Home Health & Beauty ကေလးေတြအတြက္ ဗီတာမင္ၾကြယ္ဝတဲ့ အသီးေဖ်ာ္ရည္ (၇)မ်ိဳး

ကေလးေတြအတြက္ ဗီတာမင္ၾကြယ္ဝတဲ့ အသီးေဖ်ာ္ရည္ (၇)မ်ိဳး

0
1

ဗီတာမင္ၾကြယ္ဝတဲ့ ေဖ်ာ္ရည္ေတြက အရသာရွိသလို ေမေမတို႔ရဲ႕ကေလးေလးကို စြမ္းအင္ေတြ ေပးစြမ္းပါတယ္။ သူတို႔ကို အာဟာရေတြ ရရွိေစျခင္းအျပင္ သဘာဝေဖ်ာ္ရည္မ်ားက ဝမ္းခ်ဳပ္ျခင္းကို တုိက္ဖ်က္ေပးၿပီး ကိုယ္ခံစြမ္းအားစနစ္ကို တိုးတတ္ေကာင္းမြန္ ေစႏိုင္ပါတယ္။
ကၽြမ္းက်င္သူမ်ားက ကေလးအတြက္ ဗီတာမင္ၾကြယ္ဝတဲ့ ေဖ်ာ္ရည္ျပင္ဆင္ေပးတဲ့အခါ လက္ဆတ္ၿပီး မွည့္တဲ့ ရာသီေပၚသစ္သီးမ်ားျဖစ္သင့္တယ္လို႔ အႀကံျပဳထားပါတယ္။
မတူညီတဲ့ အရသာျဖစ္ေစဖို႔ သစ္သီးေတြ ေပါင္းစပ္ေဖ်ာ္တဲ့အခါ ဗီတာမင္မဆံုးရံႈးေအာင္ ေရေရာၿပီးေဖ်ာ္တာမ်ိဳးေရွာင္ၾကဥ္သင့္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ သင့္ကေလးကို အသီးရဲ႕ တကယ့္္အရသာစစ္စစ္ ေသာက္သံုးလို႔ရေအာင္ သၾကားမထည့္သင့္ပါဘူး။

ဗီတာမင္ၾကြယ္ဝတဲ့ သစ္သီးေဖ်ာ္ရည္မ်ားရဲ႕ အက်ိဳးေက်းဇဴးမ်ား
၁၀၀% သဘာဝသစ္သီးေဖ်ာ္ရည္မ်ားကို ျပင္ဆင္ျခင္းျဖင့္ အာဟာရအမ်ိဳးမ်ိဳး ရယူပါ။ သူတို႔က အဆီကင္းၿပီး ဗီတာမင္ ေအ၊ ဘီ၊ စီၾကြယ္ဝပါတယ္။ သူတို႔က သင့္ကေလး ႀကီးထြားမႈအတြက္ အေရးပါတဲ့ သတၱဳဓါတ္ေတြလည္း ရွိပါတယ္။ ဗီတာမင္ ၾကြယ္ဝတဲ့ ေဖ်ာ္ရည္မ်ားကို မွန္မွန္ေသာက္သံုးျခင္းျဖင့္ သင့္ကေလးဟာ တျခားအရသာမ်ားကို ပိုၿပီးလက္ခံလာပါလိမ့္မယ္။

ဒီေဖ်ာ္ရည္ေတြက ေယဘုယ်အားျဖင့္ ကေလးရဲ႕ ကိုယ္အေလးခ်ိန္ကို မထိခိုက္ေစပါဘူး။ သို႔ေသာ္ သူတို႔မွာ ကယ္လုိရီပါရွိတာေၾကာင့္ အလြန္အကၽြံမျဖစ္ေအာင္ေတာ့ ထိန္းေပးသင့္ပါတယ္။ သင့္ကေလးကို ကယ္လုိရီေကၽြးျခင္းက သူတို႔ရဲ႕ ဇီဝျဖစ္စဥ္ကို အရွိန္ျမွင့္ပါလိမ့္မယ္။ သူတို႔ရဲ႕ကိုယ္လက္လႈပ္ရွားမႈကို တုိးျမွင့့္ဖို႔ အႀကံျပဳပါတယ္။

