ကၽြန္ေတာ္တို႔ဟာ အိမ္တြင္းသန္႔ရွင္းေရးနဲ႔ သာမန္လုပ္ေလ့လုပ္ထရွိတဲ့ အက်င့္စ႐ိုက္အခ်ိဳ႕ဟာ အမႈအမွတ္မဲ့ဆိုေပမဲ့ တခ်ိဳ႕အခ်က္ေတြက ကၽြန္ေတာ္တို႔ရဲ႕ က်န္းမာေရးခ်ိဳ႕ယြင္းမႈ႔ကိုျဖစ္ေပၚေစပါတယ္။ ဒါ့ေၾကာင့္ Lifestyle_Myanmar ပရိတ္ႀကီးအတြက္ သာမန္လုပ္ေလ့လုပ္ထရွိတဲ့အျပဳအမူေတြထဲကမွ ဘယ္အျပဳအမူေတြက ကၽြန္ေတာ္တို႔ရဲ႕ က်န္းမာေရးကို ထိခိုက္ႏိုင္တယ္ဆိုတာ ဗဟုသုတအေနနဲ႔ မွ်ေဝေပးလိုက္ပါတယ္။
၁။ ပန္းကန္ေဆးေရစင္
ပန္းကန္ေဆးေရစင္ဟာ မ်ားေသာအားျဖင့္ အသားစိမ္း၊ ငါးစိမ္း၊ အသီးအရြက္၊ ပန္းကန္ ေပါင္းစုံကို ေဆးေၾကာေနတဲ့ေနရာတစ္ခုျဖစ္ၿပီး အၿမဲတမ္းလိုလိုစိုစြတ္ေနတာေၾကာင့္ ဘက္တီးရီးယားမ်ား ခိုေအာင္းႏိုင္တဲ့ေနရာတစ္ခုျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင္ အသားစိမ္း၊ ငါးစိမ္းေဆးေၾကာၿပီးတဲ့အခါမွ အဆိုပါေရစင္ကို ဆပ္ျပာျဖင့္ စင္ၾကယ္ေအာင္ေသခ်ာေဆးေၾကာသင့္ပါတယ္။ ေရစင္မွ ပန္းကန္ေဆးေရျမွဳပ္ကိုလည္း ေရစင္နဲ႔ ခပ္ခြာခြာေနရာမွ ထားသင့္ၿပီး အသုံးျပဳၿပီးတိုင္း အဆိုပါေရျမွဳပ္ကိုသန္႔စင္ၿပီး စိုထုိင္းမေနေအာင္ေရညွစ္သင့္ပါတယ္။ ၿပီးလွ်င္အလြယ္တကူေျခာက္ေသြ႕ႏိုင္တဲ့ေနရာမွာ ထားသင့္ပါတယ္။ ဒါ့အျပင္ စားၿပီးသား/ အသုံးျပဳၿပီးသားပန္းကန္မ်ားကိုလည္း ေရစင္မွာထားျခင္း၊ အခ်ိန္ၾကာၾကာေရစိမ္းထားျခင္းကိုလည္း ေရွာင္ၾကဥ္သင့္ပါတယ္။
၂။ ေရပူျဖင့္ လက္ေဆးေၾကာျခင္း
အခ်ိဳ႕ေသာသုေတသနပညာရွင္ေတြက ေရေႏြးဟာ ဘက္တီးရီးယားပိုးမႊားမ်ားကို မေသေစႏိုင္ဘူးလို႔ဆိုၾကပါတယ္။ ဒါေပမဲ့ လက္ေဆးတယ္ဆိုတာ သာမန္ကိစၥရပ္တစ္ခုျဖစ္ေပမဲ့ က်န္းမာေရးအတြက္ေတာ့ အလြန္အေရးပါ ပါတယ္။ လက္ကို ေရေႏြးျဖင့္ ၅စကၠန္႔ေဆးျခင္းျဖင့္ပိုးမႊားမ်ားအလြယ္တကူမေသေစႏိုင္ေပမဲ့ ၃၀စကၠန္႔ေလာက္ေဆးေၾကာေပးျခင္းကေတာ့ ဘက္တီးရိးယားပိုးမႊားမ်ားကို ေသေစႏိုင္ပါတယ္။ ေရေႏြးျဖင့္ လက္ေဆးေၾကာျခင္းေၾကာင့္ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္းကို ကာကြယ္ေပးၿပီး ပိုးမႊားေတြအတြက္လည္းထိထိေရာက္ေရာက္ကာကြယ္ေပးႏိုင္ပါတယ္။
၃။ အားကစားလုပ္တဲ့အခါ အလွမျပင္သင့္ေၾကာင္း
