ကိုရီးယား YouTuber ရွေးချယ်ခဲ့တဲ့ အချောဆုံးထိုင်းမင်းသား (၅)ယောက်

0
48

အခုနောက်ပိုင်းမှာ ထိုင်းရုပ်ရှင် ဇာတ်ကားတွေ၊ ထိုင်းအနုပညာရှင်တွေကို ကမ္ဘာတစ်လွှားက အာရှရုပ်ရှင် ချစ်ပရိသတ်တွေ လက်ခံအားပေး လာကြတာကို တွေ့ရပါတယ်။ ပရိသတ်တွေ အားပေးလက်ခံကြတဲ့ ထိုင်းအနုပညာရှင်အများကြီးထဲကမှ ချောမောတဲ့ ရုပ်ရည်ကြောင့် ကိုရီးယား YouTuber ေ႐ြးခ်ယ္ထားတဲ့ ထိုင်း အနုပညာရှင်တစ်ချို့ ရှိပါတယ်။

၁။ Mario Maurer

Youtube သုံးသူတစ်ယောက်က ထိုင်းမင်းသား Mario Maurerဟာ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက ကိုရီးယားမှာနာမည်ကြီးခဲ့ပြီး ကိုရီးယားမင်းသားချော ဝမ်ဘင်နှင့် တူတယ်လို့ဆိုပါတယ်။

၂။ Ananda Everingham

ဗီဒီယိုထုတ်လုပ်သူတစ်ယောက်က ၂၀၀၅ခုနှစ်မှာ ‘Shutter’ဆိုတဲ့ ဇာတ်ကားကို သူကြည့်ခဲ့တာကြောင့် ထိုင်းမင်းသား Ananda ကိုသိကြောင်း ဝန်ခံခဲ့ပါတယ်။ အဆိုပါဇာတ်ကားကိုကြည့်တဲ့အချိန်မှာ Anandaဟာ ချစ်စရာကောင်းတယ်လို့ ခံစားရကြောင်း ပြောခဲ့ပါတယ်။

၃။ Nadech Kugimiya

ကိုရီးယား Youtube သုံးသူတစ်ယောက်ဟာ ထိုင်းမင်းသားချော Nadech Kugimiyaကို သုဝဏ္ဏဘူမိလေဆိပ်က ကြော်ငြာထဲမှာ တွေ့ခဲ့ပြီး ဟောင်ကောင်မင်းသားတစ်ယောက်လို့ ထင်ခဲ့ကြောင်း ဆိုပါတယ်။

၄။ Dj Push Puttichai

YouTuber တစ်ယောက်က ဒရမ်မာကားမှာ Dj Push ကိုမြင်ဖူးခဲ့ပြီး ချောမောသူတစ်ယောက်လို့ ထင်ကြောင်း ဖော်ပြခဲ့ပါတယ်။

၅။ Nine Naphat

ဗီဒီယိုဖန်တီးသူတစ်ယောက်က လွန်ခဲ့တဲ့ ၂နှစ်လောက်က တီဗီကြော်ငြာထဲမှာ ထိုင်းမင်းသား Nine Naphat ကိုမြင်ဖူးခဲ့ပြီး Nine ကိုသူအရမ်းကြိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

LEAVE A REPLY

Please enter your comment!
Please enter your name here