ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး တစ်ယောက်တည်းနေထိုင်တဲ့ တောင်ပေါ်ဒေသက ကလေးငယ်

0
778
တောင်ပေါ်ဒေသ
တောင်ပေါ်ဒေသ

နည်းပညာတွေ၊ လူမှုအဆင့်အတန်းတွေ မြင့်မားနေတဲ့ ခေတ်ကြီးမှာ ပညာရေးဆိုတာဘာမှန်းမသိဘဲ တစ်နေ့စာ တစ်နေ့အတွက်သာ ရုန်းကန်ရှာဖွေစားသောက်နေရတဲ့ လူတွေအများအပြားရှိပါတယ်။ ဒီလို လူတွေအများအပြားထဲမှ တောင်ပေါ်ဒေသမှာနေထိုင်တဲ့ အသက် ၇နှစ်သာရှိသေးတဲ့ ကလေးငယ်တစ်ဦးအကြောင်းကိုဖော်ပြချင်ပါတယ်။ ထိုတောင်ပေါ်ဒေသမှာနေထိုင်တဲ့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို သူ့တို့ဘဝသူတို့ ရုန်းကန်နိုင်အောင် လွတ်လွတ်လပ်လပ် လွတ်ထားပေးတတ်တာကြောင့် သူတို့ရဲ့ တစ်နေ့တာ စားဖို့နေရေးကိုလည်း သူတို့ကိုယ်တိုင်ပဲ ဖြေရှင်းရကြရပါတယ်။အောက်မှာဖော်ပြထားတဲ့ ပုံတွေကို ကြည့်ရင်တော့ ထို ကလေးလေးရဲ့ ဘဝဟာ သာမန်ကလေးတွေလိုမဟုတ်ဘဲ အသက်အရွယ်နဲ့ မမျှအောင် ရုန်းကန်နေရတာကို ကြေကွဲဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

အဆိုပါ ၇နှစ်အရွယ်ကလေးမလေးဟာ သူတစ်ယောက်ထဲနေထိုင်ပြီး သူမအတွက် အဝတ်အစားကောင်းကောင်း တစ်ထည်လောက်ရှိဖို့နေနေသာသာ တစ်နေ့တာ တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုတာလည်း မရှိပါဘူး။ ဒါပေမဲ့ သူ့ရဲ့ တစ်နေ့တာ စာဖို့နေရေးကိုတော့ ကောင်းကောင်း စီမံခန့်ခွဲနိုင်ပါတယ်။ တစ်နေ့တာ စားဖို့အတွက် အသားငါးဆိုတာ သူမအတွက် မရှိသလောက် နည်းပါးပါတယ်။ သူမရဲ့ တစ်နေ့တာအတွက် ပုံထဲမှာ မြင်တွေ့နေရတဲ့အတိုင်းပဲ ထမင်းဖြူနဲ့ အာလူးပြုတ်ရှိရင် စားဖို့အတွက် လုံလောက်နေပါပြီ။ ပုံမှန်အားဖြင့် သူမ မနက်စာစားပြီးတာနဲ့ သူမ မွေးထားတဲ့ ကြက်တွေအတွက် ကြက်စာစင်းရပါတယ်။ ကြက်စာအတွက်လည်း ဆန် ဒါမှမဟုတ် အသီးအရွက်တွေကို နုံနုံစင်းပြီး ကျွေးရပါတယ်။ အားလုံးပြီးသွားရင်တော့ နောက်ကျောမှာ ခြင်းတစ်လုံးကို လွယ်ပြီး တောင်ပေါ်တက်ကာ နောက်နေ့အတွက် စားစရာတွေ ရှာဖွေရပြန်ပါတယ်။

သူတို့ရဲ့ ဘဝမှာ ဒါတွေက လုပ်ရိုလုပ်စဥ် သာမန်ပြုလုပ်နေကျအလုပ်တွေဖြစ်သလို ညည်းညူခြင်းလည်း မရှိကြပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ နေထိုင်မှုပုံစံဖြစ်နေပမဲ့ သူမတို့ရဲ့ အတွေ့အကြုံအရ ဖျားတာ၊ နာတာဆိုတာ မရှိသလောက် ရှားပါးပါတယ်။ ဒီလို အခြေအနေနဲ့ပဲ တောင်ပေါ်မှာနေထိုင်တဲ့သူမတို့ရဲ့ ဘဝဟာ ဆက်လက်အသက်ရှင်နေကြတာပဲဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ရဲ့ ဘဝကို အရမ်းကို ရိုးရှင်းပြီး အပူအပင်ကင်းကင်းနဲ့ လူနေမှုပုံစံကို ရွေးချယ်နေထိုင်နေကြတာလို့လည်း ဆိုပါတယ်။

(သင်ဆိုရင်ရော ဒီလိုနေထိုင်မှု ပုံစံမျိုးနဲ့ နေရမယ်ဆို နေနိုင်ပါ့မလား။)