အားေသာအားျဖင့္ အခ်ိန္မရတာေၾကာင့္ အားကစား႐ုံကိုသြားတဲ့အခါမွာ မိတ္ကပ္မဖ်က္ဘဲ သြားေလ့ရွိၾကပါတယ္။ အားကစား/ေလ့က်င့္ခန္းျပဳလုပ္တဲ့အခါမွာ ခႏၶာကိုယ္မွ ေခၽြးမ်ားထြက္လာပါတယ္။ ဒါေပမဲ့ သင့္အေနနဲ႔မိတ္ကပ္လိမ္းျခယ္ထားတဲ့အခါမ်ိဳးမွာ ထိုမိတ္ကပ္က ေခၽြးေပါက္မ်ားကိုပိတ္ဆို႔တတ္ၿပီး အေရျပားျပႆနာအခ်ိဳ႕ကိုျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ ေလ့က်င့္ခန္း၊ ေခၽြးထြက္ေစႏိုင္မဲ့ အလုပ္မ်ိဳးျပဳလုပ္တဲ့အခါမ်ိဳးမွာ မိတ္ကပ္ကိုဖယ္ရွားၿပီးမွ ျပဳလုပ္သင့္ပါတယ္။
၄။ လက္ေဆးၿပီးတဲ့အခါ Hand Dryer ကို အသုံးမျပဳသင့္ေၾကာင္း
မ်ားေသာအားျဖင့္ စင္တာေတြ၊ အမ်ားသုံးအိမ္သာေတြေတာ္ေတာ္မ်ားမ်ားမွာ Hand Dryer မ်ားကို တပ္ဆင္ထားေလ့ရွိပါတယ္။ ကၽြန္ေတာ္တို႔ဟာ အိမ္သာအသုံးျပဳၿပီးတဲ့အခါမွာ လက္ေဆးၿပီး အေျခာက္ခံဖို႔အတြက္ Hand Dryer ကို အသုံးျပဳလိုက္လွ်င္ သန္႔စင္သြားၿပီလို႔ ထင္ၾကေပမဲ့တကယ္ေတာ့ ထို Hand Dryer အမ်ားစုမွ ထြက္လာတဲ့ ေလဟာ ဘက္တီးရီးယားပိုးမႊားမ်ား စီးဆင္းေနတာေၾကာင့္ အသုံးျပဳမိတဲ့အခါ အဆုတ္၊ အေရျပား သို႔မဟုတ္ ခႏၶာကိုယ္တြင္ ဘက္တီးရီးယားပိုးမႊားမ်ားကပ္တြယ္တတ္ပါတယ္။ သင့္အေနနဲ႔ လက္အေျခာက္ခံဖို႔အတြက္ အသုံးျပဳမယ္ဆိုရင္ေတာ့ တစ္႐ွဴး သို႔မဟုတ္ ကိုယ္ပိုင္လက္ကိုင္ပုဝါ တစ္ခုခုကို အသုံးျပဳတာက်န္းမာေရးအတြက္ပိုၿပီးေကာင္းမြန္ပါတယ္။
၅။ တစ္ခါသုံးအိတ္ကို အသုံးျပဳျခင္း
တစ္ႀကိမ္ထက္ပိုမိုအသုံးျပဳေသာ အိတ္မ်ားမွာ ၉၉.၉% အထိပိုးမႊားေတြ ရွိႏိုင္ပါတယ္။ အထူးသျဖင့္ အသားစိမ္း၊ ငါးစိမ္း မ်ားဝယ္ယူတဲ့အခါမ်ိဳးမွာ တစ္ခါသုံးအိတ္/ စကၠဴအိတ္မ်ိဳးကို အသုံးျပဳသင့္ၿပီး အသီးအရြက္ မ်ားနဲ႔လည္းအတူမထားသင့္ပါဘူး။ တစ္ခါသုံးအိတ္ကို အသုံးမျပဳဘူးဆိုလွ်င္အသုံးျပဳၿပီးတိုင္း အိတ္ကို ေသခ်ာေဆးေၾကာသင့္ၿပီး အျမန္ေျခာက္ေသြ႕ႏိုင္တဲ့ ေနရာမ်ိဳးမွာ လွန္းထားသင့္ပါတယ္။
၆။ စဥ့္ႏွီတုံးကို ဘက္စုံးအသုံးမျပဳသင့္ေၾကာင္း
