လူတစ်ယောက်ဟာ သူ့ရဲ့ရာသီခွင်အလိုက် မိန်းကလေးတစ်ယောက်အပေါ် ကြိုက်နှစ်သက် မျှော်လင့်ထားတဲ့ ပုံစံတွေက မတူညီနိုင်ပါဘူး။ ကိုယ့်ရဲ့ ရာသီခွင်ဂြိုလ်အရ စွဲလမ်းတတ်တဲ့ စိတ်နေသဘောအထား ကွဲပြားကြတဲ့ အတွက် အောက်မှာဖော်ပြထားတဲ့ မိန်းကလေးအမျိုးအစားတွေနဲ့ ရာသီခွင်အလိုက် ဘယ်လိုကြိုက်နှစ်သက်လည်း ဆိုတာ ရှာဖွေလိုက်ပါ။
၁။ Aries
Aries ရာခွင်ထဲကယောက်ျားတွေက နေရာတကာတွင် အမြဲ စွန့်စားခန်းဝင်နေတတ်ပြီး၊ အခွင့်အရေးရတိုင်း ဘဝကို တတ်ကြွစွာ ဖြတ်သန်းတတ်တဲ့ အတွက် သူ့ရဲ့အိမ်မက် မိန်းကလေးကလည်း သူလို ရဲရင့်တဲ့ ကောင်မလေးမျိုးကို လိုချင်ကြပါတယ်။ အသစ်အသစ်သော အရာတွေကို စူးစမ်းရန် သို့ တားမြစ်ထားတဲ့ နယ်နိမိတ်စည်းတွေကို ချိုးဖျက်ရန် မကြောက်သော မိန်းကလေးတစ်ဦးကို အလိုရှိတတ်ကြပြီး ယောက်ျားလေးတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ဘဝရဲ့ အဆင့်တိုင်းတွင် သူနှင့်လိုက်လျောညီထွေနေနိုင်မယ့် အမျိုးသမီးတစ်ဦး လိုအပ်ပါတယ်။

၂။ Taurus
Taurus ရာသီခွင်ထဲက ယောက်ျားလေးတွေကတော့ Aries နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး သူ့ဘဝမှာ တကယ့်ကို မိန်းကလေးဆန်တဲ့ မိန်းမပျိုလေးတစ်ယောက်ကို လိုအပ်တာပဲဖြစ်ပါတယ်။ သူ့ရဲ့အိပ်မက်ထဲက မိန်းကလေးကတော့ စတိုင်ကျတဲ့ ဒေါက်မြင့်ဖိနပ်တွေနဲ့ ချစ်စဖွယ် အသုံးအဆောင်ပစ္စည်းတွေကို အမြဲ၀တ်ဆင်ထားပြီး လူမြင်ကွင်းတွင် ရှိနေစဉ်တွင် စစ်မှန်သော အမျိုးသမီးတစ်ဦးဖြစ်သော်လည်း တစ်ယောက်တည်း ရှိနေချိန်တွင် သူမလိုချင်သောအရာကို သိသော အမျိုးသမီးတစ်ဦးအဖြစ် ရှိနေတာမျိုးပဲဖြစ်ပါတယ်။ Taurus ရာသီခွင်ထဲက အမျိုးသားတွေက ဒီလိုမျိုး အမျိုးသမီးတွေကို တကယ်လေးစားကြသလို တန်ဖိုးလည်း ထားတတ်ကြပါတယ်။

၃။ Gemini
ယောက်ျားတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်နည်းကို သိရင် သင်ဟာ Gemini ရဲ့ အိပ်မက်ထဲက မိန်းကလေးပါ။ သူ့အတွက် ရုပ်ရည်က အရေးအကြီးဆုံးမဟုတ်ပဲ လိမ္မာပါးနပ်တဲ့ အမျိုးသမီးတွေကိုပဲ ရွေးချယ်တတ်ကြပါတယ်။ Gemini က ဆန်းကျယ်တဲ့ မေးခွန်းအချို့ မေးခြင်း၊ စိန်ခေါ်ခြင်းကို နှစ်သက်တတ်ကြပြီး သူတို့ရဲ့ စံပြလက်တွဲဖော်ကို ရွေးချယ်တဲ့အခါတွင် အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး ထက်မြက်ပါးနပ်တဲ့ သူမျိုးကို ရွေးချယ်တတ်ကြပါတယ်။ အန္တရာယ်ရှိတဲ့ အခြေအနေကနေ ဘယ်လိုရုန်းထွက်ရမလဲဆိုတာ ကောင်းစွာသိနိုင်မယ့်သူနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မချနိုင်တဲ့အခါ သူ့အတွက် လမ်းပြပြီး စဉ်းစားပေးမယ့်သူကို လိုချင်ကြတယ်။

