ကိုယ်အလေးချိန်ကျသွားတဲ့အခါ သင့်အရေပြားက ဘာဖြစ်လာသလဲ?

0
301

ကိုယ်အလေးချိန် သိသိသာသာ ကျသွားတာက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်သလို ခက်ခဲတဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။ ရလဒ်က ပျော်စရာကောင်းပေမယ့် ကိုယ်အလေးချိန်ကျသွားပြီဆိုရင် အရေပြားက တင်းတင်းရင်းရင်းမရှိတော့ပဲ ပျော့တွဲပြီးကျန်ခဲ့တာက ပြဿနာတစ်ခုဖြစ်လာပါတယ်။ ဒီအရေပြားလျော့ရဲတဲ့ပြဿနာကို မကုသခင်မှာ ကိုယ်အလေးချိန်ကျနေစဉ်အတွင်း သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်ပျက်သလဲဆိုတာ သိသင့်ပါတယ်။

၁။ ၁၈-၂၅နှစ်

ဒီအသက်အရွယ်မှာ ခန္ဓာကိုယ်က နာရီတစ်လုံးကဲ့သို့ အလုပ်လုပ်တာကြောင့် နည်းနည်း relax လုပ်နိုင်ပါတယ်။ လူအများစုမှာ မြန်ဆန်တဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် နှင့် ကော်လာဂျင်ကောင်း ထုတ်လုပ်မှု ရှိပါတယ်။ ဒါ့ကြောင့် သန့်စင်တဲ့ ရေများများသောက်ပြီး မျက်နှာသစ်ဆေး အပျော့စား သုံးပေးခြင်းနှင့် အင်တီအောက်ဆီဒင့်ပါဝင်တဲ့ အစားအစာများ ပိုစားပေးယုံနှင့် လုံလောက်ပါတယ်။

၂။ ၂၅-၃၅နှစ်

ဒီအသက်အရွယ်ကာလအတွင်းမှာ များစွာသော processeတွေ နှေးကွေးသွားပါတယ်။ နဂိုပုံပန်းသဏ္ဍာန် ပြန်ရဖို့အတွက် အစားအသောက် ပြောင်းလဲရန်နှင့် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးအတွက် တတ်ကြွစွာ နေထိုင်ရမှာဖြစ်ပါတယ်။ ဗီတာမင်နှင့် သတ္တုဓါတ်တွေပါဝင်တဲ့ အာဟာရဖြည့်စွက်စာတစ်မျိုးကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

၃။ ၃၅-၄၅နှစ်

ဒီအသက်အရွယ်မှာ သင်ဟာ ဆံပင်ပုံစံကအစ အရာရာတိုင်းကို ရုတ်တရက် ပြောင်းလဲပစ်ချင်နိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ သင့်အသားအရေဟာ ၎င်းရဲ့ ဆန့်နိုင်ကျုံ့နိုင်တဲ့ ဂုဏ်သတ္တိတွေ တဖြည်းဖြည်း ဆုံးရှုံးလာပြီး ပြင်ပ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။ အာဟာရပြည့်ပြီး မရှိမဖြစ် ဗီတာမင် သတ္တုဓါတ်တွေကြွယ်ဝတဲ့ diet တစ်ခုကို ရွေးချယ်တာက အရေပြားပင်ပန်းနွမ်းနယ်တာကို ရှောင်ကြဉ်ဖို့ ကူညီပေးပါလိမ့်မယ်။ မျက်နှာ လေ့ကျင့်ခန်းလုပ်ပေးခြင်း နှင့် ကော်လာဂျင်ပါဝင်တဲ့ အလှကုန်တွေကို သုံးပေးခြင်းတို့ကို ပြုလုပ်ပေးပါ။

၄။ ၄၅နှစ်

ခန္ဓာကိုယ်လုပ်ငန်းစဉ်အားလုံးက ပိုမိုနှေးကွေးလာသော်လည်း ကိုယ်အလေးချိန်ကို လျော့ကျစေလိမ့်မယ့် ဇီဝကမ္မဖြစ်စဉ်ကို အရှိန်မြှင့်ဖို့ ဖြစ်နိုင်ချေရှိပါသေးတယ်။ diet လုပ်ယုံသာမကဘဲ လေကောင်းလေသန့်ရတဲ့နေရာမှာ လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊ ရေကူးခြင်း စတဲ့ ကိုယ်လက်လှုပ်ရှားမှုကိုလည်း ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါက ကယ်လိုရီ ရယူခြင်းနှင့် သုံးစွဲခြင်းအကြားမျှတမှုကို ထိန်းသိမ်းဖို့ မရှိမဖြစ်လည်း ဖြစ်ပါတယ်။ ရေအလုံအလောက်သောက်ခြင်း၊ skin care products တွေကို သုံးခြင်းပြုလုပ်ပေးပါ။

