ကေလးရဲ႕ ကိုယ့္ကိုယ္ကိုတန္ဖိုးထားစိတ္ကို မပ်က္စီးေစဘဲ စည္းကမ္းခ်မွတ္ဖို႔ နည္းလမ္း (၅)ခု

0
1009

မိဘတိုင္းက ကေလးတစ္ေယာက္ကို ဘယ္လို ျပဳစုပ်ိဳးေထာင္ရမလဲဆိုတာ အထူးသျဖင့္ ျပစ္ဒဏ္ေပးတာနဲ႔ ပတ္သတ္လာတဲ့အခါ အတိအက်သိတယ္လို႔ ယံုၾကည္ခ်က္ ရွိၾကပါတယ္။ မိဘအုပ္ထိန္းမႈနည္းလမ္းမ်ားအေပၚ ယံုၾကည္ခ်က္က အမ်ားအားျဖင့္ ကိုယ့္ရဲ႕အေတြ႕အႀကံဳေပၚမွာ အေျခခံပါတယ္။ ( ငါလည္း ဒီနည္းလမ္းနဲ႔ ႀကီးျပင္းလာတာပဲ) ဒါမွမဟုတ္ ဆန္႔က်င္ဘက္အေနနဲ႔ ( ငါ့ကိုႏွိပ္စက္ရင္လညး္ ငါႀကိဳက္မွာမဟုတ္ဘူး၊ ဒါ့ေၾကာင့္ ငါ့ကေလးကို ငါမႏွိပ္စက္ဘူး)။

၁။ သင့္ကေလးကို အမွားေတြ လုပ္ခြင့္ေပးပါ

တခါတေလမွာ ကေလးေတြဟာ သူတို႔မိဘေတြရဲ႕ ရႈ႕ေထာင့္အျမင္မွာ အမွားတစ္ခုခုလုပ္တတ္ၾကပါတယ္။ သို႔ေသာ္လညး္ သူတို႔အတြက္ေတာ့ ဒါက ပထမဆံုးအေတြ႕အႀကံဳျဖစ္ၿပီး ေနာက္ဆက္တြဲ ဘာအက်ိဳးဆက္ေတြျဖစ္မလဲဆိုတာ မသိၾကပါဘူး။ အရြယ္ေရာက္ၿပီးသူေတြလို စဥ္းစားေတြးေခၚႏိုင္စြမ္း မရွိေသးပါဘူး။ သူတို႔ကို တစ္စကၠန္႔ေလာက္ အခြင့္အေရးေပးပါ။ သူတို႔ဘာလုပ္ႏိုင္သလဲ၊ သူတို႔ဘာမလုပ္နိုင္ဘူးဆိုတာ သူတို႔ကိုေျပာျပပါ။ ျပစ္ဒဏ္နဲ႔ စတင္လိုက္မယ္ဆိုရင္ ကေလးေတြဟာ တစ္စံုတစ္ေယာက္ရဲ႕အတည္ျပဳခ်က္ကို အၿမဲတမ္းရွာေနရတဲ့ လူႀကီးေတြအျဖစ္ ႀကီးျပင္းသြားပါလိမ့္မယ္။

၂။ ကေလးကို မေအာ္ပါနဲ႔

ေအာ္ေငါက္ၿပီးစတင္တာဟာ မိဘေတြအေနနဲ႔ ကိုယ့္ရဲ႕စိတ္ခံစားမႈကို မထိန္းခ်ဳပ္ႏိုင္ဘူးဆိုတာ ျပသရာေရာက္ပါတယ္။ သင့္ကေလးက စိတ္လႈပ္ရွားမႈ မတည္မျငိမ္ျဖစ္ေနတယ္ဆိုရင္ ဒီအခိုက္အတန္႔ဟာ သူတို႔ဘဝအတြက္ ပိုၿပီးခက္ခဲေစတဲ့အျပင္ အနာဂတ္မွာ ကိုယ့္ကိုယ္ကို အေကာင္းျမင္စိတ္၊ အထင္ႀကီးစိတ္ေတြ ေပ်ာက္ဆံုးပါလိမ့္မယ္။ သူ႔ကိုယ္သူယံုၾကည္မႈမရွိေတာ့တာမ်ိဳး၊ အခ်ိန္ျပည့္ လူၾကီးကိုေၾကာက္လန္႔ေနတာမ်ိဳးျဖစ္ေနတတ္ပါတယ္။

