• Latest
  • Trending
  • All
  • News
  • Lifestyle
January 22, 2019
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
ကြိုးစားနေတာတွေက လမ်းမမှန်ဘူးဆို အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေဦးမှာပါ
December 20, 2022
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
သင့်ဂျင်းဘောင်းဘီတွေကို အရောင်မမှိန် ဟောင်းနွမ်းမသွားအောင် နည်းမှန်လမ်းမှန် လျှော်ဖွပ်နည်း
December 20, 2022
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
ရေကူးနည်းများစွာရှိတဲ့အထဲမှ သင့်ကိုဝိတ်ကျစေမယ့် ရေကူးနည်း (၃) မျိုး
December 20, 2022
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
ကိုယ့်ချစ်သူကောင်မလေးနဲ့ စကားပြောချိန် လုံးဝထည့်မပြောသင့်တဲ့ စကားလုံးများ
December 20, 2022
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
ယုံကြည်ချက်ရှိတဲ့ အပြုံးလှလှလေးတွေကို ပိုင်ဆိုင်နိုင်စေမယ့် သဘာဝနည်းလမ်းလေးတွေ
December 20, 2022
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား
စိုးရိမ်သောကကင်းဝေးတဲ့ ဘဝတစ်ခုကို မပိုင်ဆိုင်ချင်ဘူးလား
December 20, 2022
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ
ပျော်ပွဲစား ထွက်မယ်ဆိုရင် မမေ့မလျော့ သယ်သွားရမယ့်ပစ္စည်းများ
December 20, 2022
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
အားစိုက်ထုတ်ရတာ သက်သာစေပြီး လွယ်ကူရိုးရှင်းတဲ့ မိတ်ကပ်ပြင်ဆင်နည်းလေးတွေ
December 20, 2022
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်
ကြီးပွားချမ်းသာချင်ကြတဲ့သူတိုင်း မှတ်သားလိုက်နာရမယ့် အရေးကြီးအချက် (၄) ချက်
December 20, 2022
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ
ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲ
December 19, 2022
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
ခါးနာဝေဒနာခံစားရတဲ့အခါ အိမ်တွင်းဆေးနည်းတွေနဲ့ ကုသနည်း (၅) သွယ်
December 19, 2022
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
First Date အတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံး နေရာများ
December 19, 2022
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Monday, January 30, 2023
  • Login
Lifestyle Myanmar
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
    Stay at home ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် Anime ဇာတ်ကားကောင်းများ
    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး
    နာမည်ကြီး YouTuber ရဲ့ ဗီဒီယိုအတိုင်း ပြောင်းဖူးပေါက်ပေါက်ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့တဲ့ ကလေးမလေး
    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး
    သခင်အတွက် ပင်လယ်ကြမ်းပြင်က ကျောက်ပုစွန်ထုပ်တွေကို ရေငုပ်ပြီး ဖမ်းယူပေးတတ်တဲ့ ခွေးလိမ္မာလေး
    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ
    ခြောက်ထပ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ကြတဲ့ အိမ်နီးချင်းများ
    ရည်းစားဟောင်း
    ကိုယ့်ရဲ့ ရည်းစားဟောင်း အပေါ် ကျေးဇူးတင်သင့်တဲ့ အချက်အချို့
    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
    တကယ်ကြိုးစားချင်စိတ်ရှိတဲ့လူတစ်ယောက်ဟာ ဘယ်လိုပဲ အခက်အခဲတွေ ကြုံတွေ့နေပါစေ အမြဲရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီးသားပါ။
    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ
    ခလုတ်ထိမှ အမိတ ဆိုသလို ကျွန်တော်တို့တွေဟာ ပြဿနာတွေ၊ ဒုက္ခတွေနဲ့ ကြုံလာတဲ့အခါ
    မိန်းမချော့နည်း
    မိန်းမချော့နည်း
    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)
    ငါးမိနစ်တစ်ခါ စိတ်ပြောင်းတတ်တဲ့ မိန်းကလေးတို့ရဲ့ သဘာဝ အပိုင်း(၂)
  • About Us
No Result
View All Result
Lifestyle Myanmar
No Result
View All Result
Home Lifestyle Family
by Nandar Lwin
January 22, 2019
in Family
0
419
SHARES
635
VIEWS
Share on FacebookShare on Twitter
မေမေတို့အနေနဲ့ ကလေးတွေကို ကာယပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာစွမ်းရည် ထက်မြက်ဖို့ ပဟေဠိ၊ စကားလုံးဂိမ်းတွေ၊ ဦးနှောက်စမ်းသပ်မှုတွေ၊ စကားထာနှင့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကူအညီဖြစ်စေတဲ့ တခြား ကစားနည်းတွေနှင့် ကြိုးစားပေးနိုင်ပါတယ်။
၁။ I Spy With My Eye
ဘယ်လိုကစားမလဲ?
