လူ့ကိုယ်ခန္ဓာကိုယ်အတွက် ရေဓာတ်က မရှိမဖြစ်လိုအပ်သလို ဝိတ်ချတဲ့နေရာမှာလည်း Exercise လုပ်တာ၊ အစားအသောက်တွေကို ပုံစံတကျစားသောက်တာတွေအပြင် ရေသောက်သုံးမှုကလည်း အရေးပါပါတယ်။ ရေများများသောက်ပြီး ရေနဲ့ပဲ ဝိတ်ချတဲ့သူတွေရှိပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၂လီတာ (ရေသန့်ဘူးကြီး ၂ဘူး) သောက်သုံးပေးရပါမယ်။ အဲ့ဒီလိုရေနဲ့ ဝိတ်ချနည်းမှာ အဆီပိုတွေ ကယ်လိုရီတွေ မြန်မြန်လောင်ကျွမ်းစေပြီး ဝိတ်အမြန်ကျစေဖို့ အကောင်းဆုံးရေသောက်သင့်တဲ့ အချိန်တွေက
၁. ဆာလောင်နေတဲ့အချိန်

တချို့သူတွေက ထမင်းစားတဲ့အခါမှာ တစ်နေ့ ၃ကြိမ်ထပ်ပိုပြီး ဗိုက်ခဏခဏဆာလို့၊ ကိုယ့်အကြိုက်ဟင်းမို့လို့၊ ထမင်းမဝသေးလို့ ဆိုတဲ့ Reasons လေးတွေပေးပြီး စားမိကြပါတယ်။ တချို့ကလည်း Snacks တွေ၊ ကယ်လိုရီများတဲ့ အချိုရည်ရေ၊ အာလူးကြော်တို့ စတဲ့ Snacksတွေကို စားတဲ့အကျင့်လေးတွေရှိပါတယ်။ ခဏခဏဗိုက်ဆာတိုင်း စားတတ်တဲ့အကျင့်ကိုဖျောက်ပြီး အဲ့လိုခဏခဏစားနေမယ့်အစား ရေအဝသောက်ပြီး ဗိုက်ဖြည့်ပါ။
၂. အစားမစားခင်အချိန်

အစားအစာကို အချိန်မှန်မှန် စားပေးပါ။ အစားမစားခင် မိနစ် ၃၀ အလိုမှာ ရေတစ်ခွက်သောက်ပေးပါ။ ဒါဟာ အစားအစာအလွန်အကျွံစားသုံးခြင်းမှ ကာကွယ်ပေးတဲ့အပြင် ကိုယ်အလေးချိန်လည်းထိန်းပေးပြီး ခန္ဓာကိုယ်ကကယ်လိုရီကိုလည်း ပိုလောင်ကျွမ်းစေပါတယ်။ ဒါ့အပြင်အစာစားပြီးနောက်သို့မဟုတ်အစာစားစဉ်အတွင်း ရေသောက်ခြင်းကိုရှောင်ကြဉ်ပါ။
၃. နံနက်အိပ်ယာထချိန်

မနက်အိပ်ယာ ထ ထ ခြင်းရေတစ်ခွက်သောက်ပေးတာဟာ ခန္ဓာကိုယ်မှအဆိပ်များကို ဖယ်ရှားပေးနိုင်တဲ့အပြင် အူသိမ်ပိုင်းလှုပ်ရှားမှုကို ချောမွေ့စေပါတယ်တဲ့။ ဒါပေမယ့်ရေခဲရေကိုတော့ လုံးဝရှောင်ရပါမယ်။ တတ်နိုင်ရင် ရေနွေးနွေးလေးသောက်ပေးပါ။
၄. လေ့ကျင့်ခန်းမလုပ်ရသေးတဲ့အချိန်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးချိန်

လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ရေဓာတ်ပမာဏ ၂ ရာခိုင်နှုန်းက လေ့ကျင့်ခန်းလုပ်နိုင်တဲ့ခွန်အား ၂၅ ရာခိုင်နှုန်းကို ဆုံးရှုံးစေတာကြောင့် လိုအပ်တဲ့ရေဓာတ်ပမာဏကို ဖြည့်ဖို့အတွက် လေ့ကျင့်ခန်းမလုပ်ရသေးခင်မှာ ရေသောက်ဖို့လိုအပ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာတော့ ချွေးတွေနဲ့အတူ ခန္ဓာကိုယ်က ရေဓာတ်ပမာဏများစွာ ဆုံးရှုံးသွားတဲ့အတွက် ရေဓာတ်ခန်းခြောက်မသွားအောင် ရေသောက်ပေးရပါမယ်။ ဒီလိုလုပ်ပေးခြင်းက ခန္ဓာကိုယ်အပူချိန်ကိုလည်း ပြန်လည်ထိန်းညှိပေးပြီး နှလုံးခုန်နှုန်းကိုလည်း ပုံမှန်ပြန်ဖြစ်စေပါတယ်။
၅. အိမ်ယာမဝင်မှီအချိန်

အိပ်ယာမဝင်ခင် တစ်နာရီအလိုမှာ ရေများများသောက်ပေးတာက ကယ်လိုရီတွေကိုလောင်ကျွမ်းစေပါတယ်။ ရေသောက်တဲ့အခါမှာ ရိုးရိုးရေကိုပဲသောက်သုံးပါ။ ရေခဲရေ နဲ့ ရေနွေးကို မသောက်သုံးသင့်ပါဘူး။
#Lifestyle_Myanmar
#Nway
Source – ndtv