ကေလးငယ္ေတြကို ကိုယ္အေလးခ်ိန္တိုးေစဖို႔ အေကာင္းဆံုးအစားအစာ (၁၀) မ်ိဳး

0
223

သင့္ရဲ႕ကေလးက သူ႕ရဲ႕အသက္အရြယ္အလိုက္ ရွိသင့္တဲ့ ကိုယ္အေလးခ်ိန္ မရွိပဲ အရမ္းကိုပိန္ေနၿပီး အာဟာရခ်ိဳ႕တဲ့ေနပါသလား။ ဝဝတုတ္တုတ္နဲ႔ ကေလးေလးေတြဆိုရင္ ျမင္သူတိုင္းက ခ်စ္ခင္ၾကၿပီး ပိန္တဲ့ကေလးေတြထက္ ခ်စ္စရာပိုေကာင္းေနပါလိမ့္မယ္။ သင့္ကေလးကို ယခုလိုမ်ိဳး ကိုယ္ခႏၶာဖြံ႕ၿဖိဳးဖို႔ ေကၽြးေမြးေနေပမယ့္ ကေလးမွာကိုယ္အေလးခ်ိန္ တိုးလာပံုမရခဲ့ရင္ အာဟာရဆိုင္ရာနဲ႔ ပတ္သတ္ၿပီးေတာ့ ဝိတ္တက္ဖို႔အတြက္ အေကာင္းဆံုးအစားအစာေတြကို ေကၽြးေမြးဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ ကေလးငယ္ေတြ ကိုယ္အေလးခ်ိန္ကို ျမွင့္တင္ေပးႏိုင္တဲ့ အေကာင္းဆံုးအစားအစာ (၁၀) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ဒိန္ခဲ
ဒိန္ခဲဟာ လူေတြေျပာမေလာက္ အျမဲတမ္းမဆိုးဝါးပါဘူး။ တကယ္လို႔ သင္ဝယ္မယ္ဆိုရင္ေတာ့ အေကာင္းဆံုးအရည္အေသြးရွိတဲ့ အမွတ္တံဆိပ္ကို ေရြးခ်ယ္ဝယ္ယူပါ။ ဒိန္ခဲမွာ အဆီဓါတ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ပိန္တဲ့သင့္ကေလး ကိုယ္အေလးခ်ိန္တိုးေစဖို႔ မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။ ဒါေၾကာင့္ သင္ကဒိန္ခဲကို ေရွာင္ရင္ေတာင္မွ သင့္ကေလးကပိန္ေနရင္ သင့္ကေလးစားတဲ့အစားအစာ စာရင္းမွာေန႔စဥ္ထည့္သြင္း စဥ္းစားသင့္ပါတယ္။

၂။ ေျမပဲေထာပတ္
ေျမပဲေထာပတ္ယိုမွာ အဆီဓါတ္နဲ႔ ပ႐ိုတိန္းဓာတ္ အလြန္ၾကြယ္ဝစြာ ပါဝင္တာေၾကာင့္ သင့္ကေလးေပါင္မုန္႔၊ ဆင္းဒဝဒ္စားတဲ့အခါတိုင္း ထည့္သြင္းၿပီး ေကၽြးေမြးေပးပါ။ သင့္ကေလးကိုယ္အေလးခ်ိန္တိုးေစဖို႔ မ်ားစြာအေထာက္အကူ ျပဳေစပါတယ္။