ADVERTISEMENT
၃။ Memory Game
ဒီဦးနှောက်ဂိမ်းက သူတို့မကြာသေးမီက မြင်တွေ့ခဲ့ရတဲ့ အရာဝတ္တုတွေကို မှတ်မိစေနိုင်စွမ်း မြင့်တတ်စေပြိး သူတို့မှတ်ဥာဏ်ပါဝါကို အားကောင်းစေပါတယ်။
ဦးနှောက်ဖွံ့ဖြိုးတိုးတတ်စေဖို့ ပဟေဠိများ
၎။ Sudoku
၅။ Rubik’s Cube
၆။ ဝင်္ဂဘာကစားနည်း
၇။ Jigsaws (ဥာဏ်စမ်းရုပ်ဆက်ကစားနည်း)
အဖြေ- ထရပ်ကားတစ်စီး
၉။ Scavenger Hunt
၁၀။ Simon Says
Lifestyle_Myanmar
LM_Nandar
Unicode
ကလေးတွေကို ဦးနှောက်ဖွံ့ဖြိုးစေမယ့် ကစားနည်း (၁၀) မျိုး
ဦးနှောက်ဖွံ့ဖြိုးမှုက ရာသက်ပန်ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ကလေးငယ်လေးများရဲ့ဦးနှောက်ဖွ့ံဖြိုးမှုက သူတို့လေးတွေရဲ့ အနာဂတ်အသိဉာဏ်စွမ်းရည်တွေတိုးတက်ဖို့ အတွက် လမ်းဖွင့်ပေးနိုင်တဲ့အရာဖြစ်သလို သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့စိ်တ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်မှု တွေကိုဖြစ်ပေါ်စေနိုင်တဲ့အရာလည်းဖြစ်ပါတယ်။ ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ လူကြီးတွေ ဖြစ်လာစေဖို့ အခြေခံအုတ်မြစ်ပုံစံဖြစ်တာကြောင့် ကလေးဘဝမှာ ဦးနှောက်ဖွံ့ဖြိုးမှုက အရေးကြီးပါတယ်။ ဒါ့ကြောင့် မိဘတွေက သားသားမီးမီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုပေါ်မှာ အာရုံစိုက်ယုံသာမက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုပေါ်မှာလည်း အာရုံစိုက်သင့်ပါတယ်။ ခန္ဓာကိုယ် ကြီးထွားဖို့ လေ့ကျင့်ခန်းလိုအပ်သလို ဦးနှောက်ကောင်းစွာ အလုပ်လုပ်ဖို့ လှုပ်ရှားမှုတစ်ချို့ လိုအပ်ပါတယ်နော်။
မေမေတို့အနေနဲ့ ကလေးတွေကို ကာယပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ၊ စိတ်ပိုင်းဆိုင်ရာစွမ်းရည် ထက်မြက်ဖို့ ပဟေဠိ၊ စကားလုံးဂိမ်းတွေ၊ ဦးနှောက်စမ်းသပ်မှုတွေ၊ စကားထာနှင့် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အကူအညီဖြစ်စေတဲ့ တခြား ကစားနညး်တွေနှင့် ကြိုးစားပေးနိုင်ပါတယ်။
ဦးနှောက်လေ့ကျင့်ရေး လှုပ်ရှားမှုများ
ဦးနှောက်ပိုပြီး active ဖြစ်တာဟာ ဦးနှောက်ဖွံ့ဖြိုးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကလေးရဲ့စိတ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို မြင့်တင်ဖို့ active ဖြစ်တဲ့ ဂိမ်းတစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။
၁။ I Spy With My Eye
ဒီကစားနည်းကို ခေတ်အဆက်ဆက်ကစားခဲ့ကြပါတယ်။ ဒီကစားနညး်က ကလေးတွေကို သူတို့ပတ်ဝန်းကျင်ကို ပိုပြီးသတိထားတတ်စေဖို့ deduction skill ကိုအသုံးပြုတတ်စေဖို့ ကူညီပေးပါတယ်။ ဒီကစားနည်းက ကစားဖို့လူနှစ်ယောက်ရှိဖို့လိုပြီး အခန်း သိုမဟုတ် ပတ်ဝန်းကျင်မှာ အရာဝတ္တုပစ္စည်းတွေ ရှိနေဖို့လိုပါတယ်။
ဘယ်လိုကစားမလဲ?