၁။ မုန္လာဥနီ+ပန္းသီးနဲ႔ လိေမၼာ္

ဒီေဖ်ာ္ရည္က အာဟာရေတြ အမ်ားႀကီးတုိးေစျခင္းျဖင့္ သင့္ကေလး သန္မာေအာင္ ထိန္းသိမ္းေပးပါတယ္။ လက္ဆတ္တဲ့သစ္သီးမ်ားက ပူတဲ့ရာသီနဲ႔ လုိက္ဖက္ပါတယ္။ အသံုးျပဳရမယ့္ ပါဝင္ပစၥည္းမ်ားက မုန္လာဥနီ ၂လံုး၊ ပန္းသီး ၁လံုး၊ လိေမၼာ္သီး ၂လံုးနဲ႔ သၾကား စားပြဲတင္ဇြန္း ၁ဇြန္းပါ။
ပထမဆံုး ပန္းသီးနဲ႔ မုန္လာဥနီကို ေရေဆး အခြံႏႊာၿပီး အတံုးေသးေသးေလးေတြတံုးပါ။
လိေမၼာ္ေဖ်ာ္ရည္ကို မုန္လာဥနီနဲ႔ ပန္းသီးထည့္ထားတဲ့ blender ထဲေလာင္းထည့္ၿပီး ေမႊပါ။ အရမ္းပ်စ္သြားရင္ လိေမၼာ္ေဖ်ာ္ရည္ ပိုထည့္ႏိုင္ပါတယ္။

၂။ ငွက္ေပ်ာသီးနဲ႔ ေရခဲ

ပါဝင္ပစၥည္းမ်ားက ႏို႔ ခြက္တစ္ဝက္၊ ႏို႔မႈန္႔ ခြက္တစ္ဝက္၊ ငွက္ေပ်ာသီးမွည့္တစ္လံုး၊ ေရခဲတံုး တို႔ျဖစ္ပါတယ္။ ပါဝင္ပစၥည္းအား လံုးကို blender ထဲထည့္ၿပီး တစ္သားတည္းျဖစ္သြားတဲ့အထိ ေရာေမႊပါ။

၃။ စေတာ္ဘယ္ရီ ႏွင့္အုန္းသီး

လိုအပ္တာေတြကေတာ့ ႏို႔ ၁ခြက္၊ စေတာ္ဘယ္ရီ ခြက္တစ္ဝက္နဲ႔ ျခစ္ထားတဲ့ အုန္းသီး လက္ဖက္ရည္ဇြန္း ၁ဇြန္း၊ အုန္းႏို႔ရည္ အနည္းငယ္တို႔ ျဖစ္ပါတယ္။
ပါဝင္ပၥည္းအားလံုးကို blender ထဲထည့္ေမႊပါ။ ဒီေဖ်ာ္ရည္က စြမ္းရည္ေတြ ျမွင့္တင္ဖို႔ လိုအပ္တဲ့အခါ၊ ပင္ပန္းတယ္လို႔ ခံစားရတဲ့အခါ သင့္ကေလးအတြက္ အလြန္အက်ိဳးရွိပါတယ္။

