ကိုရီးယားပရိတ်သတ်တွေရဲ့ မကျေနပ်မှုကြောင့် ဂျပန်ပရိတ်သတ်တွေနှင့် တွေ့ဆုံပွဲမှာ ကဏ္ဍတစ်ခုကို ဖျက်သိမ်းလိုက်ရတဲ့ Jinyoung

0
75

Jinyoung ဟာ ဂျပန်ပရိတ်သတ်တွေ့ဆုံပွဲမှာ အပိုင်းတစ်ခုကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယား အဆိုတော် Jinyoung ဟာ မေလ ၃၁- ဇွန်လ ၂ရက်နေ့တွင် ဂျပန်မှာ “Jinyoung ပါတီ “ပရိတ်သတ်တွေ့ဆုံပွဲ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပါတယ်၊ ဒီပရိတ်သတ်တွေ့ဆုံပွဲမှာ ပရိတ်သတ်တွေနဲ့ စကားပြောတဲ့အချိန်၊ ဂိမ်းကစားချိန်နှင့် ‘Favor Event.’တွေ စသဖြင့် ကဏ္ဍအမျိုးမျိုး ပါဝင်မှာ ဖြစ်ပါတယ်။ ‘Favor Event.’ကဏ္ဍက ကိုရီးယားပရိတ်သတ်တွေကို ပြဿနာဖြစ်စေခဲ့ပါတယ်။

Favor Eventကဏ္ဍမှာ ဂျပန်ပရိတ်သတ်တွေက Jinyoung နှင့်အတူ လှုပ်ရှားမှုတစ်ခု ရွေးချယ်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ အဆိုပါရွေးချယ်မှုက Jinyoung နှင့်အတူ စကားပြောပြီး ၁၀စက္ကန့်လောက် လက်ဆွဲနှုတ်ဆက်တာ၊ ၅စက္ကန့်လောက် Jinyoungက ပရိသတ်ရဲ့ ခေါင်းလေးကို ပုတ်ပေးတာ၊ ၁၀စက္ကန့်လောက် Jinyoung ကနေ ပခုံးလေးကို ပွတ်ပေးတာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
Jinyoungက ပရိတ်သတ်ရဲ့ နားကိုကပ်ပြီး ‘I love you’လို့ တိုးတိုးလေးပြောရမှာဖြစ်သလို ပရိတ်သတ်ကို ပွေ့ဖက်ရမှာလည်း ပါပါတယ်။

ကိုရီးယားပရိတ်သတ်တွေက ဒါဟာ Jinyoung အတွက်လည်း မသက်မသာ ခံစားရနိုင်စေပြီး ရုပ်ပိုင်းဆိုင်ရာထိတွေမှု အရမ်းအသာယူလွန်းတဲ့ activities ဖြစ်တယ်လို့ ကွန်ပလိန်း တတ်ကြပါတယ်။
နောက်ဆုံးမှာ ဧပြီလ ၂၄ရက်နေ့က Jinyoung ရဲ့ အေဂျင်စီ LINK8 Entertainment က ဂျပန်ပွဲစီစဉ်သူတွေနဲ့ ဆွေးနွေးပြီး ဒီ’Favor Event.’ကဏ္ဍကို လုံးဝဖယ်ထုတ်လိုက်တယ်လို့ Newsen မှာ ဖော်ပြထားပါတယ်။
ထိုကိစ္စမှာ အင်တာနက်သုံးသူတွေက မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြပါတယ်။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here