ကိုယ်အလေးချိန်လျော့ချဖို့အတွက် အဟန့်အတားဖြစ်စေနိုင်တဲ့ မနက်ခင်းအလေ့အထမျာ

0
99

တစ်နေ့တာလုံး လန်းဆန်းတက်ကြွပြီး သွားလာနိုင်ဖို့အတွက် မနက်ခင်းအချိန်က အင်မတန်အရေးကြီးပါတယ်။ မနက်ခင်းအချိန်မှာ ပြုလုပ်ပေးလိုက်တဲ့ အရာတွေက နောက်ပိုင်းအချိန်တွေမှာ ကောင်းစွာလုပ်ဆောင်နိုင် မလုပ်ဆောင်နိုင်ဆိုတဲ့အပေါ်မူတည်နေပါတယ်။
ထို့အတွက် ကျန်းမာရေးရှုထောင့်ကိုသာမက ကိုယ်အလေးချိန်လျော့ချဖို့အတွက်ကိုပါ ဘယ်လိုအလေ့အထတွေက အနှောင့်အယှက်ဖြစ်နေစေသလဲဆိုတာကို အခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ မနက်စာကို ဝဝလင်လင် မစားခြင်း

ဘယ်အချိန်မှာစားတာလဲဆိုတာက ဘာစားလိုက်လဲဆိုတာထက်ပိုပြီးတော့ အရေးကြီးပါတယ်။ မနက်စာကိုများများစားပြီး ညစာကိုပေါ့ပေါ့ပါးပါးပဲ စားသုံးပေးတာက ကိုယ်အလေးချိန်လျော့ချဖို့အတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ မြန်မာတွေပြောနေကျလိုပဲ မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကို သူဌေးလိုစား၊ ညစာကိုတော့ ဆင်းရဲသားလိုစားပေးပါ။

၂။ နေရောင်ခြည်ခံပြီး လမ်းမလျှောက်ခြင်း

နေရောင်ခြည်က အဆီတွေကို ဖယ်ရှားဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ အနည်းဆုံးတော့ White Fat Tissue ကိုတော့ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် နေရောင်ခြည်လေးရှိတဲ့အချိန် ခဏလောက်ဖြစ်ဖြစ် လမ်းထွက်လျှောက်ပေးပါ။ သို့သော်လည်း အကြာကြီးတော့ နေပူထဲမထွက်မိပါစေနဲ့။ အသားအရေတွေ နေလောင်သွားပါလိမ့်မယ်။

၃။ အိပ်ရာနိုးနိုးချင်း ရေတစ်ခွက်သောက်ဖို့ မေ့လျော့ခြင်း

အရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ရေဓာတ် ၅၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့် အိပ်ရာနိုးတာနဲ့ ရေတစ်ခွက်သောက်ပေးဖို့ လိုအပ်ပါတယ်။ ရေက ဇီဝဖြစ်စဥ်ကို လည်ပတ်စေတဲ့အတွက် အဆီတက်ခြင်းကိုလည်း လျော့ကျစေပါတယ်။ ဒါ့အပြင် ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါသေးတယ်။

၄။ လေ့ကျင့်ခန်းမလုပ်ခြင်း

ကယ်လိုရီတွေလောင်ကျွမ်းဖို့နဲ့ ဇီဝဖြစ်စဥ်ကို မြှင့်တင်ဖို့အတွက် မနက်ခင်းလေ့ကျင့်ခန်းက လိုကိုလိုအပ်ပါတယ်။ အစားပဲတိုးစားလျော့စားလုပ်ပြီး လေ့ကျင့်ခန်းလုံးဝမလုပ်ဘူးဆိုပါက ကိုယ်တွင်းမှာအဆီတွေစုလာပြီး အဝလွန်ခြင်းအပြင် ကျန်းမာရေးပြဿနာတွေလည်း ကြုံတွေ့လာရနိုင်ပါတယ်။

ကိုယ်အလေးချိန်လျော့ချဖို့နဲ့ ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ဖို့ ဆန္ဒရှိသူများအနေနဲ့ အခုပြောပြပေးခဲ့တဲ့ အချက်လေးတွေကို သေချာပေါက် လိုက်နာရမှာဖြစ်ပြီးတော့ သေချာပေါက် လိုက်လံလုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-brightside

Zawgyi Font

ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔အတြက္ အဟန႔္အတားျဖစ္ေစႏိုင္တဲ့ မနက္ခင္းအေလ့အထမ်ား

