ကိုယ်အလေးချိန်ကျစေဖို့အတွက် Green Tea ကို ဘယ်အချိန်မှာ ပမာဏဘယ်လောက် သောက်သုံးပေးရမလဲ

0
240

ယနေ့အချိန်မှာဆိုရင် ကိုယ်အလေးချိန်ကျဖို့ဆိုတာ အမျိုးသား၊ အမျိုးသမီးတိုင်းရဲ့ အိပ်မက်တစ်ခုလိုဖြစ်လာခဲ့လို့ လေ့ကျင့်ခန်းတွေလုပ်၊ အစားအသောက်တွေလည်း လျှော့စားကြရတာလည်း အမောပါပဲ။ ကိုယ်အလေးချိန်ကျစေမယ့် အစားအသောက်တွေကို ရှာဖွေစားသုံးကြတဲ့အထဲမှာ Green Tea ကတော့ ရေပြီးနောက် လူကြိုက်အများဆုံး အရည်တစ်ခုဖြစ်လာခဲ့ပါတယ်။

-Advertisement-

အာဟာရဓာတ်တွေနဲ့ Antioxidant တွေ အမြောက်အမြားပါဝင်မှုကြောင့် ကျန်းမာရေးအတွက် ဘက်ပေါင်းစုံကနေ ကောင်းကျိုးတွေဖြစ်စေပြီး ထိုအထဲမှာ ကိုယ်အလေးချိန်လျော့ကျစေတာက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကတည်းက ရောဂါများကိုကုသရန်အတွက် တရုတ်ရိုးရာဆေးဝါးအနေဖြင့် အသုံးပြုခဲ့ကြပါတယ်။

ကိုယ်အလေးချိန်လျှော့ချဖို့ Green Tea က ဘယ်လိုကူညီနိုင်သလဲ

ဇီဝဖြစ်စဥ်ဆိုတာက စားသောက်လိုက်တဲ့ အစားအစာတွေနဲ့ ဖျော်ရည်တွေကို ခန္ဓာကိုယ်မှ အားအင်အဖြစ် ပြောင်းလဲပစ်တဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။ Green Tea ကို သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဥ်ကို ပိုပြီးအကျိုးဖြစ်စေလို့ ကိုယ်အလေးချိန်လျော့ချဖို့ အသုံးပြုနိုင်ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်လျော့ကျစေမှာဖြစ်ပေမယ့်လည်း Green Tea ကိုပါ ပူးတွဲသောက်သုံးပေးပါက ပိုပြီးကောင်းမွန်တဲ့ရလဒ်တွေကို ရရှိနိုင်မှာပါ။

ကိုယ်အလေးချိန်လျှော့ချဖို့ Green Tea ကို ဘယ်လောက်သောက်သုံးပေးရမလဲ

Maryland ဆေးဝါးစင်တာ တက္ကသိုလ်မှ ပြုစုတဲ့ သုတေသနအရ တစ်နေ့လျှင် Green Tea ၂ ခွက်မှ ၃ ခွက်သောက်သုံးပေးခြင်းက ကိုယ်အလေးချိန်လျော့ချဖို့အတွက် လုံလောက်ပါတယ်။ သောက်သုံးရမယ့်ပမာဏကတော့ လူတစ်ဦးရဲ့ သဘာဝဇီဝဖြစ်စဥ်ပေါ်မှာ မူတည်ပြီးတော့ အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။

Green Tea ကို ဘယ်လိုဖျော်ရမလဲ

Green Tea ရဲ့ အရသာစစ်စစ်ကို သောက်သုံးနိုင်ဖို့ဆိုတာဟာ သင်ဖျော်တဲ့ပုံစံပေါ်မူတည်ပြီး အပြောင်းအလဲတွေဖြစ်စေနိုင်ပါတယ်။ ရေနွေးတည်တဲ့အခါ အကျက်လွန်လို့လည်းမရသလို Catechins တွေကို ပျက်စီးစေနိုင်လို့ အရသာပျက်သွားပါလိမ့်မယ်။ အရသာအကောင်းဆုံးကို သောက်သုံးနိုင်ဖို့အတွက် ရေနွေးအိုးတည်ပြီးတော့ ၁၀ မိနစ်ခဏထားပါ။ ပြီးရင် Green Tea လက်ဖက်ခြောက်တွေပေါ် လောင်းချလိုက်ပြီး တစ်မိနစ်လောက်နှပ်ကာ အဖတ်တွေဖယ်လိုက်ပါ။

ဘယ်အချိန်မှာသောက်သုံးရမလဲ

ကိုယ်အလေးချိန်လျှော့ချလိုပါက အစာစားပြီးတဲ့အခါတိုင်း Green Tea ကို သောက်သုံးပေးနိုင်ပါတယ်။ သို့သော်လည်း သင်ကအစာအိမ်အားနည်းသူဆိုရင်တော့ မသောက်သုံးသင့်ပါဘူး။ ကျွမ်းကျင်ပညာရှင်တွေကတော့ မနက်ခင်းနှင့် ညနေခင်းတွေမှာ Green Tea သောက်ဖို့ အကြံပြုထားပါတယ်။ ညဖက်တွေမှာ အိပ်ပျော်ရခက်ခဲသူတွေဆိုရင်တော့ အိပ်ရာမဝင်ခင် Green Tea သောက်သုံးခြင်းမှ ရှောင်ကြဥ်လိုက်ပါ။

#Lifestyle_Myanmar

#Thinzar

Ref-timesofindia.indiatimes

Zawgyi

ကိုယ္အေလးခ်ိန္က်ေစဖို႔အတြက္ Green Tea ကို ဘယ္အခ်ိန္မွာ ပမာဏဘယ္ေလာက္ ေသာက္သုံးေပးရမလဲ

