ကိုရီးယားမေလးေတြ ျပင္သလို မ်က္ဝန္းလွလွေလး ဖန္တီးခ်င္သူေတြအတြက္ မိတ္ကပ္အႀကံေပးခ်က္(၇)ခု

0
689

မိန္းကေလးတိုင္းက ကိုရီးယားမေလးေတြလို မ်က္ဝန္းလွလွေလးေတြကို သေဘာက်ၾကပါတယ္။ ဒီလိုမ်က္ဝန္းရဖို႔ ခြဲစိတ္ျပဳျပင္တဲ့ နည္းလမ္းပဲ ရွိတာမဟုတ္ပါဘူး။ မိတ္ကပ္ဖန္တီးမႈကလည္း မ်က္ဝန္းကို ပိုႀကီးသေယာင္ျဖစ္ေစဖို႔ ကူညီေပးႏိုင္ပါတယ္။ ဒီေတာ့ ကိုရီးယားမေလးေတြလို မ်က္ဝန္းလွလွေလးရရွိဖို႔ ပ်ိဳေမတို႔အလြယ္တကူ ျပဳလုပ္ႏိုင္တဲ့ မိတ္ကပ္အႀကံျပဳခ်က္တစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ မ်က္ဝန္းအတြင္းေထာင့္ကို အေရာင္ေတာက္ေတာက္ေလးေတြ ထည့္ပါ


မ်က္ဝန္းကိုပိုၿပီးက်ယ္တဲ့အသြင္ျဖစ္ေစဖို႔ ရွန္ပိန္ေရာင္ အိုင္းရွဲဒုိး ဒါမွမဟုတ္ အမႈန္လက္လက္ေလးေတြပါတဲ့ အျဖဴေရာင္အိုင္းရွဲဒိုးကို သင့္မ်က္ဝန္းအတြင္းေထာင့္မွာ ဟုိက္လိုက္လုပ္ေပးပါ။ သင့္အႀကိဳက္ဆံုး highlighter ကိုလည္း သံုးႏိုင္ပါတယ္။ သတိျပဳရမွာက အေရာင္လက္လက္ေလးေတြကို အမ်ားႀကီးမဆိုးပဲ ခပ္ပါးပါးေလးဆိုးေပးဖို႔ပါပဲ။

၂။ မ်က္ေတာင္ကို အရမ္းထူထူႀကီး မဆိုးပါနဲ႔


သင့္ဟာ မ်က္ေတာင္ေကာ့ေကာ့ေလးေတြ ပိုင္ဆိုင္ထားသူဆိုရင္ မ်က္ေတာင္ေကာ့ေဆးတင္တဲ့အခါ ခပ္ပါးပါးေလးပဲ ျပဳလုပ္ေပးပါ။ မ်က္ေတာင္ေကာ့ေဆးက သင့္မ်က္ဝန္းကို က်ယ္ေစယံုသာမဟုတ္ဘဲ သင့္မ်က္လံုးေတြကို ဝင့္ဝင့္ေလး ျဖစ္ေစပါတယ္။ သဘာဝက်က်နဲ႔ fresh ျဖစ္တဲ့ Look ကိုျပဳလုပ္ခ်င္ရင္ lengthening mascara ကိုေရြးခ်ယ္ပါ။သင့္မ်က္ေတာင္က နဂိုထဲက တိုၿပီးပါးလို႔ မ်က္ေတာင္ထူထူထဲထဲLook ေလးျဖစ္ခ်င္ရင္ မ်က္ေတာင္တု ဒါမွမဟုတ္ volumising mascara ကိုေရြးခ်ယ္ႏိုင္ပါတယ္။
မ်က္ေတာင္တုေပၚမွာ မ်က္ေတာင္ေကာ့ေဆးအမ်ားႀကီး ထပ္တင္တာကို ေရွာင္ပါ။ မ်က္ေတာင္အရမ္းထူသြားရင့္ သင့္မ်က္ဝန္းကို ပိုၿပီးေတာင္ က်ဥ္းသြားေစပါလိမ့္မယ္။