၃။ သင့္ရဲ႕ကတိကို ထိန္းသိမ္းပါ

ကေလးကို မေကာင္းတာ တစ္ခုခုလုပ္ရင္ အျပစ္ေပးမယ္လို႔ ကတိေပးထားတယ္ဆိုပါစို႔။ ကေလးက ျပဳလုပ္မိခဲ့ရင္ ကတိအတိုင္းအျပစ္ေပးပါ။ အဲ့ဒီအတြက္ ကေလးကို ႀကိဳ ၿပီး႐ွင္းျပရပါမယ္္။ ​ကေလးနဲ႔ ႏွစ္ဦးသေဘာတူ စည္​းကမ္​း​ေတြကို ခ်မွတ္ထားပါ။ ခ်မွတ္တဲ့ စည္းကပ္းက ကေလးလိုက္နာႏိုင္မယ့္ စည္းကမ္းျဖစ္သလို ခ်မွတ္တဲ့ သူကလည္း လိုက္နာဖို႔လိုပါတယ္။​သင္က ေျပာတဲ့အတိုင္း လုပ္တတ္သူဆိုရင္ ကေလးေတြဟာ သူတို႔အမွားလုပ္ခဲ့တာကို ေစာေစာသတိျပဳမိၾကၿပီး သူတို႔အမွားေတြကို ဝန္ခံပါလိမ့္မယ္။ ဒီအမူအက်င့္ကို ခ်ီးမြမ္းေပးပါ။

၄။ သင့္ကေလးကို လူၾကားထဲမွာ မေအာ္ပါနဲ႕

တစ္ခ်ိဳ႕မိဘေတြက ကေလးကို လူၾကားထဲမွာ ကေလးရဲ႕အေပါင္းအသင္းေရွ႕မွာ ေအာ္ေငါက္တတ္ပါတယ္။ ဒီလိုအရွက္ခြဲျခင္းေၾကာင့္ ကေလးဟာ မိဘအေပၚ ေဒါသျဖစ္တာ၊ အရြဲ႕တိုက္တာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။ ကေလးကို လူေတြေရွ႕မွာ ဆူပူေအာ္ဟစ္ျခင္းက ရွက္ရြံ႕ျခင္းႏွင့္အတူ လူေတြရဲ႕အျမင္ေပၚ မွီခိုမႈ ဖြံ႕ၿဖိဳးလာပါလိမ့္မယ္။ ဒါ့ေၾကာင့္ကေလးကို ကြယ္ရာမွာဆံုးမပါ။ လူေရွ႕မွာ ေအာ္ဟစ္ဆံုးမတာမ်ိဳးမလုပ္ပါနဲ႔။

၅။ သင့္ကေလးဟာ အျပစ္ရွိသူလား/ အျပစ္မရွိသူလားဆိုတာ ဆန္းစစ္ပါ

အျပစ္လုပ္သူကို ဆံုးျဖတ္ရန္ခက္ခဲတဲ့အခါ ပါဝင္ပတ္သတ္သူတုိင္းကုိ အျပစ္ေပးဖို႔ လိုအပ္ပါတယ္။ တစ္ခ်ိဳ႕မိဘေတြရွိပါတယ္။ ညီအစ္ကို ႏွစ္ေယာက္ရွိရင္ အငယ္ကို ဦးစားေပးတတ္ၿပီး အႀကီးကို မွန္သည္ျဖစ္ေစ၊ မွားသည္ျဖစ္ေစ အျပစ္ေပးတတ္ၾကပါတယ္။ တစ္ေယာက္တည္းကိုပဲ ကြက္ၿပီး အျပစ္ေပးမယ္ဆိုရင္ တျခားကေလး လြတ္ကင္းလို႔ ေပ်ာ္ေနခ်ိန္မွာ အျပစ္ေပးခံရတဲ့ကေလးအတြက္ တရားမွ်တမႈ မရွိသလို ကေလးအတြက္ မတရားခံရသူလို ခံစားရေစႏိုင္ပါတယ္။
သားသမီးကို ရတနာလို႔ တင္စားတဲ့ ဆိုရိုးစကားနဲ႔အညီ ကေလးကို ျပဳစုပ်ိဳးေထာင္တဲ့ေနရာမွာ ပညာရွိမိဘေတြ ျဖစ္ေစဖို႔ ေမွ်ာ္လင့္ပါတယ္။ အထက္ပါအခ်က္ေလးေတြကို မိဘေတြကိုယ္တိုင္လိုက္နာၾကည့္ျပီး ကိုယ္ရဲ႕သားသမီးေတြကို နည္းလမ္းတက်ဆံုးမေပးပါလို႔ တိုက္တြန္းလုိက္ပါတယ္။