၄။ ငွက္ေပ်ာ္သီးနဲ႔ လိေမၼာ္သီး

ဒီေဖ်ာ္ရည္အတြက္ လိုအပ္တာကေတာ့ အခြံႏႊာထားတဲ့ လိေမၼာ္သီး ၁လံုး၊ အခြံႏႊာထားတဲ့ ငွက္ေပ်ာသီးမွည့္ ၁လံုး၊ အရသာအတြက္ ပ်ားရည္၊ ေရခဲတံုးမ်ားလိုအပ္ပါတယ္။ ပထမဦးဆံုး အခြံေတြႏႊာၿပီး Blender ထဲသို႔ စိတ္ၿပီးထည့္ပါ။ ၿပီးေနာက္ medium speed နဲ႔ေမႊပါ။
ေဖ်ာ္ၿပီးမွ ေရခဲတံုးေလးေတြ ထည့္ပါ။ ဒီေဖ်ာ္ရည္က သင့္ကေလးရဲ႕ ကိုယ္ခံစြမ္းအားစနစ္ကို တိုးျမွင့္ေပးပါတယ္။

၅။ စေတာ္ဘယ္ရီနဲ႔ မက္မြန္သီး

အေစ့ထုတ္ထားတဲ့ မက္မြန္သီး ၂လံုးကို ထက္ျခမ္းျခမ္းထားပါ။ မက္မြန္သီးေတြကို စေတာ္ဘယ္ရီ ၈လံုးနဲ႔ blender ထဲမွာ ေရာေမႊပါ။ ေရခဲႀကိဳက္ရင္ ေရခဲထည့္ၿပီး ေသာက္ႏုိင္ပါတယ္။

၆။ အုန္းသီးနဲ႔ ငွက္ေပ်ာသီး

ဒီေဖ်ာ္ရည္အတြက္ လိုအပ္တာကေတာ့ skim milk ၁ခြက္၊ ငွက္ေပ်ာသီး ၁လံုး၊ အုန္းသီး အစိတ္ေသးေသးေလးေတြ ၈ပံု၁ပံုႏွင့္ almonds သီး ၅ေစ့ တို႔ျဖစ္ပါတယ္။ ပထမဆံုး ငွက္ေပ်ာသီးကို အခြံႏႊာၿပီး အုန္းသီးစိတ္ေတြနဲ႔ blender ထဲကိုထည့္ပါ။ ႏို႔ရယ္၊ almonds ေစ့ေတြရည္ထည့္ၿပီး ေဖ်ာ္ပါ။ သစ္ႀကံပိုးႀကိဳက္ရင္ သစ္ႀကံပိုးထည့္ေသာက္ႏိုင္ပါတယ္။
ဒီေဖ်ာ္ရည္မွာ ကယ္လစီယမ္၊ ပိုတတ္စီယမ္၊ ဗီတာမင္ ေအ၊ စီ၊ အီး၊ အမွ်င္ဓါတ္၊ သံဓါတ္တို႔ ၾကြယ္ဝပါတယ္။ ကေလးေတြမွာ မွတ္ဥာဏ္နဲ႔ ေလ့လာသင္ယူျခင္းကို ျမွင့္တင္ေပးတဲ့ ေဖာလစ္အက္ဆစ္တို႔ ၾကြယ္ဝပါတယ္။ ဒါ့အျပင္ ကေလးရဲ႕ႀကီးထြားမႈႏွင့္ စြမ္းအင္အတြက္ အလြန္ေကာင္းပါတယ္။ အူလမ္းေၾကာင္း ကပ္ပါးေကာင္ေတြ ပေပ်ာက္ဖို႔ အတြက္လည္း ေသာက္ႏိုင္ပါတယ္။

