သင့်ကျန်းမာရေးကို ထိခိုက်စေတဲ့ ဖက်ရှင်ပစ္စည်း(8)မျိုး
ဟင်းသီးဟင်းရွက်များ
ဟင်းရွက်ဆီ
ကြက်သား
ထမင်း
#Lifestyle_Myanmar
#TB_Nandar#
Unicode
ကျန်းမာရေးကို ထိခိုက်စေတဲ့ ပြန်နွှေးမစားသင့်တဲ့ အစားအစာများ
အစားအစာများ ကို ပြန်အပူပေးခြင်းက အန္တရာယ်ရှိစေတယ်လို့ ကျွမ်းကျင်သူများအဆိုအရ သိရပါတယ်။သင်သည် သင်၏ကျန်းမာရေးကို ကာကွယ်ချင်တယ်ဆိုရင် အချို့သောအစားအစာများကို ပြန်နွှေးပြီးမစားသင့်ပါဘူး။
အကြိမ်ပေါင်းများစွာ ပြန်နွေးနိုင်သော အစားအစာများရှိပါတယ်။ ဒါပေမယ့် ဘယ်တော့မှ ပြန်နွှေးမစားသင့်တဲ့ အစားအစာများလည်းရှိပါတယ်။ အချို့သော ပြန်နွှေးထားတဲ့ အစားကြွင်းစားကျန်များကို စားသုံးပါက သင့်ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေပါတယ်။ ဒါကြောင့် အောက်ပါ စားကြွင်းစားကျန်များကို ရှောင်ရှားဖို့ သတိထားရပါမယ်။
ဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်တွေကို စနစ်တကျမဟုတ်ဘဲ သိုလှောင်ခြင်း၊ ပြန်အပူပေးခြင်းက အန္တရာယ်ရှိယုံမျှမက ကျန်းမာရေးကို ဆိုးဝါးစေပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာထိန်းသိမ်းရေးအဖွဲ့၏ အဆိုအရ ကျန်ရှိတဲ့ ဟင်းသီးဟင်းရွက်များကို ကြာရှည်စွာ သိမ်းဆည်းဖို့ဆိုရင် အမြဲတမ်း 4 C မှာအေးခဲထားသင့်ပါတယ်။ ဟင်းနုနွယ်ရွက်၊အမဲသား၊ဆလတ်နှင့် တရုတ်နံနံအရွက်တွေက နိုက်ထရိတ်ဓါတ် မြင့်မားစွာပါဝင်တာကြောင့် အခန်းအပူချိန်နှင့် ထိတွေ့ပါက စုပြုံပြီးပြဿနာအမြောက်အမြား ဖြစ်ပေါ်စေနိုင်ပါတယ်။ လေ့လာမှုအရ နိုက်ထရိတ်က ကလေးတွေမှာ methemoglobinemia ကို ဖြစ်ပွားစေနိုင်ပြီး အသက်ရှုခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း၊ တတ်ခြင်းကဲ့သို့သော ရောဂါလက္ခဏာများကို ဖြစ်ပေါ်စေသည့် ရှားပါးသောသွေးမူမှန်ခြင်းရောဂါ ကို ဖြစ်စေနိုင်ပါတယ်။
ဟင်းရွက်ဆီ
ဟင်းသီးဟင်းရွက်ဆီများနဲ့ ပြုလုပ်ထားတဲ့အစားအစာများကို ပြန်အပူပေးခြင်းက အန္တရာယ်များပြီး နှလုံးရောဂါ၊လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါကို တိုးပွားစေပါတယ်။ မကြာသေးခင်က လေ့လာမှုတစ်ခုအရ Linoleic acid ကို ကိုလက်စထရောမြင့်စေတဲ့ ဟင်းသီးဟင်းရွက်ဆီများနှင့် တိရိစ္ဆာန်ဆီများ မှာပါဝင်တာကို တွေ့ရပါတယ်။ ဒီအဆိပ်သင့် ဓါတ်ပေါင််းများက နှလုံးရောဂါ၊ အသည်းပြဿနာများ ၊အယ်ဇိုင်းမားနှင့် ကင်ဆာရောဂါအချို့နဲ့ ဆက်စပ်လျက်ရှိပါတယ်။ ဟင်းသီးဟင်းရွက်အဆီများကို တစ်ကြိမ်ထဲသာအသုံးပြုရန်ဆိုလိုပါတယ်။
ကြက်သား
ကြက်သား၏ အသားမှာ ပရိုတိန်းဓါတ်အများကြီးပါရှိပါတယ်။ ဒါကြောင့် ဒုတိယအကြိမ်ပြန်အပူပေးတဲ့အခါ ၎င်း၏ ဖွဲ့စည်းမှု့ပြောင်းလဲသွားပြီး ပိုမိုအန္တရာယ်ရှိစေပါတယ်။ အထူးသဖြင့် အရေးကြီးတာက မိုက်ခရိုဝေ့မီးဖိုကိုသင်အသုံးပြုလျှင် တခါတရံ နွှေးတဲ့အသားတွေက မကျက်ပါဘူး။
ထမင်း
သင်ကျန်းမာနေဖို့လိုလျှင် ထမင်းကို စနစ်တကျ သိမ်းဆည်းထားသင့်ပါတယ်။ လေ့လာမှုတစ်ခုအရ မချက်ရသေးတဲ့ဆန်မှာ ပထမဦးဆုံးချက်ပြုတ်ဖို့ ဆန်ဆေးတဲ့အခါ ရှင်သန်နိုင်တဲ့ မကောင်းတဲ့ ဘက်တီးရီးယားမှိုများ ပါဝင်ပါတယ်လို့ပြောပါတယ်။ ထမင်းကို အခန်းအပူချိန်မှာသိမ်းဆည်းလျှင် ထိုမှိုများက အစာခြေပြဿနာများကို များစွာ ဖြစ်ပေါ်စေပါလိမ့်မယ်။ မှိုများက ပြန်အပူပေးခြင်းမှာ ရှင်သန်နိုင်ပါတယ်။ ထမင်းကို တစ်ကြိမ်သာချက်စားကြဖို့ ကျွမ်းကျင်သူများက အကြံပေးထားပါတယ်။တကယ်လို့ စားကြွင်းစားကျန်များ ကျန်ရှိပါက နောက်နေ့အတွက် သင့်ရေခဲသေတ္တာထဲမှာ အေးခဲထားသင့်ပါတယ်။
#Lifestyle_Myanmar
#TB_Nandar#
Souce-healthyfoodproteam