ကျကျန်ခဲ့တဲ့ ပိုက်ဆံအိတ်ကို ပြန်ပေးလို့ အလုပ်နဲ့ နေစရာရသွားသူ အိုးမဲ့ အိမ်မဲ့အမျိုးသား

0
331
ရိုးသားမှု

“မရှိခိုးနိုး မလှစုန်းမျိုး” လို့ လူတွေ ဆိုစမတ်ပြုကြပေမဲ့ ကမ္ဘာပေါ်မှာ ဥစ္စာပစ္စည်းမရှိပေမဲ့ တကယ့်ကို ရိုးသားဖြောင့်မတ်တဲ့ လူတွေ အနည်းနဲ့ အများတော့ ရှိပါသေးတယ်။ ယခုလည်း ထိုင်းနိုင်ငံက အသက် ၄၅နှစ်အရွယ် Woralop ဆိုတဲ့ အိုးမဲ့ အိမ်မဲ့ အမျိုးသားတစ်ဦးဟာ လုပ်ငန်းရှင်းတစ်ဦးရဲ့ ပိုက်ဆံအိတ်ကျကျန်ခဲ့ပေမဲ့ ရိုးရိုးသားသား ပိုင်ရှင်ထံ ပြန်ပေးခဲ့ပါတယ်။ ထိုပိုက်ဆံအိတ်ထဲမှာ ထိုင်းဘက် ၂၀၀၀၀ (အမေရိကန်ဒေါ်လာ ၅၇၇)နဲ့အတူ ခရက်ဒစ်ကတ်တွေလည်း ပါဝင်ပါတယ်။

-Advertisement-

Woralop ဟာ မြေအောက်ရထားဘူတာရဲ့ ကြမ်းပြင်တစ်နေရာမှာ အိပ်နေတုန်း အဆိုပါ ပိုက်ဆံအိတ် ပြုတ်ကျသွားတာကို တွေ့ခဲ့ရတာပါ။ အဲ့ဒီနောက် ပိုက်ဆံအိတ်ကို ကောက်ပြီး သူ့ဘဝမှာ ဒီလောက်များတဲ့ ငွေပမာဏကို တစ်ခါမှ မမြင်ဖူးဘူးလို့ ဆိုပါတယ်။ ဒီပိုက်ဆံတွေဟာ လုပ်ငန်းရှင်တစ်ဦးအတွက် ဘာမှ မပြောပလောက်ပေမဲ့ သူ့အတွက်တော့ ကောင်းကောင်းအသုံးချနိုင်လောက်တဲ့ ငွေပမာဏတစ်ခုပါ။

ဒါပေမဲ့လည်း ထိုအမျိုးသားက ပိုက်ဆံကို မယူခဲ့ပါဘူး။ ပိုင်ရှင်ထံ သွားပြန်ပေးဖို့ မမှီလိုက်တဲ့အတွက် အနားရှိ ရဲစခန်းကို အပ်ခဲ့ပါတယ်။ အဲ့ဒီနောက် ပိုင်ရှင်ဖြစ်သူ Niity Pongkriangyos က သူ့ပိုက်ဆံအိတ်ပျောက်သွားလို့ ရဲစခန်းမှာ အကူအညီလာတောင်းတဲ့အခါမှာတော့ သူ့ပိုက်ဆံအိတ်ကို ကောက်ရသူတစ်ဦးက ရဲစခန်းမှာ လာအပ်ထားကြောင်းသိခဲ့ရပါတယ်။

အဲ့ဒီနောက် Nitty ဟာ သူ့ပိုက်ဆံအိတ်ကောက်ရတဲ့သူကို တွေ့ချင်ပါတယ်ဆိုပြီး ရဲတွေနဲ့အတူ အနီးနားတစ်ဝိုက်မှာ ရှာဖွေခဲ့ပါတယ်။ ကောက်ရတဲ့သူကိုတွေ့တဲ့အခါမှာတော့ ထိုသူဟာ အိမ်းမဲ့အိမ်မဲ့ တစ်ဦးဖြစ်နေမှန်း သိခဲ့ရပါတယ်။ ဒါ့ကြောင့် ထိုအမျိုးသားရဲ့ ရိုးသားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ဘန်ကောက်မှာရှိတဲ့ သူ့စက်ရုံမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ပထမပိုင်းမှာ သူ့အတွက် လိုအပ်တာသုံးဖို့ ထိုင်းဘတ် ၂၀၀၀ ပေးခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အတွက် နေရာထိုင်ခင်းအပါအဝင် တစ်လကို ဘတ် ၁၁၀၀၀ နဲ့ အလုပ်ခန့်အပ်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာလည်း Woralop ရဲ့ ပုံကို ပို့စ်တင်ပြီး ရိုးသားသူက သနား ကြင်နာတတ်သူတွေ တွေ့ဆုံမိတဲ့အခါ အခွင့်အလမ်းကောင်းတွေ အများကြီး ရရှိကြောင်း ဒီလိုလူမျိုးကို အတုယူသင့်ကြောင်း ရေးသားထားခဲ့ပါတယ်။ ဒါက နှစ်ဦးနှစ်ဖက်စလုံးရဲ့ စိတ်ချမ်းသာမှုနဲ့ ပျော်ရွှင်မှု ပေးစွမ်းနိုင်တယ်လို့ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

တစ်ချိန်သူမအသက်ကို ကယ်တင်ခဲ့တဲ့ အမည်မသိသွေးအလှူရှင်က လက်ရှိမှာသူမရဲ့ ရည်းစားဖြစ်မှန်းသိခဲ့ရ