မီးဖိုေခ်ာင္းမွာ အသုံးျပဳတဲ့ စဥ့္ႏွီတုံးဟာဆိုရင္ မ်ားေသာအားျဖင့္ အသားစိမ္း၊ ငါးစိမ္း နဲ႔ အသီးအရြက္လွီးျဖတ္တဲ့အခါမွာ အသုံးျပဳၾကပါတယ္။ ဒါေပမ့ဲ အသားငါး လွီးျဖတ္ဖို႔၊ အသီးအရြက္လွီးျဖတ္ဖို႔ဆိုၿပီး သီးသန္႔ခြားျခားထားျခင္းမရွိၾကပါဘူး။ အသားစိမ္း၊ ငါးစိမ္းေတြဟာ မခ်က္ျပဳတ္ရေသးခင္အခ်ိန္အတြင္းမွာ ဘက္တီးရီးယားပိုးမႊားမ်ားစြာပါဝင္ေနပါတယ္။ ဒါကိုသင့္အေနနဲ႔ အသားစိမ္းငါးစိမ္းလွီးတဲ့အခါမွာလဲ ထိုစဥ့္ႏွီတုံး၊ အသီးအရြက္လွီးျဖတ္တဲ့အခါမွာလည္း ထိုစဥ့္ႏွီးတုံးပဲ အသုံးျပဳရင္ေတာ့ က်န္းမာေရးကိုထိခိုက္ေစႏိုင္ပါတယ္။ အသားစိမ္း၊ ငါးစိမ္းဟာ ပိုးမႊားမ်ားစြာပါဝင္လို႔ကၽြန္ေတာ္တို႔ခ်က္ျပဳတဲ့အခါမွာ လုံေလာက္တဲ့မီးအပူရွိန္ျဖင့္ ခ်က္ျပဳတ္တာေၾကာင့္ က်က္သြားတဲ့ခါမွာအႏ ၱာရာယ္မရွိေပမဲ့ အသီးအရြက္က်ေတာ့ အပူရွိန္လည္း အသားငါး ေလာက္ေပးစရာမလိုဘဲ၊ အခ်ိန္တိုအတြက္ က်က္ႏိုင္ျခင္း၊ ဒါ့အျပင္ ေတာ္ေတာ္မ်ားမ်ားက မက်က္တက်က္၊ အစိမ္းေၾကာ္ပုံစံကို ႀကိဳက္ႏွစ္သက္ၾကတာေၾကာင့္ ထိုအသီးအရြက္မ်ားမွာ ဘက္တီးရီးယားပိုးမႊားမ်ားပါဝင္ေနလွ်င္ သင့္အတြက္ အႏ ၱာရာယ္ရွိေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အသားငါးနဲ႔ အသီးအရြက္ကို ခြဲထားသင့္သလို စဥ့္ႏွီတုံးကိုလည္း တစ္ခုထဲအသုံးမျပဳသင့္ပါဘူး။
၇။ ၁/၂ ပတ္ေနမွ အဝတ္မ်ားစုေလွ်ာ္ျခင္း
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဝတ္ေလွ်ာ္ဖို႔ အဆင္မေျပတဲ့အခါမ်ိဳးမွာ ႐ုံးပိတ္ရက္/အားလပ္ရက္ေရာက္မွ အဝတ္အစားမ်ားကို စုေလွ်ာ္တတ္ၾကပါတယ္။ ဒီအက်င့္ဟာ ေျခာက္ေသြ႕တဲ့ ေႏြလိုရာသီမ်ိဳးမွာသင့္အတြက္မသိသာေပမဲ့ စိုစြတ္တဲ့မိုးရာသီးနဲ႔ ေအးခဲတဲ့ေဆာင္းရာသီလိုမ်ိဳးမွာ သင့္က်န္းမာေရးကို ထိခိုက္ေစးပါတယ္။ တစ္ပတ္ ႏွစ္ပတ္ေလာက္ အဝတ္ကို စုၿပံဳၿပီး ထားထားေၾကာင့္ ေအးတဲ့ရာသီ၊ စိုစြတ္တဲ့ရာသီမွာ အဝတ္ထည့္တဲ့ ျခင္းေတာင္းဟာ ဘက္တီးရီးယားမ်ား က်က္စားတဲ့ေနရာတစ္ခုလိုျဖစ္သြားပါတယ္။ ဒါ့ေၾကာင့္ အဝတ္အစားကို ေရခ်ိဳးတဲ့အခါတိုင္း တစ္ခါဝတ္ တစ္ခါေလ်ာ္တဲ့စနစ္ကို က်င့္သုံးတာက သင့္က်န္းမာေရးအတြက္ အေကာင္းဆုံးအျပဳအမူပါ။
အရိုးအဆစ္နာက်င္ျခင္းကို သဘာ၀အတိုင္း အလြယ္တကူ ဖယ္ရွားႏိုင္မယ့္နည္းလမ္း
#Lifestyle_Myanmar
#Thar_Nage
Unicode
