ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကို ငြီးငွေ့နေရခြင်းရဲ့ အကြောင်းရင်း (၁၀) ချက်

0
1

“ဘဝကတိုတောင်းပြီး ပျော်စရာကောင်းတဲ့ ခရီးတစ်ခု” ဖြစ်ကြောင်း မကြာခဏပြောကြပါတယ်။ ဒါပေမယ့် လူအတော်များများအတွက်တော့ ဘဝကိုစိတ်ရောကိုယ်ပါ ပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းနေရပြီး တိုးတက်တဲ့တစုံတရာရလာဒ်တွေ မတွေ့ရတဲ့အတွက် တကယ့်ကိုပျင်းစရာကောင်းတဲ့ စိတ်နဲ့ ဘဝကိုဖြတ်သန်းနေရပါတယ်။ ဒါဟာကိုယ့်ရဲ့ဘဝမှာ တခုခုမှားယွင်းနေတာကြောင့်ဖြစ်ပြီး ဘယ်လိုအရာတွေက ဘဝကိုပျင်းရိစေတယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။

၁။ သင့်မှာပန်းတိုင်မရှိဘူး
ပန်းတိုင်ဆိုတာဟာ သင့်ဘဝအတွက် လမ်းပြစရာနဲ့ မျှော်လင့်ချက်တစ်ခုပါ။ တကယ်လို့သင့်မှာ ပန်းတိုင်တစ်ခုမရှိရင်ပဲဖြစ်ဖြစ်၊ ရည်မှန်းချက်ဟာလည်း ကြာရှည်မခံပဲ ပျောက်သွားတတ်တယ်ဆိုရင် ဘဝဟာပျင်းစရာကောင်းနေပါလိမ့်မယ်။

၂။ သင့်ရဲ့ရည်မှန်းချက်က သင့်အတွက်အရမ်းကြီးနေတယ်
သင့်ရဲ့ရည်မှန်းချက်တွေက သင့်အတွက်အရမ်းကိုခက်ခဲပြီး ရောက်ရှိနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုရင်လည်း ကိုယ့်ကိုယ်ကိုညှင်းဆဲရာရောက်ပြီး ဒုက္ခတွေကို ကိုယ်တိုင်ဝယ်ယူနေသလိုပါပဲ။ ဒါ့ကြောင့်လက်တွေ့ကျတဲ့ ပန်းတိုင်တစ်ခု ဖြစ်နေဖို့လိုပါတယ်။ တကယ်လို့သင့်ရဲ့ရည်မှန်းချက်က
အရမ်းကြီးနေရင် နည်းနည်းလောက်တော့ လျော့ချပါ။ ကိုယ်သတ်မှတ်ထားတဲ့ ပန်းတိုင်ကို ရောက်မှ နောက်ထပ်ပိုကြီးတဲ့ ပန်းတိုင်တစ်ခုကို မျှော်လင့်ပါ။ အရင်ဆုံးတစ်နေ့တာလုပ်ရမယ့် ပန်းတိုင်လေးတွေကို သတ်မှတ်ပြီး အောင်မြင်အောင်ဆောင်ရွက်ပါ။ ဒါမှသာဘဝကိုပျော်ရွင်စွာနဲ့
ဖြတ်သန်းနိုင်ပါလိမ့်မယ်။

၃။ ရည်မှန်းချက်အများကြီးနောက် လျှောက်လိုက်နေမိရင်
သင်ဘယ်လောက်ပဲ ပန်းတိုင်တွေအများကြီးနဲ့ အလုပ်တွေလုပ်နေပါစေ။ သင့်ရဲ့အလုပ်တွေက သင့်ကိုစိတ်မချမ်းသာစရာတွေပဲ ရရှိနေရင် ပျော်ရွင်မှုဆိုတာဟာလည်း ကင်းဝေးနေဦးမှာပါပဲ။
သင့်ရဲ့လုပ်ငန်းစဥ်တွေ နှေးကွေးနေပြီး ပန်းတိုင်တွေကလည်း ဝန်ထုပ်ဝန်ပိုးတစ်ခုလိုမျိုး ဖြစ်နေနိုင်ပါတယ်။ ဒါ့ကြောင့် သင်စိတ်အဝင်အစားဆုံး ပန်းတိုင်တစ်ခုဆီကို တည့်တည့်မတ်မတ်နဲ့ ရောက်အောင်သွားပြီး နောက်ထပ်ပန်းတိုင်တွေဆီကို ခရီးဆက်ပါ။ ဒါမှသာ သင့်အပါ် ဝန်ပိခြင်းတွေ သက်သာစေပြီး ရည်မှန်းချက်တွေမြန်မြန်ပြည့်ပါလိမ့်မယ်။

