ကိုရီးယားနိုင်ငံသားလို့ အများက ထင်ကြတဲ့ နာမည်ကြီး ကိုရီးယားအနုပညာရှင်များ

0
433

စစ်တမ်းတစ်ခုအရ ဒီနာမည်ကြီး (၈)ယောက်ဟာ ကိုရီးယားလူမျိုးတွေဖြစ်ပေမယ့် ကိုရီးယားနိုင်ငံသားတွေ မဟုတ်တာကြောင့် အင်တာနက်အသုံးပြုသူများ အံ့အားသင့်ခဲ့ရပါတယ်။

၁။ Ahn Hyo Seop (2.8%)

Ahn Hyo Seop ဟာ ကိုရီးယားမှာ မွေးဖွားခဲ့သော်လည်း ကနေဒါနိုင်ငံ၊ တိုရွန်တိုမှာ ကြီးပြင်းခဲ့ပါတယ်။ သူဟာ ကနေဒါနိုင်ငံသားဖြစ်ပြီး ကိုရီးယားနှင့် အင်္ဂလိပ်နှစ်မျိုးလုံးကို ကျွမ်းကျင်စွာ ပြောနိုင်ပါတယ်။ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို မဝင်ခင်က GOT7 အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။

၂။ Jung Ryeo Won (3.3%)

၁၉၈၁ခုနှစ်တွင် ကိုရီးယားမှာ မွေးဖွားခဲ့တဲ့ Jung Ryeo Won ဟာ ၁၉၉၂ မှာ မိသားစုလိုက် သြစတြေးလျကို ပြောင်းရွေ့အခြေချခဲ့ပါတယ်။ မူလက သူမဟာ အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ခြင်း မရှိတာကြောင့် ခွဲခြားဆက်ဆံခြင်း ခံခဲ့ရပါတယ်။ ဒါ့ကြောင့် သူမဟာ အငယ်တန်း အထက်တန်းကျောင်းတတ်ပြီး သြစတြေးလျ လူနေမှုဘဝနှင့် အညီနေထိုင်ခဲ့ပါတယ်၊ သူမဟာ ကိုရီးယားနှင့် သြစတြေးလျနိုင်ငံသား နှစ်မျိုးလုံး ခံယူခွင့်ရှိပါတယ်။

၃။ Han Chae Young (3.5%)

ဒယ်ဂူမှာ မွေးဖွားခဲ့တဲ့ Han Chae Young ဟာ သူမကို မွေးဖွားပြီး မကြာခင်မှာပဲ မိသားစုလိုက် အမေရိကန်ကို ပြောင်းရွေ့အခြေချခဲ့ပါတယ်။ သူမဟာ ချီကာဂို ဆင်ခြေဖုံးရပ်ကွက်မှာ ကြီးပြင်းခဲ့ပြီး ဒေသအထက်တန်းကျောင်းကို တတ်ရောက်ခဲ့ပါတယ်။ သူမဟာ ကိုရီးယားကို အလည်အပတ်သွားစဉ်အတွင်းမှာ သူမရဲ့ ပါရမီကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

၄။ Lee Da Hae (5.7%)

Lee Da Hae ဟာတောင်ကိုရီးယားနိုင်ငံ ဆိုးလ်မှာ မွေးဖွားခဲ့ပေမယ့် ၅တန်းမှာ သြစတြေးလျကို ပြောင်းရွေ့ခဲ့ပါတယ်။ သူမဟာ ကိုရီးယား ရိုးရာအကကို လေ့ကျင့်ခဲ့ပြီး အထက်တန်းကျောင်းတတ်နေချိန်မှာ သူမကို ကိုရီးယား Dancer Girl လို့ လူသိများပါတယ်။ ပြည်ပမှာ ပညာသင်နေစဉ် မင်းသမီးဟာ အင်္ဂလိပ်နှင့် တရုတ်ဘာသာနှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ခဲ့ပါတယ်။ သူမဟာ ကိုရီးယားနှင့် သြစတြေးလျနိုင်ငံသားအဖြစ် ခံယူထားသူ ဖြစ်ပါတယ်။

