ကျန်းမာရေးကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဖုန်းနဲ့ အနီးကပ်ထိတွေ့သူဟာ ကင်ဆာရောဂါနဲ့ မျိုးမပွားနိုင်တဲ့ရောဂါအဖြစ်များတယ်လို့ ဆိုပါတယ်။
0
6041
ဖုန်းအန္တရာယ်
ဖုန်းအန္တရာယ်
အကြံပေးချက်
#Lifestyle_Myanmar
#Thar_Nage
အမြင်မလှတဲ့ ငါးမျက်စိတွေကို ဖယ်ရှားဖို့ ထိရောက်တဲ့ နည်းလမ်း (၈)ခု
Unicode
ကျန်းမာရေးကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဖုန်းနဲ့ အနီးကပ်ထိတွေ့သူဟာ ကင်ဆာနဲ့ မျိုးမပွားနိုင်ဘူးလို့ ဆိုပါတယ်။
ဖုန်းဆိုတာ ယခင်က အသုံးပြုကြတဲ့ တီဗီ၊ နှိုးစက်နာရီ၊ လက်တော့စ်၊ သတင်းစာ၊ ဓာတ်ပုံကင်ရာ၊ တေးဂီတ စတဲ့ အရာတွေအားလုံးကို တစ်နေရာထဲမှာ တစ်စုတစ်စည်းထဲ ရရှိနိုင်တဲ့ Device တစ်မျိုးပဲဖြစ်တာကြောင့် ဒီပစ္စည်းကို အမြဲလိုလို ကိုယ်နဲ့ မကွာဆောင်ထားတတ်ကြပါတယ်။ ဒီလို အမြဲလိုလို ကိုယ်နဲ့ မကွာဆောင်ထားတာ သင်ကျန်းမာရေးအတွက်တော့ ကောင်းမွန်တဲ့စိတ်ကူးမဟုတ်ပါဘူး။
ကယ်လီဖိုးနီးယား ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ အဆိုအရ ဖုန်းမှ ထွက်ပေါ်လာတဲ့ ဓာတ်ရောင် ခြည်ဟာ ကင်ဆာအပြင် ဦးနှောက်ဆိုင်ရာရောဂါများနဲ့ မျိုးမပွားနိုင်တဲ့ ပြဿနာများဖြစ်ပေါ်လာနိုင်ကြောင်း ပြောဆိုထားပါတယ်။ ဖုန်းနဲ့ အနီးကပ် ဖုန်းပြောတာများတဲ့အခါ မှတ်ဉာဏ်ချို့ယွင်းတတ်ခြင်း၊ အိပ်မပျော်တဲ့ ဒုက္ခ၊ ဦးနှောက်ကင်ဆာနဲ့ ယောကျ်ားရော မိန်းမပါ မျိုးပွားမှုနှုန်းကို ကျဆင်းစေပါတယ်။ ဖုန်ထဲမှာ ပါဝင်တဲ့ ဓာတ်ရောင်ခြည်ဟာ သင့်ကို အန္တရာယ်ပေးမဲ့ အကြီးဆုံးအရာပဲဖြစ်ပါတယ်။
အကြံပေးချက်
၁။ ဖုန်းကို ကိုယ်နဲ့ ဝေးဝေးမှာ ထားပါ။ စကားပြောတဲ့အခါ ဦးခေါင်းနဲ့ အရမ်းကပ်ပြီး ပြောတာထက် bluetooth တပ်ဆင်ပြီး စကားပြောတာမျိုး ဒါမှမဟုတ် စပီကာဖွင့်ပြီး ခပ်ခွာခွာဖုန်းပြောတာမျိုးပြုလုပ်သင့်ပါတယ်။
၂။ ဖုန်းပြောဆိုခြင်းမရှိဘဲ နားကြပ်တပ်ဆင်ထားခြင်းကို ရှောင်ကြဉ်ပါ။ ဘာကြောင့်လဲဆိုတော့ နားကြပ်ကြိုးတပ်ဆင်ထားလျှင် နားကြပ်ကြိုးကနေတစ်ဆင့် ခန္ဓာကိုယ်နဲ့ မတည့်တဲ့ ဓာတ်ရောင်ခြည်တွေကူးစက်တတ်ပါတယ်။
၃။ ဖုန်းကို အိပ်ယာဘေးနားမှာ ထားအိပ်တာမျိုးမလုပ်ပါနဲ့။ များသောအားဖြင့် ဖုန်းကို အိပ်ယာထဲ ထည့်ပြီး အိပ်ပျော်တတ်တဲ့ အကျင့်ရှိတာကြောင့် ဒီအကျင့်ကို မလုပ်မိအောင် ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။
၄။ အသံဖိုင်၊ သီချင်းဖိုင်၊ ဗီဒီယို ကြည့်ရှု့နားထောင်တဲ့အခါ အရေးကြီးကိစ္စမရှလျှင် ဖုန်းကို airplane mode လုပ်ထားပေးပါ။
၅။ ဖုန်းခေါ်ပြီး စကားတွေ အကြာကြီးပြောမဲ့အစား အဆင်ပြေရင် စာပို့ပြီးပဲ အဆက်အသွယ်လုပ်ပါ။
၆။ ဖုန်းကို ဘောင်ဘီအိတ်ကပ်တွေ၊ ခါးထိုးတာတွေ မပြုလုပ်ပါနဲ့။ အတတ်နိုင်ဆုံး လက်ကိုင်အိတ်၊ ပတ္တာအိတ်၊ လွယ်အိတ် စတဲ့ ထည့်စရာသီးသန့်အိတ်မျိုးနဲ့ ခွဲသယ်သင့်ပါတယ်။
ဒါ့အပြင် ဦးနှောက်ဖွံ့ဖြိုးဆဲ ကလေးငယ်တွေအတွက် ဖုနး်အသုံးပြုခြင်းဟာ အရမ်းကို အန္တရာယ်ဖြစ်စေတာကြောင့် ကလေးငယ်တွေကို ဖုန်းပေးပြီးအသုံးမပြုဖို့ လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ မရှိမဖြစ်လိုအပ်နေတဲ့ ပစ္စည်တစ်မျိုးလည်းဖြစ်တဲ့အတွက်အသုံးပြုတဲ့အခါ အချိန်အကန့်အသတ်နဲ့ စည်းကမ်းရှိရှိ ကျန်းမာရေးနဲ့ ညီညွှတ်မှုရှိအောင် အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။
LEAVE A REPLY
Please enter your comment!
Please enter your name here