ဂိမ်းရဲ့အိုင်ဒီယာက ကလေးတွကို သူတို့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို ကြည့်စေဖို့နှင့် သာမန်အမှုအရာတွေအကြောင်း စဉ်းစားမိစေဖို့ ဖြစ်ပါတယ်။
  • တစ်ယောက်က အခန်းပတ်ပတ်လည်ကို ကြည့်ရှု့ပြီး အရာဝတ္တုတစ်ခုကို မျက်လုံးနဲ့ရွေးချယ်လိုက်ပါ။
  • အရာဝတ္တုရဲ့ပုံသဏ္ဍန်၊ အရောင် သို့မဟုတ်အရွယ်အစားကဲ့သို့ အရာဝတ္တုရဲ့အင်္ဂါရပ်ကို နောက်တစ်ယောက်ကို သဲလွန်စပေးပါ။ (ဥပမာ- အပြာရောင်အဝိုင်းလေး စသဖြင့်)
  • ကလေးကို ခန့်မှန်းဖို့ အချိန်ပေးပါ။ ကလေးက သူတို့ခန့်မှန်းတဲ့အရာတွေကို ကောက်ယူပြပါလိမ့်မယ်။
၂။ ခန္ဓာကိုယ်နှင့် ဦးနှောက် ညီညီညာညာ လှုပ်ရှားမှုဂိမ်း
ဒီကစားနည်းကတော့ ဦးနှောက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို တပြိုင်နက်တည်း လုပ်ဆောင်နိုင်စေဖို့ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုက ကလေးတွေမှာ ဟန်ချက်ညီညီလှုပ်ရှားနိုင်တဲ့ (motor coordination) ကိုတိုးတတ်စေပါတယ်။ ဦးနှောက်နဲ့ ခန္ဓာကိုယ် ညှိနှိုင်းဆောင်ရွက်မှုကို အောင်မြင်စေဖို့ မတူညီတဲ့ လှုပ်ရှားမှုများကို ကြိုးစားကြည့်နိုင်ပါတယ်။
  • ခြေချောင်းလေးတွေကို လှုပ်ရှားခြင်း။ ကုလားထိုင်တစ်ခုပေါ်မှာ ခြေထောက်တွဲလောင်းချပြီး ကလေးကို ထိုင်ခိုင်းပါ။ ဖိနပ်တွေဘာတွေ ပေးမစီးထားပါနဲ့။ ပြီးနောက် သူတို့ခြေချောင်းလေးတွေကိုသာ အပေါ် /အောက်လှုပ်ရှားခိုင်းပါ။ ခြေမ ၂ချောင်းကိုပဲ လှုပ်ရှားခိုင်းတာတွေ ပြုလုပ်နိုင်ပါတယ်။ ဒီလှုပ်ရှားမှုက ခန္ဓာကိုယ်လှုပ်ရှားမှုများအပေါ် ဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့ လေ့ကျင့်ခန်းကို သင်ယူတတ်စေဖို့ ဖြစ်ပါတယ်။