၄။ ကိုယ့်ရဲ့ဘဝကို ကိုယ်တိုင်ထိန်းချုပ်ခွင့် မရှိဘူး
လူတွေကြုံနေရတဲ့ ပြဿနာက နေ့စဥ်တာဝန်တွေ အလုပ်တွေရဲ့ ခိုင်းစေမှုကို ခံနေရတာကြောင့် ဘဝကိုပျော်ရွင်စွာ ဖြတ်သန်းနိုင်စွမ်း မရှိကြပါဘူး။ သင်ဟာ စက်ရုပ်တစ်ရုပ်မဟုတ်တဲ့အတွက် ကိုယ်တိုင်ကိုယ့်စိတ်ကို ဦးဆောင်ပြီး တာဝန်တွေကို ဆောင်ရွက်ပါ။ အရာရာတိုင်းကို စိတ်ပါပါနဲ့ ဆောင်ရွက်မယ်ဆိုရင် ပျင်းစရာတွေလည်း ရှိလာမှာမဟုတ်ပါဘူး။

၅။ အောင်မြင်မှုတွေအတွက် ကိုယ့်ကိုယ်ကို အောင်ပွဲခံလေ့မရှိဘူး
တကယ့်ကို သင့်ရဲ့ဘဝက အလုပ်ပြီးရင်း အလုပ်ဖြစ်နေရင် သင့်ဘဝဟာ ငြီးငွေ့စရာကောင်းကြောင်း ခံစားမိပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အောင်မြင်မှုတိုင်းကို အလေးအနက်ထားပြီး အောင်ပွဲခံခြင်းဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှု၊ လေးစားမှု နဲ့ တက်ကြွမှုတွေကို ပိုပြီးရရှိစေပါတယ်။ ဒါမှသာနောက်ထပ် စိန်ခေါ်မှုတွေကို ထပ်မံရင်ဆိုင်ဖို့ ခွန်အားတွေရရှိပါလိမ့်မယ်။

၆။ ပြောင်းလဲမှုမရှိရင်
လူတိုင်းဟာ အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲနေကြပါတယ်။ ငယ်ငယ်က ပျော်စရာကောင်းခဲ့တာတွေဟာလည်း ကြီးပြင်းလာတဲ့အခါ ပျော်စရာကောင်းချင်မှကောင်းပါလိမ့်မယ်။ ဒီလိုအဟောင်းတွေကို ဖက်တွယ်နေမယ်ဆိုရင် သင့်ဘဝဟာ ပျင်းစရာကောင်းနေမှာပါ။ ဒါ့ကြောင့်
ဝါသနာအသစ်တွေ၊ သူငယ်ချင်းအသစ်တွေကို ရှာဖွေခြင်း၊ သီချင်းအသစ်တွေ တီဗွီချယ်နယ်အသစ်တွေကို ခံစားကြည့်ရှုပါ။

၇။ အသစ်တွေကို မဖန်တီးပဲ အဟောင်းတွေပဲလုပ်နေရင်
ပျင်းစရာကောင်းတဲ့ အရာတွေကို ချိုးဖျက်ပြီး အတွေ့အကြုံအသစ်တွေ၊ ခရီးအသစ်တွေ၊ လေ့လာစရာအသစ်တွေကို ဆောင်ရွက်ဖို့ ကိုယ့်ကိုယ်ကိုတိုက်တွန်းပါ။ ဒီလိုကိုယ့်ကိုယ်ကို လှုံ့ဆော်ပေးခြင်းဟာ အသစ်တွေကို ဖန်တီးနိုင်ဖို့ တွန်းအားတွေဖြစ်စေပါတယ်။

၈။ ကိုယ့်ရဲ့ပုံရိပ်က ညံ့ဖျင်းနေရင်
သင်ဟာသင့်ရဲ့ အားသာမှု၊ အားနည်းမှု၊ အကောင်းနဲ့ အဆိုးကို အသိဆုံးသူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို ကိုယ်တိုင်လက်မခံပဲ အမြဲတမ်အပြစ်တစ်ခုလို ခံစားနေမယ် ကိုယ့်ကိုယ်ကိုအပြစ်တင်နေမယ်ဆိုရင် ဘဝမှာစိတ်ညစ်နေရမှာြဖစ်သလို ကိုယ့်ကိုယ်ကို လေးစားမှုလည်း လျော့ကျစေပါတယ်။