Lifestyle_Myanmar

LM_Nandar

Unicode

ကလေးရဲ့ ကိုယ့်ကိုယ်ကိုတန်ဖိုးထားစိတ်ကို မပျက်စီးစေဘဲ စည်းကမ်းချမှတ်ဖို့ နည်းလမ်း (၅)ခု
မိဘတိုင်းက ကလေးတစ်ယောက်ကို ဘယ်လို ပြုစုပျိုးထောင်ရမလဲဆိုတာ အထူးသဖြင့် ပြစ်ဒဏ်ပေးတာနဲ့ ပတ်သတ်လာတဲ့အခါ အတိအကျသိတယ်လို့ ယုံကြည်ချက် ရှိကြပါတယ်။ မိဘအုပ်ထိန်းမှုနည်းလမ်းများအပေါ် ယုံကြည်ချက်က အများအားဖြင့် ကိုယ့်ရဲ့အတွေ့အကြုံပေါ်မှာ အခြေခံပါတယ်။ ( ငါလည်း ဒီနည်းလမ်းနဲ့ ကြီးပြင်းလာတာပဲ) ဒါမှမဟုတ် ဆန့်ကျင်ဘက်အနေနဲ့ ( ငါ့ကိုနှိပ်စက်ရင်လညး် ငါကြိုက်မှာမဟုတ်ဘူး၊ ဒါ့ကြောင့် ငါ့ကလေးကို ငါမနှိပ်စက်ဘူး)။

၁။ သင့်ကလေးကို အမှားတွေ လုပ်ခွင့်ပေးပါ
တခါတလေမှာ ကလေးတွေဟာ သူတို့မိဘတွေရဲ့ ရှု့ထောင့်အမြင်မှာ အမှားတစ်ခုခုလုပ်တတ်ကြပါတယ်။ သို့သော်လညး် သူတို့အတွက်တော့ ဒါက ပထမဆုံးအတွေ့အကြံုဖြစ်ပြီး နောက်ဆက်တွဲ ဘာအကျိုးဆက်တွေဖြစ်မလဲဆိုတာ မသိကြပါဘူး။ အရွယ်ရောက်ပြီးသူတွေလို စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိသေးပါဘူး။ သူတို့ကို တစ်စက္ကန့်လောက် အခွင့်အရေးပေးပါ။ သူတို့ဘာလုပ်နိုင်သလဲ၊ သူတို့ဘာမလုပ်နိုင်ဘူးဆိုတာ သူတို့ကိုပြောပြပါ။ ပြစ်ဒဏ်နဲ့ စတင်လိုက်မယ်ဆိုရင် ကလေးတွေဟာ တစ်စုံတစ်ယောက်ရဲ့အတည်ပြုချက်ကို အမြဲတမ်းရှာနေရတဲ့ လူကြီးတွေအဖြစ် ကြီးပြင်းသွားပါလိမ့်မယ်။
၂။ ကလေးကို မအော်ပါနဲ့
အော်ငေါက်ပြီးစတင်တာဟာ မိဘတွေအနေနဲ့ ကိုယ့်ရဲ့စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ဘူးဆိုတာ ပြသရာရောက်ပါတယ်။ သင့်ကလေးက စိတ်လှုပ်ရှားမှု မတည်မငြိမ်ဖြစ်နေတယ်ဆိုရင် ဒီအခိုက်အတန့်ဟာ သူတို့ဘဝအတွက် ပိုပြီးခက်ခဲစေတဲ့အပြင် အနာဂတ်မှာ ကိုယ့်ကိုယ်ကို အကောင်းမြင်စိတ်၊ အထင်ကြီးစိတ်တွေ ပျောက်ဆုံးပါလိမ့်မယ်။ သူ့ကိုယ်သူယုံကြည်မှုမရှိတော့တာမျိုး၊ အချိန်ပြည့် လူကြီးကိုကြောက်လန့်နေတာမျိုးဖြစ်နေတတ်ပါတယ်။