  • လက်လှုပ်ရှားမှု။ ဒီလှုပ်ရှားမှုက သင့်ကလေးကို သူတို့ရဲ့လက်ကို ညှိနှိုင်းဆောင်ရွက်တတ်လာစေဖို့ ကူညီပေးပါတယ်။ ကလေးက ညာသန်ဖြစ်ပါ သူတို့ကို ဘယ်လက်နဲ့ အပြန်အလှန်သုံးစွဲခိုင်းကြည့်ပါ။ ကလေးက လက်နှစ်ဖက်လုံးကိုသုံးတတ်လာမှာဖြစ်ပါတယ်။
  • ခေါင်းကိုပုတ်ပြီး ဗိုက်ကိုပွတ်သပ်တာ။ ဒါက ကလေးကြီးတွေကို လုပ်ခိုင်းလို့ရမယ့် ညှိနှိုင်းလုပ်ဆောင်နိုင်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။
    ဒါက မလွယ်ပါဘူး။ ဦးနှောက်ဖွံ့ဖြိုးတိုးတတ်မှုကို ကူညီစေတဲ့ အာရုံစူးစိုက်မှုနှင့် အလေ့အကျင့်တွေ အများကြီးလိုပါလိမ့်မယ်။
၃။ Memory Game
ဒီဦးနှောက်ဂိမ်းက သူတို့မကြာသေးမီက မြင်တွေ့ခဲ့ရတဲ့ အရာဝတ္တုတွေကို မှတ်မိစေနိုင်စွမ်း မြင့်တတ်စေပြိး သူတို့မှတ်ဉာဏ်ပါဝါကို အားကောင်းစေပါတယ်။
လိုအပ်တာကတော့ စာလုံးကတ်လေးတွေ၊ ဒါမှမဟုတ် ရုပ်ပုံကတ်လေးတွေ လိုအပ်ပါတယ်။ ကတ်လေးတွေက ပုံစံတူ ၂ကတ်စီဖြစ်ရပါမယ်။
ဒီအိုင်ဒီယာက ကတ်တွေရဲ့ အနေအထားကို မှတ်မိစေဖို့နဲ့ ရုပ်ပုံတူကို မှန်ကန်စွာ တွဲတတ်စေဖို့ ဖြစ်ပါတယ်။ ကတ်တွေအားလုံး တွဲပြီးတဲ့အခါ ဂိမ်းကအောင်မြင်ပါတယ်။
ဦးနှောက်ဖွံ့ဖြိုးတိုးတတ်စေဖိို့ ပဟေဠိများ
ပဟေဠိတွေက ပြဿနာဖြေရှင်းခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း skill ကိုအလေ့အကျင့်ဖြစ်စေပြီး ကလေးရဲ့ဦးနှောက်ကို ထိထိရောက်ရောက် engage ဖြစ်စေနိုင်ပါတယ်။ Jigsaw ပဟေဠိများ၊ block ပဟေဠိများက ကလေးရဲ့ motor skills နှင့် hand-eye coordination ကိုလည်း မြှင့်တင်ပေးပါတယ်။ ဒါ့ကြောင့် ကလေးနဲ့သင့်လျော်တဲ့ ပဟေဠိအနည်းငယ်ကို မျှဝေပေးလိုက်ပါတယ်။
၄။ Sudoku
Sudoku ဟာ လေးထောင့်ကွက်တွေထဲမှာ နံပါတ်တွေနဲ့အတူ ဇယား 9×9ကွက်ရှိတဲ့ နံပါတ်နေရာချပဟေဠိဖြစ်ပါတယ်။ ကစားသမားရဲ့ရည်မှန်းချက်က ပဟေဠိရဲ့ row နှင့် column တစ်ခုစီမှာ သင့်လျော်တဲ့နံပါတ်တွေကို ကျန်ရှိနေသေးတဲ့ slot မှာဖြည့်ရမှာဖြစ်ပါတယ်။ တတ်နိုင်သမျှ အချိန်နည်းနည်းနဲ့ ဇယားကွက်ကို ဖြည့်ဖို့ ၁ကနေ ၉အထိ နံပါတ်များကို သုံးရပါမယ်။