၃။ ႏို႔နဲ႔ ခရင္မ္မ်ား
ႏို႔ဟာ ပ႐ိုတိန္းနဲ႔ ကစီဓာတ္ၾကြယ္ဝေသာ သဘာဝအစားအစာျဖစ္ၿပီး အျခားအာဟာရဓါတ္မ်ားစြာလည္း ၾကြယ္ဝပါတယ္။ ဒါေပမယ့္ ကိုယ္အေလးခ်ိန္တိုးဖို႔ဆိုရင္ ပ႐ိုတိန္းနဲ႔ ကစီဓာတ္ဟာ ပိုၿပီးအေရးႀကီးပါတယ္။ ျဖစ္ႏိုင္ရင္ သင့္ကေလးကို တစ္ေန႔အနည္းဆံုး ႏို႔ႏွစ္ခြက္ေလာက္တိုက္ေပးပါ။ အျခားႏို႔နဲ႔ျပဳလုပ္ထားတဲ့ milkshakes, cereals နဲ႔ smoothies မ်ားကိုလည္း တိုက္ေကၽြးႏိုင္ပါတယ္။ ကေလးအစားစားခ်ိန္နဲ႔ခြာၿပီး ႏို႔တိုက္ေကၽြးဖို႔ကို မေမ့ပါနဲ႔။ ႏြားႏို႔ကကေလးကို ဗိုက္ျပည့္ေစတတ္ပါတယ္။

၄။ ဥမ်ား
ဥအမ်ိဳးမ်ိဳးမွာ ပ႐ိုတိန္းဓာတ္ၾကြယ္ဝစြာပါဝင္ၿပီး ဥ ၁၀၀ ဂ႐မ္မွာ ပ်မ္းမွ်ပ႐ိုတိန္း ၁၃ ဂရမ္ေလာက္ပါဝင္ပါတယ္။ ဒါေၾကာင့္ သင့္ကေလးကို ဥအမ်ိဳးမ်ိဳးကို ႏွစ္ၿခိဳက္စြာစားသံုးႏိုင္ေစဖို႔ မိတ္ဆက္ေပးပါ။ ဥမွာ ဗီတာမင္ေအ၊ ဗီတာမင္ B12 စတဲ့အာဟာရဓာတ္ေတြ ပါဝင္တာေၾကာင့္ ႀကီးထြားဖြံ႕ၿဖိဳးမႈကို မ်ားစြာအေထာက္အပံ့ျဖစ္ေစပါတယ္။ တစ္ေန႔ကိုၾကက္ဥတစ္လံုးခန္႔ ပံုမွန္စားသံုးေစျခင္းျဖင့္ လိုအပ္တဲ့အာဟာရေတြကို ျဖည့္တင္းေပးႏိုင္ပါလိမ့္မယ္။

၅။ ငွက္ေပ်ာသီး
ငွက္ေပ်ာသီးဟာ စြမ္းအင္ျပည့္ဝတဲ့ သဘာဝသစ္သီးျဖစ္ၿပီး ပံုမွန္ငွက္ေပ်ာသီးတစ္လံုးမွာ ပ်မ္းမွ်ကယ္လိုရီ ၁၀၅ ေလာက္ပါဝင္ပါတယ္။ ဒါအျပင္ မရွိမျဖစ္လိုအပ္တဲ့ ကာဗိုဟိုက္ဒရိတ္နဲ႔ အဆီဓါတ္လည္း ပါဝင္တာေၾကာင့္ သင့္ကေလးကိုယ္အေလးခ်ိန္တိုးဖို႔ မ်ားစြာအေထာက္အကူ ျဖစ္ေစပါတယ္။ တကယ္လို႔သင့္ကေလးက ငွက္ေပ်ာသီးသက္သက္မစားခ်င္ဘူး ဆိုပါက မစ္ရွိတ္နဲ႔ ေဖ်ာ္ရည္တုိ႔မွာ ေရာစပ္တိုက္ေကၽြးေပးပါ။

၆။ ေထာပတ္သီး
ေထာပတ္သီးဟာလည္း ကိုယ္အေလးခ်ိန္နည္းတဲ့ ကေလးေတြအတြက္ မ်ားစြာသင့္ေတာ္ပါတယ္။ ေထာပတ္သီးမွာ မ်ားျပားတဲ့ ကယ္လိုရီ၊ နဲ႔ အာဟာရဓါတ္ေတြ ၾကြယ္ဝစြာပါဝင္ၿပီး က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစတဲ့ အဆီမ်ားျပားစြာပါဝင္ေနပါတယ္။