၅။ Mark (NCT) (8%)

Mark ကို တိုရွန်တိုမြို့မှာ ကိုရီးယားမိဘများမှ မွေးဖွားခဲ့ပြီး ဗန်ကူးဗားမှာ ကြီးပြင်းခဲ့ပါတယ်။ ဒီအိုင်ဒေါဟာ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်ပြီး ကနေဒါနိုင်ငံ၊ ဗန်ကူးဗားရှိ global auditions မှတဆင့် SM Entertainment နှင့် ဆက်သွယ်ခဲ့ပါတယ်။ သူ့ဘဝတစ်လျှောက်လုံး ဆိုးလ်၊ ဗန်ကူးဗား၊ တိုရွန်တိုနဲ့ နယူးယောက် မြို့လေးမြို့မှာ နေထိုင်ခဲ့ပါတယ်။

၆။ Mad Clown (11.3%)

ရက်ပါ Mad Clown ဟာ တောင်ကိုရီးယားမှာ ကြီးပြင်းခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့တာကြောင့် လူအများစုက အံ့အားသင့်ခဲ့ကြပါတယ်။ Mad Clown ဟာ rapping ဆိုတဲ့နေရာမှာ အသံ tone မြင့်တာကြောင့် လူသိများပါတယ်။ သူဟာ ပရိုဂျူဆာတစ်ယောက်ဖြစ်သလို Show Me The Money အစီအစဉ်ရဲ့ ပဉ္စမရာသီမှာ ဒိုင်တစ်ယောက်လည်း ဖြစ်ပါတယ်။

၇။ Choi Woo Shik (11.5%)

Choi Woo Shik ဟာ သူ့ရဲ့မိသားစု၊ မောင်နှမတွေနှင့်အတူ ငါးတန်းနှစ်မှာ ကနေဒါသို့ ပြောင်းရွေ့အခြေချခဲ့ပါတယ်။ အဲ့ဒီမှာ နေထိုင်ပြီး နောက် ၁၀နှစ်မှာ အထက်တန်းပညာရေး ပြီးဆုံးခဲ့ပါတယ်။ ကောလိပ်ရောက်တဲ့အချိန်မှာ auditions စစ်ဆေးဖို့ ကိုရီးယားနိုင်ငံကို ပြန်လာခဲ့ပြီး The Duo ဒရမ်မာဖြင့် သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။

၈။ Ma Dong Seok (38.7)

Ma Dong Seok ဟာ တောင်ကိုရီးယားမှာ မွေးဖွားခဲ့ပေမယ့် အမေရိကန်မှာ ကြီးပြင်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံသား ခံယူခဲ့ပါတယ်။ ငယ်ရွယ်စဉ်က သူဟာလူကောင်သေးပြီး အားနည်းတာကြောင့် အနိုင်ကျင့်ခံခဲ့ရပါတယ်၊ သူဟာ အနိုင်ကျင့်မှုတွေကို မခံချင်စိတ်ဖြင့် လေ့ကျင့်ခန်းတွေ လုပ်ခဲ့ပါတယ်။ Mark Coleman နဲ့ Kevin Randleman ကဲ့သို့သော ပရော်ဖက်ရှင်နယ် ဖိုက်တာတွေနဲ့တောင် လေ့ကျင့်သင်ကြားခဲ့ပါတယ်။

#Lifestyle_Myanmar

LM_Nandar

ZawGyi

ကိုရီးယားႏိုင္ငံသားလို႔ အမ်ားက ထင္ၾကတဲ့ နာမည္ႀကီး ကိုရီးယားအႏုပညာရွင္မ်ား
စစ္တမ္းတစ္ခုအရ ဒီနာမည္ႀကီး (၈)ေယာက္ဟာ ကိုရီးယားလူမ်ိဳးေတြျဖစ္ေပမယ့္ ကိုရီးယားႏိုင္ငံသားေတြ မဟုတ္တာေၾကာင့္ အင္တာနက္အသုံးျပဳသူမ်ား အံ့အားသင့္ခဲ့ရပါတယ္။

