ကိုယ့်ယောက်ျားနဲ့ဖောက်ပြန်တဲ့ ဆိုင်အကူ အမျိုးသမီးကို ဆံပင်တွေဖြတ်ပြီး အပြစ်ပေးတဲ့ မိန်းမ

0
327
ဖောက်ပြန်တတ်တဲ့

အိမ်ထောင်ရှိလျှက် ဖောက်ပြန်တတ်တဲ့ အမျိုးသားတွေ ရှိသလို အိမ်ထောင်ရှိမှန်းသိလျှက် စနှိုက်ကြော်တတ်တဲ့ အမျိုးသမီးတွေလည်း ကမ္ဘာပေါ်မှာ အများကြီးရှိပါတယ်။ ယခုလည်း ဗီယက်နမ်က အလှပြင်ဆိုင်တစ်ဆိုင်မှာ ဝိုင်းလုပ်ပေးနေတဲ့ ဆိုင်အကူ အလုပ်သမားကောင်းမလေးဟာ ထိုင်ဆိုင်ပိုင်ရှင်အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူနဲ့ ဖောက်ပြန်တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

-Advertisement-

တရုတ်စာနယ်ဇင်းတစ်ခုရဲ့ အဆိုအရ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်ဟာ ဆံပင်၊ မိတ်ကပ် အလှပြင်သင်ဖို့အတွက် ထိုဆိုင်ကို ရောက်ရှိလာပြီး ဆံပင်ညှပ်သမားအဖြစ် အလုပ်ဝင်လုပ်ခဲ့တာဖြစ်ပါတယ်။ ဆိုင်ရှင်အမျိုးသမီးဟာ ထိုဆယ်ကျော်သက် ကောင်မလေးအလုပ်ဝင်လုပ်တဲ့နေ့ ကစပြီး သူမရဲ့ မျက်လုံးတွေက မရိုးသားဘူးဆိုတာ မိန်းကလေးအချင်းချင်း သံသယဖြစ်မိခဲ့ပါတယ်။

အသက် ၁၅နှစ်အရွယ် ထိုကောင်မလေး ဆိုင်မှာ အလုပ်ဝင်လုပ်တဲ့နေ့က စပြီး ဆိုင်ရှင်အမျိုးသမီးရဲ့ ယောက်ျားဟာလည်း သူမ မရှိတဲ့ အချိန်ဆို ဆိုင်ကို မကြာခဏ လာလည်တတ်ပါတယ်။ အဲ့ဒီအချိန်က စပြီး ဆိုင်ရှင်အမျိုးသမီးလည်း သူတို့နှစ်ယောက်ရဲ့ အခြေအနေကို သဘောပေါက်လာခဲ့ပါတယ်။ အဲ့ဒီနောက် သူမ ဆိုင်ကနေ ထွက်သွားပြီး စမ်းသပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

သူမက ကိစ္စရှိလို့ အပြင်သွားစရာရှိတယ်ဆိုပြီး ခင်ပွန်းဖြစ်သူနဲ့ ဆိုင်မှာ ဝိုင်ကူလုပ်ပေးနေတဲ့ ကောင်မလေး နှစ်ယောက်တည်းရှိတုန်းထားခဲ့လိုက်ပါတယ်။ အချိန်ခဏကြာလို့ သူမပြန်လာတဲ့အခါမှာတော့ လိင်ပိုင်းဆိုင်ရာ နှိုးကြွအောင် တစ်ယောက်နဲ့ တစ်ယောက် နှိပ်နယ်ပွတ်သပ်နေတဲ့ မြင်ကွင်းတစ်ခုနဲ့သူတို့နှစ်ယောက်ရဲ့ အဖြစ်အပျက်ကို တွေ့လိုက်ရတာပါ။

ခေါင်းလျှော်စင်ပေါ်မှာ အိပ်နေတဲ့ သူမအမျိုးသားရဲ့ မျက်နှာကို ပုဝါအုပ်ပြီး ဆိုင်အကူကောင်မလေးက နှိပ်နယ်ပေးနေတဲ့ပုံစံမျိုးပါ။ အိမ်ထောင်သည်တစ်ယောက်အနေနဲ့ ကိုယ့်ယောက်ျားဖောက်ပြန်တော့မဲ့အခြေအနေကို တွေ့လိုက်ရတဲ့ အခါမှာတော့ သူမလည်း ဒေါသတကြီးနဲ့ ခင်ပွန်းကို စတင်ရိုက်ပုတ်ထိုးနှက်ခဲ့ပါတယ်။ အဲ့ဒီနောက် ဆိုင်အကူမိန်းကလေးကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ “နင်က လိင်းပိုင်းဆိုင်ရာ အပြုအစုပိုကောင်းနေပါလား” ဆိုပြီး ဆံပင်ကနေ ဆွဲကာ ကြမ်းပြင်ပေါ်ကို တွန်းချလိုက်ပါတယ်။

ပြီးတဲ့အခါမှာတော့ ထိုမိန်းကလေးရဲ့ ဆံပင်တွေအကုန်လုံးကို စက်ကတ်ကြေးနဲ့ ထိုးချပြီး ဖျက်ဆီးပစ်ခဲ့ပါတယ်။ လမ်းဘေးဆိုင်တစ်ဆိုင်ဖြစ်တဲ့အတွက် လမ်းသွားလမ်းလာလူတွေက ဒီအဖြစ်အပျက်ကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ကာ အင်တာနက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ လက်ရှိအခြေအနေမှာတော့သူတို့ သုံးဦးစလုံးကို ရဲက စစ်ဆေးမေးမြန်ဖို့ ခေတ္တအထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

လူကုန်ကူးခံရပြီး ၂၄နှစ်ကြာ ကွဲကွာနေခဲ့ရပေမယ့် ဖေ့ဘွတ် ပို့စ်တစ်ခုကြောင့် ပြန်လည်ဆုံဆည်းခဲ့တဲ့ သားအမိ

Zawgyi Fonts







LEAVE A REPLY

Please enter your comment!
Please enter your name here