၇။ ၾကက္သား
ၾကြက္သားေတြတည္ေဆာက္ဖို႔နဲ႔ ကိုယ္အေလးခ်ိန္တိုးဖို႔ဆိုရင္ ပ႐ိုတိန္းဓါတ္လံုေလာက္စြာ ရရွိဖို႔အေရးႀကီးပါတယ္။ ၾကက္သားမွာ မ်ားျပားတဲ့ပ႐ိုတိန္းပမာဏကို ရရွိႏိုင္တာေၾကာင့္ ခ်က္ျပဳတ္ေက်ာ္ေလွာ္ နည္းမ်ိဳးစံုးနဲ႔ သင့္ကေလးကို ျပင္ဆင္ေကၽြးေမြးႏိုင္ပါတယ္။

၈။ အာလူး
တကယ္လို႔ သင့္ကေလးကိုယ္အေလးခ်ိန္ တိုးဖို႔ဆိုရင္ ေန႔စဥ္စားေသာက္တ့ဲ အာဟာရေတြထဲမွာ ကစီဓါတ္ ၄၀% ေလာက္ပါဝင္ေနဖို႔ လိုအပ္ပါတယ္။ ဒီလိုကစီဓါတ္နဲ႔ အျခား အာဟာရဓါတ္ေတြကို အာလူးကေန ရရွိႏိုင္ပါတယ္။ ေနာက္ထပ္အက်ိဳးျပဳတဲ့ ဓါတ္ေတြျဖစ္တဲ့ အမိုင္ႏိုအက္ဆစ္၊ ဂလူတမစ္၊ စတဲ့ဓါတ္ေတြဟာလည္း ကိုယ္အေလးခ်ိန္တိုးေစတာေၾကာင့္ အာလူးကိုေကၽြးေမြးေပးပါ။

၉။ အဆီနည္းေသာ အနီေရာင္အသားမ်ား
အနီေရာင္အသားေတြျဖစ္တဲ့ သိုးသား၊ အမဲသား စတဲ့အသားေတြမွာ သံဓါတ္နဲ႔ အဆီဓါတ္ပါဝင္ေနတာေၾကာင့္ ကိုယ္ခႏၶာႀကီးထြားဖို႔ မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။

၁၀။ အပူပိုင္းေဒသသစ္သီးမ်ား
သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ေတြဟာ ေရာဂါကာကြယ္ေပးႏိုင္႐ံုသာမက ကိုယ္ခႏၶာႀကီးထြားဖြံ႔ၿဖိဳးဖို႔ကိုလည္း ကူညီေပးႏိုင္ပါတယ္။ အထူးသျဖင့္ ဖရဲသီး၊ သရက္သီး၊ နာနတ္သီးစတ့ဲ အပူပိုင္းေဒသထြက္ သစ္သီးေတြက ပိုမိုအက်ိဳးျပဳႏိုင္တာေၾကာင့္ သစ္သီးအတိုင္းေကၽြးျခင္းပဲ ျဖစ္ေစ ေဖ်ာ္ရည္အျဖစ္တိုက္ေကၽြးျခင္းပဲျဖစ္ေစ ျပဳလုပ္ေပးပါ။