၁။ Ahn Hyo Seop (2.8%)

Ahn Hyo Seop ဟာ ကိုရီးယားမွာ ေမြးဖြားခဲ့ေသာ္လည္း ကေနဒါႏိုင္ငံ၊ တို႐ြန္တိုမွာ ႀကီးျပင္းခဲ့ပါတယ္။ သူဟာ ကေနဒါႏိုင္ငံသားျဖစ္ၿပီး ကိုရီးယားႏွင့္ အဂၤလိပ္ႏွစ္မ်ိဳးလုံးကို ကြၽမ္းက်င္စြာ ေျပာႏိုင္ပါတယ္။ သ႐ုပ္ေဆာင္တစ္ေယာက္အျဖစ္ အႏုပညာေလာကထဲကို မဝင္ခင္က GOT7 အဖြဲ႕မွာ ပါဝင္ခဲ့ပါတယ္။

၂။ Jung Ryeo Won (3.3%)

၁၉၈၁ခုႏွစ္တြင္ ကိုရီးယားမွာ ေမြးဖြားခဲ့တဲ့ Jung Ryeo Won ဟာ ၁၉၉၂ မွာ မိသားစုလိုက္ ၾသစေၾတးလ်ကို ေျပာင္းေ႐ြ႕အေျခခ်ခဲ့ပါတယ္။ မူလက သူမဟာ အဂၤလိပ္စာကို ကြၽမ္းက်င္စြာ ေျပာဆိုႏိုင္ျခင္း မရွိတာေၾကာင့္ ခြဲျခားဆက္ဆံျခင္း ခံခဲ့ရပါတယ္။ ဒါ့ေၾကာင့္ သူမဟာ အငယ္တန္း အထက္တန္းေက်ာင္းတတ္ၿပီး ၾသစေၾတးလ် လူေနမႈဘဝႏွင့္ အညီေနထိုင္ခဲ့ပါတယ္၊ သူမဟာ ကိုရီးယားႏွင့္ ၾသစေၾတးလ်ႏိုင္ငံသား ႏွစ္မ်ိဳးလုံး ခံယူခြင့္ရွိပါတယ္။

၃။ Han Chae Young (3.5%)

ဒယ္ဂူမွာ ေမြးဖြားခဲ့တဲ့ Han Chae Young ဟာ သူမကို ေမြးဖြားၿပီး မၾကာခင္မွာပဲ မိသားစုလိုက္ အေမရိကန္ကို ေျပာင္းေ႐ြ႕အေျခခ်ခဲ့ပါတယ္။ သူမဟာ ခ်ီကာဂို ဆင္ေျခဖုံးရပ္ကြက္မွာ ႀကီးျပင္းခဲ့ၿပီး ေဒသအထက္တန္းေက်ာင္းကို တတ္ေရာက္ခဲ့ပါတယ္။ သူမဟာ ကိုရီးယားကို အလည္အပတ္သြားစဥ္အတြင္းမွာ သူမရဲ႕ ပါရမီကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

၄။ Lee Da Hae (5.7%)

Lee Da Hae ဟာေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္မွာ ေမြးဖြားခဲ့ေပမယ့္ ၅တန္းမွာ ၾသစေၾတးလ်ကို ေျပာင္းေ႐ြ႕ခဲ့ပါတယ္။ သူမဟာ ကိုရီးယား ႐ိုးရာအကကို ေလ့က်င့္ခဲ့ၿပီး အထက္တန္းေက်ာင္းတတ္ေနခ်ိန္မွာ သူမကို ကိုရီးယား Dancer Girl လို႔ လူသိမ်ားပါတယ္။ ျပည္ပမွာ ပညာသင္ေနစဥ္ မင္းသမီးဟာ အဂၤလိပ္ႏွင့္ တ႐ုတ္ဘာသာႏွစ္မ်ိဳးစလုံးကို ကြၽမ္းက်င္စြာ ေျပာဆိုႏိုင္ခဲ့ပါတယ္။ သူမဟာ ကိုရီးယားႏွင့္ ၾသစေၾတးလ်ႏိုင္ငံသားအျဖစ္ ခံယူထားသူ ျဖစ္ပါတယ္။