ယေန႔အခ်ိန္မွာဆိုရင္ ကိုယ္အေလးခ်ိန္က်ဖို႔ဆိုတာ အမ်ိဳးသား၊ အမ်ိဳးသမီးတိုင္းရဲ႕ အိပ္မက္တစ္ခုလိုျဖစ္လာခဲ့လို႔ ေလ့က်င့္ခန္းေတြလုပ္၊ အစားအေသာက္ေတြလည္း ေလွ်ာ့စားၾကရတာလည္း အေမာပါပဲ။ ကိုယ္အေလးခ်ိန္က်ေစမယ့္ အစားအေသာက္ေတြကို ရွာေဖြစားသုံးၾကတဲ့အထဲမွာ Green Tea ကေတာ့ ေရၿပီးေနာက္ လူႀကိဳက္အမ်ားဆုံး အရည္တစ္ခုျဖစ္လာခဲ့ပါတယ္။

အာဟာရဓာတ္ေတြနဲ႔ Antioxidant ေတြ အေျမာက္အျမားပါဝင္မႈေၾကာင့္ က်န္းမာေရးအတြက္ ဘက္ေပါင္းစုံကေန ေကာင္းက်ိဳးေတြျဖစ္ေစၿပီး ထိုအထဲမွာ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစတာက တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာကတည္းက ေရာဂါမ်ားကိုကုသရန္အတြက္ တ႐ုတ္႐ိုးရာေဆးဝါးအေနျဖင့္ အသုံးျပဳခဲ့ၾကပါတယ္။

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ Green Tea က ဘယ္လိုကူညီႏိုင္သလဲ

ဇီဝျဖစ္စဥ္ဆိုတာက စားေသာက္လိုက္တဲ့ အစားအစာေတြနဲ႔ ေဖ်ာ္ရည္ေတြကို ခႏၶာကိုယ္မွ အားအင္အျဖစ္ ေျပာင္းလဲပစ္တဲ့ ျဖစ္စဥ္တစ္ခုျဖစ္ပါတယ္။ Green Tea ကို ေသာက္သုံးေပးျခင္းျဖင့္ ခႏၶာကိုယ္ရဲ႕ဇီဝျဖစ္စဥ္ကို ပိုၿပီးအက်ိဳးျဖစ္ေစလို႔ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔ အသုံးျပဳႏိုင္ပါတယ္။ ေလ့က်င့္ခန္းမွန္မွန္လုပ္ၿပီး က်န္းမာေရးနဲ႔ညီၫြတ္စြာ စားသုံးေပးမယ္ဆိုရင္ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစမွာျဖစ္ေပမယ့္လည္း Green Tea ကိုပါ ပူးတြဲေသာက္သုံးေပးပါက ပိုၿပီးေကာင္းမြန္တဲ့ရလဒ္ေတြကို ရရွိႏိုင္မွာပါ။

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ Green Tea ကို ဘယ္ေလာက္ေသာက္သုံးေပးရမလဲ

Maryland ေဆးဝါးစင္တာ တကၠသိုလ္မွ ျပဳစုတဲ့ သုေတသနအရ တစ္ေန႔လွ်င္ Green Tea ၂ ခြက္မွ ၃ ခြက္ေသာက္သုံးေပးျခင္းက ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ဖို႔အတြက္ လုံေလာက္ပါတယ္။ ေသာက္သုံးရမယ့္ပမာဏကေတာ့ လူတစ္ဦးရဲ႕ သဘာဝဇီဝျဖစ္စဥ္ေပၚမွာ မူတည္ၿပီးေတာ့ အမ်ိဳးမ်ိဳးေျပာင္းလဲႏိုင္ပါတယ္။

Green Tea ကို ဘယ္လိုေဖ်ာ္ရမလဲ

Green Tea ရဲ႕ အရသာစစ္စစ္ကို ေသာက္သုံးႏိုင္ဖို႔ဆိုတာဟာ သင္ေဖ်ာ္တဲ့ပုံစံေပၚမူတည္ၿပီး အေျပာင္းအလဲေတြျဖစ္ေစႏိုင္ပါတယ္။ ေရေႏြးတည္တဲ့အခါ အက်က္လြန္လို႔လည္းမရသလို Catechins ေတြကို ပ်က္စီးေစႏိုင္လို႔ အရသာပ်က္သြားပါလိမ့္မယ္။ အရသာအေကာင္းဆုံးကို ေသာက္သုံးႏိုင္ဖို႔အတြက္ ေရေႏြးအိုးတည္ၿပီးေတာ့ ၁၀ မိနစ္ခဏထားပါ။ ၿပီးရင္ Green Tea လက္ဖက္ေျခာက္ေတြေပၚ ေလာင္းခ်လိုက္ၿပီး တစ္မိနစ္ေလာက္ႏွပ္ကာ အဖတ္ေတြဖယ္လိုက္ပါ။

ဘယ္အခ်ိန္မွာေသာက္သုံးရမလဲ

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်လိုပါက အစာစားၿပီးတဲ့အခါတိုင္း Green Tea ကို ေသာက္သုံးေပးႏိုင္ပါတယ္။ သို႔ေသာ္လည္း သင္ကအစာအိမ္အားနည္းသူဆိုရင္ေတာ့ မေသာက္သုံးသင့္ပါဘူး။ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ မနက္ခင္းႏွင့္ ညေနခင္းေတြမွာ Green Tea ေသာက္ဖို႔ အႀကံျပဳထားပါတယ္။ ညဖက္ေတြမွာ အိပ္ေပ်ာ္ရခက္ခဲသူေတြဆိုရင္ေတာ့ အိပ္ရာမဝင္ခင္ Green Tea ေသာက္သုံးျခင္းမွ ေရွာင္ၾကဥ္လိုက္ပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here