၇။ သရက္သီးနဲ႔ ပန္းသီး

ဒီေဖ်ာ္ရည္အတြက္ ေအာက္ပါပါဝင္ပစၥည္းမ်ား လိုပါတယ္။ သရက္သီး ၁၀၀ ဂရမ္၊ ပန္းသီး ၂၀၀ ဂရမ္၊ သခြားသီး ၁၂၅ ဂရမ္ ႏွင့္ ေရခဲတံုးမ်ား လိုပါတယ္။ ခြားသီးကို ေဆးၿပီး အခြံႏႊာပါ။ ပန္းသီးကို ေဆးေၾကာၿပီး အေစ့ေတြကို ဖယ္ပါ။ သရက္သီး အခြံနဲ႔ အေစ့ေတြကို ဖယ္ပါ။
သရက္သီး၊ သခြားသီးနဲ႔ ပန္းသီးေတြကို အခ်ပ္ေလးေတြလွီးၿပီး blender ထဲထည့္ပါ။ ေကာင္းစြာေမႊၿပီး မွ ေရခဲထည့္ေသာက္ပါ။ ေဖ်ာ္ရည္ တစ္ေန႔တစ္မ်ိဳးမရိုးေအာင္ ျပဳလုပ္ေပးျခင္းျဖင့္ သင့္ကေလးအတြက္ ဗီတာမင္ၾကြယ္ဝတဲ့ ဒီေဖ်ာ္ရည္မ်ားကို တိုက္ႏိုင္ပါတယ္။

#Lifestyle_Myanmar

#LM_Nandar

Unicode

ကလေးတွေအတွက် ဗီတာမင်ကြွယ်ဝတဲ့ အသီးဖျော်ရည် (၇)မျိုး
ဗီတာမင်ကြွယ်ဝတဲ့ ဖျော်ရည်တွေက အရသာရှိသလို မေမေတို့ရဲ့ကလေးလေးကို စွမ်းအင်တွေ ပေးစွမ်းပါတယ်။ သူတို့ကို အာဟာရတွေ ရရှိစေခြင်းအပြင် သဘာဝဖျော်ရည်များက ဝမ်းချုပ်ခြင်းကို တိုက်ဖျက်ပေးပြီး ကိုယ်ခံစွမ်းအားစနစ်ကို တိုးတတ်ကောင်းမွန် စေနိုင်ပါတယ်။
ကျွမ်းကျင်သူများက ကလေးအတွက် ဗီတာမင်ကြွယ်ဝတဲ့ ဖျော်ရည်ပြင်ဆင်ပေးတဲ့အခါ လက်ဆတ်ပြီး မှည့်တဲ့ ရာသီပေါ်သစ်သီးများဖြစ်သင့်တယ်လို့ အကြံပြုထားပါတယ်။
မတူညီတဲ့ အရသာဖြစ်စေဖို့ သစ်သီးတွေ ပေါင်းစပ်ဖျော်တဲ့အခါ ဗီတာမင်မဆုံးရှုံးအောင် ရေရောပြီးဖျော်တာမျိုးရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သင့်ကလေးကို အသီးရဲ့ တကယ့််အရသာစစ်စစ် သောက်သုံးလို့ရအောင် သကြားမထည့်သင့်ပါဘူး။

ဗီတာမင်ကြွယ်ဝတဲ့ သစ်သီးဖျော်ရည်များရဲ့ အကျိုးကျေးဇူးများ
၁၀၀% သဘာဝသစ်သီးဖျော်ရည်များကို ပြင်ဆင်ခြင်းဖြင့် အာဟာရအမျိုးမျိုး ရယူပါ။ သူတို့က အဆီကင်းပြီး ဗီတာမင် အေ၊ ဘီ၊ စီကြွယ်ဝပါတယ်။ သူတို့က သင့်ကလေး ကြီးထွားမှုအတွက် အရေးပါတဲ့ သတ္တုဓါတ်တွေလည်း ရှိပါတယ်။ ဗီတာမင် ကြွယ်ဝတဲ့ ဖျော်ရည်များကို မှန်မှန်သောက်သုံးခြင်းဖြင့် သင့်ကလေးဟာ တခြားအရသာများကို ပိုပြီးလက်ခံလာပါလိမ့်မယ်။