#LM_Naung_Naung
#Lifestyle_Myanmar
Source-Momjunction

စံုတြဲတိုင္း အနည္းဆံုးတႀကိမ္ေလာက္ျဖစ္ျဖစ္ အတူတကြ စမ္းသပ္ၾကည့္သင့္တဲ့ အရာေလးေတြ

Unicode

သင့်ရဲ့ကလေးက သူ့ရဲ့အသက်အရွယ်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန် မရှိပဲ အရမ်းကိုပိန်နေပြီး အာဟာရချို့တဲ့နေပါသလား။ ဝဝတုတ်တုတ်နဲ့ ကလေးလေးတွေဆိုရင် မြင်သူတိုင်းက ချစ်ခင်ကြပြီး ပိန်တဲ့ကလေးတွေထက် ချစ်စရာပိုကောင်းနေပါလိမ့်မယ်။ သင့်ကလေးကို ယခုလိုမျိုး ကိုယ်ခန္ဓာဖွံ့ဖြိုးဖို့ ကျွေးမွေးနေပေမယ့် ကလေးမှာကိုယ်အလေးချိန် တိုးလာပုံမရခဲ့ရင် အာဟာရဆိုင်ရာနဲ့ ပတ်သတ်ပြီးတော့ ဝိတ်တက်ဖို့အတွက် အကောင်းဆုံးအစားအစာတွေကို ကျွေးမွေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေ ကိုယ်အလေးချိန်ကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံးအစားအစာ (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဒိန်ခဲ
ဒိန်ခဲဟာ လူတွေပြောမလောက် အမြဲတမ်းမဆိုးဝါးပါဘူး။ တကယ်လို့ သင်ဝယ်မယ်ဆိုရင်တော့ အကောင်းဆုံးအရည်အသွေးရှိတဲ့ အမှတ်တံဆိပ်ကို ရွေးချယ်ဝယ်ယူပါ။ ဒိန်ခဲမှာ အဆီဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ပိန်တဲ့သင့်ကလေး ကိုယ်အလေးချိန်တိုးစေဖို့ များစွာအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် သင်ကဒိန်ခဲကို ရှောင်ရင်တောင်မှ
သင့်ကလေးကပိန်နေရင် သင့်ကလေးစားတဲ့အစားအစာ စာရင်းမှာနေ့စဉ်ထည့်သွင်း စဉ်းစားသင့်ပါတယ်။

၂။ မြေပဲထောပတ်
မြေပဲထောပတ်ယိုမှာ အဆီဓါတ်နဲ့ ပရိုတိန်းဓာတ် အလွန်ကြွယ်ဝစွာ ပါဝင်တာကြောင့် သင့်ကလေးပေါင်မုန့်၊ ဆင်းဒဝဒ်စားတဲ့အခါတိုင်း ထည့်သွင်းပြီး ကျွေးမွေးပေးပါ။ သင့်ကလေးကိုယ်အလေးချိန်တိုးစေဖို့ များစွာအထောက်အကူ ပြုစေပါတယ်။

၃။ နို့နဲ့ ခရင်မ်များ
နို့ဟာ ပရိုတိန်းနဲ့ ကစီဓာတ်ကြွယ်ဝသော သဘာဝအစားအစာဖြစ်ပြီး အခြားအာဟာရဓါတ်များစွာလည်း ကြွယ်ဝပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်တိုးဖို့ဆိုရင် ပရိုတိန်းနဲ့ ကစီဓာတ်ဟာ ပိုပြီးအရေးကြီးပါတယ်။ ဖြစ်နိုင်ရင် သင့်ကလေးကို တစ်နေ့အနည်းဆုံး နို့နှစ်ခွက်လောက်တိုက်ပေးပါ။ အခြားနို့နဲ့ပြုလုပ်ထားတဲ့ milkshakes, cereals နဲ့ smoothies များကိုလည်း တိုက်ကျွေးနိုင်ပါတယ်။ ကလေးအစားစားချိန်နဲ့ခွာပြီး နို့တိုက်ကျွေးဖို့ကို မမေ့ပါနဲ့။ နွားနို့ကကလေးကို ဗိုက်ပြည့်စေတတ်ပါတယ်။

၄။ ဥများ
ဥအမျိုးမျိုးမှာ ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်ပြီး ဥ ၁၀၀ ဂရမ်မှာ ပျမ်းမျှပရိုတိန်း ၁၃ ဂရမ်လောက်ပါဝင်ပါတယ်။ ဒါကြောင့် သင့်ကလေးကို ဥအမျိုးမျိုးကို နှစ်ခြိုက်စွာစားသုံးနိုင်စေဖို့ မိတ်ဆက်ပေးပါ။ ဥမှာ ဗီတာမင်အေ၊ ဗီတာမင် B12 စတဲ့အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကြီးထွားဖွံ့ဖြိုးမှုကို များစွာအထောက်အပံ့ဖြစ်စေပါတယ်။ တစ်နေ့ကိုကြက်ဥတစ်လုံးခန့် ပုံမှန်စားသုံးစေခြင်းဖြင့် လိုအပ်တဲ့အာဟာရတွေကို ဖြည့်တင်းပေးနိုင်ပါလိမ့်မယ်။

