ကေလးငယ္ေလးေတြနဲ႔ အိမ္ေမြးတိရိစာၦန္ေလးေတြ ၾကားထဲမွာ အထူေကာင္းမြန္တဲ့ ခင္မင္မႈမ်ိဳးရွိပါတယ္။ မိဘေတြတိုင္း ကေလးငယ္ေတြကို အစစအရာရာ လိုေလေသးမရွိေအာင္ ထားႏိုင္ေပမယ့္ အ႐ုပ္ေတြထက္ပိုၿပီး သံေယာဇဥ္တြယ္တတ္တဲ့ အိမ္ေမြးတိရိစာၦန္ေလးေတြက ကေလးေတြကိုပိုမိုေပ်ာ္ရြင္ေစၿပီး ခ်စ္ခင္စိတ္တိုးပြားေစတတ္တာကို ေမ့ေနတတ္ပါတယ္။ ဒါေၾကာင့္ ကေလးငယ္ေလးေတြအေနနဲ႔ ဘာေၾကာင့္အိမ္ေမြးတိရိစာၦန္ ေလးေတြ ပိုင္ဆိုင္သင့္တယ္ဆိုတာကို Lifestyle Myanmar မိဘေတြအတြက္ အေၾကာင္းျပခ်က္ (၅)ခ်က္နဲ႔ ရွင္းျပေပးလိုက္ပါတယ္။
၁။ တိရိစာၦန္ေလးေတြကိုေစာင့္ေရွာက္တတ္ျခင္းျဖင့္ တာ၀န္ယူမႈကို သင္ၾကားေပးႏိုင္ပါတယ္။ ကေလးငယ္ေတြကစားတဲ့အခါ အိမ္ေမြးတိရိစာၦန္နဲ႔ကစားျခင္း၊ တိရိစာၦန္ေလးေတြကို အစာေကၽြးျခင္း စတဲ့တာ၀န္ေလးေတြနဲ႕ သူတို႔ကိုတာ၀န္ယူတတ္ေအာင္ သင္ၾကားေပးႏိုင္ပါတယ္။
၂။ အျခားသူေတြအေပၚ ႐ိုေသေလးစားမႈ၊ စာနာသနားတတ္ျခင္းကို သင္ယူပါတယ္။ တိရိစာၦန္ေလးေတြဟာ ႐ုပ္ပိုင္း၊စိတ္ပိုင္း လိုအပ္ခ်က္ေတြကို ခံစားေတြးေတာႏိုင္ဖို႔ သင္ၾကားေပးႏိုင္ပါတယ္။ တကယ္လို႔ သင့္ရဲ႕ကေလးကို တိရိစာၦန္ေလးေတြ ေမြးျမဴေပးၿပီး ၾကင္နာမႈ၊ ခ်စ္ျခင္း၊ နဲ႕ ဂ႐ုဏာအေၾကာင္းကို သင္ၾကားေပးမယ္ဆို လူသားဆန္စြာနဲ႕ သူတို႔နားလည္သေဘာေပါက္ဖို႔ အလြယ္ကူဆံုးနည္းလမ္းျဖစ္ပါလိမ့္မယ္။
၃။ အိမ္ေမြးတိရိစာၦန္ေမြးျမဴျခင္းေၾကာင့္ က်န္းမာေရးေကာင္းက်ိဳးေလးေတြလည္း ရွိပါေသးတယ္။ အိမ္ေမြးတိရိစာၦန္ေမြးတဲ့ လူေတြဟာႏွလံုးေရာဂါအႏၱရာယ္ေလ်ာ့နည္းျခင္း ၊ ေသြးတိုးမႈကိုက်ဆင္းေစျခင္း၊ ကိုလက္စထေရာ ပမာဏကို က်ဆင္းေစျခင္းအျပင္ ႐ုပ္ပိုင္းဆုိင္ရာတက္ၾကြမႈေတြကို ပိုမိုပိုင္ဆိုင္ၾကတယ္လို႔ သိရွိရပါတယ္။ ဒါေတြအျပင္ သုေတသနျပဳသူေတြက ကေလးရဲ႕ပထမဆံုးတစ္ႏွစ္တာမွာ အိမ္ေမြးတိရိစာၦန္နဲ႕ အတူတူႀကီးျပင္းခဲ့ရင္ ပန္းနာရင္က်ပ္ေရာဂါ ျဖစ္မႈကိုေလ်ာ့နည္းေစတယ္ လို႔လည္းေတြ႕ရွိခဲ့ၾကပါတယ္။
