ကလေးရဲ့ အသက်တစ်ချောင်းကိုကယ်ဖို့ မိုးရွာကြီးထဲ စောင့်ဆိုင်းနေတဲ့ လူပေါင်း ၅ထောင်နီးပါးအလှူရှင်တွေ

0
266
လူသားဆန်တဲ့ စိတ်ဓာတ်
လူသားဆန်တဲ့ စိတ်ဓာတ်





#Lifestyle_Myanmar

#Thar_Nage

လိင်စွမ်းဆောင်ရည်ကို ပိုကောင်းစေတဲ့ ထိပ်တန်းအစားအစာ ၁၀ မျိုး

Unicode

ကလေးရဲ့ အသက်တစ်ချောင်ကိုကယ်ဖို့ မိုးရွာကြီးထဲ စောင့်ဆိုင်းနေတဲ့ လူပေါင်း ၅ထောင်နီးပါးအလှူရှင်တွေ
သနားကြင်နာတတ်တဲ့ လူတွေမှာ လူသားဆန်တဲ့ စိတ်ဓာတ်အပြည့်ရှိသလို သူတစ်ပါး ဒုက္ခနဲ့ ကြုံတွေ့နေရင်လည်း ထိုင်ကြည့်မနေတတ်တာ အမှန်ပါပဲ။ ယခုလည်း လူပေါင်း ၅ထောင်နီးပါရှိတဲ့ လူတန်းကြီးဟာ အလှူရှင်ရှာနေတဲ့ ကင်ဆာဝေဒနာရှင်ကလေးအတွက် သူတို့နဲ့ ကိုက်ညီမှုရှိရင် အကူအညီပေးဖို့ မိုးရေထဲမှာ စောင့်ဆိုင်းနေကြတာပဲဖြစ်ပါတယ်။

၅နှစ်အရွယ် Oscar Saxelby-Lee ဆိုတဲ့ ကလေးဟာ အရွယ်နဲ့ မလိုက်အောင် သွေးကင်ဆာခံစားနေရပြီး သုံးလအတွင်းမှာ သွေးပင်မဆဲလ်တွေ အစားထိုးကုသဖို့ လိုအပ်နေပါတယ်။ သုံးလအတွင်းမှာ အစားထိုးကုသဖို့ ကိုက်ညီတဲ့ အလှူရှင်မရရင် အသက်ဆုံးရှုံးရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Oscar ရဲ့ မိဘတွေဟာ သားဖြစ်သူအတွက် အလှူရှင်ရဖို့ အကူအညီလိုက်တောင်းခဲ့ပါတယ်။ ကလေးရဲ့ သတင်းကို ကြားတဲ့ အချိန်မှာတော့ လူပေါင်း ၄၈၅၅ ယောက်လောက်ဟာ Oscar ရဲ့ သွေးပင်မဆဲနဲ့ ကိုက်ညီမှုရှိရင် လှူဒါန်းဖို့ဆိုပြီး လာရောက် အစစ်ဆေးခံကြပါတယ်။

Oscar လေးဟာ အသက်အရွယ်နဲ့ မလိုက်အောင် ကင်ဆာရောဂါမျိုးခံစားရတာဖြစ်ပြီး ကင်ဆာမြစ်တွေပြန့်နှံ့နေတာကြောင့် ကုသဖို့အတွက် အရမ်းကို အခက်အခဲရှိနေပါတယ်။ ဒီရောဂါကို ပြီးခဲ့တဲ့ ဒီဇင်ဘာလောက်ကမှ Oscar ရဲ့ မိဘတွေကသိရတာပါ။ ကလေးမှာ ထုရိုက်ထားသလို အညိုကွက်တွေဖြစ်ပေါ်နေတာကြောင့် စိုးရိမ်ပြီး ဆရာဝန်နဲ့ စစ်ဆေးကြည့်တဲ့အခါရာမှT-cell acute lymphoblastic lymphoma (T-All) လို့ခေါ်တဲ့ ရှားပါးသွေးကင်ဆာခံစားနေရတယ်ဆိုတာသိရတာပါ။ Oscar လေးရဲ့ ရောဂါဝေဒနာဟာ အချိန်တိုအတွင်းမှာ အလှူရှင်မရရင်တော့ မျှော်လင့်ချက်ဆိုတာ မရှိတော့ပါဘူး။

ဒါ့ကြောင့် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရက်သတ္တပတ်က လူစုလူဝေးကြီးဟာ Pitmaston မူလတန်းကျောင်းမှာ ကလေးနဲ့ ကိုက်ညီမှုရှိရင် ဆဲလ်အစားထိုးလှူဖို့အတွက် စောင့်ဆိုင်းပြီးအစစ်ဆေးခံနေကြတာဖြစ်ပါတယ်။ DKMS ပရဟိတကူညီမှုအသင်းရဲ့ အဆိုအရ Oscar လေး အတွက် လာရောက်စစ်ဆေးခံတဲ့အလှူရှင်တွေစာရင်းဟာ ယခင်ကစံချိန်တင်ခဲ့တဲ့ လူပေါင်း ၂၂၀၀ ထက်ကို ၂ဆပိုမိုများနေကြောင်း ပြောဆိုခဲ့ပါတယ်။ Oscar လေးရဲ့ မိဘတွေကတော့ ဒီလူပေါင်း ၅ထောင်နီးပါးထဲကမှ သူ့သားရောဂါကုသဖို့ အပ်စပ်တဲ့ အလှူရှင်အမြန်ဆုံးတွေ့ပြီး ကုသနိုင်ရန် မျှော်လင့်နေကြောင်းသိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here