ဒီဖျော်ရည်တွေက ယေဘုယျအားဖြင့် ကလေးရဲ့ ကိုယ်အလေးချိန်ကို မထိခိုက်စေပါဘူး။ သို့သော် သူတို့မှာ ကယ်လိုရီပါရှိတာကြောင့် အလွန်အကျွံမဖြစ်အောင်တော့ ထိန်းပေးသင့်ပါတယ်။ သင့်ကလေးကို ကယ်လိုရီကျွေးခြင်းက သူတို့ရဲ့ ဇီဝဖြစ်စဉ်ကို အရှိန်မြှင့်ပါလိမ့်မယ်။ သူတို့ရဲ့ကိုယ်လက်လှုပ်ရှားမှုကို တိုးမြှင့့်ဖို့ အကြံပြုပါတယ်။

၁။ မုန်လာဥနီ+ပန်းသီးနဲ့ လိမ္မော်
ဒီဖျော်ရည်က အာဟာရတွေ အများကြီးတိုးစေခြင်းဖြင့် သင့်ကလေး သန်မာအောင် ထိန်းသိမ်းပေးပါတယ်။ လက်ဆတ်တဲ့သစ်သီးများက ပူတဲ့ရာသီနဲ့ လိုက်ဖက်ပါတယ်။ အသုံးပြုရမယ့် ပါဝင်ပစ္စည်းများက မုန်လာဥနီ ၂လုံး၊ ပန်းသီး ၁လုံး၊ လိမ္မော်သီး ၂လုံးနဲ့ သကြား စားပွဲတင်ဇွန်း ၁ဇွန်းပါ။
ပထမဆုံး ပန်းသီးနဲ့ မုန်လာဥနီကို ရေဆေး အခွံနွှာပြီး အတုံးသေးသေးလေးတွေတုံးပါ။
လိမ္မော်ဖျော်ရည်ကို မုန်လာဥနီနဲ့ ပန်းသီးထည့်ထားတဲ့ blender ထဲလောင်းထည့်ပြီး မွှေပါ။ အရမ်းပျစ်သွားရင် လိမ္မော်ဖျော်ရည် ပိုထည့်နိုင်ပါတယ်။

၂။ ငှက်ပျောသီးနဲ့ ရေခဲ
ပါဝင်ပစ္စည်းများက နို့ ခွက်တစ်ဝက်၊ နို့မှုန့် ခွက်တစ်ဝက်၊ ငှက်ပျောသီးမှည့်တစ်လုံး၊ ရေခဲတုံး တို့ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းအား လုံးကို blender ထဲထည့်ပြီး တစ်သားတည်းဖြစ်သွားတဲ့အထိ ရောမွှေပါ။

၃။ စတော်ဘယ်ရီ နှင့်အုန်းသီး
လိုအပ်တာတွေကတော့ နို့ ၁ခွက်၊ စတော်ဘယ်ရီ ခွက်တစ်ဝက်နဲ့ ခြစ်ထားတဲ့ အုန်းသီး လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ အုန်းနို့ရည် အနည်းငယ်တို့ ဖြစ်ပါတယ်။
ပါဝင်ပ္စည်းအားလုံးကို blender ထဲထည့်မွှေပါ။ ဒီဖျော်ရည်က စွမ်းရည်တွေ မြှင့်တင်ဖို့ လိုအပ်တဲ့အခါ၊ ပင်ပန်းတယ်လို့ ခံစားရတဲ့အခါ သင့်ကလေးအတွက် အလွန်အကျိုးရှိပါတယ်။

၄။ ငှက်ပျော်သီးနဲ့ လိမ္မော်သီး
ဒီဖျော်ရည်အတွက် လိုအပ်တာကတော့ အခွံနွှာထားတဲ့ လိမ္မော်သီး ၁လုံး၊ အခွံနွှာထားတဲ့ ငှက်ပျောသီးမှည့် ၁လုံး၊ အရသာအတွက် ပျားရည်၊ ရေခဲတုံးများလိုအပ်ပါတယ်။ ပထမဦးဆုံး အခွံတွေနွှာပြီး Blender ထဲသို့ စိတ်ပြီးထည့်ပါ။ ပြီးနောက် medium speed နဲ့မွှေပါ။
ဖျော်ပြီးမှ ရေခဲတုံးလေးတွေ ထည့်ပါ။ ဒီဖျော်ရည်က သင့်ကလေးရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို တိုးမြှင့်ပေးပါတယ်။