၄။ cancer
cancer ရာသီခွင်ထဲက ယောင်္ကျားလေးတစ်ယောက်ဟာ ခပ်ဆိုးဆိုးလေးတွေ ဖြစ်တဲ့အတွက် သူ့အပေါ် ဖြစ်ပျက်နေတဲ့ ဆိုးသွမ်းမှုတွေကနေ ကယ်တင်ဖို့ လိုအပ်နေတဲ့ ကယ်တင်ရှင် အမျိုးသမီးတစ်ဦးကို လိုချင်ကြပါတယ်။ ကာကွယ်ပေးပြီး၊ နှစ်သိမ့်မှုပေးနိုင်တဲ့ အမျိုးသမီးလေးအတွက် ကလေးဆိုးလေး တစ်ယောက်ကို လက်ခံနိုင်မယ့် သူကိုမျှော်လင့်တတ်ကြပါတယ်။ ဒီရာသီခွင်က တော်တော် စိတ်ခံစားမှုရှိပြီး ထိလွယ်ရှလွယ်တတ်တဲ့အတွက် သူကိုထိန်းကျောင်း ကယ်တင်ပေးမယ့် လက်တွဲဖော်ကို ရှာကြတယ်။ သူတို့ရဲ့အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်တွေကို ပြောပြလို့ရပြီး အကြံဉာဏ်ပေးနိုင်မယ့်၊ ဆက်ဆံရေးတွင် ပေါ့ပေါ့ပါးပါး ခံစားရအောင်ပေးစွမ်းနိုင်တဲ့ ရင့်ကျက်တဲ့ အမျိုးသမီးမျိုးကို လိုအပ်ကြပါတယ်။

၅။ Leo
Leo ရာသီခွင်ထဲက ယောက်ျားတွေက အတ္တကြီးပြီး လိုချင်တာကို ရအောင်လုပ်တတ်တဲ့အတွက် သူတို့အတွက် ပြီးပြည့်စုံတဲ့ မိန်းကလေးကို အလိုရှိကြပါတယ်။ ဒီရာသီခွင်က သူ့ဘဝရဲ့ နယ်ပယ်အားလုံးကို ပြီးပြည့်စုံအောင် စီစဉ်ထားသောကြောင့် သူ့မိန်းကလေးကို လှပ၊ ထက်မြက်ပြီး၊ ရဲရင့်စေလိုတတ်ကြပါတယ်။ ပတ်ဝန်းကျင်မှာ သူထုတ်ပြနိုင်တဲ့ သူတစ်ယောက်ကို လိုချင်ပေမယ့် တစ်ဖက်မှာလည်း သူနဲ့ လုံးဝလိုက်ဖက်တဲ့ အမျိုးသမီး ဖြစ်စေချင်ကြပါတယ်။

၆။ Virgo
Virgo တွေက ယုံကြည်မှုအပြည့်ရှိပြီး သူ့နဲ့ အရင်းနှီးဆုံး၊ အချစ်ဆုံးသူငယ်ချင်းဖြစ်နိုင်မယ့် မိန်းကလေးကို လိုချင်ကြပါ။ သူက ရုပ်ရည်ကို သိပ်ဂရုမစိုက်ပေမယ့် သူ့အိပ်မက်ထဲက မိန်းကလေးက သူ့လိုအပ်ချက်တွေကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟပြောပြပြီး သူ့မရဲ့ကြင်နာမှုက သူ့နှလုံးသားကို အရည်ပျော်စေနိုင်တဲ့ အမျိုးသမီးမျိုးပါ။ အားသာချက်တစ်ခုက မိန်းကလေးတစ်ယောက်ဟာ ရည်မှန်းချက်ကြီးပြီး သူ့ဘဝထဲက သူလိုချင်တာကို သိနိုင်တဲ့သူမျိုး၊ အဲ့လိုမျိုးသူမကို ပျော်ရွှင်စေဖို့အတွက် လိုအပ်တဲ့အရာအားလုံးကို ပေးစွမ်းနိုင်တဲ့ ရာသီခွင်တွေပဲ ဖြစ်ပါတယ်။

၇။ libra
Libran ယောက်ျားတစ်ယောက်ရဲ့ အိပ်မက်ထဲက မိန်းကလေးက သူ့ရဲ့ ပရောပရည်ကျတဲ့ သဘောသဘာဝနဲ့ သူ့ကို ဆွဲဆောင်နိုင်သူပါ။ အမျိုးသမီးတစ်ဦးက သူမ လိုချင်သောအရာကို ရယူရန် ပရောပရည်လုပ်နိုင်ပါက၊ Libran ယောက်ျားအတွက် သူ့ဘဝတွင် ပိုင်ဆိုင်လိုတဲ့ အိမ်မက်ထဲက အမျိုးတစ်ယောက် ဖြစ်နေပါပြီ။ အချစ်ရေးအပေါ် လေးလေးနက်နက် သဘောထား မရှိသောကြောင့် သူမကို ပြစ်ထားနိုင်ပေမယ့် အခြားယောက်ျားတွေနဲ့ သုမ ပျော်ရွှင်နေပါက စိတ်မရှုပ်သ၍ကတော့ ပြဿနာဖြစ်မှာမဟုတ်ပါဘူး။ သူက အပြုသဘောဆောင်တဲ့ စွမ်းအင်ရှိတဲ့ ရွှင်လန်းတဲ့မိန်းကလေးကို သဘောကျတဲ့အတွက် အဲဒီအရည်အချင်းရှိတဲ့သူကို အမြဲတမ်းရွေးချယ်မှာပါ။ ဒါပေမယ့် အချစ်ရေးမှာ အတည်အတံ့ လေးလေးနက်နက်တော့ မရှိတတ်ပါဘူး။