၅။ Rubik’s Cube
အရောင်ဆက် ကုဗတုံးတွေက ကလေးရဲ့ဦးနှောက်ထက်မြက်မှုနှင့် အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပြီး ကလေးရဲ့ Spatial အသိအမြင်ကို တိုးတတ်စေဖို့ အလွန်အစွမ်းထက်တဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။
၆။ ဝင်္ဂဘာကစားနည်း
တကယ့် ဝင်္ဂဘာဆော့ရတာက စိတ်လှုပ်ရှားစရာကောင်းပြီး ကလေးရဲ့ observation skill ကိုကူညီပေးနိုင်ပါတယ်။ စာရွက်ပေါ်မှာ ဝင်္ဂဘာကစားတာကလည်း သူတို့ရဲ့ အမြင်နဲ့ motor development skills နှင့် ပြဿနာဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးတာကြောင့် စိတ်ဝင်စားမှု တူညီပါတယ်။ လိုအပ်တာကတော့ အဆင်သင့်သုံးလို့ရတဲ့ ဝင်္ဂဘာပဟေဠိစာအုပ်တွေ သို့မဟုတ် စာရွက်တွေ၊ ခဲတံနှင့် ခဲဖျက်တို့ဖြစ်ပါတယ်။
၇။ Jigsaws (ဉာဏ်စမ်းရုပ်ဆက်ကစားနည်း)
Jigsaws ပဟေဠိများက ရိုးရှင်းပြီး ကလေးငယ်လေးတွေ ဖြေရှင်းဖို့ လွယ်ကူပါတယ်။ ဒီကစားနည်းက motor slkill ကျွမ်းကျင်မှုနှင့်အတူ spatial အသိအမြင်နှင့် ပြဿနာဖြေရှင်းမှု skill တွေကို တိုးမြှင့်ပေးခြင်းဖြင့် ကလေးရဲ့မှတ်ဉာဏ်ဖွံ့ဖြိုးတိုးတတ်ရေးကို အထောက်အကူဖြစ်စေပါတယ်။ Jigsaw ပဟေဠိများက ကလေးရဲ့ ပုံသဏ္ဍာန်အသိအမှတ်ပြုကျွမ်းကျင်မှုနှင့် သူတို့မြင်တဲ့အရာတွေကို ပြန်လည်ဖန်တီးနိုင်စွမ်းကို တိုးတတ်စေပါတယ်။
၈။ ဦးနှောက်စမ်းသပ်မှု ကစားနည်းများ
Brainteasers ကစားနညး်များက နက်နဲတယ်လို့ ထင်ရပေမယ့် ဘာမှမဟုတ်ပါဘူး။ Brainteasers ကသူ့မေးခွန်းမှာပါတဲ့ သဲလွန်စ၏ အကူအညီနှင့်အတူ အဖြေကို ကောက်ချက်ချရမှာဖြစ်ပါတယ်။
ဥပမာ- ထရပ်ကားတစ်စီးဟာ ရွာတစ်ရွာကို မောင်းသွားတယ်။ ကားလေးစီးနဲ့ တွေ့ဆုံခဲ့တယ်။ ရွာကို ယာဉ်ဘယ်နှစီးသွားသလဲ?