၉။ အရှုံးကိုကြောက်နေရင်
တစ်ခုခုကို ရှုံးနိပ်မှာကို လူတိုင်းမနှစ်သက်ကြပါဘူး။ ဒါပေမယ့် အရှုံးတွေမရှိဖို့အတွက် မကြိုးစားဘူးဆိုရင်လည်း ဘယ်တော့မှာအောင်မြင်မှာမဟုတ်ပါဘူး။ တကယ်လို့ ခက်ခဲတဲ့အရာတွေကို လုပ်ဆောင်ဖို့အတွက် သင့်ကိုယ်သင်တားမြစ်နေမယ်ဆိုရင် ပြဿနာတွေကို ခံနိုင်ရည်ရှိမှာမဟုတ်ပဲ ဘဝဟာလည်း ပျင်းစရာကောင်းနေပါလိမ့်မယ်။

၁၀။ တက်ကြွတဲ့သူတွေနဲ့ မပေါင်းသင်းဘူးဆိုရင်
အမြဲတမ်းတက်ကြွနေပြီး ဘဝကိုပျော်ရွင်စွာဖြတ်သန်းနေတဲ့သူတွေနဲ့ ပေါင်းသင်းတဲ့အခါ သူတို့ရဲ့စရိုက်တွေဟာ သင့်ဆီကိုကူးစက်သလို သူတို့ရဲ့ အတွေးအခေါ် အသစ်တွေ။ အကြံဥာဏ် ကောင်းတွေကို သင်ရရှိနိုင်တဲ့အတွက် ပျင်းစရာကောင်းတဲ့ ဘဝကနေရုန်းထွက်နိုင်ပါလိမ့်မယ်။
LM_Naung_Naung
Lifestyle_Myanmar

Zawgyi Font

“ဘဝကတိုးေတာင္းၿပီး ေပ်ာ္စရာေကာင္းတဲ့ ခရီးတစ္ခု” ျဖစ္ေၾကာင္း မၾကာခဏေျပာၾကပါတယ္။ ဒါေပမယ့္ လူအေတာ္မ်ားမ်ားအတြက္ေတာ့ ဘဝကိုစိတ္ေရာကိုယ္ပါ ပင္ပင္ပန္းပန္းနဲ႔ ျဖတ္သန္းေနရၿပီး တိုးတက္တဲ့တစုံတရာရလာဒ္ေတြ မေတြ႕ရတဲ့အတြက္ တကယ့္ကိုပ်င္းစရာေကာင္းတဲ့ စိတ္နဲ႔ ဘဝကိုျဖတ္သန္းေနရပါတယ္။ ဒါဟာကိုယ့္ရဲ႕ဘဝမွာ တခုခုမွားယြင္းေနတာေၾကာင့္ျဖစ္ၿပီး ဘယ္လိုအရာေတြက ဘဝကိုပ်င္းရိေစတယ္ဆိုတာကို ေဖာ္ျပလိုက္ပါတယ္။

၁။ သင့္မွာပန္းတိုင္မရွိဘူး
ပန္းတိုင္ဆိုတာဟာ သင့္ဘဝအတြက္ လမ္းျပစရာနဲ႔ ေမွ်ာ္လင့္ခ်က္တစ္ခုပါ။ တကယ္လို႔သင့္မွာ ပန္းတိုင္တစ္ခုမရွိရင္ပဲျဖစ္ျဖစ္၊ ရည္မွန္းခ်က္ဟာလည္း ၾကာရွည္မခံပဲ ေပ်ာက္သြားတတ္တယ္ဆိုရင္ ဘဝဟာပ်င္းစရာေကာင္းေနပါလိမ့္မယ္။

၂။ သင့္ရဲ႕ရည္မွန္းခ်က္က သင့္အတြက္အရမ္းႀကီးေနတယ္
သင့္ရဲ႕ရည္မွန္းခ်က္ေတြက သင့္အတြက္အရမ္းကိုခက္ခဲၿပီး ေရာက္ရွိႏိုင္ဖို႔ မျဖစ္ႏိုင္ဘူးဆိုရင္လည္း ကိုယ့္ကိုယ္ကိုညႇင္းဆဲရာေရာက္ၿပီ းဒုကၡေတြကို ကိုယ္တိုင္ဝယ္ယူေနသလိုပါပဲ။ ဒါ့ေၾကာင့္လက္ေတြ႕က်တဲ့ ပန္းတိုင္တစ္ခု ျဖစ္ေနဖို႔လိုပါတယ္။ တကယ္လို႔သင့္ရဲ႕ရည္မွန္းခ်က္က အရမ္းႀကီးေနရင္ နည္းနည္းေလာက္ေတာ့ ေလ်ာ့ခ်ပါ။ ကိုယ္သတ္မွတ္ထားတဲ့ ပန္းတိုင္ကို ေရာက္မွ ေနာက္ထပ္ပိုႀကီးတဲ့ ပန္းတိုင္တစ္ခုကို ေမွ်ာ္လင့္ပါ။ အရင္ဆုံးတစ္ေန႔တာလုပ္ရမယ့္ ပန္းတိုင္ေလးေတြကို သတ္မွတ္ၿပီး ေအာင္ျမင္ေအာင္ေဆာင္႐ြက္ပါ။ ဒါမွသာဘဝကိုေပ်ာ္႐ြင္စြာနဲ႔ ျဖတ္သန္းႏိုင္ပါလိမ့္မယ္။