#Lifestyle_Myanmar

#Thar_Nage

Gym မဆော့ဘဲ Sixpack ထွက်အောင် ပလပ်စတစ်ဆာဂျရီပြုလုပ်မှုများ ဘန်ကောက်မှာ ခေတ်စားလာ

Zawgyi Fonts

ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ၿပီး တစ္ေယာက္တည္းေနထိုင္တဲ့ ေတာင္ေပၚေဒသက ကေလးငယ္
နည္းပညာေတြ၊ လူမွုအဆင့္အတန္းေတြ ျမင့္မားေနတဲ့ ေခတ္ႀကီးမွာ ပညာေရးဆိုတာဘာမွန္းမသိဘဲ တစ္ေန႔စာ တစ္ေန႔အတြက္သာ ႐ုန္းကန္ရွာေဖြစားေသာက္ေနရတဲ့ လူေတြအမ်ားအျပားရွိပါတယ္။ ဒီလို လူေတြအမ်ားအျပားထဲမွ ေတာင္ေပၚေဒသမွာေနထိုင္တဲ့ အသက္ ၇ႏွစ္သာရွိေသးတဲ့ ကေလးငယ္တစ္ဦးအေၾကာင္းကိုေဖာ္ျပခ်င္ပါတယ္။ ထိုေတာင္ေပၚေဒသမွာေနထိုင္တဲ့ မိဘေတြဟာ သူတို႔ရဲ့ ကေလးေတြကို သူ႔တို႔ဘဝသူတို႔ ႐ုန္းကန္နိုင္ေအာင္ လြတ္လြတ္လပ္လပ္ လြတ္ထားေပးတတ္တာေၾကာင့္ သူတို႔ရဲ့ တစ္ေန႔တာ စားဖို႔ေနေရးကိုလည္း သူတို႔ကိုယ္တိုင္ပဲ ေျဖရွင္းရၾကရပါတယ္။ေအာက္မွာေဖာ္ျပထားတဲ့ ပုံေတြကို ၾကည့္ရင္ေတာ့ ထို ကေလးေလးရဲ့ ဘဝဟာ သာမန္ကေလးေတြလိုမဟုတ္ဘဲ အသက္အရြယ္နဲ႔ မမၽွေအာင္ ႐ုန္းကန္ေနရတာကို ေၾကကြဲဖြယ္ေတြ႕ျမင္ရမွာပဲျဖစ္ပါတယ္။

အဆိုပါ ၇ႏွစ္အရြယ္ကေလးမေလးဟာ သူတစ္ေယာက္ထဲေနထိုင္ၿပီး သူမအတြက္ အဝတ္အစားေကာင္းေကာင္း တစ္ထည္ေလာက္ရွိဖို႔ေနေနသာသာ တစ္ေန႔တာ တစ္ကိုယ္ရည္ သန္႔ရွင္းမွုဆိုတာလည္း မရွိပါဘူး။ ဒါေပမဲ့ သူ႔ရဲ့ တစ္ေန႔တာ စာဖို႔ေနေရးကိုေတာ့ ေကာင္းေကာင္း စီမံခန္႔ခြဲနိုင္ပါတယ္။ တစ္ေန႔တာ စားဖို႔အတြက္ အသားငါးဆိုတာ သူမအတြက္ မရွိသေလာက္ နည္းပါးပါတယ္။ သူမရဲ့ တစ္ေန႔တာအတြက္ ပုံထဲမွာ ျမင္ေတြ႕ေနရတဲ့အတိုင္းပဲ ထမင္းျဖဴနဲ႔ အာလူးျပဳတ္ရွိရင္ စားဖို႔အတြက္ လုံေလာက္ေနပါၿပီ။ ပုံမွန္အားျဖင့္ သူမ မနက္စာစားၿပီးတာနဲ႔ သူမ ေမြးထားတဲ့ ၾကက္ေတြအတြက္ ၾကက္စာစင္းရပါတယ္။ ၾကက္စာအတြက္လည္း ဆန္ ဒါမွမဟုတ္ အသီးအရြက္ေတြကို ႏုံႏုံစင္းၿပီး ေကၽြးရပါတယ္။ အားလုံးၿပီးသြားရင္ေတာ့ ေနာက္ေက်ာမွာ ျခင္းတစ္လုံးကို လြယ္ၿပီး ေတာင္ေပၚတက္ကာ ေနာက္ေန႔အတြက္ စားစရာေတြ ရွာေဖြရျပန္ပါတယ္။

သူတို႔ရဲ့ ဘဝမွာ ဒါေတြက လုပ္ရိုလုပ္စဥ္ သာမန္ျပဳလုပ္ေနက်အလုပ္ေတြျဖစ္သလို ညည္းညဴျခင္းလည္း မရွိၾကပါဘူး။ က်န္းမာေရးနဲ႔ညီညြတ္မွုမရွိတဲ့ ေနထိုင္မွုပုံစံျဖစ္ေနပမဲ့ သူမတို႔ရဲ့ အေတြ႕အၾကဳံအရ ဖ်ားတာ၊ နာတာဆိုတာ မရွိသေလာက္ ရွားပါးပါတယ္။ ဒီလို အေျခအေနနဲ႔ပဲ ေတာင္ေပၚမွာေနထိုင္တဲ့သူမတို႔ရဲ့ ဘဝဟာ ဆက္လက္အသက္ရွင္ေနၾကတာပဲျဖစ္ပါတယ္။ သူတို႔ကေတာ့ သူတို႔ရဲ့ ဘဝကို အရမ္းကို ရိုးရွင္းၿပီး အပူအပင္ကင္းကင္းနဲ႔ လူေနမွုပုံစံကို ေရြးခ်ယ္ေနထိုင္ေနၾကတာလို႔လည္း ဆိုပါတယ္။

(သင္ဆိုရင္ေရာ ဒီလိုေနထိုင္မွု ပုံစံမ်ိဳးနဲ႔ ေနရမယ္ဆို ေနနိုင္ပါ့မလား။)

LEAVE A REPLY

Please enter your comment!
Please enter your name here