တစ္ေန႔တာလုံး လန္းဆန္းတက္ႂကြၿပီး သြားလာႏိုင္ဖို႔အတြက္ မနက္ခင္းအခ်ိန္က အင္မတန္အေရးႀကီးပါတယ္။ မနက္ခင္းအခ်ိန္မွာ ျပဳလုပ္ေပးလိုက္တဲ့ အရာေတြက ေနာက္ပိုင္းအခ်ိန္ေတြမွာ ေကာင္းစြာလုပ္ေဆာင္ႏိုင္ မလုပ္ေဆာင္ႏိုင္ဆိုတဲ့အေပၚမူတည္ေနပါတယ္။
ထို႔အတြက္ က်န္းမာေရးရႈေထာင့္ကိုသာမက ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔အတြက္ကိုပါ ဘယ္လိုအေလ့အထေတြက အေႏွာင့္အယွက္ျဖစ္ေနေစသလဲဆိုတာကို အခုပဲေဖာ္ျပေပးလိုက္ရပါတယ္။

၁။ မနက္စာကို ဝဝလင္လင္ မစားျခင္း

ဘယ္အခ်ိန္မွာစားတာလဲဆိုတာက ဘာစားလိုက္လဲဆိုတာထက္ပိုၿပီးေတာ့ အေရးႀကီးပါတယ္။ မနက္စာကိုမ်ားမ်ားစားၿပီး ညစာကိုေပါ့ေပါ့ပါးပါးပဲ စားသုံးေပးတာက ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔အတြက္ မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။ ျမန္မာေတြေျပာေနက်လိုပဲ မနက္စာကို ဘုရင္လိုစား၊ ေန႔လည္စာကို သူေဌးလိုစား၊ ညစာကိုေတာ့ ဆင္းရဲသားလိုစားေပးပါ။

၂။ ေနေရာင္ျခည္ခံၿပီး လမ္းမေလွ်ာက္ျခင္း

ေနေရာင္ျခည္က အဆီေတြကို ဖယ္ရွားဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ အနည္းဆုံးေတာ့ White Fat Tissue ကိုေတာ့ ေလာင္ကြၽမ္းေစပါတယ္။ ဒါေၾကာင့္ ေနေရာင္ျခည္ေလးရွိတဲ့အခ်ိန္ ခဏေလာက္ျဖစ္ျဖစ္ လမ္းထြက္ေလွ်ာက္ေပးပါ။ သို႔ေသာ္လည္း အၾကာႀကီးေတာ့ ေနပူထဲမထြက္မိပါေစနဲ႔။ အသားအေရေတြ ေနေလာင္သြားပါလိမ့္မယ္။

၃။ အိပ္ရာႏိုးႏိုးခ်င္း ေရတစ္ခြက္ေသာက္ဖို႔ ေမ့ေလ်ာ့ျခင္း

အ႐ြယ္ေရာက္ၿပီးသားလူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္ကို ေရဓာတ္ ၅၅ ရာခိုင္ႏႈန္းမွ ၆၀ ရာခိုင္ႏႈန္းျဖင့္ ဖြဲ႕စည္းထားတာျဖစ္တဲ့အတြက္ေၾကာင့္ အိပ္ရာႏိုးတာနဲ႔ ေရတစ္ခြက္ေသာက္ေပးဖို႔ လိုအပ္ပါတယ္။ ေရက ဇီဝျဖစ္စဥ္ကို လည္ပတ္ေစတဲ့အတြက္ အဆီတက္ျခင္းကိုလည္း ေလ်ာ့က်ေစပါတယ္။ ဒါ့အျပင္ ကိုယ္တြင္းက အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါေသးတယ္။

၄။ ေလ့က်င့္ခန္းမလုပ္ျခင္း

ကယ္လိုရီေတြေလာင္ကြၽမ္းဖို႔နဲ႔ ဇီဝျဖစ္စဥ္ကို ျမႇင့္တင္ဖို႔အတြက္ မနက္ခင္းေလ့က်င့္ခန္းက လိုကိုလိုအပ္ပါတယ္။ အစားပဲတိုးစားေလ်ာ့စားလုပ္ၿပီး ေလ့က်င့္ခန္းလုံးဝမလုပ္ဘူးဆိုပါက ကိုယ္တြင္းမွာအဆီေတြစုလာၿပီး အဝလြန္ျခင္းအျပင္ က်န္းမာေရးျပႆနာေတြလည္း ႀကဳံေတြ႕လာရႏိုင္ပါတယ္။

ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔နဲ႔ က်န္းမာႀကံ့ခိုင္တဲ့ လူေနမႈဘဝကို ပိုင္ဆိုင္ဖို႔ ဆႏၵရွိသူမ်ားအေနနဲ႔ အခုေျပာျပေပးခဲ့တဲ့ အခ်က္ေလးေတြကို ေသခ်ာေပါက္ လိုက္နာရမွာျဖစ္ၿပီးေတာ့ ေသခ်ာေပါက္ လိုက္လံလုပ္ေဆာင္ၾကပါလို႔ တိုက္တြန္းလိုက္ရပါတယ္။

#Lifestyle_Myanmar

#Thinzar

Ref-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here