၅။ Mark (NCT) (8%)

Mark ကို တို႐ြန္တိုၿမိဳ႕မွာ ကိုရီးယားမိဘမ်ားမွ ေမြးဖြားခဲ့ၿပီး ဗန္ကူးဗားမွာ ႀကီးျပင္းခဲ့ပါတယ္။ ဒီအိုင္ေဒါဟာ အဂၤလိပ္ဘာသာစကားကြၽမ္းက်င္ၿပီး ကေနဒါႏိုင္ငံ၊ ဗန္ကူးဗားရွိ global auditions မွတဆင့္ SM Entertainment ႏွင့္ ဆက္သြယ္ခဲ့ပါတယ္။ သူ႔ဘဝတစ္ေလွ်ာက္လုံး ဆိုးလ္၊ ဗန္ကူးဗား၊ တို႐ြန္တိုနဲ႔ နယူးေယာက္ ၿမိဳ႕ေလးၿမိဳ႕မွာ ေနထိုင္ခဲ့ပါတယ္။

၆။ Mad Clown (11.3%)

ရက္ပါ Mad Clown ဟာ ေတာင္ကိုရီးယားမွာ ႀကီးျပင္းခဲ့ေပမယ့္ အေမရိကန္ျပည္ေထာင္စုမွာ ေမြးဖြားခဲ့တာေၾကာင့္ လူအမ်ားစုက အံ့အားသင့္ခဲ့ၾကပါတယ္။ Mad Clown ဟာ rapping ဆိုတဲ့ေနရာမွာ အသံ tone ျမင့္တာေၾကာင့္ လူသိမ်ားပါတယ္။ သူဟာ ပ႐ိုဂ်ဴဆာတစ္ေယာက္ျဖစ္သလို Show Me The Money အစီအစဥ္ရဲ႕ ပၪၥမရာသီမွာ ဒိုင္တစ္ေယာက္လည္း ျဖစ္ပါတယ္။

၇။ Choi Woo Shik (11.5%)

Choi Woo Shik ဟာ သူ႔ရဲ႕မိသားစု၊ ေမာင္ႏွမေတြႏွင့္အတူ ငါးတန္းႏွစ္မွာ ကေနဒါသို႔ ေျပာင္းေ႐ြ႕အေျခခ်ခဲ့ပါတယ္။ အဲ့ဒီမွာ ေနထိုင္ၿပီး ေနာက္ ၁၀ႏွစ္မွာ အထက္တန္းပညာေရး ၿပီးဆုံးခဲ့ပါတယ္။ ေကာလိပ္ေရာက္တဲ့အခ်ိန္မွာ auditions စစ္ေဆးဖို႔ ကိုရီးယားႏိုင္ငံကို ျပန္လာခဲ့ၿပီး The Duo ဒရမ္မာျဖင့္ သ႐ုပ္ေဆာင္ေလာကထဲကို ဝင္ေရာက္ခဲ့ပါတယ္။

၈။ Ma Dong Seok (38.7)

Ma Dong Seok ဟာ ေတာင္ကိုရီးယားမွာ ေမြးဖြားခဲ့ေပမယ့္ အေမရိကန္မွာ ႀကီးျပင္းခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံသား ခံယူခဲ့ပါတယ္။ ငယ္႐ြယ္စဥ္က သူဟာလူေကာင္ေသးၿပီး အားနည္းတာေၾကာင့္ အႏိုင္က်င့္ခံခဲ့ရပါတယ္၊ သူဟာ အႏိုင္က်င့္မႈေတြကို မခံခ်င္စိတ္ျဖင့္ ေလ့က်င့္ခန္းေတြ လုပ္ခဲ့ပါတယ္။ Mark Coleman နဲ႔ Kevin Randleman ကဲ့သို႔ေသာ ပေရာ္ဖက္ရွင္နယ္ ဖိုက္တာေတြနဲ႔ေတာင္ ေလ့က်င့္သင္ၾကားခဲ့ပါတယ္။
#Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here