၃။ Cateye ဆြဲၿပီး အေတာင္ပံေလးဆြဲဖို႔ မေၾကာက္ပါနဲ႔


cateye eyeliner look ကေခတ္ေရစီးေၾကာင္းထဲက ဘယ္ေတာ့မွ ထြက္သြားမွာ မဟုတ္ပါဘူး။ အေၾကာင္းရင္းက မ်က္ဝန္းကို ပိုႀကီးသေယာင္ ဖန္တီးေပးလို႔ပါ။
Winged Look ကို ျပဳလုပ္တဲ့အခါ စိတ္ရွည္ရွည္နဲ႔ ဂရုစိုက္ၿပီး ဆြဲေပးပါ။ မဆြဲတတ္ရင္ မ်က္ဝန္းကို ပိုက်ယ္ေစမယ့္အစား မ်က္ဝန္းကို ပိုက်ဥ္းသြားေစပါလိမ့္မယ္။

၄။ သင့္ရဲ႕ မ်က္ဝန္းေအာက္ Waterline ေလးေတြကို nude အိုင္းလိုင္နာေလးအသံုးျပဳေပးပါ


Youtube မိတ္ကပ္ tutorial ေတြမွာ မ်က္ဝန္းကိုပိုၿပီး ထင္ရွားေပၚလြင္ေအာင္ မ်က္ဝန္းေအာက္ Waterline ကို အျဖဴေရာင္အိုင္းလိုင္နာကို အၿမဲတမ္းသံုးၾကပါတယ္။ ဒါကတကယ့္ေတာ့ သင့္မ်က္ဝန္းေတြကို ပိုက်ယ္မယ့္အစား ပိုၿပီးေသးငယ္သေယာင္ျဖစ္ေစပါတယ္။
ေျဖရွင္းနည္းကေတာ့ အျဖဴေရာင္ အိုင္းလိုင္နာကို အသံုးျပဳမယ့္အစား nude အိုင္းလိုင္နာေလးကို သံုးေပးပါ။ ဒါက ပိုသဘာဝဆန္ပါတယ္။ ဒီရိုးရွင္းတဲ့ နည္းလမ္းက သင့္ရဲ႕ Look ကို ပိုၿပီး ႏိုးၾကားေစယံုသာမဟုတ္ဘဲ သင့္မ်က္ဝန္းေတြကို ပိုႀကီးသေယာင္ျဖစ္ေစပါတယ္။ ဆြဲရလြယ္ကူေအာင္ ခရမ္အမ်ိဳးအစား အိုင္းလိုင္နာကို ေရြးခ်ယ္ပါ။

၅။ မ်က္လံုးကို contour ထည့္ေပးပါ


သင့္မ်က္ႏွာကို contouring လုပ္သလိုပဲ bronzer သို႔မဟုတ္ အိုင္းရွဲဒိုးကိုသံုးၿပီး သင့္မ်က္ဝန္းကို contour ထည့္ေပးတာက မ်က္ဝန္းကိုပိုႀကီးမားေစတဲ့ အလြယ္ဆံုးနညး္တစ္ခုပါ။ မ်က္ဝန္းရဲ႕အျပင္ဘက္မွာ အေရာင္ရင့္ကိုသံုးပါ။ dimension ကိုဖန္တီးဖို႔ မ်က္ဝန္းအလယ္မွာ ေျပာင္ေျပာင္လက္လက္ အိုင္းရွဲဒိုးကို အဓိိကထားပါ။ၿပီးေနာက္ blend လုပ္ဖို႔လည္း မေမ့ပါနဲ႔။

၆။ ကိုရီးယားမေလးေတြ ျပဳလုပ္သလို လုပ္ပါ (Aegyo sal )


Aegyo sal ဆိုတာ သင့္ရဲ႕ေအာက္မ်က္ေတာင္လိုင္းေပၚမွာ အဝါႏုေရာင္ အိုင္းရွဲဒိုး သို႔မဟုတ္ အျဖဴေရာင္ ေျပာင္ေျပာင္လက္လက္ အိုင္းရွဲဒိုးေလးကို blending လုပ္ၿပီး မ်က္အိတ္ေဖာင္းေဖာင္းေလး ဖန္တီးတဲ့ ကိုရီးယားမိတ္ကပ္ trend တစ္ခုျဖစ္ပါတယ္။ ဒီရိုးရွင္းတဲ့ Korean makeup trend ကမ်က္ဝန္းကို ပိုက်ယ္သေယာင္ဖန္တီးေပးယံုသာမက ငယ္ရြယ္တဲ့ Look ေလးလည္း ျဖစ္ေစပါတယ္။ အရမ္းအမ်ားႀကီး မထည့္မိေအာင္နဲ႔ သင့္မ်က္အိတ္ေအာက္ဖက္မေရာက္သြားေအာင္ ဂရုစိုက္ပါ။