Zawgyi Fonts

က်က်န္ခဲ့တဲ့ ပိုက္ဆံအိတ္ကို ျပန္ေပးလို႔ အလုပ္နဲ႔ ေနစရာရသြားသူ အိုးမဲ့ အိမ္မဲ့အမ်ိဳးသား
“မရွိခိုးနိုး မလွစုန္းမ်ိဳး” လို႔ လူေတြ ဆိုစမတ္ျပဳၾကေပမဲ့ ကမၻာေပၚမွာ ဥစၥာပစၥည္းမရွိေပမဲ့ တကယ့္ကို ရိုးသားေျဖာင့္မတ္တဲ့ လူေတြ အနည္းနဲ႔ အမ်ားေတာ့ ရွိပါေသးတယ္။ ယခုလည္း ထိုင္းနိုင္ငံက အသက္ ၄၅ႏွစ္အရြယ္ Woralop ဆိုတဲ့ အိုးမဲ့ အိမ္မဲ့ အမ်ိဳးသားတစ္ဦးဟာ လုပ္ငန္းရွင္းတစ္ဦးရဲ့ ပိုက္ဆံအိတ္က်က်န္ခဲ့ေပမဲ့ ရိုးရိုးသားသား ပိုင္ရွင္ထံ ျပန္ေပးခဲ့ပါတယ္။ ထိုပိုက္ဆံအိတ္ထဲမွာ ထိုင္းဘက္ ၂၀၀၀၀ (အေမရိကန္ေဒၚလာ ၅၇၇)နဲ႔အတူ ခရက္ဒစ္ကတ္ေတြလည္း ပါဝင္ပါတယ္။

Woralop ဟာ ေျမေအာက္ရထားဘူတာရဲ့ ၾကမ္းျပင္တစ္ေနရာမွာ အိပ္ေနတုန္း အဆိုပါ ပိုက္ဆံအိတ္ ျပဳတ္က်သြားတာကို ေတြ႕ခဲ့ရတာပါ။ အဲ့ဒီေနာက္ ပိုက္ဆံအိတ္ကို ေကာက္ၿပီး သူ႔ဘဝမွာ ဒီေလာက္မ်ားတဲ့ ေငြပမာဏကို တစ္ခါမွ မျမင္ဖူးဘူးလို႔ ဆိုပါတယ္။ ဒီပိုက္ဆံေတြဟာ လုပ္ငန္းရွင္တစ္ဦးအတြက္ ဘာမွ မေျပာပေလာက္ေပမဲ့ သူ႔အတြက္ေတာ့ ေကာင္းေကာင္းအသုံးခ်နိုင္ေလာက္တဲ့ ေငြပမာဏတစ္ခုပါ။

ဒါေပမဲ့လည္း ထိုအမ်ိဳးသားက ပိုက္ဆံကို မယူခဲ့ပါဘူး။ ပိုင္ရွင္ထံ သြားျပန္ေပးဖို႔ မမွီလိုက္တဲ့အတြက္ အနားရွိ ရဲစခန္းကို အပ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ပိုင္ရွင္ျဖစ္သူ Niity Pongkriangyos က သူ႔ပိုက္ဆံအိတ္ေပ်ာက္သြားလို႔ ရဲစခန္းမွာ အကူအညီလာေတာင္းတဲ့အခါမွာေတာ့ သူ႔ပိုက္ဆံအိတ္ကို ေကာက္ရသူတစ္ဦးက ရဲစခန္းမွာ လာအပ္ထားေၾကာင္းသိခဲ့ရပါတယ္။

အဲ့ဒီေနာက္ Nitty ဟာ သူ႔ပိုက္ဆံအိတ္ေကာက္ရတဲ့သူကို ေတြ႕ခ်င္ပါတယ္ဆိုၿပီး ရဲေတြနဲ႔အတူ အနီးနားတစ္ဝိုက္မွာ ရွာေဖြခဲ့ပါတယ္။ ေကာက္ရတဲ့သူကိုေတြ႕တဲ့အခါမွာေတာ့ ထိုသူဟာ အိမ္းမဲ့အိမ္မဲ့ တစ္ဦးျဖစ္ေနမွန္း သိခဲ့ရပါတယ္။ ဒါ့ေၾကာင့္ ထိုအမ်ိဳးသားရဲ့ ရိုးသားမွုကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဘန္ေကာက္မွာရွိတဲ့ သူ႔စက္႐ုံမွာ အလုပ္လုပ္ဖို႔ ကမ္းလွမ္းခဲ့ပါတယ္။ ပထမပိုင္းမွာ သူ႔အတြက္ လိုအပ္တာသုံးဖို႔ ထိုင္းဘတ္ ၂၀၀၀ ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္ သူ႔အတြက္ ေနရာထိုင္ခင္းအပါအဝင္ တစ္လကို ဘတ္ ၁၁၀၀၀ နဲ႔ အလုပ္ခန္႔အပ္ခဲ့ပါတယ္။

ဆိုရွယ္မီဒီယာေပၚမွာလည္း Woralop ရဲ့ ပုံကို ပို႔စ္တင္ၿပီး ရိုးသားသူက သနား ၾကင္နာတတ္သူေတြ ေတြ႕ဆုံမိတဲ့အခါ အခြင့္အလမ္းေကာင္းေတြ အမ်ားႀကီး ရရွိေၾကာင္း ဒီလိုလူမ်ိဳးကို အတုယူသင့္ေၾကာင္း ေရးသားထားခဲ့ပါတယ္။ ဒါက ႏွစ္ဦးႏွစ္ဖက္စလုံးရဲ့ စိတ္ခ်မ္းသာမွုနဲ႔ ေပ်ာ္ရႊင္မွု ေပးစြမ္းနိုင္တယ္လို႔ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here