ေတာင္ကိုရီးယားရုပ္ရွင္သရုပ္ေဆာင္ Lee Jong-suk ကိုေတြ႕ဆံုဖို႔ ႀကိဳးပမ္းမႈအျဖစ္ ဘန္ေကာက္သုဝဏၰဘူမိေလဆိပ္အတြင္းသို႔ ခိုးဝင္ခဲ့ၾကၿပီး အေကာက္ခြန္အရာရွိေတြအျဖစ္ အေယာင္ေဆာင္မႈနဲ႔ ထိုင္းပရိတ္သတ္ ၂ဦးကို စက္တင္ဘာလ ၁၉ရက္ ၊ဗုဒၶဟူးေန႔က တရားစြဲဆိုခဲ့ၾကပါတယ္။
ထိုအမ်ိဳးသမီးေတြဟာ အႏုပညာရွင္ကို ေတြ႕ဆံုဖို႔ စြန္႔စြန္႔စားစား ႀကိဳးပမ္းမႈျဖင့္ ရယူခဲ့တဲ့ လံုၿခံဳေရး passes ကိုအသံုးျပဳၿပီး စက္တင္ဘာ ၁၄မွာ ေလဆိပ္ရဲ႕ ကန္႔သတ္ဇုန္ထဲကို ဝင္ခဲ့ၾကတာျဖစ္ပါတယ္။
ထိုင္းႏိုင္ငံဟာ တစ္ႏွစ္ကို ခရီးသြားဧည့္သည္ ၃၅သန္းခန္႔ လာေရာက္လည္ပတ္ၿပီး ေလဆိပ္ဟာ အလုပ္အမ်ားဆံုး အခ်က္အခ်ာတစ္ခု ျဖစ္ပါတယ္။ ဒီလို အမ်ိဳးသမီး ၂ဦးခိုးဝင္ခဲ့ၾကတဲ့အေပၚမွာ ေလဆိပ္လံုၿခံဳေရးႏွင့္ ပတ္သတ္ၿပီး လူအမ်ားက စိုးရိမ္ခဲ့ၾကပါတယ္။ CCTV ကင္မရာေတြမွာ အမည္မသိ အေကာက္ခြန္အရာရွိတစ္ဦးက လံုၿခံဳေရး ကင္းရွင္းေၾကာင္းကဒ္တစ္စံုကို ေပးေနတဲ့ပံုႏွင့္ ထိုကဒ္ကိုအသံုးျပဳၿပီး Lee ေရာက္ရွိမယ့္ေနရာ ကန္႔သတ္ ဧရိယာသို႔ အထူးေကာင္တာမွတဆင့္ သူတို႔ကို လမ္းျပေခၚေဆာင္သြားတဲ့ ပံုေတြကို ျပသထားပါတယ္။ အရာရွိ ၂ဦးက သူတို႔ကို ရာဇဝတ္မႈ က်ဴးလြန္ဖို႔ ကူညီေပးခဲ့တာ ျဖစ္ပါတယ္။ ကူညီခဲ့တဲ့ အေကာက္ခြန္ဝန္ထမ္းႏွင့္အတူ ထိုအမ်ိဳးသမီး ၂ေယာက္ကို ပိုင္နက္က်ဴးလြန္မႈႏွင့္ ယခုတရားစြဲခ်က္တင္ထားပါတယ္လို႔ ေလဆိပ္ရဲတပ္ဖြဲ႔အႀကီးအကဲ Viroj Tudso ကေအအက္ဖ္ပီကို ေျပာၾကားခဲ့ပါတယ္။ ျပစ္မႈထင္ရွားလွ်င္ သူတို႔ဟာ ဒဏ္ေငြႏွင့္ ေထာင္ဒဏ္ငါးႏွစ္အထိရင္ဆုိင္ၾကရႏိုင္ပါတယ္။
စြဲခ်က္မ်ားႏွင္႔ ရင္ဆိုင္ေနရတဲ့ အမ်ိဳးသမီးတစ္ေယာက္က သရုပ္ေဆာင္ရဲ႕ ေလယာဥ္ခရီးစဥ္အေသးစိတ္ကို ရွာေဖြ ကူညီေပးခဲ့ျခင္းအတြက္ သူမသူငယ္ခ်င္းႏွင့္ သူမကို အတြင္းထြက္ေပါက္ဂိတ္သို႔ လမ္းျပတဲ့အတြက္ တစ္ျခားသူတစ္ေယာက္ကို ေက်းဇဴးတင္ၾကာင္း Post တစ္ခုမွာ တင္ခဲ့ပါတယ္။ သူမရဲ႕ facebook မွာ သူမဟာ အေကာက္ခြန္ဝန္ထမ္းနဲ႔ တူေအာင္ ဝတ္စံုေတြ ဝတ္ဆင္ခဲ့ၾကေၾကာင္းႏွင့္ ထိုသို႔ ျပဳလုပ္ေနတဲ့ အခ်ိန္မွာ သူမစိတ္လႈပ္ရွားခဲ့တယ္လို႔ ထုတ္ေဖာ္ခဲ့ပါတယ္။ သူမဟာ မင္းသားကို ပထမဆံုးလက္ဆြဲႏႈတ္ဆက္ခဲ့ရတဲ့ သူျဖစ္တယ္လုိ႔ ဂုဏ္ယူေျပာၾကားခဲ့ပါတယ္။ သူမဂုဏ္ယူစြာ တင္လိုက္တဲ့ Post ေၾကာင့္ပဲ သူမဟာ တရားစြဲဆိုခံရတာျဖစ္ပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Unicode