၄။ တိရိစာၦန္ေလးေတြဟာ ကိုယ္ကိုကိုယ္တန္ဖိုးထားမႈကို ျမွင့္တင္ေပးႏိုင္ပါတယ္တဲ့။ ဒီအခ်က္ကေတာ့ သင့္အတြက္ဇေ၀ဇ၀ါျဖစ္ႏိုင္ပါတယ္။ သင့္ရဲ႕အိမ္ေမြးတိရိစာၦန္ေလးေတြဟာ သင္သာလွ်င္ေလာကမွာအေကာင္းဆံုး၊ သူ႕အတြက္ အေရးႀကီးဆံုး၊ အျဖစ္သတ္မွတ္ၾကၿပီး သင့္ကိုသူတို႔သစၥာရွိၾကသလို သင့္ရဲ႕မေကာင္းတဲ့လွိဳ႕၀ွက္ခ်က္ေတြကိုလည္း လိုက္မေျပာျပတတ္ၾကပါဘူး။ သင့္ရဲ႕အယံုၾကည္ရဆံုး သူငယ္ခ်င္လို႔လဲ သတ္မွတ္လို႔ရပါတယ္။ ဒီလိုပါပဲ အိမ္ေမြးတိရိစာၦန္ေလးေတြကို ပိုင္ဆိုင္ထားၾကတဲ့ ကေလးငယ္ေတြဟာလည္း စိုးရိမ္ပူပန္ျခင္း၊ စိတ္ညစ္ျခင္းေတြကို ေလ်ာ့နည္းေစတတ္ၿပီး ကိုယ္ကိုကိုယ္ယံုၾကည္မႈ တိုးပြားေစပါတယ္။
ဒရမ္မာကားေတြၾကည့္ၿပီး ငိုတတ္သူေတြဟာ စိတ္ပိုင္းဆိုင္ရာ ခိုင္မာသူေတြျဖစ္ၾကတာ ဘာေၾကာင့္လဲ
၅။ သင့္ကေလးအတြက္ မိသားစု၀င္သူငယ္ခ်င္းတစ္ေယာက္ တိုးသလိုပါပဲ။ မိသားစုတစ္ခုထဲမွာ ေျခေလးေခ်ာင္းရွိတဲ့ မိသားစု၀င္တစ္ေယာက္ တိုးလာတာဟာ ကေလးငယ္ေတြအတြက္ ပ်င္းစရာမေကာင္းေတာ့ပါဘူး။ သင္အျပင္ေတြဘာေတြထြက္တဲ့အခါလည္း သင့္ကေလးကိုသူ႕ရဲ႕ ေျခေလးေခ်ာင္းသူငယ္ခ်င္းနဲ႕ အိမ္မွာအတူတူေဆာ့ကစားရင္း စိတ္ခ်လက္ခ်ခ်န္ထားခဲ့ႏိုင္ပါတယ္။ ဒါေတြအျပင္ ေခြးေလးေတြနဲ႕ အတူတူလမ္းေလွ်ာက္ထြက္ရင္ေတာင္မွ TTeamworkလို႔ေခၚတဲ့ စုေပါင္းလုပ္ေဆာင္စိတ္ကို ကေလးေတြရရွိႏိုင္သလို သင့္အိမ္ကေၾကာင္ရဲ႕ ရယ္စရာအျပဳအမူေတြေၾကာင့္လည္း မိသားစုေႏွာင္ႀကိဳးကို တိုးပြားေစႏိုင္ပါတယ္။
#LM_Naung_Naung
Ref-Kristen Levine
#Lifestyle_Myanmar
Unicode version
ကလေးတိုင်း ဘာကြောင့်အိမ်မွေးတိရိစ္ဆာန်လေးတွေ ပိုင်ဆိုင်သင့်လဲဆိုတဲ့ အကြောင်းပြချက် (၅)ချက်
ကလေးငယ်လေးတွေနဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ ကြားထဲမှာ အထူကောင်းမွန်တဲ့ ခင်မင်မှုမျိုးရှိပါတယ်။ မိဘတွေတိုင်း ကလေးငယ်တွေကို အစစအရာရာ လိုလေသေးမရှိအောင် ထားနိုင်ပေမယ့် အရုပ်တွေထက်ပိုပြီး သံယောဇဉ်တွယ်တတ်တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေက ကလေးတွေကိုပိုမိုပျော်ရွင်စေပြီး ချစ်ခင်စိတ်တိုးပွားစေတတ်တာကို မေ့နေတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်လေးတွေအနေနဲ့ ဘာကြောင့်အိမ်မွေးတိရိစ္ဆာန် လေးတွေ ပိုင်ဆိုင်သင့်တယ်ဆိုတာကို Lifestyle Myanmar မိဘတွေအတွက် အကြောင်းပြချက် (၅)ချက်နဲ့ ရှင်းပြပေးလိုက်ပါတယ်။
