Home News ကံကောင်းဖို့အတွက် လေယာဉ်ပန်ကာထဲ အကြွေစေ့ပစ်ထည့်လိုက်တဲ့ အမျိုးသားကြောင့် လေကြောင်းခရီးစဉ်ရပ်ဆိုင်းခဲ့ရ

ကံကောင်းဖို့အတွက် လေယာဉ်ပန်ကာထဲ အကြွေစေ့ပစ်ထည့်လိုက်တဲ့ အမျိုးသားကြောင့် လေကြောင်းခရီးစဉ်ရပ်ဆိုင်းခဲ့ရ

0
127

Lucky Air အမည်ရှိတဲ့ တရုတ်လေကြောင်းလိုင်းတစ်ခုမှာ အမျိုးသားတစ်ယောက်ဟာ ခရီးစဉ်အတွင်း ကံကောင်းစေဖို့အတွက် လေယာဉ်ရဲ့ ပန်ကာထဲကို အကြွေစေ့ပစ်ထည့်လိုက်တဲ့အတွက် လေယာဉ်ခရီးစဉ်ကို cancel လုပ်လိုက်ရပါတယ်။ အဆိုပါခရီးသည်အမျိုးသားရဲ့ အမည်မှာ Lu ဟုသိရှိရပြီး ၁ယွမ်တန်ဖိုးရှိတဲ့ အကြွေစေ့အတော်များများကို ပစ်ထည့်မိကြောင်း ဝန်ခံပြီး လေယာဉ်အမှုထမ်းကိုယ်တိုင် လေယာဉ်ရဲ့ပန်ကာနားမှာ အကြွေစေ့တွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဆိုပါလေယာဉ်မှာ ထိုအမျိုးသားအပါအဝင် ဇနီးနဲ့ကလေး အပါအဝင် စုစုပေါင်းခရီးသည် ၁၆၂ ယောက် လိုက်ပါစီးနင်းမှာဖြစ်ပြီး ယခုလိုလုပ်ရပ်ကြောင့် ခရီးသည်တွေရဲ့ လေယာဉ်ခ ၁၄၀၀၀၀ ယွမ် ဒေါ်လာ၂၀၉၁၁ လောက်လေကြောင်းလိုင်းကဆုံးရှုံးသွားတယ်လို့
သိရပါတယ်။ သူကတော့ ခရီးမှာအန္တရာယ်ကင်းအောင် ပြုလုပ်တယ်လို့ ဆိုပေမယ့် ယခုလိုလုပ်ရပ်ဟာ ပန်ကာကိုပျက်စီးစေပြီး လေယာဉ်ပျက်ကျနိုင်ကြောင်း အမှုထမ်းက ရှင်းပြပြီး အစိုးရအမိန့်နဲ့ ထိုသူကို ၇ရက်ကြာ ချုပ်ထားခဲ့ကြပါတယ်။ ယခုလိုကုမ္ပဏီကဆုံးရှုံးခဲ့တဲ့ ငွေတွေအတွက်လည်း တရားဥပဒေအရ ရင်ဆိုင်ယုံမှတပါး အခြားမရှိကြောင်းလေကြောင်းအရာရှိက မီဒီယာတွေကိုပြောခဲ့ပါတယ်။

#LM_Naung_Naung

#Lifestyle_Myanmar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here