ကျန်းမာရေးထိခိုက်နိုင်တဲ့ အိမ်တွင်းသာမန်အပြုအမူအကျင့်စရိုက်များ
ကျွန်တော်တို့ဟာ အိမ်တွင်းသန့်ရှင်းရေးနဲ့ သာမန်လုပ်လေ့လုပ်ထရှိတဲ့ အကျင့်စရိုက်အချို့ဟာ အမှုအမှတ်မဲ့ဆိုပေမဲ့ တချို့အချက်တွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးချို့ယွင်းမှု့ကိုဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် Lifestyle_Myanmar ပရိတ်ကြီးအတွက် သာမန်လုပ်လေ့လုပ်ထရှိတဲ့အပြုအမူတွေထဲကမှ ဘယ်အပြုအမူတွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
၁။ ပန်းကန်ဆေးရေစင်
ပန်းကန်ဆေးရေစင်ဟာ များသောအားဖြင့် အသားစိမ်း၊ ငါးစိမ်း၊ အသီးအရွက်၊ ပန်းကန် ပေါင်းစုံကို ဆေးကြောနေတဲ့နေရာတစ်ခုဖြစ်ပြီး အမြဲတမ်းလိုလိုစိုစွတ်နေတာကြောင့် ဘက်တီးရီးယားများ ခိုအောင်းနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သင် အသားစိမ်း၊ ငါးစိမ်းဆေးကြောပြီးတဲ့အခါမှ အဆိုပါရေစင်ကို ဆပ်ပြာဖြင့် စင်ကြယ်အောင်သေချာဆေးကြောသင့်ပါတယ်။ ရေစင်မှ ပန်းကန်ဆေးရေမြှုပ်ကိုလည်း ရေစင်နဲ့ ခပ်ခွာခွာနေရာမှ ထားသင့်ပြီး အသုံးပြုပြီးတိုင်း အဆိုပါရေမြှုပ်ကိုသန့်စင်ပြီး စိုထိုင်းမနေအောင်ရေညှစ်သင့်ပါတယ်။ ပြီးလျှင်အလွယ်တကူခြောက်သွေ့နိုင်တဲ့နေရာမှာ ထားသင့်ပါတယ်။ ဒါ့အပြင် စားပြီးသား/ အသုံးပြုပြီးသားပန်းကန်များကိုလည်း ရေစင်မှာထားခြင်း၊ အချိန်ကြာကြာရေစိမ်းထားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
၂။ ရေပူဖြင့် လက်ဆေးကြောခြင်း
အချို့သောသုတေသနပညာရှင်တွေက ရေနွေးဟာ ဘက်တီးရီးယားပိုးမွှားများကို မသေစေနိုင်ဘူးလို့ဆိုကြပါတယ်။ ဒါပေမဲ့ လက်ဆေးတယ်ဆိုတာ သာမန်ကိစ္စရပ်တစ်ခုဖြစ်ပေမဲ့ ကျန်းမာရေးအတွက်တော့ အလွန်အရေးပါ ပါတယ်။ လက်ကို ရေနွေးဖြင့် ၅စက္ကန့်ဆေးခြင်းဖြင့်ပိုးမွှားများအလွယ်တကူမသေစေနိုင်ပေမဲ့ ၃ဝစက္ကန့်လောက်ဆေးကြောပေးခြင်းကတော့ ဘက်တီးရိးယားပိုးမွှားများကို သေစေနိုင်ပါတယ်။ ရေနွေးဖြင့် လက်ဆေးကြောခြင်းကြောင့် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်းကို ကာကွယ်ပေးပြီး ပိုးမွှားတွေအတွက်လည်းထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။
