ဘဝမှာ ကံကောင်းတယ်ဆိုတာ တကယ်တော့ ကိုယ်လုပ်ခဲ့တဲ့အရာတွေကို ကိုယ် ပြန်ခံစားရတာပါပဲ။ ကံကောင်းမှုဆိုတာကို ထိုင်စောင့်နေလို့ ဘယ်တော့မှမရပါဘူး။ ကံကောင်းမှု ဆိုတဲ့အရာ ကိုယ့်ဆီရောက်လာအောင် ကိုယ်က လုပ်ယူရမှာပါ။ ကံကောင်းခြင်းဆီ ကိုယ်က ရောက်အောင်သွားရမှာပါ။
လောင်းကစားဘယ်တော့မှ မလုပ်ပါနဲ့။
ကံကောင်းပါတယ်ဆိုပြီး လောင်းကစားကို အပျော်သဘောဖြစ်ဖြစ် ရလိုမှုလောဘနဲ့ဖြစ်ဖြစ် ပြုလုပ်တတ်ကြပါတယ်။ ဘယ်လောက်ပဲ ကံကောင်းတဲ့သူဖြစ်နေပါစေ။ လောင်းကစားလုပ်တာဟာ ဘယ်တော့မှ ချမ်းသာကြွယ်ဝသွားတယ် ၊ လက်ထဲငွေရွှင်သွားတယ်ဆိုတာမျိုး ဘယ်တော့မှ ဖြစ်မလာပါဘူး။

ဒါ့ကြောင့် ဘယ်တော့မှ ကိုယ့်ငွေတွေကို အဆုံးရှုံးမခံလိုက်ပါနဲ့။
ဒါ့ကြောင့်မို့ ဘယ်တော့မှ ကိုယ် ပင်ပင်ပန်းပန်းရှာဖွေထားတဲ့ ဝင်ငွေတွေကို လောင်းကစားအတွက် မဖြုန်းတီးပါနဲ့ ။ အဆုံးရှုံးမခံလိုက်ပါနဲ့။ ကိုယ့်ရဲ့ သွေးနဲ့ချွေးနဲ့ ရင်းပြီး အချိန်တွေအကုန်ခံပြီး ရှာထားဖွေထားရတဲ့ ငွေတွေကို တထိုင်တည်း အဆုံးမခံလိုက်ပါနဲ့။

ကြွယ်ဝချမ်းသာအောင်မြင်သူတွေရဲ့ အလေ့အထ
ကြွယ်ဝချမ်းသာအောင်မြင်သူတွေဟာ တစ်ခါတစ်ရံ ကံကောင်းမှုပေါ် အခြေခံပြီး သူတို့ရဲ့ ဘဝကို တည်ဆောက်ထားတာ မဟုတ်ပါဘူး။ သူတို့က သူတို့ရဲ့ ကံကောင်းမှုကို သူတို့ဘာသာ တည်ဆောက်ယူကြတာပါ။

Lifestyle_Myanmar
ref-thinkrightime