအတွက် နံပါတ်တစ်ထုတ်ကုန်ဖြစ်ပါတယ်။ ဗာဒံသီးမှာ omega-3 နှင့် omega-6 fatty acids , vitamin E biotin အလှအပနှင့် လူငယ်ဗီတာမင်များအပြင် ဆံပင် folliclesခိုင်မာခြင်းနှင့် ဆံပင်အားကောင်းစေခြင်းအတွက် ပရိုတင်းများစွာပါ၀င်ပါတယ်။

၅။ အသီးအရွက်များ

ခရမ်းချဥ်သီးဟာ အိုမင်းခြင်းကို ဆန့်ကျင်သော ဂုဏ်သတ္တိရှိသော antioxidant lycopeneရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ငရုတ်ကောင်းမှာ လိမ္မော်သီးများထက် ဗီတာမင်စီပါ၀င်ပါတယ်။(collagenထုတ်လုပ်ဖို့ ဗီတာမင်စီလိုအပ်ပါတယ်။ ၎င်းက အရေပြားကို elasticityဖြစ်စေပါတယ်)

၆။နို့ထွက်ပစ္စည်းများ

ဒိန်ချဥ်နှင့် ဒိန်ခဲကဲ့သို့သော probioticsများပါ၀င်သော အစားများဟာ အစာချေခြင်းကို ပိုမိုကောင်းမွန်စေပြီး အရေပြားအခြေအနေကို အပါအ၀င်ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများကိုပါ အကျိုးသက်ရောက်စေပါတယ်။ သစ်သီးများနှင့် အတူ ဒိန်ချဥ်ကိုဖျော်ဖို့ ကြိုးစားပါ။ ဒါဟာ အရသာအလွန့်အလွန်ကောင်းမွန်ရုံမက ကျန်းမာရေးကိုအတွက်လည်း အထူးသင့်လျော်ပါတယ်။

၇။ အသီးများ

အသီးမပါသော အစားအစာမရှိပါဘူး။ ကျန်းမာရေးနှင့် အရသာရှိသော ပန်းသီးများ၊ ဗီတာမင်စီကြွယ်၀သော ကီ၀ီသီးများ၊ မဂ္ဂနီဆီယမ်ကြွယ်၀သော ငှက်ပျောသီးများ ဤအသီးတွေအားလုံးက သင့်ကို ပိုမိုကျန်းမာစေရုံသာမက လှပစေပါတယ်။

၈။ကိုကိုးနှင့် ချောကလက်

အကယ်၍များ သင်ဟာ ညစဥ်ညတိုင်း ချောကလက်တစ်တောင့်ကို သိုလှောင်ထားတယ်ဆိုရင် ကျွန်မအနေနဲ့ သင့်ကို အပြစ်တင်မှာ မဟုတ်ပါဘူး။ ဒီအလေ့အထဟာဆိုရင် ကောင်းမွန်သောခံစားချက်အတွက်သာမက အသွင်အပြင်အတွက်ပါ အသုံး၀င်ပါတယ်။ ကိုကိုးဓာတ်ပါ၀င်မှု မြင့်မားသော ချောကလက်အနည်းငယ်က အရေပြား၊ ဆံပင်နှင့် လက်သည်းတို့ရဲ့ အခြေအနေကို ကောင်းမွန်စေပါတယ်။ သို့သော် အဆုံးမှာ ၇၀%နှင့်အထက် ကိုကိုးဓာတ်ပါ၀င်သော ချောကလက်အတွက်သာ မှန်ကန်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

sources-.cosmopolitan.

LEAVE A REPLY

Please enter your comment!
Please enter your name here