တောင်ကိုရီးယားရုပ်ရှင်သရုပ်ဆောင် Lee Jong-suk ကိုတွေ့ဆုံဖို့ ကြိုးပမ်းမှုအဖြစ် ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်အတွင်းသို့ ခိုးဝင်ခဲ့ကြပြီး အကောက်ခွန်အရာရှိတွေအဖြစ် အယောင်ဆောင်မှုနဲ့ ထိုင်းပရိတ်သတ် ၂ဦးကို စက်တင်ဘာလ ၁၉ရက် ၊ဗုဒ္ဓဟူးနေ့က တရားစွဲဆိုခဲ့ကြပါတယ်။
ထိုအမျိုးသမီးတွေဟာ အနုပညာရှင်ကို တွေ့ဆုံဖို့ စွန့်စွန့်စားစား ကြိုးပမ်းမှုဖြင့် ရယူခဲ့တဲ့ လုံခြုံရေး passes ကိုအသုံးပြုပြီး စက်တင်ဘာ ၁၄မှာ လေဆိပ်ရဲ့ ကန့်သတ်ဇုန်ထဲကို ဝင်ခဲ့ကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ တစ်နှစ်ကို ခရီးသွားဧည့်သည် ၃၅သန်းခန့် လာရောက်လည်ပတ်ပြီး လေဆိပ်ဟာ အလုပ်အများဆုံး အချက်အချာတစ်ခု ဖြစ်ပါတယ်။ ဒီလို အမျိုးသမီး ၂ဦးခိုးဝင်ခဲ့ကြတဲ့အပေါ်မှာ လေဆိပ်လုံခြုံရေးနှင့် ပတ်သတ်ပြီး လူအများက စိုးရိမ်ခဲ့ကြပါတယ်။ CCTV ကင်မရာတွေမှာ အမည်မသိ အကောက်ခွန်အရာရှိတစ်ဦးက လုံခြုံရေး ကင်းရှင်းကြောင်းကဒ်တစ်စုံကို ပေးနေတဲ့ပုံနှင့် ထိုကဒ်ကိုအသုံးပြုပြီး Lee ရောက်ရှိမယ့်နေရာ ကန့်သတ် ဧရိယာသို့ အထူးကောင်တာမှတဆင့် သူတို့ကို လမ်းပြခေါ်ဆောင်သွားတဲ့ ပုံတွေကို ပြသထားပါတယ်။ အရာရှိ ၂ဦးက သူတို့ကို ရာဇဝတ်မှု ကျူးလွန်ဖို့ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ကူညီခဲ့တဲ့ အကောက်ခွန်ဝန်ထမ်းနှင့်အတူ ထိုအမျိုးသမီး ၂ယောက်ကို ပိုင်နက်ကျူးလွန်မှုနှင့် ယခုတရားစွဲချက်တင်ထားပါတယ်လို့ လေဆိပ်ရဲတပ်ဖွဲ့အကြီးအကဲ Viroj Tudso ကအေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။ ပြစ်မှုထင်ရှားလျှင် သူတို့ဟာ ဒဏ်ငွေနှင့် ထောင်ဒဏ်ငါးနှစ်အထိရင်ဆိုင်ကြရနိုင်ပါတယ်။
စွဲချက်များနှင့် ရင်ဆိုင်နေရတဲ့ အမျိုးသမီးတစ်ယောက်က သရုပ်ဆောင်ရဲ့ လေယာဉ်ခရီးစဉ်အသေးစိတ်ကို ရှာဖွေ ကူညီပေးခဲ့ခြင်းအတွက် သူမသူငယ်ချင်းနှင့် သူမကို အတွင်းထွက်ပေါက်ဂိတ်သို့ လမ်းပြတဲ့အတွက် တစ်ခြားသူတစ်ယောက်ကို ကျေးဇူးတင်ကြာင်း Post တစ်ခုမှာ တင်ခဲ့ပါတယ်။ သူမရဲ့ facebook မှာ သူမဟာ အကောက်ခွန်ဝန်ထမ်းနဲ့ တူအောင် ဝတ်စုံတွေ ဝတ်ဆင်ခဲ့ကြကြောင်းနှင့် ထိုသို့ ပြုလုပ်နေတဲ့ အချိန်မှာ သူမစိတ်လှုပ်ရှားခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ သူမဟာ မင်းသားကို ပထမဆုံးလက်ဆွဲနှုတ်ဆက်ခဲ့ရတဲ့ သူဖြစ်တယ်လို့ ဂုဏ်ယူပြောကြားခဲ့ပါတယ်။ သူမဂုဏ်ယူစွာ တင်လိုက်တဲ့ Post ကြောင့်ပဲ သူမဟာ တရားစွဲဆိုခံရတာဖြစ်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar