0
1669
ကလေးငယ်တွေအတွက်
ကလေးငယ်တွေအတွက်
-Advertisement-
#Lifestyle_Myanmar
#Thar_Nage
အဖေရဲ့အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း ဖော်ပြနေတဲ့ သရုပ်ဖော်ပုံများ
Unicode
ကလေးငယ်လေးတွေရှိတဲ့ မိခင်တွေအတွက် သတင်းကောင်းတစ်ခု
ကလေးတစ်ယောက် မွေးဖွားလိုက်တဲ့ အချိန်ဟာ မိဘတွေရဲ့ တစ်သက်တာမှာ အပျော်ရွှင်ရဆုံးအချိန်ဖြစ်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တခါတစ်ရံမှာ ဒီကလေးကို ထိန်းသိမ်းစောင့်ရှောင်ဖို့အတွက် အကြောင်းအမျိုးမျိုးတွေကြောင့် အခက်ခဲများစွာကြုံတွေ့နေရပါတယ်။ ကလေးငယ်တစ်ယောက်ရှိနေတဲ့ မိခင်အတွက် အခက်အခဲကို လွယ်ကူစွာ ကျော်လွှားနိုင်ဖို့ နည်းလမ်းလေးရှိပါတယ်။ ၂လကနေ ၁၆လ အတွင်းကလေးငယ်တစ်ဦးကို ထိန်းသိမ်းဖို့အတွက် အကောင်းဆုံးနည်းလမ်းလေးတစ်ခုလည်းဖြစ်ပြီး အသက် ၂၃နှစ်အရွယ်ရှိတဲ့ Abigail Rivera Garcia ဆိုတဲ့ ကလေးအမေ အမျိုးသမီးတစ်ဦးက ဒီနည်းလမ်းလေးကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါကတော့ ရိုးရှင်းပြီးလွယ်ကူတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ သူမရဲ့ နည်းလမ်းလေးကတော့ ဆန်အပြည့်ထည့်ထားတဲ့ လက်အိတ်လေးတစ်အိတ်ပဲဖြစ်ပါတယ်။
Abigail Rivera Garcia ဟာ မိမိမှာ ၂လအရွယ်ကလေးငယ်တစ်ဦးကို မွေးထားပြီး ဒီကလေးဟာ ငိုနေတဲ့အချိန်မှာ အဆိုပါ ဆန်အပြည့်ထည့်ထားတဲ့ လက်အိတ်လေးကို မိမိကလေးရဲ့ ကျောပေါ်မှာ တင်ပေးလိုက်တာ ကလေးဟာ ချက်ခြင်း အငိုတိတ်ပြီး ကောင်းစွာအိပ်စက်စေပါတယ်။ အဆိုပါ လက်အိတ်လေးဟာ ကလေးငယ်အတွက်တော့ မိခင်ရဲ့ လက်တစ်ခုစဖွယ် ခံစားရစေတယ်လို့ ယူဆလို့ရပါတယ်။ ကလေးငိုလို့၊ ကလေးမအိပ်လို့ အမြဲစိတ်ညစ်နေတဲ့ မိခင်တွေအတွက်တော့ ဒီနည်းလေးက အရမ်းကိုကောင်းမွန်စေပြီး ဘေးထွက်ဆိုးကျိုးလည်း ဘာမှမဖြစ်ပေါ်စေပါဘူး။ Abigail Rivera Garcia ဟာ မိမိရဲ့ ကလေးကိုစမ်းသပ်ပြီးတဲ့ အချိန်မှာတော့ ကလေးငယ်ရှိတဲ့ မိခင်တွေအတွက် facebook ပေါ်မှာ ဒီနည်းလမ်းလေးကို မျှဝေပေးလိုက်ပြီး ၎င်းရဲ့ post ကို ရ၆၀၀၀ ထိ Shared တဲ့ လူတွေများစွာမြင့်တက်နေပါတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here