အဖြေ- ထရပ်ကားတစ်စီး
ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုများနှင့် ဦးနှောက်အလုပ်လုပ်တဲ့ လေ့ကျင့်ခန်းများ
ဦးနှောက်အလုပ်လုပ်တဲ့ ဂိမ်းအားလုံးက တစ်နေရာထဲမှာ ထိုင်ဖို့ မလိုအပ်ပါဘူး။ ဒီနေရာမှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အံကိုက်ဖြစ်စေတဲ့ လှုပ်ရှားမှုအနည်းငယ်ရှိပါတယ်။
၉။ Scavenger Hunt
ဒီကစားနည်းတွေက ပျော်စရာကောင်းသလို ကလေးတွေအတွက် အမြန်စဉ်းစားတွေးခေါ်မှု၊ လုပ်ဆောင်မှု တွေပါရှိပါတယ်။ ကလေးရဲ့ မှတ်ဉာဏ်အလုပ်လုပ်ခြင်းကိုလည်း အလေ့အကျင့်ဖြစ်စေပါတယ်။ ကလေးတွေကို လမ်းလျှောက်ခြင်း၊ ပြေးခြင်း သို့မဟုတ် တောင်တတ်တာကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်စေဖို့ အိမ်တွင်းသို့မဟုတ် အိမ်ပြင်မှာ ကစားပေးနိုင်ပါတယ်။ လိုအပ်တာကတော့ အလွယ်တကူ ဖွက်ထားလို့ရမယ့် အရာဝတ္တုသေးသေးလေးတွေ၊ သူတို့ကို မြှုပ်ထားနိုင်မယ့် လုံခြုံတဲ့နေရာလေးတွေ လိုအပ်ပါတယ်။
၁၀။ Simon Says
Simon says ကစားနညး်က ပါတီတွေ ကျောင်းတွေမှာ ကစားတဲ့ ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းက ပထမ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် စိန်ခေါ်မှုတွေ ရနိုင်ပါတယ်။ အုပ်စုကြီးနဲ့ ကစားရတာဖြစ်လို့ ပျင်းစရာကောင်းမှာမဟုတ်ပါဘူး။ Simon says ကစားနည်းက ကလေးရဲ့ နားထောင်မှု၊ လူမှုရေးကျွမ်းကျင်မှုနှင့် အဓိပ္ပာယ်ကောက်ယူမှု skill တွေကို တိုးတတ်စေပါတယ်။
တခြားကစားသူတွေကို အမိန့်ပေးတဲ့ Simon ဖြစ်တဲ့သူတစ်ယောက်နှင့် စတင်ပါ။ ကလေးတွေက Simon ပြောတဲ့အရာတွေကို နားထောင်ပြီး လိုက်နာရပါမယ်။ ဥပမာအားဖြင့် Simon ပြောတာတွေ၊ ခုန်တာ၊ ကွေးတာ၊ ခြေထောက်ကိုထိတာ၊ ခေါင်းကိုပုတ်တာ၊ ခြေထောက်တစ်ဖက်ပေါ်မှာ မတ်တပ်ရပ်တာတို့ ဖြစ်ပါတယ်။
Simon ကစပြောတာနဲ့ တခြားကလေးတွေက အမိန့်ကိုလိုက်နာရပါမယ်။ တခြားကလေးက အမိန့်ကို လိုက်ပြီး မလုပ်နိုင်ရင် သူတို့မှာ ရမှတ်ဆုံးရှုံးပါတယ်။ ရမှတ်အများဆုံးရရှိသူက အနိုင်ရပါတယ်။
Lifestyle_Myanmar
LM_Nandar
Share419TweetShare
Nandar Lwin
Nandar Lwin
Related Posts
ပိတ်ရက်မှာတော့ မိသားစုနဲ့ နွေးထွေးပျော်ရွှင်စွာ အချိန်ကုန်ဆုံးနည်း (၅) သွယ်
ပိတ်ရက်မှာတော့ မိသားစုနဲ့ နွေးထွေးပျော်ရွှင်စွာ အချိန်ကုန်ဆုံးနည်း (၅) သွယ်
by Thinzar
November 25, 2022
0
ပိတ်ရက်တွေဆိုရင် တော်တော်များများကတော့ အပြင်သွားပြီး ချစ်သူနဲ့တွေ့တယ်၊ သူငယ်ချင်းတွေနဲ့တွေ့ပြီး လျှောက်လည်ကြတယ်။ ဒီလိုနဲ့ ဖွင့်ရက်တွေဆိုလည်းအလုပ်သွား၊ ကျောင်းသွားနေပြီး ပိတ်ရက်ကျပြန်တော့လည်း မိသားစုနဲ့မနေပဲ အပြင်တွေလျှောက်သွားနေကြမယ်ဆိုရင်တော့ မိသားစုအတူနေချိန်ဟာ နည်းသွားပါလိမ့်မယ်။ အပြင်ကပြန်လာလို့ အိမ်မှာနေတဲ့အချိန်နဲ့ မိသားစုအတွက် အချိန်ပေးပြီး တစ်နေ့တာကို ပျော်ရွှင်စွာဖြတ်သန်းတာက...
