ကော်ဖီကို လူတော်တော်များများက မနက်တိုင်း သောက်တတ်ကြပါတယ်။ တချို့ဆိုရင် မနက် နေ့လည် ည သောက်ကြပါတယ်။ ကော်ဖီသောက်တာက ကျန်းမာရေးအတွက်ကောင်းတာလား ဒါမှမဟုတ် ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတာလားဆိုတာ ယနေ့အထိ အငြင်းအခုံဖြစ်နေကြဆဲပါ။ အခု ဒီဆောင်းပါးမှာ ကော်ဖီကော်ဖီသောက်သုံးခြင်းဖြင့် ကြုံတွေ့ခံစားလာရမယ့် ကောင်းကျိုးနဲ့ဆိုးကျိုးလေးတွေကို ပြောပြပေးသွားမှာပါ။
(၁) ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးတယ်
American Cancer Society (အမေရိကန် ကင်ဆာအဖွဲ့အစည်း) ကနေ ထုတ်ပြန်ချက်အရ ကော်ဖီဟာ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာ အမှန်ပါ။ ကော်ဖီမှာတွေ့ရတဲ့ ကဖိန်းဓာက်၊ flavonoids နဲ့ အခြား ဒြပ်စင်တွေဟာ ရင်သားကင်ဆာ၊ လည်ပင်းကင်ဆာ၊ အသည်းကင်ဆာ စတဲ့ ကင်ဆာရောဂါတွေ ဖြစ်ပွားမှုနှုန်းကို လျှော့ကျစေပါတယ်။ ဒါက ကော်ဖီကို တစ်နေ့တစ်ခွက် ပုံမှန်သောက်ရုံနဲ့ ရလာမယ့် အကျိုးကျေးဇူးပါ။

(၂) Alzheimer’s (မှတ်ဥာဏ်ချွတ်ယွင်းခြင်း) ကိုလျှော့ကျစေတယ်
ရောက်လေရာ ကော်ဖီသောက်တတ်တဲ့ အကျင့်ရှိတဲ့သူတွေ တစ်နေ့ကို ကော်ဖီ ၅ ခွက်လောက် သောက်လေ့ရှိတဲ့သူတွေဟာ ရူးသွပ်ခြင်း နဲ့ Alzheimer’s (မှတ်ညဏ်ချွတ်ယွင်းခြင်း) ရောဂါဖြစ်ခြင်း ကိုလျှော့ကျစေတယ်။ လေ့လောမှုတွေအရ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ တနေ့ကို ကော်ဖီ ၃-၅ ခွက်ထိ သောက်မယ်ဆိုရင် နောက်ပိုင်းအသက်ကြီးလာတဲ့အချိန်မှာ Alzheimer’s (မှတ်ဥာဏ်ချွတ်ယွင်းခြင်း) ရောဂါဖြစ်ခြင်း ကို ၆၅% လောက် လျှော့ကျစေတယ်လို့ ဆိုထားပါတယ်။

(၃) ကော်ဖီသောက်တာဟာ စွဲစေတယ်
ကော်ဖီမှာ ကဖိန်းဓာက်ပမာဏ အများကြီးပါဝင်ပါတယ်။ ကော်ဖီတစ်ခွက်မှာ ကဖိန်းပမာဏ ၉၅ ဂရမ်လောက်ကို ပါဝင်ပါတယ်။ တကယ်တော့ ကဖိန်းဟာ မူးယစ်ဆေးတမျိုးပါ။ ဒါကြောင့် ကော်ဖီသောက်တာဟာ စွဲစေပါတယ်။ ဆေးကျွမ်းကျင်သူတွေကတောင် ကော်ဖီစွဲလမ်းမှုကို Caffeine Use Disorder ဆိုပြီး နာမည်ပေးထားပါသေးတယ်။ ကော်ဖီစွဲလမ်းမှုဟာ တခြားမူးယစ်ဆေး စွဲနေတာနဲ့ ပုံစံတူတယ်လို့လည်း ဖော်ပြထားပါသေးတယ်။

(၄) အိပ်ရေးပျက်နိုင်တယ်
အများအားဖြင့် ကဖိန်းဓာတ်ကို ခန္ဓာကိုယ်ကို လှုံဆော်ပေးဖို့အတွက် သုံးကြတာပါ။ တချို့လူတွေကတော့ ခုကော်ဖီသောက်တာတောင် ခုချက်ချင်းအိပ်ပျော်တယ်လို့ ပြောကြပါတယ်။ လေ့လာမှုများအရ အိပ်ယာမဝင်ခင် ၆ နာရီအလိုမှာ ကဖိန်း သောက်ထားမယ်ဆိုရင် အိပ်ချိန်တစ်နာရီ လျှော့ကျစေတယ်လို့ ဆိုထားပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ပိုပြီး သတ်ရောက်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ကဖိန်းဓာက်ကို ချေဖျက်ဖို့ ပိုပြီး အချိန်ယူရလို့ပါပဲ။

(၅) ဆီးမကြာခဏ သွားရမယ်
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျွမ်းကျင်သူတွေဟာ ကော်ဖီကို ဆီးရွှင်ဆေးဆိုပြီး နာမည်ပေးထားပါသေးတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီသောက်များတဲ့သူတွေဟာ မကြာခဏဆီးသွားကြလို့ပါ။ ဒါပေမယ့် နောက်ပိုင်းလေ့လာမှုတွေမှာတော့ ကော်ဖီမှာ ဆီးသွားစေတဲ့ ပစ္စည်းတွေ မပါဝင်တာကိုတွေ့ခဲ့ရပါတယ်။ ဆိုလိုတာကတော့ ကော်ဖီများများသောက်ရင် ဆီးများများသွားမယ်လို့ ပြောချင်တာပါ။ ကော်ဖီတစ်ခွက်လောက် သောက်ရုံနဲ့ ဆီးရွှင်စေတာ မဟုတ်ပါဘူး။
Lifestyle_Myanmar
ref-medicalnewstoday