၃။ အားကစားလုပ်တဲ့အခါ အလှမပြင်သင့်ကြောင်း
အားသောအားဖြင့် အချိန်မရတာကြောင့် အားကစားရုံကိုသွားတဲ့အခါမှာ မိတ်ကပ်မဖျက်ဘဲ သွားလေ့ရှိကြပါတယ်။ အားကစား/လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ်မှ ချွေးများထွက်လာပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့မိတ်ကပ်လိမ်းခြယ်ထားတဲ့အခါမျိုးမှာ ထိုမိတ်ကပ်က ချွေးပေါက်များကိုပိတ်ဆို့တတ်ပြီး အရေပြားပြဿနာအချို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ လေ့ကျင့်ခန်း၊ ချွေးထွက်စေနိုင်မဲ့ အလုပ်မျိုးပြုလုပ်တဲ့အခါမျိုးမှာ မိတ်ကပ်ကိုဖယ်ရှားပြီးမှ ပြုလုပ်သင့်ပါတယ်။
၄။ လက်ဆေးပြီးတဲ့အခါ Hand Dryer ကို အသုံးမပြုသင့်ကြောင်း
များသောအားဖြင့် စင်တာတွေ၊ အများသုံးအိမ်သာတွေတော်တော်များများမှာ Hand Dryer များကို တပ်ဆင်ထားလေ့ရှိပါတယ်။ ကျွန်တော်တို့ဟာ အိမ်သာအသုံးပြုပြီးတဲ့အခါမှာ လက်ဆေးပြီး အခြောက်ခံဖို့အတွက် Hand Dryer ကို အသုံးပြုလိုက်လျှင် သန့်စင်သွားပြီလို့ ထင်ကြပေမဲ့တကယ်တော့ ထို Hand Dryer အများစုမှ ထွက်လာတဲ့ လေဟာ ဘက်တီးရီးယားပိုးမွှားများ စီးဆင်းနေတာကြောင့် အသုံးပြုမိတဲ့အခါ အဆုတ်၊ အရေပြား သို့မဟုတ် ခန္ဓာကိုယ်တွင် ဘက်တီးရီးယားပိုးမွှားများကပ်တွယ်တတ်ပါတယ်။ သင့်အနေနဲ့ လက်အခြောက်ခံဖို့အတွက် အသုံးပြုမယ်ဆိုရင်တော့ တစ်ရှူး သို့မဟုတ် ကိုယ်ပိုင်လက်ကိုင်ပုဝါ တစ်ခုခုကို အသုံးပြုတာကျန်းမာရေးအတွက်ပိုပြီးကောင်းမွန်ပါတယ်။
၅။ တစ်ခါသုံးအိတ်ကို အသုံးပြုခြင်း
တစ်ကြိမ်ထက်ပိုမိုအသုံးပြုသော အိတ်များမှာ ၉၉.၉% အထိပိုးမွှားတွေ ရှိနိုင်ပါတယ်။ အထူးသဖြင့် အသားစိမ်း၊ ငါးစိမ်း များဝယ်ယူတဲ့အခါမျိုးမှာ တစ်ခါသုံးအိတ်/ စက္ကူအိတ်မျိုးကို အသုံးပြုသင့်ပြီး အသီးအရွက် များနဲ့လည်းအတူမထားသင့်ပါဘူး။ တစ်ခါသုံးအိတ်ကို အသုံးမပြုဘူးဆိုလျှင်အသုံးပြုပြီးတိုင်း အိတ်ကို သေချာဆေးကြောသင့်ပြီး အမြန်ခြောက်သွေ့နိုင်တဲ့ နေရာမျိုးမှာ လှန်းထားသင့်ပါတယ်။
၆။ စဉ့်နှီတုံးကို ဘက်စုံးအသုံးမပြုသင့်ကြောင်း