၈။ Scorpio
Scorpio ရဲ့ အိမ်မက်မိန်းကလေးကတော့ အသေးအမွှားအရာတွေက အစဂရုစိုက်တတ်ပြီး စိတ်အားထက်သန်စွာ တွန်းအားပေးနိုင်တဲ့ အမျိုးသမီးမျိုးပါ။ ဒီရာသီခွင်နိမိတ်က မြေပြင်ပေါ်မှာ အခိုင်အမာရပ်တည်နေပြီး သူလိုချင်တာကို အမြဲတမ်းသိနေတာကြောင့် သူ့ကောင်မလေးကလည်း သူလိုမျိုးဖြစ်ဖို့ မျှော်လင့်ချက်ကြီးကြီး ထားတတ်ကြပါတယ်။

၉။ Sagittarius
အားကစားလုပ်တဲ့ အမျိုးသမီးတွေကို သဘောကျတတ်ပြီး တက်တတ်ကြွကြွနဲ့အပြင်မှာ အချိန်ဖြုန်းရတာကို နှစ်သက်တဲ့အတွက် သူ့အတွေ့အကြုံတွေကို ဝေမျှပေးနိုင်မယ့်သူကို ရှိစေချင်ပါတယ်။ နောက်ပြီး သူက ကောင်မလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစားအလှအပ မြင်ရတာကို သဘောကျတာကြောင့် သူကိုယ်တိုင်လည်း Gym မှာ အချိန်အများကြီး ဖြုန်းပြီး လေ့ကျင့်တတ်ပါတယ်။ မိန်းမတစ်ယောက်ဟာ သူ့ခန္ဓာကိုယ်ကိုသာမက သူ့စိတ်ကိုလည်း ဂရုစိုက်တတ်ပြီး သူလိုချင်တာကို ရဖို့ သူ့ကိုယ်သူ အမြဲတမ်း တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးဟာ သူရဲ့စံပြအမျိုးသမီးပဲ ဖြစ်ပါတယ်။

၁၀။ Capricorn
Capricorn ရဲ့ အိပ်မက်မိန်းကလေးကတော့ သူမဘဝမှာ သူမလိုချင်သောအရာကို သိတဲ့ ဦးဆောင်ရာမှာ အခက်အခဲမရှိ သန်မာပြီး အမှီအခိုကင်းတဲ့ အမျိုးသမီးတစ်ဦးကို လိုချင်ကြပါတယ်။ သူ့အတွက်၊ ရုပ်ရည်က အရေးမကြီးပေမယ့် သူဘယ်လိုလုပ်ဆောင်သလဲ၊ သူ့ရည်မှန်းချက်တွေက ဘာတွေလဲ ဆိုတာမျိုးတွေနဲ့ ပတ်သတ်ပြီး အသက်ရှင်ရန် မကြောက်ဘဲ အသစ်သောအရာတွေကို စိန်ခေါ်နိုင်တဲ့သူမျိုးပဲ ဖြစ်ပါတယ်။

၁၁။ Aquarius
ဒီရာသီခွင်က ပွင့်လင်းစိတ်ထားရှိတဲ့ မိန်းကလေးတစ်ဦး၊ လွတ်လပ်သောစိတ်ဓာတ်ရှိသူဖြစ်ပြီး အခြားသူများပြောစကားကို ဂရုမစိုက်သော မိန်းကလေးကို သဘောကျတတ်ပါတယ်။ သူမကိုသူမ ချစ်ပြီး တခြားတစ်ယောက်ပုံစံလို ဟန်မဆောင်တတ်ပဲ သူမဘဝက မပြည့်စုံရင်တောင် အပြုသဘောဆန်တဲ့ စွမ်းအင်တွေ အပြည့်ရှိတဲ့ အမျိုသမီးမျိုးကို လိုချင်တတ်ကြပါတယ်။

၁၂။Pisces
Pisces ရာသီခွင် ယောက်ျားက ထူးထူးခြားခြားမရှိတဲ့ မိန်းကလေးကို အမြဲရှာဖွေတတ်ကြပါတယ်။ သူ့ရဲ့ စိတ်ကူးထဲက မိန်းကလေးဟာ အနုပညာ ဝိညာဉ် တစ်မျိုးမျိုး ဖြစ်ရမယ် ၊ သူမ သွားလေရာရာ နေရာတိုင်း မှာ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ဖြန့်ကျက်ပြီး အလွန်သိမ်မွေ့တဲ့ သူမမသိသူများအတွက်ပင် စာနာနားလည်နိုင်တဲ့ မိန်းကလေးကို လိုချင်ကြပါတယ်။

Nadi
Lifestyle_Maynmar
ref-herway