၃။ သင့်ရဲ့ကတိကို ထိန်းသိမ်းပါ
ကလေးကို မကောင်းတာ တစ်ခုခုလုပ်ရင် အပြစ်ပေးမယ်လို့ ကတိပေးထားတယ်ဆိုပါစို့။ ကလေးက ပြုလုပ်မိခဲ့ရင် ကတိအတိုင်းအပြစ်ပေးပါ။ အဲ့ဒီအတွက် ကလေးကို ကြို ပြီးရှင်းပြရပါမယ််။ ​ကလေးနဲ့ နှစ်ဦးသဘောတူ စည်​းကမ်​း​တွေကို ချမှတ်ထားပါ။ ချမှတ်တဲ့ စည်းကပ်းက ကလေးလိုက်နာနိုင်မယ့် စည်းကမ်းဖြစ်သလို ချမှတ်တဲ့ သူကလည်း လိုက်နာဖို့လိုပါတယ်။​သင်က ပြောတဲ့အတိုင်း လုပ်တတ်သူဆိုရင် ကလေးတွေဟာ သူတို့အမှားလုပ်ခဲ့တာကို စောစောသတိပြုမိကြပြီး သူတို့အမှားတွေကို ဝန်ခံပါလိမ့်မယ်။ ဒီအမူအကျင့်ကို ချီးမွမ်းပေးပါ။

၄။ သင့်ကလေးကို လူကြားထဲမှာ မအော်ပါနဲ့
တစ်ချို့မိဘတွေက ကလေးကို လူကြားထဲမှာ ကလေးရဲ့အပေါင်းအသင်းရှေ့မှာ အော်ငေါက်တတ်ပါတယ်။ ဒီလိုအရှက်ခွဲခြင်းကြောင့် ကလေးဟာ မိဘအပေါ် ဒေါသဖြစ်တာ၊ အရွဲ့တိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ကလေးကို လူတွေရှေ့မှာ ဆူပူအော်ဟစ်ခြင်းက ရှက်ရွံ့ခြင်းနှင့်အတူ လူတွေရဲ့အမြင်ပေါ် မှီခိုမှု ဖွံ့ဖြိုးလာပါလိမ့်မယ်။ ဒါ့ကြောင့်ကလေးကို ကွယ်ရာမှာဆုံးမပါ။ လူရှေ့မှာ အော်ဟစ်ဆုံးမတာမျိုးမလုပ်ပါနဲ့။

၅။ သင့်ကလေးဟာ အပြစ်ရှိသူလား/ အပြစ်မရှိသူလားဆိုတာ ဆန်းစစ်ပါ
အပြစ်လုပ်သူကို ဆုံးဖြတ်ရန်ခက်ခဲတဲ့အခါ ပါဝင်ပတ်သတ်သူတိုင်းကို အပြစ်ပေးဖို့ လိုအပ်ပါတယ်။ တစ်ချို့မိဘတွေရှိပါတယ်။ ညီအစ်ကို နှစ်ယောက်ရှိရင် အငယ်ကို ဦးစားပေးတတ်ပြီး အကြီးကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အပြစ်ပေးတတ်ကြပါတယ်။ တစ်ယောက်တည်းကိုပဲ ကွက်ပြီး အပြစ်ပေးမယ်ဆိုရင် တခြားကလေး လွတ်ကင်းလို့ ပျော်နေချိန်မှာ အပြစ်ပေးခံရတဲ့ကလေးအတွက် တရားမျှတမှု မရှိသလို ကလေးအတွက် မတရားခံရသူလို ခံစားရစေနိုင်ပါတယ်။
သားသမီးကို ရတနာလို့ တင်စားတဲ့ ဆိုရိုးစကားနဲ့အညီ ကလေးကို ပြုစုပျိုးထောင်တဲ့နေရာမှာ ပညာရှိမိဘတွေ ဖြစ်စေဖို့ မျှော်လင့်ပါတယ်။ အထက်ပါအချက်လေးတွေကို မိဘတွေကိုယ်တိုင်လိုက်နာကြည့်ပြီး ကိုယ်ရဲ့သားသမီးတွေကို နည်းလမ်းတကျဆုံးမပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here