ကိုယ့်အိမ်မှာ ကိုယ့်မိဘနဲ့ အတူနေခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးများ
ကိုယ့်အိမ်မှာ ကိုယ့်မိဘနဲ့ အတူနေခြင်းအားဖြင့် ရရှိမယ့် အကျိုးကျေးဇူးများ
by Thinzar
August 25, 2022
0
အခုချိန်ထိ မိဘအိမ်မှာ နေနေတုန်းပဲလား။ အဆောင်မှာနေဖို့စဉ်းစားနေရင်၊ အလုပ်အကိုင် ရှာလို့မရသေးရင်၊ အိမ်ထောင်ရေးအဆင်မပြေရင်၊ ဒါမှမဟုတ် ကျောင်းပြန်တက်လို့ရှိရင် ဘယ်လိုအကြောင်းကြောင့်မို့ဖြစ်ဖြစ် အပြင်မှာသွားနေဖို့ စဉ်းစားနေတယ်ဆိုရင် ကိုယ့်အိမ်မှာ ကိုယ်မိဘနှင့်အတူ နေခြင်းအားဖြင့် အကျိုးကျေးဇူးတွေ မကုန်နိုင်မခန်းနိုင်အောင်ရှိတယ်ဆိုတာ မမေ့ဖို့ သတိပေးလိုပါတယ်။ အဖေအမေနဲ့...
မိသားစုအတွက် ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ နားခိုရာအိမ်လေးတစ်လုံးကို ဖန်တီးကြမယ်
မိသားစုအတွက် ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ နားခိုရာအိမ်လေးတစ်လုံးကို ဖန်တီးကြမယ်
by Thinzar
August 6, 2022
0
လူတိုင်းအတွက် နားခိုရာအိမ်ဟာ မရှိမဖြစ် အဆောက်အအုံတစ်ခုပါပဲ။ တစ်နေကုန် အလုပ်တွေကြောင့်၊ ကျောင်းကိစ္စတွေကြောင့် ပင်ပန်းခဲ့သမျှကို အိမ်ပြန်ရောက်တဲ့အခါမှာတော့ စိတ်လွတ်လက်လွတ်နဲ့ ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်ချင်တယ်ဆိုတာဟာ ဘယ်သူ့ကိုမေးမေး အားလုံးရဲ့အိမ်မက်လို့ပဲ ပြောကြမယ်ဆိုတာ သေချာပါတယ်။ အခုလိုမျိုး ကိုယ့်အတွက် အေးချမ်းပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့...
မိသားစုနဲ့အတူ အဓိပ္ပါယ်ရှိတဲ့ အားလပ်ရက်လေးဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေ
မိသားစုနဲ့အတူ အဓိပ္ပါယ်ရှိတဲ့ အားလပ်ရက်လေးဖြစ်စေမယ့် နည်းလမ်းကောင်းလေးတွေ
by Thinzar
July 16, 2022
0
မိသားစု ဆိုတာ လူတိုင်းလူတိုင်းအတွက် အဖိုးတန်ဆုံး လုံခြုံနွေးထွေးမှုပေးနိုင်ဆုံး ခိုးနားရာနေရာလေးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တော်တော်များများဟာ ကိုယ့်ရဲ့ တစ်နေတာလုပ်တာဝန်တွေ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေနဲ့ပဲ လုံးပန်းနေကြပြီး မိသားစုကို သီးသန့်အချိန်ပေးဖို့မေ့နေတတ်ကြပါတယ်။ အခုလာမယ့် အားလပ်ရက်လေးမှာတော့ မိသားစု ကို အချိန်ပေးမယ်လို့...
Lifestyle Myanmar
Copyright © 2017 Lifestyle Myanmar.
Digital Media Production in Myanmar.
  • About
  • Advertise
  • Privacy & Policy
  • Contact
Follow Us
No Result
View All Result
  • Home
  • Lifestyle
    • Daily Horoscope
    • Relationship
    • Family
    • Health & Beauty
    • Entertainment
    • Fashion
    • Celebrity
    • Fitness
    • Travel
    • Funny
  • General Knowledge
    • Unique Things
  • News
    • Technology
  • Video
  • About Us
Copyright © 2017 Lifestyle Myanmar.
Welcome Back!
Login to your account below
Forgotten Password?
Retrieve your password
Please enter your username or email address to reset your password.
Log In
error: Content is protected !!