၅။ ငှက်ပျောသီး
ငှက်ပျောသီးဟာ စွမ်းအင်ပြည့်ဝတဲ့ သဘာဝသစ်သီးဖြစ်ပြီး ပုံမှန်ငှက်ပျောသီးတစ်လုံးမှာ ပျမ်းမျှကယ်လိုရီ ၁၀၅ လောက်ပါဝင်ပါတယ်။ ဒါအပြင် မရှိမဖြစ်လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီဓါတ်လည်း ပါဝင်တာကြောင့် သင့်ကလေးကိုယ်အလေးချိန်တိုးဖို့ များစွာအထောက်အကူ ဖြစ်စေပါတယ်။ တကယ်လို့သင့်ကလေးက ငှက်ပျောသီးသက်သက်မစားချင်ဘူး ဆိုပါက မစ်ရှိတ်နဲ့ ဖျော်ရည်တို့မှာ ရောစပ်တိုက်ကျွေးပေးပါ။

၆။ ထောပတ်သီး
ထောပတ်သီးဟာလည်း ကိုယ်အလေးချိန်နည်းတဲ့ ကလေးတွေအတွက် များစွာသင့်တော်ပါတယ်။ ထောပတ်သီးမှာ များပြားတဲ့ ကယ်လိုရီ၊ နဲ့ အာဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ အဆီများပြားစွာပါဝင်နေပါတယ်။

၇။ ကြက်သား
ကြွက်သားတွေတည်ဆောက်ဖို့နဲ့ ကိုယ်အလေးချိန်တိုးဖို့ဆိုရင် ပရိုတိန်းဓါတ်လုံလောက်စွာ ရရှိဖို့အရေးကြီးပါတယ်။ ကြက်သားမှာ များပြားတဲ့ပရိုတိန်းပမာဏကို ရရှိနိုင်တာကြောင့် ချက်ပြုတ်ကျော်လှော် နည်းမျိုးစုံးနဲ့ သင့်ကလေးကို ပြင်ဆင်ကျွေးမွေးနိုင်ပါတယ်။

၈။ အာလူး
တကယ်လို့ သင့်ကလေးကိုယ်အလေးချိန် တိုးဖို့ဆိုရင် နေ့စဉ်စားသောက်တဲ့ အာဟာရတွေထဲမှာ ကစီဓါတ် ၄၀% လောက်ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဒီလိုကစီဓါတ်နဲ့ အခြား အာဟာရဓါတ်တွေကို အာလူးကနေ ရရှိနိုင်ပါတယ်။ နောက်ထပ်အကျိုးပြုတဲ့ ဓါတ်တွေဖြစ်တဲ့ အမိုင်နိုအက်ဆစ်၊ ဂလူတမစ်၊ စတဲ့ဓါတ်တွေဟာလည်း ကိုယ်အလေးချိန်တိုးစေတာကြောင့် အာလူးကိုကျွေးမွေးပေးပါ။

၉။ အဆီနည်းသော အနီရောင်အသားများ
အနီရောင်အသားတွေဖြစ်တဲ့ သိုးသား၊ အမဲသား စတဲ့အသားတွေမှာ သံဓါတ်နဲ့ အဆီဓါတ်ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာကြီးထွားဖို့ များစွာအထောက်အကူဖြစ်စေပါတယ်။

၁၀။ အပူပိုင်းဒေသသစ်သီးများ
သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရောဂါကာကွယ်ပေးနိုင်ရုံသာမက ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးဖို့ကိုလည်း ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် ဖရဲသီး၊ သရက်သီး၊ နာနတ်သီးစတဲ့ အပူပိုင်းဒေသထွက် သစ်သီးတွေက ပိုမိုအကျိုးပြုနိုင်တာကြောင့် သစ်သီးအတိုင်းကျွေးခြင်းပဲ ဖြစ်စေ ဖျော်ရည်အဖြစ်တိုက်ကျွေးခြင်းပဲဖြစ်စေ ပြုလုပ်ပေးပါ။

#LM_Naung_Naung
#Lifestyle_Myanmar
Source-Momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here