၃။ ရည္မွန္းခ်က္အမ်ားႀကီးေနာက္ ေလွ်ာက္လိုက္ေနမိရင္
သင္ဘယ္ေလာက္ပဲ ပန္းတိုင္ေတြအမ်ားႀကီးနဲ႔ အလုပ္ေတြလုပ္ေနပါေစ။ သင့္ရဲ႕အလုပ္ေတြက သင့္ကိုစိတ္မခ်မ္းသာစရာေတြပဲ ရရွိေနရင္ ေပ်ာ္႐ြင္မႈဆိုတာဟာလည္း ကင္းေဝးေနဦးမွာပါပဲ။ သင့္ရဲ႕လုပ္ငန္းစဥ္ေတြ ေႏွးေကြးေနၿပီး ပန္းတိုင္ေတြကလည္း ဝန္ထုပ္ဝန္ပိုးတစ္ခုလိုမ်ိဳး ျဖစ္ေနႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင္စိတ္အဝင္အစားဆုံး ပန္းတိုင္တစ္ခုဆီကို တည့္တည့္မတ္မတ္နဲ႔ ေရာက္ေအာင္သြားၿပီး ေနာက္ထပ္ပန္းတိုင္ေတြဆီကို ခရီးဆက္ပါ။ ဒါမွသာ သင့္အပၚ ဝန္ပိျခင္းေတြ သက္သာေစၿပီး ရည္မွန္းခ်က္ေတြျမန္ျမန္ျပည့္ပါလိမ့္မယ္။

၄။ ကိုယ့္ရဲ႕ဘဝကို ကိုယ္တိုင္ထိန္းခ်ဳပ္ခြင့္ မရွိဘူး
လူေတြႀကဳံေနရတဲ့ ျပႆနာက ေန႔စဥ္တာဝန္ေတြ အလုပ္ေတြရဲ႕ ခိုင္းေစမႈကို ခံေနရတာေၾကာင့္ ဘဝကိုေပ်ာ္႐ြင္စြာ ျဖတ္သန္းႏိုင္စြမ္း မရွိၾကပါဘူး။ သင္ဟာ စက္႐ုပ္တစ္႐ုပ္မဟုတ္တဲ့အတြက္ ကိုယ္တိုင္ကိုယ့္စိတ္ကို ဦးေဆာင္ၿပီး တာဝန္ေတြကို ေဆာင္႐ြက္ပါ။ အရာရာတိုင္းကို စိတ္ပါပါနဲ႔ ေဆာင္႐ြက္မယ္ဆိုရင္ ပ်င္းစရာေတြလည္း ရွိလာမွာမဟုတ္ပါဘူး။

၅။ ေအာင္ျမင္မႈေတြအတြက္ ကိုယ့္ကိုယ္ကို ေအာင္ပြဲခံေလ့မရွိဘူး
တကယ့္ကို သင့္ရဲ႕ဘဝက အလုပ္ၿပီးရင္း အလုပ္ျဖစ္ေနရင္ သင့္ဘဝဟာ ၿငီးေငြ႕စရာေကာင္းေၾကာင္း ခံစားမိပါလိမ့္မယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕ ေအာင္ျမင္မႈတိုင္းကို အေလးအနက္ထားၿပီး ေအာင္ပြဲခံျခင္းဟာ ကိုယ့္ကိုယ္ကိုယုံၾကည္မႈ၊ ေလးစားမႈ နဲ႔ တက္ႂကြမႈေတြကို ပိုၿပီးရရွိေစပါတယ္။ ဒါမွသာေနာက္ထပ္ စိန္ေခၚမႈေတြကို ထပ္မံရင္ဆိုင္ဖို႔ ခြန္အားေတြရရွိပါလိမ့္မယ္။