၅။ စတော်ဘယ်ရီနဲ့ မက်မွန်သီး
အစေ့ထုတ်ထားတဲ့ မက်မွန်သီး ၂လုံးကို ထက်ခြမ်းခြမ်းထားပါ။ မက်မွန်သီးတွေကို စတော်ဘယ်ရီ ၈လုံးနဲ့ blender ထဲမှာ ရောမွှေပါ။ ရေခဲကြိုက်ရင် ရေခဲထည့်ပြီး သောက်နိုင်ပါတယ်။

၆။ အုန်းသီးနဲ့ ငှက်ပျောသီး
ဒီဖျော်ရည်အတွက် လိုအပ်တာကတော့ skim milk ၁ခွက်၊ ငှက်ပျောသီး ၁လုံး၊ အုန်းသီး အစိတ်သေးသေးလေးတွေ ၈ပုံ၁ပုံနှင့် almonds သီး ၅စေ့ တို့ဖြစ်ပါတယ်။ ပထမဆုံး ငှက်ပျောသီးကို အခွံနွှာပြီး အုန်းသီးစိတ်တွေနဲ့ blender ထဲကိုထည့်ပါ။ နို့ရယ်၊ almonds စေ့တွေရည်ထည့်ပြီး ဖျော်ပါ။ သစ်ကြံပိုးကြိုက်ရင် သစ်ကြံပိုးထည့်သောက်နိုင်ပါတယ်။
ဒီဖျော်ရည်မှာ ကယ်လစီယမ်၊ ပိုတတ်စီယမ်၊ ဗီတာမင် အေ၊ စီ၊ အီး၊ အမျှင်ဓါတ်၊ သံဓါတ်တို့ ကြွယ်ဝပါတယ်။ ကလေးတွေမှာ မှတ်ဉာဏ်နဲ့ လေ့လာသင်ယူခြင်းကို မြှင့်တင်ပေးတဲ့ ဖောလစ်အက်ဆစ်တို့ ကြွယ်ဝပါတယ်။ ဒါ့အပြင် ကလေးရဲ့ကြီးထွားမှုနှင့် စွမ်းအင်အတွက် အလွန်ကောင်းပါတယ်။ အူလမ်းကြောင်း ကပ်ပါးကောင်တွေ ပပျောက်ဖို့ အတွက်လည်း သောက်နိုင်ပါတယ်။

၇။ သရက်သီးနဲ့ ပန်းသီး
ဒီဖျော်ရည်အတွက် အောက်ပါပါဝင်ပစ္စည်းများ လိုပါတယ်။ သရက်သီး ၁၀၀ ဂရမ်၊ ပန်းသီး ၂၀၀ ဂရမ်၊ သခွားသီး ၁၂၅ ဂရမ် နှင့် ရေခဲတုံးများ လိုပါတယ်။ ခွားသီးကို ဆေးပြီး အခွံနွှာပါ။ ပန်းသီးကို ဆေးကြောပြီး အစေ့တွေကို ဖယ်ပါ။ သရက်သီး အခွံနဲ့ အစေ့တွေကို ဖယ်ပါ။
သရက်သီး၊ သခွားသီးနဲ့ ပန်းသီးတွေကို အချပ်လေးတွေလှီးပြီး blender ထဲထည့်ပါ။ ကောင်းစွာမွှေပြီး မှ ရေခဲထည့်သောက်ပါ။ ဖျော်ရည် တစ်နေ့တစ်မျိုးမရိုးအောင် ပြုလုပ်ပေးခြင်းဖြင့် သင့်ကလေးအတွက် ဗီတာမင်ကြွယ်ဝတဲ့ ဒီဖျော်ရည်များကို တိုက်နိုင်ပါတယ်။

#Lifestyle_Myanmar

LM_Nandar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here