ကိုယ်အလေးချိန် ချနေစဉ် အသားအရေအတွက် ဘယ်လိုဂရုစိုက်မလဲ

အထူးသဖြင့် diet လုပ်တဲ့အခါ အရေပြားဟာ ဘယ်အသက်အရွယ်မှာဖြစ်ဖြစ် အစိုဓါတ်ရရှိနေဖို့ လိုပါတယ်။ special products တွေကို သုံးဖို့နဲ့ အရည်ရွမ်းတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေကို အလုံအလောက်စားဖို့ မမေ့ပါနဲ့။
သင့်အသားအရေရဲ့ ဆဲလ်သေတွေကို သန့်စင်ဖို့ သတိရပါ။ အိမ်မှာပဲ scrub လုပ်နိုင်သလို အလှပြင်ဆိုင်သွားပြီးလည်း လုပ်နိုင်ပါတယ်။
တခါတရံ ကိုယ်အလေးချိန်ကျသွား ပြီးနောက်မှာ အသားအရေက သူ့ဘာသာသူ ကျုံမသွားနိုင်ပါဘူး။ ဒါ့ကြောင့် အသားအရေလျော့ရဲတဲ့နေရာတွေ၊ တွန့်တဲ့နေရာတွေကို သေချာသန့်စင်ပေးဖို့ ဂရုစိုက်ပေးဖို့လိုပါတယ်။ နေရောင်ကာလိမ်းဆေး အသုံးပြုဖို့ မမေ့ပါနဲ့။

LM_Nandar

Lifestyle_Myanmar

ZawGyi

ကိုယ္အေလးခ်ိန္က်သြားတဲ့အခါ သင့္အေရျပားက ဘာျဖစ္လာသလဲ?
ကိုယ္အေလးခ်ိန္ သိသိသာသာ က်သြားတာက ႀကီးမားတဲ့ ေအာင္ျမင္မႈတစ္ခုျဖစ္သလို ခက္ခဲတဲ့ အလုပ္တစ္ခုလည္း ျဖစ္ပါတယ္။ ရလဒ္က ေပ်ာ္စရာေကာင္းေပမယ့္ ကိုယ္အေလးခ်ိန္က်သြားၿပီဆိုရင္ အေရျပားက တင္းတင္းရင္းရင္းမရွိေတာ့ပဲ ေပ်ာ့တြဲၿပီးက်န္ခဲ့တာက ျပႆနာတစ္ခုျဖစ္လာပါတယ္။ ဒီအေရျပားေလ်ာ့ရဲတဲ့ျပႆနာကို မကုသခင္မွာ ကိုယ္အေလးခ်ိန္က်ေနစဥ္အတြင္း သင့္ခႏၶာကိုယ္မွာ ဘာေတြျဖစ္ပ်က္သလဲဆိုတာ သိသင့္ပါတယ္။

၁။ ၁၈-၂၅ႏွစ္
ဒီအသက္အ႐ြယ္မွာ ခႏၶာကိုယ္က နာရီတစ္လုံးကဲ့သို႔ အလုပ္လုပ္တာေၾကာင့္ နည္းနည္း relax လုပ္ႏိုင္ပါတယ္။ လူအမ်ားစုမွာ ျမန္ဆန္တဲ့ ကိုယ္တြင္းဇီဝကမၼျဖစ္စဥ္ ႏွင့္ ေကာ္လာဂ်င္ေကာင္း ထုတ္လုပ္မႈ ရွိပါတယ္။ ဒါ့ေၾကာင့္ သန္႔စင္တဲ့ ေရမ်ားမ်ားေသာက္ၿပီး မ်က္ႏွာသစ္ေဆး အေပ်ာ့စား သုံးေပးျခင္းႏွင့္ အင္တီေအာက္ဆီဒင့္ပါဝင္တဲ့ အစားအစာမ်ား ပိုစားေပးယုံႏွင့္ လုံေလာက္ပါတယ္။

၂။ ၂၅-၃၅ႏွစ္
ဒီအသက္အ႐ြယ္ကာလအတြင္းမွာ မ်ားစြာေသာ processeေတြ ေႏွးေကြးသြားပါတယ္။ နဂိုပုံပန္းသ႑ာန္ ျပန္ရဖို႔အတြက္ အစားအေသာက္ ေျပာင္းလဲရန္ႏွင့္ ခႏၶာကိုယ္ က်န္းမာႀကံ့ခိုင္ေရးအတြက္ တတ္ႂကြစြာ ေနထိုင္ရမွာျဖစ္ပါတယ္။ ဗီတာမင္ႏွင့္ သတၱဳဓါတ္ေတြပါဝင္တဲ့ အာဟာရျဖည့္စြက္စာတစ္မ်ိဳးကို ေ႐ြးခ်ယ္ဖို႔ အေရးႀကီးပါတယ္။

