အလုပ်အကိုင်ရွေးချယ်ရာမှာ ကိုယ်တကယ်ဝါသနာပါတာကိုသာ ရွေးချယ်ပါ။ ကိုယ့်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ရွေးချယ်လုပ်ကိုင်ဖို့ စဉ်းစားတဲ့နေရာမှာ ကိုယ်တကယ်ဝါသနာပါတဲ့ အလုပ်မျိုးကိုပဲရွေးချယ် လုပ်ကိုင်ဖို့ တိုက်တွန်းပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်အတွက် လုပ်ငန်းခွင်နယ်ပယ်တစ်ခုကို ရွေးချယ်လုပ်ကိုင်တဲ့အခါမှာ အလုပ်သာပြောင်းချင်ပြောင်းသွားပါလိမ့်မယ် လုပ်ရတဲ့ နယ်ပယ်ကတော့ ဒီနယ်ပယ်တွင်းပဲ ဖြစ်နေမှာဖြစ်ပါတယ်။
သူများဆန္ဒတွေထက် ကိုယ့်ပျော်ရွင်မှုကိုသာ အလေးပေးပါ။
ဒါ့ကြောင့် ကိုယ်လုပ်မယ့် လုပ်ငန်းခွင်နယ်ပယ်ကို ရွေးချယ်ဝင်ရောက် လုပ်ကိုင်တဲ့အခါမှာ သူတပါးစကားကို လုံးဝ နားမယောင်ပါနဲ့။ မိဘဖြစ်နေပါစေ ကိုယ်လုပ်ရမယ့် အလုပ်ဟာ တစ်သက်တာလုံးစာ ဖြစ်နေတဲ့အတွက် ကိုယ့်အတွက်ကိုယ်ပဲ စဉ်းစားဆုံးဖြတ်ပါ။ ဘယ်လို အကြောင်းအရာမျိုးမှာပဲဖြစ်ဖြစ် ဘယ်လိုနေရာမျိုးမှာမဆို ကိုယ့်ဆန္ဒ ၊ ပျော်ရွင်မှုကိုသာ အလေးပေးပါ။

နှလုံးသား နဲ့ ဦးနှောက်ကို ထပ်တူကျပါစေ။
ကိုယ်စဉ်းစားလိုက်တဲ့အရာနဲ့ ကိုယ်ပြုလုပ်တဲ့ အရာ တစ်ထပ်တည်းကျစေဖို့ အမြဲကြိုးပမ်းပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်စေမယ့် အဓိက အချက်ပါပဲ။ ကိုယ် ပြုလုပ်သမျှ အလုပ်တွေကို ကိုယ်ကိုယ်တိုင်က စိတ်တိုင်းမကျဘူးဆိုရင်တော့ နေ့ရက်တိုင်း စိတ်ဆင်းရဲနေရလိမ့်မယ်လို့ အာမခံပါတယ်။

မိတ်ဆွေအများကြီးမထားပါနဲ့။
တချို့လူတွေက သူငယ်ချင်း မိတ်ဆွေတွေ အများကြီးရှိတာဟာ ပျော်ရွှင်စရာကောင်းတဲ့ အချက်တစ်ခုပဲလို့ နားလည်လက်ခံထားတတ်ကြပါတယ်။ တကယ်တော့ အပေါ်ယံမိတ်ဆွေတွေချည်းပဲ ရှိနေတဲ့ဘဝမျိုးဟာ သိပ်ကိုစိတ်ပျက်စရာကောင်းလွန်းပါတယ်။ မိတ်ဆွေတွေပေါဖို့ထက် စိတ်ချင်းရင်းနှီးသူနည်းနည်းလေးနဲ့သာ ယုံကြည်မှုတည်ဆောက်ထားပါ။

ငါ လုပ်နိုင်တယ်လို့ အမြဲတွေးပါ။
ငါ လုပ်နိုင်မှာ မဟုတ်ဘူးလို့ တွေးလိုက်တာနဲ့ ရှုံးသွားပါပြီ။ မလုပ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မုန်းတီးမဆုံးဖြစ်နေမှာပါ။ ဒီတော့ ဘယ်အရာကိုမဆို ကိုယ်လုပ်နိုင်တယ်လို့ အရင်တွေးပါ။ ပြီးမှ အားကြိုးမာန်တက် ကြိုးစားကြည့်ပါ။

Lifestyle_Myanmar
ref-lifehack