၁။ တိရိစ္ဆာန်လေးတွေကိုစောင့်ရှောက်တတ်ခြင်းဖြင့် တာဝန်ယူမှုကို သင်ကြားပေးနိုင်ပါတယ်။ ကလေးငယ်တွေကစားတဲ့အခါ အိမ်မွေးတိရိစ္ဆာန်နဲ့ကစားခြင်း၊ တိရိစ္ဆာန်လေးတွေကို အစာကျွေးခြင်း စတဲ့တာဝန်လေးတွေနဲ့ သူတို့ကိုတာဝန်ယူတတ်အောင် သင်ကြားပေးနိုင်ပါတယ်။
၂။ အခြားသူတွေအပေါ် ရိုသေလေးစားမှု၊ စာနာသနားတတ်ခြင်းကို သင်ယူပါတယ်။ တိရိစ္ဆာန်လေးတွေဟာ ရုပ်ပိုင်း၊စိတ်ပိုင်း လိုအပ်ချက်တွေကို ခံစားတွေးတောနိုင်ဖို့ သင်ကြားပေးနိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ကလေးကို တိရိစ္ဆာန်လေးတွေ မွေးမြူပေးပြီး ကြင်နာမှု၊ ချစ်ခြင်း၊ နဲ့ ဂရုဏာအကြောင်းကို သင်ကြားပေးမယ်ဆို လူသားဆန်စွာနဲ့ သူတို့နားလည်သဘောပေါက်ဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါလိမ့်မယ်။
၃။ အိမ်မွေးတိရိစ္ဆာန်မွေးမြူခြင်းကြောင့် ကျန်းမာရေးကောင်းကျိုးလေးတွေလည်း ရှိပါသေးတယ်။ အိမ်မွေးတိရိစ္ဆာန်မွေးတဲ့ လူတွေဟာနှလုံးရောဂါအန္တရာယ်လျော့နည်းခြင်း ၊ သွေးတိုးမှုကိုကျဆင်းစေခြင်း၊ ကိုလက်စထရော ပမာဏကို ကျဆင်းစေခြင်းအပြင် ရုပ်ပိုင်းဆိုင်ရာတက်ကြွမှုတွေကို ပိုမိုပိုင်ဆိုင်ကြတယ်လို့ သိရှိရပါတယ်။ ဒါတွေအပြင် သုတေသနပြုသူတွေက ကလေးရဲ့ပထမဆုံးတစ်နှစ်တာမှာ အိမ်မွေးတိရိစ္ဆာန်နဲ့ အတူတူကြီးပြင်းခဲ့ရင် ပန်းနာရင်ကျပ်ရောဂါ ဖြစ်မှုကိုလျော့နည်းစေတယ် လို့လည်းတွေ့ရှိခဲ့ကြပါတယ်။
၄။ တိရိစ္ဆာန်လေးတွေဟာ ကိုယ်ကိုကိုယ်တန်ဖိုးထားမှုကို မြှင့်တင်ပေးနိုင်ပါတယ်တဲ့။ ဒီအချက်ကတော့ သင့်အတွက်ဇဝေဇဝါဖြစ်နိုင်ပါတယ်။ သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ သင်သာလျှင်လောကမှာအကောင်းဆုံး၊ သူ့အတွက် အရေးကြီးဆုံး၊ အဖြစ်သတ်မှတ်ကြပြီး သင့်ကိုသူတို့သစ္စာရှိကြသလို သင့်ရဲ့မကောင်းတဲ့လှို့ဝှက်ချက်တွေကိုလည်း လိုက်မပြောပြတတ်ကြပါဘူး။ သင့်ရဲ့အယုံကြည်ရဆုံး သူငယ်ချင်လို့လဲ သတ်မှတ်လို့ရပါတယ်။ ဒီလိုပါပဲ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ပိုင်ဆိုင်ထားကြတဲ့ ကလေးငယ်တွေဟာလည်း စိုးရိမ်ပူပန်ခြင်း၊ စိတ်ညစ်ခြင်းတွေကို လျော့နည်းစေတတ်ပြီး ကိုယ်ကိုကိုယ်ယုံကြည်မှု တိုးပွားစေပါတယ်။