၇။ ေအာက္မ်က္ေတာင္ကို ပိုၿပီးဆြဲပါ


ဒါက အရုပ္မေလးလို မ်က္ဝန္းက်ယ္က်ယ္ ေလးျဖစ္ေစဖို႔ လြယ္ကူပါတယ္။ အိုင္းလိုင္နာခဲတံကိုသံုးၿပီး ေအာက္မ်က္ေတာင္ေတြကို ဆြဲႏိုင္ပါတယ္။
#Lifestyle_Myanmar
#LM_Nandar

Unicode

ကိုရီးယားမလေးတွေ ပြင်သလို မျက်ဝန်းလှလှလေး ဖန်တီးချင်သူတွေအတွက် မိတ်ကပ်အကြံပေးချက်(၇)ခု
မိန်းကလေးတိုင်းက ကိုရီးယားမလေးတွေလို မျက်ဝန်းလှလှလေးတွေကို သဘောကျကြပါတယ်။ ဒီလိုမျက်ဝန်းရဖို့ ခွဲစိတ်ပြုပြင်တဲ့ နည်းလမ်းပဲ ရှိတာမဟုတ်ပါဘူး။ မိတ်ကပ်ဖန်တီးမှုကလည်း မျက်ဝန်းကို ပိုကြီးသယောင်ဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒီတော့ ကိုရီးယားမလေးတွေလို မျက်ဝန်းလှလှလေးရရှိဖို့ ပျိုမေတို့အလွယ်တကူ ပြုလုပ်နိုင်တဲ့ မိတ်ကပ်အကြံပြုချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မျက်ဝန်းအတွင်းထောင့်ကို အရောင်တောက်တောက်လေးတွေ ထည့်ပါ
မျက်ဝန်းကိုပိုပြီးကျယ်တဲ့အသွင်ဖြစ်စေဖို့ ရှန်ပိန်ရောင် အိုင်းရှဲဒိုး ဒါမှမဟုတ် အမှုန်လက်လက်လေးတွေပါတဲ့ အဖြူရောင်အိုင်းရှဲဒိုးကို သင့်မျက်ဝန်းအတွင်းထောင့်မှာ ဟိုက်လိုက်လုပ်ပေးပါ။ သင့်အကြိုက်ဆုံး highlighter ကိုလည်း သုံးနိုင်ပါတယ်။ သတိပြုရမှာက အရောင်လက်လက်လေးတွေကို အများကြီးမဆိုးပဲ ခပ်ပါးပါးလေးဆိုးပေးဖို့ပါပဲ။

၂။ မျက်တောင်ကို အရမ်းထူထူကြီး မဆိုးပါနဲ့
သင့်ဟာ မျက်တောင်ကော့ကော့လေးတွေ ပိုင်ဆိုင်ထားသူဆိုရင် မျက်တောင်ကော့ဆေးတင်တဲ့အခါ ခပ်ပါးပါးလေးပဲ ပြုလုပ်ပေးပါ။ မျက်တောင်ကော့ဆေးက သင့်မျက်ဝန်းကို ကျယ်စေယုံသာမဟုတ်ဘဲ သင့်မျက်လုံးတွေကို ဝင့်ဝင့်လေး ဖြစ်စေပါတယ်။ သဘာဝကျကျနဲ့ fresh ဖြစ်တဲ့ Look ကိုပြုလုပ်ချင်ရင် lengthening mascara ကိုရွေးချယ်ပါ။သင့်မျက်တောင်က နဂိုထဲက တိုပြီးပါးလို့ မျက်တောင်ထူထူထဲထဲLook လေးဖြစ်ချင်ရင် မျက်တောင်တု ဒါမှမဟုတ် volumising mascara ကိုရွေးချယ်နိုင်ပါတယ်။
မျက်တောင်တုပေါ်မှာ မျက်တောင်ကော့ဆေးအများကြီး ထပ်တင်တာကို ရှောင်ပါ။ မျက်တောင်အရမ်းထူသွားရင့် သင့်မျက်ဝန်းကို ပိုပြီးတောင် ကျဉ်းသွားစေပါလိမ့်မယ်။

၃။ Cateye ဆွဲပြီး အတောင်ပံလေးဆွဲဖို့ မကြောက်ပါနဲ့။
cateye eyeliner look ကခေတ်ရေစီးကြောင်းထဲက ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပါဘူး။ အကြောင်းရင်းက မျက်ဝန်းကို ပိုကြီးသယောင် ဖန်တီးပေးလို့ပါ။
Winged Look ကို ပြုလုပ်တဲ့အခါ စိတ်ရှည်ရှည်နဲ့ ဂရုစိုက်ပြီး ဆွဲပေးပါ။ မဆွဲတတ်ရင် မျက်ဝန်းကို ပိုကျယ်စေမယ့်အစား မျက်ဝန်းကို ပိုကျဉ်းသွားစေပါလိမ့်မယ်။