မီးဖိုချောင်းမှာ အသုံးပြုတဲ့ စဉ့်နှီတုံးဟာဆိုရင် များသောအားဖြင့် အသားစိမ်း၊ ငါးစိမ်း နဲ့ အသီးအရွက်လှီးဖြတ်တဲ့အခါမှာ အသုံးပြုကြပါတယ်။ ဒါပေမဲ့ အသားငါး လှီးဖြတ်ဖို့၊ အသီးအရွက်လှီးဖြတ်ဖို့ဆိုပြီး သီးသန့်ခွားခြားထားခြင်းမရှိကြပါဘူး။ အသားစိမ်း၊ ငါးစိမ်းတွေဟာ မချက်ပြုတ်ရသေးခင်အချိန်အတွင်းမှာ ဘက်တီးရီးယားပိုးမွှားများစွာပါဝင်နေပါတယ်။ ဒါကိုသင့်အနေနဲ့ အသားစိမ်းငါးစိမ်းလှီးတဲ့အခါမှာလဲ ထိုစဉ့်နှီတုံး၊ အသီးအရွက်လှီးဖြတ်တဲ့အခါမှာလည်း ထိုစဉ့်နှီးတုံးပဲ အသုံးပြုရင်တော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ အသားစိမ်း၊ ငါးစိမ်းဟာ ပိုးမွှားများစွာပါဝင်လို့ကျွန်တော်တို့ချက်ပြုတဲ့အခါမှာ လုံလောက်တဲ့မီးအပူရှိန်ဖြင့် ချက်ပြုတ်တာကြောင့် ကျက်သွားတဲ့ခါမှာအန ္တာရာယ်မရှိပေမဲ့ အသီးအရွက်ကျတော့ အပူရှိန်လည်း အသားငါး လောက်ပေးစရာမလိုဘဲ၊ အချိန်တိုအတွက် ကျက်နိုင်ခြင်း၊ ဒါ့အပြင် တော်တော်များများက မကျက်တကျက်၊ အစိမ်းကြော်ပုံစံကို ကြိုက်နှစ်သက်ကြတာကြောင့် ထိုအသီးအရွက်များမှာ ဘက်တီးရီးယားပိုးမွှားများပါဝင်နေလျှင် သင့်အတွက် အန ္တာရာယ်ရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် အသားငါးနဲ့ အသီးအရွက်ကို ခွဲထားသင့်သလို စဉ့်နှီတုံးကိုလည်း တစ်ခုထဲအသုံးမပြုသင့်ပါဘူး။
၇။ ၁/၂ ပတ်နေမှ အဝတ်များစုလျှော်ခြင်း
အကြောင်းအမျိုးမျိုးကြောင့် အဝတ်လျှော်ဖို့ အဆင်မပြေတဲ့အခါမျိုးမှာ ရုံးပိတ်ရက်/အားလပ်ရက်ရောက်မှ အဝတ်အစားများကို စုလျှော်တတ်ကြပါတယ်။ ဒီအကျင့်ဟာ ခြောက်သွေ့တဲ့ နွေလိုရာသီမျိုးမှာသင့်အတွက်မသိသာပေမဲ့ စိုစွတ်တဲ့မိုးရာသီးနဲ့ အေးခဲတဲ့ဆောင်းရာသီလိုမျိုးမှာ သင့်ကျန်းမာရေးကို ထိခိုက်စေးပါတယ်။ တစ်ပတ် နှစ်ပတ်လောက် အဝတ်ကို စုပြုံပြီး ထားထားကြောင့် အေးတဲ့ရာသီ၊ စိုစွတ်တဲ့ရာသီမှာ အဝတ်ထည့်တဲ့ ခြင်းတောင်းဟာ ဘက်တီးရီးယားများ ကျက်စားတဲ့နေရာတစ်ခုလိုဖြစ်သွားပါတယ်။ ဒါ့ကြောင့် အဝတ်အစားကို ရေချိုးတဲ့အခါတိုင်း တစ်ခါဝတ် တစ်ခါလျော်တဲ့စနစ်ကို ကျင့်သုံးတာက သင့်ကျန်းမာရေးအတွက် အကောင်းဆုံးအပြုအမူပါ။