၆။ ေျပာင္းလဲမႈမရွိရင္
လူတိုင္းဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ေျပာင္းလဲေနၾကပါတယ္။ ငယ္ငယ္က ေပ်ာ္စရာေကာင္းခဲ့တာေတြဟာလည္း ႀကီးျပင္းလာတဲ့အခါ ေပ်ာ္စရာေကာင္းခ်င္မွေကာင္းပါလိမ့္မယ္။ ဒီလိုအေဟာင္းေတြကို ဖက္တြယ္ေနမယ္ဆိုရင္ သင့္ဘဝဟာ ပ်င္းစရာေကာင္းေနမွာပါ။ ဒါ့ေၾကာင့္ ဝါသနာအသစ္ေတြ၊ သူငယ္ခ်င္းအသစ္ေတြကို ရွာေဖြျခင္း၊ သီခ်င္းအသစ္ေတြ တီဗြီခ်ယ္နယ္အသစ္ေတြကို ခံစားၾကည့္ရႈပါ။

၇။ အသစ္ေတြကို မဖန္တီးပဲ အေဟာင္းေတြပဲလုပ္ေနရင္
ပ်င္းစရာေကာင္းတဲ့ အရာေတြကို ခ်ိဳးဖ်က္ၿပီး အေတြ႕အႀကဳံအသစ္ေတြ၊ ခရီးအသစ္ေတြ၊ ေလ့လာစရာအသစ္ေတြကို ေဆာင္႐ြက္ဖို႔ ကိုယ့္ကိုယ္ကိုတိုက္တြန္းပါ။ ဒီလိုကိုယ့္ကိုယ္ကို လႈံ႕ေဆာ္ေပးျခင္းဟာ အသစ္ေတြကို ဖန္တီးႏိုင္ဖို႔ တြန္းအားေတြျဖစ္ေစပါတယ္။

၈။ ကိုယ့္ရဲ႕ပုံရိပ္က ညံ့ဖ်င္းေနရင္
သင္ဟာသင့္ရဲ႕ အားသာမႈ၊ အားနည္းမႈ၊ အေကာင္းနဲ႔ အဆိုးကို အသိဆုံးသူတစ္ေယာက္ျဖစ္ပါတယ္။ ကိုယ့္ရဲ႕အားနည္းခ်က္ေတြကို ကိုယ္တိုင္လက္မခံပဲ အၿမဲတမ္အျပစ္တစ္ခုလို ခံစားေနမယ္ ကိုယ့္ကိုယ္ကိုအျပစ္တင္ေနမယ္ဆိုရင္ ဘဝမွာစိတ္ညစ္ေနရမွာျဖစ္သလို ကိုယ့္ကိုယ္ကို ေလးစားမႈလည္း ေလ်ာ့က်ေစပါတယ္။

၉။ အရႈံးကိုေၾကာက္ေနရင္
တစ္ခုခုကို ရႈံးနိပ္မွာကို လူတိုင္းမႏွစ္သက္ၾကပါဘူး။ ဒါေပမယ့္ အရႈံးေတြမရွိဖို႔အတြက္ မႀကိဳးစားဘူးဆိုရင္လည္း ဘယ္ေတာ့မွာေအာင္ျမင္မွာမဟုတ္ပါဘူး။ တကယ္လို႔ ခက္ခဲတဲ့အရာေတြကို လုပ္ေဆာင္ဖို႔အတြက္ သင့္ကိုယ္သင္တားျမစ္ေနမယ္ဆိုရင္ ျပႆနာေတြကို ခံႏိုင္ရည္ရွိမွာမဟုတ္ပဲ ဘဝဟာလည္း ပ်င္းစရာေကာင္းေနပါလိမ့္မယ္။

၁၀။ တက္ႂကြတဲ့သူေတြနဲ႔ မေပါင္းသင္းဘူးဆိုရင္
အၿမဲတမ္းတက္ႂကြေနၿပီး ဘဝကိုေပ်ာ္႐ြင္စြာျဖတ္သန္းေနတဲ့သူေတြနဲ႔ ေပါင္းသင္းတဲ့အခါ သူတို႔ရဲ႕စ႐ိုက္ေတြဟာ သင့္ဆီကိုကူးစက္သလို သူတို႔ရဲ႕ အေတြးအေခၚ အသစ္ေတြ။ အႀကံဥာဏ္ေကာင္းေတြကို သင္ရရွိႏိုင္တဲ့အတြက္ ပ်င္းစရာေကာင္းတဲ့ ဘဝကေန႐ုန္းထြက္ႏိုင္ပါလိမ့္မယ္။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here