၃။ ၃၅-၄၅ႏွစ္
ဒီအသက္အ႐ြယ္မွာ သင္ဟာ ဆံပင္ပုံစံကအစ အရာရာတိုင္းကို ႐ုတ္တရက္ ေျပာင္းလဲပစ္ခ်င္ႏိုင္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ သင့္အသားအေရဟာ ၎ရဲ႕ ဆန္႔ႏိုင္က်ဳံ႔ႏိုင္တဲ့ ဂုဏ္သတၱိေတြ တျဖည္းျဖည္း ဆုံးရႈံးလာၿပီး ျပင္ပ ပတ္ဝန္းက်င္ရဲ႕ လႊမ္းမိုးမႈေတြ ပိုမိုျဖစ္ေပၚလာႏိုင္ပါတယ္။ အာဟာရျပည့္ၿပီး မရွိမျဖစ္ ဗီတာမင္ သတၱဳဓါတ္ေတြႂကြယ္ဝတဲ့ diet တစ္ခုကို ေ႐ြးခ်ယ္တာက အေရျပားပင္ပန္းႏြမ္းနယ္တာကို ေရွာင္ၾကဥ္ဖို႔ ကူညီေပးပါလိမ့္မယ္။ မ်က္ႏွာ ေလ့က်င့္ခန္းလုပ္ေပးျခင္း ႏွင့္ ေကာ္လာဂ်င္ပါဝင္တဲ့ အလွကုန္ေတြကို သုံးေပးျခင္းတို႔ကို ျပဳလုပ္ေပးပါ။

၄။ ၄၅ႏွစ္
ခႏၶာကိုယ္လုပ္ငန္းစဥ္အားလုံးက ပိုမိုေႏွးေကြးလာေသာ္လည္း ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစလိမ့္မယ့္ ဇီဝကမၼျဖစ္စဥ္ကို အရွိန္ျမႇင့္ဖို႔ ျဖစ္ႏိုင္ေခ်ရွိပါေသးတယ္။ diet လုပ္ယုံသာမကဘဲ ေလေကာင္းေလသန္႔ရတဲ့ေနရာမွာ လမ္းေလွ်ာက္ျခင္း၊ ေယာဂက်င့္ျခင္း၊ ေရကူးျခင္း စတဲ့ ကိုယ္လက္လႈပ္ရွားမႈကိုလည္း ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။ ဒါက ကယ္လိုရီ ရယူျခင္းႏွင့္ သုံးစြဲျခင္းအၾကားမွ်တမႈကို ထိန္းသိမ္းဖို႔ မရွိမျဖစ္လည္း ျဖစ္ပါတယ္။ ေရအလုံအေလာက္ေသာက္ျခင္း၊ skin care products ေတြကို သုံးျခင္းျပဳလုပ္ေပးပါ။

ကိုယ္အေလးခ်ိန္ ခ်ေနစဥ္ အသားအေရအတြက္ ဘယ္လိုဂ႐ုစိုက္မလဲ

အထူးသျဖင့္ diet လုပ္တဲ့အခါ အေရျပားဟာ ဘယ္အသက္အ႐ြယ္မွာျဖစ္ျဖစ္ အစိုဓါတ္ရရွိေနဖို႔ လိုပါတယ္။ special products ေတြကို သုံးဖို႔နဲ႔ အရည္႐ြမ္းတဲ့ သစ္သီးေတြ၊ ဟင္းသီးဟင္း႐ြက္ေတြကို အလုံအေလာက္စားဖို႔ မေမ့ပါနဲ႔။
သင့္အသားအေရရဲ႕ ဆဲလ္ေသေတြကို သန္႔စင္ဖို႔ သတိရပါ။ အိမ္မွာပဲ scrub လုပ္ႏိုင္သလို အလွျပင္ဆိုင္သြားၿပီးလည္း လုပ္ႏိုင္ပါတယ္။
တခါတရံ ကိုယ္အေလးခ်ိန္က်သြား ၿပီးေနာက္မွာ အသားအေရက သူ႔ဘာသာသူ က်ဳံမသြားႏိုင္ပါဘူး။ ဒါ့ေၾကာင့္ အသားအေရေလ်ာ့ရဲတဲ့ေနရာေတြ၊ တြန္႔တဲ့ေနရာေတြကို ေသခ်ာသန္႔စင္ေပးဖို႔ ဂ႐ုစိုက္ေပးဖို႔လိုပါတယ္။ ေနေရာင္ကာလိမ္းေဆး အသုံးျပဳဖို႔ မေမ့ပါနဲ႔။

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here