ကုမ္ပဏီသုံး စက်ပစ္စည်းဖြင့် ဖုန်းတိုင်ပေါ်က ကြောင်ကယ်တင်ခဲ့လို့ အလုပ်မှ ရပ်ဆိုင်းခံရခဲ့ရတဲ့ ၀န်ထမ်း

0
62
Maurice German
Maurice German

Maurice German ဆိုတဲ့အမျိုးသားတစ်ဦးဟာ အမေရိကန်ဆက်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Verizon မှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတစ်ဦးပဲဖြစ်ပါတယ်။ သူဟာ Richmond ဆိပ်ကမ်းမှာ အလုပ်လုပ်နေတုန်း Princess Momma လို့ခေါ်တဲ့ ကြောင်မလေးနဲ့ ပတ်သတ်ပြီး Maurice ဆီကို ဖုန်း၀င်လာခဲ့ပါတယ်။ ထိုကြောင်မလေးဟာ ဖုန်းတိုင်းပေါ်မှာ ဆင်းမရ ပြုမရနဲ့ ၁၂နာရီကြားအောင် တည်ရှိနေခဲ့တာကြောင့် maurice ကို ဖမ်းခိုင်းဖို့ ဖုန်းဆက်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။ တိရစ္ဆာန်ကယ်ဆယ်ရေး၊ မီးသတ်ဌာန နဲ့ အခြားအဖွဲ့အစည်းတွေကို အကူအညီတောင်းခဲ့ပေမဲ့ လာရောက် လုပ်ပေးခြင်းမရှိတာကြောင့် maurice ဆီ အခုလိုဖုန်းဆက်ခေါ်လိုက်ရတာပဲဖြစ်ပါတယ်။ maurice ဟာ ကုမ္ပဏီသုံး ကရိန်းကို အသုံးပြုပြီး ဖုန်းတိုင်ထိပ်ပေါ်က ကြောင်မလေးကို ကယ်တင်လိုက်နိုင်ပါတယ်။

maurice ကြောင်မလေးကို ကယ်တင်နေတဲ့ ဗီဒီယိုဖိုင်ကိုတော့ CBS Philly သတင်းထောက် Steve Lindsay က ရိုက်ယူခဲ့တာဖြစ်ပြီး အွန်လိုင်းပေါ် မျှ၀ေခဲ့တာကြောင့် maurice ရဲ့ ကြောင်ကယ်တင်တဲ့ သတင်းဟာ ကုမ္ပဏီထိ ပေါက်ကြားသွားခဲ့တာဖြစ်ပါတယ်။ ကြောင်မလေးကို ကယ်တင်လိုက်နိုင်လို့ ကြောင်ပိုင်ရှင်အပါအ၀င်း အာလုံးက ၀မ်းသာကျပေမဲ့ maurice အတွက်တော့ စိတ်မကောင်းစရာပါပဲ။ သူဟာ ကုမ္ပဏီသုံး စက်ပစ္စည်းကို အသုံးပြုပြီး အခုလိုကြောင်ကယ်တင်ခဲ့တဲ့အတွက် အလုပ်ကနေ ခေတ္တရပ်ဆိုင်းခံခဲ့ရပါတယ်။ maurice ရဲ့လုပ်ရပ်ကို အားလုံးက သဘောကျကျေနပ်ကြပေမဲ့ Verizon ကုမ္ပဏီကတော့ ခုလုပ်ရပ်ကို သဘောမတူပါဘူး။ ကြောင်လေးတစ်ကောင်ကို ကယ်တင်လိုက်ရုံနဲ့ အခုလို အလုပ်က ဆိုင်ငံ့ခံရတယ်ဆိုတော့ အွန်လိုင်းသုံးစွဲသူတွေကလည်း Maurice ဘက်ကနေ မကျေမနပ်တွေ ဖြစ်နေကြပါတယ်။

Maurice German
Maurice German

Verizon ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ အခုလို ပြုလုပ်တဲ့ Maurice ရဲ့ လုပ်ရကို ကျွန်တော်တို့ဘက်က သဘောမကျပါဘူး။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းခွင့်အတွင်းမှာ maurice အပါအ၀င် ဒီအလုပ်ကို လုပ်ကိုင်နေတဲ့၀န်ထမ်းတွေအားလုံးရော၊ အနီးအနားမှာရှိတဲ့ လူတွေ၊ customer တွေအားလုံးပါ ဘေးကင်းကင်းနဲ့ အန္တာရာယ် မဖြစ်အောင် မျှော်လင့်ထားလို့ပါလို့ ဆိုပါတယ်။ Maurice တစ်ယောက် အလုပ်က ဆိုင်းငံ့ခံရပေမဲ့ သူ့ကို ထောက်ခံတဲ့သူတွေက အလုပ်မရှိခင်ကာလအတွင်း အသုံးပြုဖို့ အလှူငွေအချို့ ထောက်ပံ့ပေးလျက်ရှိပါတယ်။

#Lifestyle_Myanmar

#Thar_Nage

မြေအောက်ခန်းထဲမှာ အမှောင်ချပိတ်လှောင်ခံထားရတဲ့ စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူ

LEAVE A REPLY

Please enter your comment!
Please enter your name here