၄။ သင့်ရဲ့ မျက်ဝန်းအောက် Waterline လေးတွေကို nude အိုင်းလိုင်နာလေးအသုံးပြုပေးပါ
Youtube မိတ်ကပ် tutorial တွေမှာ မျက်ဝန်းကိုပိုပြီး ထင်ရှားပေါ်လွင်အောင် မျက်ဝန်းအောက် Waterline ကို အဖြူရောင်အိုင်းလိုင်နာကို အမြဲတမ်းသုံးကြပါတယ်။ ဒါကတကယ့်တော့ သင့်မျက်ဝန်းတွေကို ပိုကျယ်မယ့်အစား ပိုပြီးသေးငယ်သယောင်ဖြစ်စေပါတယ်။
ဖြေရှင်းနည်းကတော့ အဖြူရောင် အိုင်းလိုင်နာကို အသုံးပြုမယ့်အစား nude အိုင်းလိုင်နာလေးကို သုံးပေးပါ။ ဒါက ပိုသဘာဝဆန်ပါတယ်။ ဒီရိုးရှင်းတဲ့ နည်းလမ်းက သင့်ရဲ့ Look ကို ပိုပြီး နိုးကြားစေယုံသာမဟုတ်ဘဲ သင့်မျက်ဝန်းတွေကို ပိုကြီးသယောင်ဖြစ်စေပါတယ်။ ဆွဲရလွယ်ကူအောင် ခရမ်အမျိုးအစား အိုင်းလိုင်နာကို ရွေးချယ်ပါ။

၅။ မျက်လုံးကို contour ထည့်ပေးပါ
သင့်မျက်နှာကို contouring လုပ်သလိုပဲ bronzer သို့မဟုတ် အိုင်းရှဲဒိုးကိုသုံးပြီး သင့်မျက်ဝန်းကို contour ထည့်ပေးတာက မျက်ဝန်းကိုပိုကြီးမားစေတဲ့ အလွယ်ဆုံးနညး်တစ်ခုပါ။ မျက်ဝန်းရဲ့အပြင်ဘက်မှာ အရောင်ရင့်ကိုသုံးပါ။ dimension ကိုဖန်တီးဖို့ မျက်ဝန်းအလယ်မှာ ပြောင်ပြောင်လက်လက် အိုင်းရှဲဒိုးကို အဓိိကထားပါ။ပြီးနောက် blend လုပ်ဖို့လည်း မမေ့ပါနဲ့။

၆။ ကိုရီးယားမလေးတွေ ပြုလုပ်သလို လုပ်ပါ (Aegyo sal )
Aegyo sal ဆိုတာ သင့်ရဲ့အောက်မျက်တောင်လိုင်းပေါ်မှာ အဝါနုရောင် အိုင်းရှဲဒိုး သို့မဟုတ် အဖြူရောင် ပြောင်ပြောင်လက်လက် အိုင်းရှဲဒိုးလေးကို blending လုပ်ပြီး မျက်အိတ်ဖောင်းဖောင်းလေး ဖန်တီးတဲ့ ကိုရီးယားမိတ်ကပ် trend တစ်ခုဖြစ်ပါတယ်။ ဒီရိုးရှင်းတဲ့ Korean makeup trend ကမျက်ဝန်းကို ပိုကျယ်သယောင်ဖန်တီးပေးယုံသာမက ငယ်ရွယ်တဲ့ Look လေးလည်း ဖြစ်စေပါတယ်။ အရမ်းအများကြီး မထည့်မိအောင်နဲ့ သင့်မျက်အိတ်အောက်ဖက်မရောက်သွားအောင် ဂရုစိုက်ပါ။

၇။ အောက်မျက်တောင်ကို ပိုပြီးဆွဲပါ
ဒါက အရုပ်မလေးလို မျက်ဝန်းကျယ်ကျယ် လေးဖြစ်စေဖို့ လွယ်ကူပါတယ်။ အိုင်းလိုင်နာခဲတံကိုသုံးပြီး အောက်မျက်တောင်တွေကို ဆွဲနိုင်ပါတယ်။
#Lifestyle_Myanmar
#LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here